Wednesday, April 23, 2014

နည်းပညာမြင့် အိတ်ဆောင် Printer


ကွန်ပြူတာတွေ ရဲ့ အရွယ်အစား ဟာ တစ်ဖြည်းဖြည်း သေးငယ် လာပေမယ့် Printer တွေရဲ့ အရွယ်အစား
ဟာ ကြီးမားဆဲ ဖြစ်ပါတယ်။ စာရွက်တစ်ရွက် ကို ထည့်သွင်းနိုင် လောက်တဲ့ အရွယ်အစား ရှိရမှာဖြစ်တဲ့အ
တွက် Printer တွေရဲ့ အရွယ်အစား ဟာ ကြီးမားနေတာဖြစ်ပါတယ်။ အဲဒီ အတွေးအခေါ် ကို တော်လှန်မယ့် အိတ်ဆောင် Printer ပေါ်ထွက်လာပါပြီ။


Jerusalem College of Technology မှ ကျောင်းသားများက အလွန်သေးငယ်တဲ့ အိတ်ဆောင် Printer ကို
တီထွင်လိုက်ပါတယ်။ သူ့ရဲ့ အလုပ်လုပ်ပုံ က အခြား Printer တွေနဲ့ မတူပါဘူး။ အိတ်ဆောင် Printer ကို
စာရွက်ပေါ် မှာ တင်ပေးရမှာ ဖြစ် ပါတယ်။ Printer က အလို အလျှောက် ရွေ့လျားပြီး စာရွက်ပေါ်မှာ Print လုပ်ပေးမှာ ဖြစ်ပါတယ်။ ကွန်ပြူတာ မိုဘိုင်းဖုန်း တက်ဘလက် စတဲ့ မည်သည့် Device ကနေ မဆို Print
ထုတ်နိုင် ပါတယ်။ မည်သည့် အရွယ် အစား ရှိတဲ့ စာရွက်ပေါ်မှာ မဆို Print ပြုလုပ် နိုင်ပါတယ်။ Pocket
Printer ကို ရောင်းချဖို့ ရန်ပုံငွေ ကို Kickstarter ၀က်ဆိုက်မှာ ကောက်ခံနေပါတယ်။ ဒေါ်လာ လေးသိန်း
ရရှိဖို့ ရည်ရွယ်ထားပါတယ်။
Pocket Printer မှာ စာရွက်တစ်ထောင်ကို Print ထုတ်ပေးနိုင်တဲ့ မှင်ချောင်းပါရှိပါတယ်။ Lithium Polymer
Battery ပါရှိပြီး USB Cable ကနေ အားသွင်းနိုင်ပါတယ်။ အားသွင်းထားရင် တစ်နာရီ အသုံးပြုနိုင်ပါတယ်။
Device နဲ့ Printer ကို Bluetooth ဆက်သွယ်မှု ကနေ ချိတ်ဆက်နိုင်ပါတယ်။
Pocket Printer ရဲ့ အလုပ်လုပ်ပုံ ကို အောက်က လင့် မှာ ကြည့်နိုင်ပါတယ်။
https://d2pq0u4uni88oo.cloudfront.net/projects/917027/video-371249-h264_high.mp4
သူရ
Myanmar Digital Life Journal မှကူးယူမျှဝေသည်။

No comments:

Post a Comment