သစ်ထူးလွင် |
- ညောင်ရွှေမြို့နယ်အတွင်း လေပြင်းတိုက်ခတ်၍ နေအိမ် (၁၀၀) ကျော် ပျက်စီး
- ယာဉ်မောင်း မဟုတ်သူ အုတ်စက်လုပ်သားမှ အုတ်သယ်ယာဉ်အား မောင်းနှင်ခဲ့၍ ရေကန်တွင်း ကျပြီး ကလေး(၁)ဦးသေ၊ (၂)ဦး ဒဏ်ရာရ
- ကုန်းအတက်တွင် ယာဉ်နောက်ပြန်လျှောကျသဖြင့် ခုန်ချရာမှ ၂ ဦးသေ
- ဦးဝင်းတင်ရဲ့ ကျန်းမာရေးအခြေအနေ အရေးကြီးနေပြီ (ဒေါက်တာဦးမြင့်သိန်းနှင့် မေးမြန်းချက်)
- မန္တလေးတွင် သင်္ကြန်(၄) ရက် အတွင်း ထိခိုက် ဒဏ်ရာ ရသူ (၈၈၀)နှင့် သေဆုံးသူ (၁၆) ဦး အထိရှိခဲ့
- တောင်ကိုရီးယား သင်္ဘော နစ်မြှုပ်မှု ကြောင့် ပျောက်ဆုံး နေတဲ့ လူတွေ အသက်ရှင်ဖို့ မျှော်လင့်ချက် လျော့ပါး
- ရခိုင် ပြည်နယ်ရှိ နိုင်ငံတကာ NGO အဖွဲ့အစည်း လုပ်ငန်းများ ပြန်လည် စတင်ရန် မလွယ်ကူ
- တောင်ပြာတန်းနှင့် သေရွာပြန်ည
- မြန်မာရွှေ့ပြောင်းအလုပ်သမားများ စီးနင်းလာသော ကား ၃ စီး ထိုင်းစစ်ဆေးရေးဂိတ်တွင် ပိတ်ဆို့ ဆန္ဒပြ
- ဒီဗွီဘီသတင်းထောက် ဦးဇော်ဖေ အယူခံ ပယ်ချခံရ
- နတ်တလင်းတွင် ဘာသာမတူနှစ်ဦးချစ်ကြိုက်သည်ကို မကျေနပ်ဟုဆိုကာ နေအိမ်လေးလုံးကို ဖျက်ဆီး
- ဓါးဖြင့်ထိုးသွားသူကို ၀ိုင်းဝန်းဖမ်းဆီးစဉ် ပြန်လည်ခုခံကာ ဓါးနှင့်ထပ်မံထိုး သဖြင့် (၁)ဦးသေဆုံး
- စစ်တွေ အဓိကရုဏ်းအတွင်း ကျပ်သိန်းပေါင်း ၄၃၀၀ ကျော်နှင့် ကန်ဒေါ်လာ လေးသိန်းကျော်ဖိုး ဆုံးရှုံးခဲ့
- ဘင်္ဂလားနယ်စပ် နတ်ကိုးကွယ် ကသည်းလူမျိုးစု ဗုဒ္ဓဘာသာသို့ ပြောင်းမည်
- စက်ဘီးတွန်း လမ်းလျှောက်လာသူအား ခရီးသည်တင်ယာဉ် ဝင် တိုက် (သွေးလန့် တက်သူများ ဓါတ်ပုံမကြည့်ရ)
- ယူကရိန်း အရေး သဘောတူချက်ရ
- ထွက်ပြေးနေသော တောင်ပြာတန်းယာဉ်လိုင်းမှ ယာဉ်မောင်းဖမ်းမမိသေး
- ရေပက်ကစားစဉ် လူမှုရေး ပြဿနာကြောင့် အမျိုးသမီးနှစ်ဦး သေဆုံး
- သင်္ဘော ကယ်ဆယ်ရေး ခက်ခဲ
- အတာကူးပေးမယ့် အသက်လုပြေးနေရဆဲ
- အမေရိကန် ကူးသန်း ဝန်ဆောင်ရုံး ရန်ကုန်မှာ ဖွင့်မည်
- ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ် ရဲ့ သက်ရောက်မှု
- ဒေါ်အောင်ဆန်းစုကြည် ဦးဝင်းတင်ကို သတင်းမေး
- ဦးဝင်းတင် ကျန်းမာရေး အထူးကုတွေ ကြပ်မတ်ကုသနေ
