တစက္ကန့်အတွင်း တမိနစ်အတွင်းမှာ
ကျနော်တင်လိုက်တဲ့ စာသား
ကျနော်တင်လိုက်တဲ့ ပုံတစ်ပုံ
ခဗျားတင်လိုက်တဲ့ စာသား
ခဗျားတင်လိုက်တဲ့ ပုံတစ်ပုံ
ကျနော်တို့ ခဗျားတို့ ဖရန့်လစ်မှာရှိတဲ့ လူထောင်ကျော်ဆီကို
ချက်ချင်း ပြန့်နှံ့ရောက်ရှိသွားတယ်
ကျနော်တင်လိုက်တဲ့ စာသား
ကျနော်တင်လိုက်တဲ့ ပုံတစ်ပုံ
ခဗျားတင်လိုက်တဲ့ စာသား
ခဗျားတင်လိုက်တဲ့ ပုံတစ်ပုံ
ကျနော်တို့ ခဗျားတို့ ဖရန့်လစ်မှာရှိတဲ့ လူထောင်ကျော်ဆီကို
ချက်ချင်း ပြန့်နှံ့ရောက်ရှိသွားတယ်
ဒါ အင်တာနက်တဲ့
ဒါ ဂျီမေးလ် တဲ့
ဒါဖေ့ဘုတ်တဲ့
ဒါ ရဟူးတဲ့
ဒါဟာ လက်ရှိ အင်မတန်ခေတ်စားနေတဲ့ လူမှု့ဆက်သွယ်ရေး
ကွန်ယက်တွေပဲ
အရင် ကုပဏီဝန်ထမ်းဘ၀ က လွတ်လွတ်လပ်လပ်ရေးခဲ့တယ်
အရင် ကျောင်းဆရာဘ၀ က လွတ်လွတ်လပ်လပ်ရေးခဲ့တယ်
အရင် ဂျလေဘီ ဘ၀ က လွတ်လွတ်လပ်လပ်ရေးခဲ့တယ်
အရင် ကဗျာဆရာပေါက်စ ဘ၀ က လွတ်လွတ်လပ်လပ်ရေးခဲ့တယ်
အရင် တက္ကသိုလ်ကျောင်းသားဘ၀ က လွတ်လွတ်လပ်လပ်ရေးခဲ့တယ်
အခု အစိုးရ၀န်ထမ်းဘ၀မှာလွတ်လွတ်လပ်လပ်ရေးမရတော့ဘူး
ကျနော်တင်လိုက်တဲ့ ပုံတစ်ပုံဟာ ဘီယာဆိုင်ကနေ အလုပ်ကိုရောက်သွားတယ်
အလုပ်မှာ တယောက်ကနေ နောက်တစ်ယောက်ကိုပြ
ကျနော်ဘီယာဆိုင်ရောက်နေတာသိသွားတယ်
ကျနော်ဘာတွေရေးနေတာ သူတို့သိသွားတယ်
တယောက်ကနေ နောက်တစ်ယောက်ကိုပြော
ကျနော်ရေးနေတာတွေ ပြန့်သွားတယ်
မလွတ်လပ်တော့ဘူုး
ကြိုးနီစနစ်ရှိတာကောင်းတယ် ထင်သလား
ဗျုရိုကရက်စနစ်ရှိတာကောင်းတယ်ထင်သလား
အထက်အောက် ဆက်ဆံရေးစနစ်ဟာ နေရာတိုင်းမှာကောင်းတယ်ထင်သလား
ကျနော်လွတ်လွတ်လပ်လပ်နေချင်တယ်
ကျနော်လုပ်နေရတဲ့အလုပ် မလွတ်လပ်ပေမယ့် တာဝန်ချိန်ပြီးချိန်မှာ
ကျနော်လွတ်လပ်နေချင်တယ်
ဒီတော့ စိတ်မရှိပါနဲ့ ကျနော့်အလုပ်က မိတ်ဆွေများ
ခဗျားတို့အားလုံးကို ကျနော်ဘလောခ့်ပါတော့မယ်
စိတ်ဆိုးလည်းမတတ်နိုင်ပါ
ကျနော့်လွတ်လပ်မှု့ကို ခဗျားတို့ရဲ့ ခင်မင်မှု့နဲ့ လဲပါရစေ ။
မာဃ

No comments:
Post a Comment