Wednesday, April 16, 2014

စာအုပ်ခေါင်းစဉ်က ရဟန်းသံဃာကိုဝေဖန်ကောင်းပါသလား



 
ရေးသူ မိုးသု(မန္တလေး) လူငယ်သံဃာတစ်ပါး၊ အမှာစာရေးပေးသူ - ဒုပါချုပ် M.A (Phil), Ph.D (Buddhism) သီတဂူကမ္ဘာ့ဗုဒ္ဒတက္ကသိုလ်(ရန်ကုန်) ဖြစ်ပါတယ်။ မိတ်ဆွေကြီး ဦးဖိုးလူမှာ လက်ဆောင်ပေးတဲ့စာအုပ်ငယ်ဖြစ်ပြီး၊ စာရေးသူရဲ့အမှာစာမှာ သူ့မိခင်ကြီးက အသက်၁၀နှစ်အရွယ် သူ့ကို ရှင်သာမဏေပြုပြီး စစ်ကိုင်းမြို့စာသင်တိုက်ကိုလွှတ်တဲ့အချိန်အမှာစကားပြောပါတယ်။
လိမ်လိမ်မာမာနေနော်၊ သူများနဲ့သင့်အောင်နေ၊ ရန်မဖြစ်နဲ့..ရိက္ခာများ၊ သင်္ကန်းတစ်စုံ... ငွေနှစ်ထောင့်ငါးရာနဲ့ ထွက်ခွာခဲ့ခြင်း၊ စာသင်တိုက်ဆွမ်းစားကျောင်းပေါ်အိပ်ပျော်နိုးချိန်မှာ သိုင်းဝတ္တုစာအုပ်ဖတ်မိပြီး စာဖတ်သူဖြစ်လာခြင်း၊ ၁၆နှစ်အရွယ် ဗလာစာအုပ်မှာ စာရေးပြီး ကျောင်းသားများကိုပြသခြင်း၊ ၂၀၁၁မှာ Facebook စတင်အသုံးပြုတတ်ခြင်း၊ ပထမဆုံးဆောင်းပါးကို နေလဂမ္ဘီဂျာနယ်တိုက်မှဖော်ပြခံရခြင်း၊ မကွေးဆေးတက္ကသိုလ်မှာ အငြင်းခုန်ဘာသာရေး ခင်နိုင်ဦးနဲ့ခွန်သန်းရွှေတို့က ဘာသာရေးဖြေကြားရန် ဖိတ်ခေါ်ခြင်း၊ ၁၁-၁-၂၀၁၄ the Voice Daily မှာ စတင်ဖေါ်ပြခံရခြင်း၊ အန္တရယ်ကြီးတဲ့ ဘာသာရေးပြုပြင်ပြောင်းလဲမှု ဆောင်းပါးများကို the Voice မှဖေါ်ပြချက်များထဲမှာ စုစည်းပြီး စာအုပ်ထုတ်ဝေခြင်းဖြစ်ပါတယ်။

စာမျက်နှာ ၁၈၀ရှိပြီ ဆောင်းပါးပေါင်း ၂၂ခုဖြစ်ပါတယ်။ 
၁။ ခွင့်မလွှတ်သင့်ပါ (သင်္ကန်းခြုံ ၊ အိတ်လုပြေး၊ ဖမ်းခံရသူ အဖြစ်အပျက်၊ သူ့ကို စီရင်သူမရှိပါ၊ သံဃာများလွန်းပြီး လောကသံဃာများစွာ ရှိနေခြငး)
၂။ တစ်နှစ်တစ်ခါ၊ ငရဲရှာ၊ လူ့ရွာဘုရားပွဲ
၃။ တိုင်းပြည်မဆုတ်ယုတ်ကြောင်းတရား
၎။ တိုင်းပြည်အတွက်ဆားလိုတယ်
၅။ ပညာဥာဏ်ဖြင့် လှုဒါန်းပါ
၆။ မြင့်မြတ်သောလူသားများ Good Attitude
၇။ မဖြုန်းတီးပါနဲ့ Do not waste (အာဏာငွေ၊ ဖြုန်းတီးခြင်းခြင်းများ)
၈။ မျိုးစောင့်ဥပဒေ
၉။ ရင်လေးဖွယ် အနာဂါတ်သာသနာ
၁၀။ ရဟန်းသံဃာကိုဝေဖန်ကောင်းပါသလား
၁၁။ ရဟန်းတော်များနှင့်နိုင်ငံရေး
၁၂။ လူငယ်နှင့်နေရာ
၁၃။ ဂတိတွေလွယ်လွယ်မပေးပါနှင့်
၁၄။ သည်းခံခြင်းနှင့်ငြိမ်ခံခြင်း
၁၅။ သဖန်းသီးတွေလျှော့ စားပါ
၁၆။ သာသနာဖျက်မဲ့သူ ဘယ်သူလဲ
၁၇။ အမျိုးသမီးများ ရရှိထိုက်သောအခွင့်အရေး
၁၈. တောင်းတဲ့ဆုနဲ့ပြည့်ဝစေဖို့
၁၉။ မင်္ဂလာရှိပါစေ
၂၀။ သညတ္တိဗလ
၂၁။ အနစ်နာခံခြင်း
၂၂။ အရှိကိုအရှိအတိုင်

မှတ်ချက်။ အင်္ဂလိပ်ဘာသာပြန်လိုပါသည်။ နိုင်ငံခြားကြီးပြင်းလာသော မြန်မာစာကောင်းကောင်း မဖတ်တတ်သော ကျွန်ုပ်သားသမီးများ၊ မြန်မာပြည်တွင်းနေထိုင်ပြီး ILBC နှင့်ကြီးပြင်းလာသော မြန်မာစစ်စစ် လူငယ်များစွာကို ဖတ်စေချင်ပါသည်။ လူကြီးများကတော့ ပြင်ရနိုင်သူ လူနည်းစုတွင် ကျွန်ုပ်လဲ ပါဝင်လိုပါသည်။ ခရစ်ယာန်ဘာသာ .. ဧလိဟုလို လူမျိုး၊ ဓမ္မဆရာမျိုး...

No comments:

Post a Comment