- KIA အပေါ် မြန်မာစစ်တပ် ဆက်လက် ထိုးစစ်ဆင်
Posted: 18 Apr 2014 06:09 AM PDT
၁၇.၄.၂၀၁၄ရက်နေ့
၁၆၂၀အချိန်မှ ၁၆၃၀ အချိန်ထိ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီး ခရိုင်၊
ညောင်ရွှေ မြို့နယ်တွင် လေပြင်း တိုက်ခတ်ပြီး မိုးသည်း ထန်စွာ
ရွာသွန်းခဲ့သဖြင့် ညောင်ရွှေမြို့နယ် အတွင်းရှိ နေအိမ်(၁၀၀)ကျော်
ပျက်စီးခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ သတင်း ထုတ်ပြန်ချက် အရသိရသည်။
အဆိုပါ လေပြင်း တိုက်ခတ်မှုကြောင့် သလဲဦးကျေးရွာ အုပ်စုအတွင်း ကျေးရွာ ၆
ရွာမှ လူနေအိမ် ၆လုံး လဲပြို ပြီး ၉၃လုံးအမိုးများ
|
Posted: 18 Apr 2014 05:22 AM PDT
ရန်ကုန်၊ ဧပြီ ၁၈
၁၈.၄.၂၀၁၄ရက်နေ့ ၁၃၃၀အချိန်တွင် တိုက်ကြီးမြို့မ ရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူအုပ်စု၊ ခြောက်တိုင်ကွေ့
ကျေးရွာရှိ ဦးချစ်ဦး၏ အုတ်ကွင်း၌ ယာဉ်တစ်စီး အုတ်ကျင်းရေကန်ထဲသို့ ကျကာ
တိမ်းမှောက်နေ ကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ယာဉ်မောင်း ကိုဇော်
မောင်းနှင်သော ၆ဂ/---၊ ဖောအမျိုးအစား အပြာရောင်အုတ်သယ်ယာဉ်မှာ
အလျား(၂၀၀)ပေ၊ အနံ(၁၀၀)ပေ၊ အနက်(၁၅)ပေခန့်ရှိေ
|
Posted: 18 Apr 2014 05:19 AM PDT
နေပြည်တော်၊ ဧပြီ ၁၈
၂၀၁၄ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့ နေ့လည် ၁ နာရီခွဲအချိန်၊ မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ တပွင်နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်
|
Posted: 18 Apr 2014 04:34 AM PDT
ရန်ကုန်
ဆေးရုံကြီး အထူးကြပ်မတ် ဆောင်မှာ ကုသခံနေရတဲ့ သတင်းစာ ဆရာကြီး ဟံသာဝတီ
ဦးဝင်းတင်ရဲ့ အခြေအနေဟာ အရေးကြီး နေပြီ ဖြစ်သလို အသက်အန္တရာယ် ရှိနေပြီ
ဖြစ်တယ်လို့ သူရဲ့ မိသားစုဆရာဝန် ဒေါက်တာ ဦးမြင့်သိန်းက ပြောပါတယ်။
ဦးဝင်းတင်ရဲ့ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး ဒေါက်တာ ဦးမြင့်သိန်းကို
ဆက်သွယ် မေးမြန်း ထားပါတယ်။
By ကိုထွေး(ဒီဗွီဘီ)
အပြည့်အစုံကို နားဆင်နိုင်ပါတယ်။
|
Posted: 18 Apr 2014 04:17 AM PDT
မန္တလေးတိုင်း ဒေသကြီး မန္တလေးမြို့ တွင် မြန်မာ့ရိုးရာ အတာ သင်္ကြန်
