Wednesday, May 7, 2014

ဘ၀ (သို့ ) ရွက်လွှင့်ခြင်း



လူတွေမှာ အရွယ်နဲ့ လိုက်ပြီး အသိအမြင်တွေပြောင်းလဲတဲ့ သဘောဆိုတာရှိတယ်။ အတန်းကျောင်းသားဘ၀နဲ့  တက္ကသိုလ်ကျောင်းသားဘ၀ လောကကို မြင်တဲ့အမြင်၊ အကြောင်းအရာ တစ်ခုပေါ် တွေးတဲ့အတွေး ကွာခြားသွားပြီ။ ဘယ်မှာကွာလည်းဆိုတော့ ဦးနှောက်ကိုလေ့
ကျင့်ပေးတဲ့နေရာမှာကွာတာပဲ။

အကျင့်လုပ်ပေးရမယ့်အထဲမှာ ဦးနှောက်လည်းပါတာ မမေ့နဲ့ ။
အတန်းကျောင်းသားဘ၀က များသောအားဖြင့် ဆရာသမားတွေသင်ပေးတာကို လိုက်ပါလုပ်ဆောင်ကြတာများပြီး တက္ကသိုလ်ကျောင်း
သားဘ၀ကတော့ ကိုယ့်ရဲ့လေ့လာတွေးခေါ်မှုနဲ့ ဆုံးဖြတ်တဲ့ အပိုင်းကြောင့်လည်း ပါတာပေါ့။ သွန်သင်တဲ့သူက သူကြုံတွေခဲ့ရတဲ့ အတွေ့ 
အကြုံတွေကို ပမာထားပြီး သင်ပေးမှာ ဖြစ်တယ်။ ကျန်တာတော့ ကိုယ်တိုင် ကြိုးစားလေ့လာမှ ရတယ်။
မိမိဟာလည်း မိမိဘ၀၊ မိမိဖြတ်သန်းမှုတွေနဲ့  အရာရာတိုင်းကို ချင့်ချိန်သုံးသပ်ရလိမ့်မယ်။ ဘ၀မှာ ပုံသေဆိုတာ ဘယ်တော့မှ မရှိဘူး။ အချိန်
ကြာလာတဲ့အမျှ နုပျိုမှုမရှိတဲ့ အလုပ်တွေကလည်း အမျိုးမျိုးလုပ်လာရတာပဲ။ လူ့ ပတ်ဝန်းကျင်ရဲ့ လူနေမှုစရိုက်တွေလည်း ပြောင်းလဲလာတယ်။
ဒီတော့ ကိုယ်ရဲ့ စိတ်ခံစားမှု တစ်ခုတည်းနဲ့  အရာရာကို ပြောင်းလဲဖို့ မသင့်တော့ဘူးပေါ့။
ကျောင်းသားဘ၀မှာ အမြဲတမ်းအမှတ်ကောင်းနေတဲ့သူတွေဟာ လက်တွေ့ ဘ၀ထဲကို ခြေစုံပစ်ဝင်လာတဲ့အချိန်မှာ ခြေချော်ပြီး လဲကျတာ
တွေ အများကြီးပဲ။ စာသင်ရွယ်မှာ နောက်ဆုံးခုံမှာထိုင်၊ နောက်ဆုံးအဆင့်က လိုက်နေပေမယ့်လည်း ဘ၀ဆိုတဲ့ ကျောင်းထဲရောက်ချိန်မှာ
ရှေးဆုံးက ရပ်တည်နေသူတွေ ဒုနဲ့ ဒေးတွေ့ ရမှာလည်း ဖြစ်ပါတယ်။
လူတွေ ဘယ်ချိန်မှာ ပြောင်းလဲကြလဲဆိုတော့ မိမိစိတ်ကို မိမိကောင်းစွာ စီမံတတ်ကြတဲ့အချိန်မှာ ပြောင်းလဲတာပဲ။ ပြောရရင် ပြောင်းလဲနေ
တဲ့ အခြေအနေတွေလိုက်ပြီး မိမိအမြင်တွေကို ပြောင်းလဲပစ်လိုက်တဲ့သဘောပါ။ ဘ၀ဆိုတာ ရွက်လွှင့်ခြင်းတစ်မျိုးပဲ။ နေရာဒေသအစုံ၊ လူမျိုး
အစုံ၊ အခက်အခဲ အဖုံဖုံနဲ့ တွေ့ ရမှာ ဖြစ်လို့  ကိုယ့်ရဲ့ အတွေးအခေါ်ကို ဖြန့် ကျက်ပြီး ပြောင်းလဲကျင့်သုံးတတ်မှ အဆင်ပြေပါလိမ့်မယ်။ ဘ၀က ရွက်လွှင့်ခြင်းဆိုရင် မိမိရဲ့စိတ်တွေကိုလည်း အဆုံးအစမရှိ ရွက်လွှင့်ပစ်လိုက်စမ်းပါ။

True Man

No comments:

Post a Comment