5 network က လစဉ်ထုတ် မဂ္ဂဇင်း 'သုခုမ' မှာ ကျနော့်ဟာသကို တွေ့တယ်လို့ ရန်ကုန်က ပရိတ်သတ်တချို့က ဓာတ်ပုံနှင့်တကွ ပြောလာပါတယ်။
-ရေးသူ ကျနော့်ကိုလည်း အကြောင်းမကြားပါဘူး၊
-ရေးသူ ကျနော့်နာမည်လည်း မပါပါဘူး
အဲဒီလိုမျိုး စာနယ်ဇင်းလောကမှာ လုပ်လို့ရနေလေသလား???
ဒါ သူတို့ရဲ့ လုပ်ပိုင်ခွင့်လား???
ကျနော် မသိပါ။
အဲဒီမဂ္ဂဇင်းရဲ့ အနုပညာအကြံပေးက ဦးဝင်းငြိမ်း တဲ့၊ ကျနော်လေးစားရတဲ့ ဆရာပါ။
အယ်ဒီတာချုပ်ကတော့ မေမြတ်ကေခိုင် တဲ့။ တခါမှတော့ မကြားဖူးဘူး။
တာဝန်ခံအယ်ဒီတာက မေခ တဲ့။ ဒါလည်း မကြားဖူးဘူး။ (ကိုယ်ဗဟုသုတ နည်းတာ)
ထားပါတော့...
ကျနော် ဟာသတွေရေးနေတာ ငွေရေးကြေးရေးအတွက် မဟုတ်ဘူးဆိုတာ ခဏခဏပြောဖြစ်ပါတယ်။
ခုလည်း စာမူခ ဘာညာလိုချင်လို့ မဟုတ်ဘူး။
သူတို့ဘက်က စာရေးသူတစ်ယောက်ကို လေးစားရကောင်းမှန်း မသိတာကို ကျနော့် စာဖတ်ပရိတ်သတ် သိစေချင်လို့ပါ။
'ကျနော့်ရင်သွေးတွေရဲ့ ဖခင်နာမည်နေရာမှာ ကျနော့်နာမည်လေးတော့ တပ်ခွင့်ပေးကြပါ အယ်ဒီတာကြီးများ ခင်ဗျာ'
လေးစားပါသည်-သန်၎ကို

No comments:
Post a Comment