ပွဲတော် ကာလ အတွင်း ယာဉ် တိုက် မှု၊ ခိုက်ရန် ဖြစ်ပွားမှု နှင့် အခြားသော
ဖြစ်စဉ်များ ကြောင့် ထိခိုက် ဒဏ်ရာ ရရှိ ခဲ့ရသူ (၈၈၀) ဦးအထိရှိ ခဲ့ ပြီး၊
သင်္ကြန်ရေကစားမှုဖြစ်စဉ်ကြောင့် သေဆုံးခဲ့ရသူ (၁၆) ဦးအထိရှိခဲ့ကြောင်း
မန္တလေးမြို့ ပြည်သူ့ ဆေးရုံ ကြီး ဆေးလူမှု ဆက်ဆံရေး ဌာနမှ သတင်းရရှိသည်။
မဏ္ဍပ်တွေမှာ လူတွေ ပျော်ရွှင်နေ
|
တောင်ကိုရီးယား သင်္ဘော နစ်မြှုပ်မှု ကြောင့် ပျောက်ဆုံး နေတဲ့ လူတွေ အသက်ရှင်ဖို့ မျှော်လင့်ချက် လျော့ပါး
Posted: 18 Apr 2014 04:19 AM PDT
တောင်ကိုရီးယား
သင်္ဘောနစ်မြှုပ်မှုမှာ ဧပြီ ၁၈ ရက်နေ့ မနက်ပိုင်းအထိ ၁၇၉ ယောက်ကိုပဲ
ကယ်တင်နိုင်တယ်လို့ အတည်ပြုခဲ့ပြီး ၂၇၀ ၀န်းကျင် ပျောက်ဆုံးနေပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းတွေကို ၃ ရက်မြောက် ဖြစ်လို့ ပျောက်ဆုံးနေတဲ့လူတွေ
အသက်ရှင်ဖို့ မျှော်လင့်ချက်တွေ လျော့ပါးနေပါတယ်။
ဧပြီ ၁၈ ရက်နေ့ မနက်ပိုင်းအထိ ၂၈ ယောက် သေဆုံးတယ်လို့ အရာရှိတွေက
အတည်ပြုပြီး ရှာဖွေရေးလုပ်ငန်းတွေကို ဆက်လုပ်နေပါတယ်။
ဒီနေ့
|
Posted: 18 Apr 2014 04:06 AM PDT
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရပ်နား ထားသော နိုင်ငံတကာ NGO
အဖွဲ့အစည်းများ၏ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူ အညီပေးသည့်
လုပ်ငန်းများကို ချက်ချင်း ပြန်လည် စတင်ရန် မလွယ် ကူကြောင်း ကုလသမဂ္ဂ၏
မြန်မာ နိုင်ငံဆိုင်ရာ သတင်းနှင့် ပြန်ကြား ရေးတာဝန်ခံ ဦးအေးဝင်းက The
Messenger ဂျာနယ်သို့ ပြောသည်။
““အခြေကျ ပြီးသား ဖြစ်နေတဲ့ လုပ်ငန်းတွေ ရက်ပိုင်း အတွင်း
ပျက်စီး သွားတယ်။ ဒါတွေကို
|
Posted: 18 Apr 2014 03:45 AM PDT
ကားပေါ်တွင် အိပ်ပျော်နေသော မသန်းသန်းဝင်း တစ်ယောက် ကမ္ဘာပျက်သည့်အလား အော်
ဟစ်ဆူညံသံများကြောင့် လန့်နိုး လာသည်။ အိပ်ရာမှ နိုးနိုးချင်း
၎င်းတို့ဇနီးမောင်နှံ စီးနင်းလာ သော ခရီးသည်တင်ယာဉ် မီးစလောင်နေသည်ကို
ထိတ်လန့်စွာ တွေ့လိုက်ရသည်။
ကားဦးခေါင်းပိုင်း မီးလောင်နေ၍ အောက်သို့ အမြန်ဆင်း နိုင်ရန်
