Monday, June 16, 2014

အခြေခံပညာ ကျောင်းသားများ အသင်းအဖွဲ့ ဖွဲ့စည်းက ကျောင်းထုတ်ပယ်မည်


အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံရာတွင် အသုံးပြုသည့် လျှောက်လွှာ စာရွက်များ ၌ ကျောင်းသားများ ခွင့်ပြုချက်မရဘဲ အသင်းအဖွဲ့ ဖွဲ့စည်းခြင်း၊ ကျောင်းအတွင်း အစည်းအဝေး ထိုင်ခြင်း၊ ကျောင်းသုံး ပရိဘောဂများသုံးစွဲခြင်းတို့ ပြုလုပ်ပါက ကျောင်းမှထုတ်ပယ် မည်ဖြစ်ကြောင်း ရေးသားထားသည်။

စည်းကမ်းချက်က နှစ်ပိုင်းရှိတယ် ရိုးရိုး အရေးယူတာနဲ့ ကျောင်းထုတ်တာ၊ အဲဒီပြစ်မှုတွေက ကျောင်းထုတ်မယ် ဆိုတဲ့ အထဲမှာပါတာဟု တာမွေမြို့နယ် အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား မိဘတစ်ဦးက ပြောကြားသည်။
ကျောင်းသားများကို ပရဟိတအသင်းအဖွဲ့များနှင့် ကျောင်းသားသမဂကဲ့သို့ အဖွဲ့များတွင် ပါဝင်လှုပ်ရှားခွင့်မရ ရန် ကန့်သတ်ထားခြင်းဖြစ်ကြောင်း ကျောင်းသားမိဘများနှင့်
ကျောင်းသားများ၏ လူမှုရေးနှင့် နိုင်ငံရေးလှုပ်ရှားမှုများကို ကန့်သတ်ထားသည့် စည်းကမ်းများသည် စစ်အစိုးရ လက်ထက်မှ ယနေ့အချိန်ထိ တည်ရှိနေသည်ကိုတွေ့ရကြောင်း ဗကသမှ အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်က ပြောကြားသည်။
ဒီလိုကန့်သတ်တာက အာဏာရှင်လက်ထက်တုန်းကလိုပဲ ကျောင်းသားတွေကို ခြေချုပ်လက်ချုပ် ဘယ်မှ မထွက်ရအောင် ကန့်သတ်တာက အရင်က အတိုင်းပဲလို့ ပြောချင်တယ် ဟု ၎င်းကဆိုသည်။
ပညာရေးဥပဒေမူကြမ်းတွင် ကျောင်းသားသမဂအပါအ၀င် ကျောင်းသားများ ၀ါသနာပါရာ အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်၊ ပါဝင်လှုပ်ရှားခွင့်များ လွပ်လွပ်လပ်လပ်ပေးရန် ထည့်သွင်းတောင်းဆိုထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
အခြေခံပညာအဆင့်ကျောင်းသားများ လှုမှုရေးအသင်းအဖွဲ့များတွင် ပါဝင်လှုပ်ရှားမှု နည်းနေသေးသော်လည်း ယင်းအရွယ်ကတည်းက ပါဝင်သင့်ကြောင်း၊ အခြေခံပညာအဆင့်ကျောင်းများတွင် ယင်းသို့ စည်းကမ်းချက်မျိုး မရှိသင့်ကြောင်း မလိုအပ်ကြောင်း တကိုယ်တော် ပရဟိတသမား ကွန်ရက်ထူထောင်သူ မခင်နှင်းကြည်သာက ဆိုသည်။
လူငယ်များကို ငယ်စဉ်ကတည်းက ပရဟိတလုပ်ငန်းများကို လုပ်ကိုင်ခြင်း၊ အဖွဲ့အစည်းများတွင် ပါဝင် ဆောင်ရွက်ခြင်းသည် အလွန်ကောင်းမွန်သော်လည်း ယခုကဲ့သို့ စည်းကမ်းချက်များသည် ကလေးငယ်များကို လမ်းလွဲစေနိုင်ကြောင်း ၎င်းကဆိုသည်။
ကလေးတွေရဲ့ လှမ်းမယ့် ခြေလှမ်းကို ရိုက်ချိုးတာ ဟု ၎င်းက ဆိုသည်။

No comments:

Post a Comment