Monday, June 2, 2014

လူတွေရဲ့ ဘက်လိုက်တတ်တဲ့သဘာဝ


လူတွေမှာ အစွဲကလေးတွေ ရှိတတ်ကြသည်။
အယူအဆစွဲ ၊ လူမျိုးစွဲ ၊ ဒေသစွဲ စသဖြင့်။
အဲ့သည်အထဲမှ အားအကြီးဆုံးက ငါစွဲ။။။
ကိုယ့်ဘာသာကိုယ်တော့ "မျှမျှတတ မှန်မှန်ကန်ကန် မြင်သည်"ဟု ထင်တတ်ကြသည်။

သို့သော် ပြောရာဆိုရာ လုပ်ကိုင်ရာများမှာ သတိထားပြီးကြည့်လျှင် တဖက်ဖက်က လိုက်နေမိတာတွေ ၊ အစွဲကလေးနဲ့ ဆုံးဖြတ်မိတာတွေရှိနေတာ တွေ့ရလိမ့်မည်။
လူတွေမှာ ရှိတတ်ကြသည့် အဲ့သည်သဘောကို Tom Knight ဆိုသော ပုဂ္ဂိုလ်က အခုလို ရေးသည်။
စဉ်းစားကြည့်ရင် ရယ်စရာဗျ။
ဟိုလူ အလုပ်တစ်ခုကို အကြာကြီး အချိန်ယူပြီးလုပ်နေရင် သိပ်နှေးကွေးတဲ့လူလို့ ပြောတယ်။ ကိုယ်ကြာနေရင်တော့ အဲ့ဒါ စေ့စပ်သေချာတာ၊ တဲ့။
ကိစ္စတစ်ခုကို ဟိုလူမလုပ်ရင် ပျင်းတာ။ ကိုယ်မလုပ်တာက အလုပ်များလို့။ ကိစ္စတစ်ခုကို သူ့လုပ်ပါမပြောဘဲနဲ့ ဟိုလူထလုပ်ရင် အဲ့ဒီလူ ဘောင်ကျော်တာ။ ကိုယ်လုပ်တာဆိုရင်တော့ အလုပ်လာဘ်မြင်တာ၊ လုပ်သင့်တဲ့အလုပ်ကို ကိုယ့်ဥာဏ်နဲ့ကိုယ် တီထွင်ကြံဆပြီးလုပ်တတ်တာ။
ဟိုလူက သူ့အယူအဆကို အကြောက်အကန်ပြောနေရင် အဲ့ဒါ တစ်စောက်ကန်းတစ်ယူသန်။ ကိုယ်ဆိုရင်တော့ သဘောထားပြတ်သားခိုင်မာတာ။
အစဉ်အလာကျင့်ဝတ်စည်းကမ်း တစ်ခုတလေ ဟိုလူချိုးဖောက်ရင် အဲ့ဒီလူယဉ်ကျေးမှုမရှိတာ။ ကိုယ်ဂရုမစိုက်ခဲ့ရင်တော့ ဟာ..... မရဘူး ကျွန်တော်က ကိုယ့်ပုံစံနဲ့ကိုယ်ပဲ ၊ .... တဲ့။
**********
လူအတော်များများပင် အဲ့သည်အတိုင်ပဲဟု သင်မြင်မိလိမ့်မည်။ သင်ကိုယ်တိုင်ကော ဘယ်လိုရှိပါသလဲ။
ဖေမြင့်
Credit To>>Tin Maung Hlaing

No comments:

Post a Comment