ကားမှန်များကို မသန်းသန်းဝင်းတို့ ဇနီးမောင်နှံ ရိုက်ခွဲသည်။ သို့သော်
မကွဲပါ။ ၎င်းတို့သာမက ကားပေါ်တွင်ပါလာသော
|
Posted: 18 Apr 2014 03:43 AM PDT
ရွှေ့ပြောင်းအလုပ်သမားတွေ စီးနင်းလိုက်ပါလာတဲ့ မှန်လုံကား ၃ စီးဟာ
တာ့ခ်ခရိုင် မဲဆောက်မြို့နယ် အမှတ် ၆ စစ်ဆေးရေးဂိတ်က ထိုင်းရဲတွေရဲ့
ပြုမူဆောင်ရွက်ချက်တွေ မကျေနပ်တဲ့အတွက် ပိတ်ဆို့ဆန္ဒပြခဲ့ကြပါတယ်။
ဒွိုင်မူးဆေးဈေးအနီး အာရှလမ်းမကြီးပေါ်မှာ ရှိတဲ့ အမှတ် ၆ ဂိတ်က
ထိုင်းရဲတွေဟာ ခရီးသွားတွေကို စစ်ဆေးရာမှာ တရားဝင် ယာယီ
နိုင်ငံကူးလက်မှတ်ရှိသူတွေ၊ အလုပ်သမား လက်မှတ်ရှိသူတွေပါမကျန်
အကြောင်းပြချက် အမျိုးမျိုးနဲ့
|
Posted: 18 Apr 2014 03:39 AM PDT
သတင်းယူရင်း ဖမ်းဆီးထောင်ချခံခဲ့ရတဲ့ မကွေးမြို့ခံ ဒီဗွီဘီသတင်းထောက်
ဦးဇော်ဖေရဲ့ အမှုအတွက် အယူခံကို ခရိုင်တရားရုံးက ပယ်ချလိုက်တယ်လို့ သူရဲ့
အမှုလိုက်ရှေ့နေက ပြောပါတယ်။
သရက်ထောင်မှာ အကျဉ်းချခံထားရတဲ့ ဒီဗွီဘီသတင်းထောက် ဦးဇော်ဖေနဲ့ အကူအညီ
ပေးသူ ကျောင်းသားမိဘတဦးဖြစ်တဲ့ ဦးဝင်းမြင့်လှိုင်တို့အတွက် ဧပြီ ၉ ရက်နေ့က
မကွေးခရိုင် တရားရုံးမှာ အယူခံဝင်ရာမှာ တရားရုံးက အကျဉ်းနည်းနဲ့
ပလပ်လိုက်တာ ဖြစ်ပါတယ်။
Ko
|
Posted: 18 Apr 2014 03:25 AM PDT
သောကြာနေ့၊ ဧပြီလ ၁၈ရက်၊ ၂၀၁၄ခုနှစ်။
နတ်တလင်း၊ မဇ္ဈိမ။ ။ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊
တောင်ညိုမြို့သစ်တွင် ဘာသာမတူသည့် လူငယ်ချင်း ချစ်ကြိုက်သည်ကို ဒေသခံများက
မကျေနပ်ရာမှ ဧပြီလ ၁၅ရက်၊ ၁၆ရက်နှင့် ၁၇ရက်တို့တွင် နေအိမ်များ
ဖျက်ဆီးခဲ့ရာ နေအိမ်လေးလုံး ပျက်ဆီးခဲ့ရသည်ဟု နတ်တလင်းမြို့
တည်ငြိမ်အေးချမ်းရေး ပူးပေါင်းကော်မတီမှ အဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို
ပြောသည်။
“လူစုလူဝေးသုံးရာ လောက်ပါတယ်။
|
Posted: 17 Apr 2014 09:59 PM PDT
ရန်ကုန်၊ ဧပြီ ၁၇
၁၆.၄.၂၀၁၄ရက်နေ့ ၁၇၀၀ အချိန် မရမ်းကုန်းမြို့နယ်နေ MA ရေသန့်စက်ရုံ
ယာဉ်မောင်း ကိုဇော်မိုးအောင်မှ ၎င်းသည် သင်္ကြန်လည်ပတ်ပြီး နေအိမ်သို့
ပြန်လည်ရောက်ရှိစဉ် MA ရေသန့်စက်ရုံ အလုပ်သမားဖြစ်သူ ရွှေအတွင်
မေးစေ့ထိုးသွင်း ဒဏ်ရာ(၁)ချက်ရရှိသည်ကို တွေ့ရှိရသဖြင့် မေးမြန်းရာ
ဆယ့်နှစ်ကွင်းဆိုသူနှင့် ကတုံး(ခ)လှနေဦးတို့(၂)ဦးမှ ဓါးဖြင့် ထိုးသွား၍
ရရှိသည့် ဒဏ်ရဖြစ်ကြောင်း သိရှိခဲ့ရပါသည်။
ထိုသို့ေ
|
Posted: 17 Apr 2014 09:00 PM PDT
ရန်ကုန်၊ ဧပြီ ၉
သာသနာ့အလံအား မဖွယ်မရာ ပြုသည်ဟူသည့် အကြောင်းပြချက် မှတစ်ဆင့် ကုလသမဂ္ဂနှင့်
နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်း NGO ၁၈ ဖွဲ့၏ ရုံး၊ နေအိမ်နှင့်
သိုလှောင်ရုံများ ဖျက်ဆီးခံခဲ့ရမှုတွင် ကာလတန်ဖိုး ခန့်မှန်းခြေ
ကျပ်သိန်းပေါင်း ၄၃၀၀ ကျော်နှင့် အမေရိကန်ဒေါ်လာ လေးသိန်းကျော် ပျက်စီး
ဆုံးရှုံးခဲ့ရကြောင်း အဆိုပါ အဓိကရုဏ်း စုံစမ်းစစ်ဆေးရေးအဖွဲ့၏
ထုတ်ပြန်ချက်၌ ပါရှိသည်။
၂၀၁၄ ခုနှစ် မတ်လ ၂၆ နှ
|
Posted: 17 Apr 2014 08:57 PM PDT
ရန်ကုန်၊ ဧပြီ ၁၇
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ မောင်တောဒေသ အတွင်းတွင် နေထိုင်သော
ရှေးရိုးနတ်ကိုးကွယ် ကသည်း လူမျိုးစု ၃၃၇ ဦးသည် လာမည့်မေလ ၆ ရက်နေ့တွင်
၎င်းတို့၏ ဆန္ဒပြုမှုဖြင့် အလိုတော်ပြည့် ဆရာတော် ဘုရားကြီး ဒေါက်တာဘဒ္ဒန္တ
အရိယ၀ံသထံမှ ဗုဒ္ဓအဆုံးအမ အမွေအနှစ်ကို ခံယူ၍ ဗုဒ္ဓဘာသာဝင် အဖြစ်သို့
ကူးပြောင်း သွားကြရန်ရှိကြောင်း မြန်မာသံတော်ဆင့်သို့ အလိုတော်ပြည့်
ဆရာတော်မှ မိန့်ကြားသည်။
““သရဏံဂုဏ်၊ ငါးပါးသီလနှင့်
|
Posted: 17 Apr 2014 08:46 PM PDT
ဧပြီလ ၁၈ ၊ အိမ်မဲ
ဧရာဝတီတို်င်း ဒေသကြီး အိမ်မဲမြို့ တ ကော ကျေးရွာအုပ်စု ၊ ရိုးကြီးကျေးရွာ
အနီး ရှိ မြောင်းမြ အိမ်မဲကားလမ်း မိုင်တိုင် အမှတ် (0/1) အနီးတွင်
ဧပြီလ ၁၇ နေ့ နံနက် (10း15) အချိန်၌ ယာဉ်တိုက်မှု တစ်ခုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ဧပြီလ ၁၇ နေ့ နံနက် ၁၀း၁၅ အချိန်တွင် မြောင်းမြ မြို့မှ
ရန်ကုန်သို့ ခရီးသည် တင် ဆောင်လာသော ဟွန်ဒိုင်း အမျိုးအစား ၊ နံသာရောင်
ယာဉ်အမှတ် 5C/2309 ချမ်းသာအမည်
|
Posted: 17 Apr 2014 08:18 PM PDT
ယူကရိန်းနိုင်ငံမှာ တင်းမာမှုတွေ လျော့ကျ သွားစေရေး အတွက် ဂျီနီဗာမြို့မှာ
ကျင်းပတဲ့ ဆွေးနွေးညှိနှိုင်းမှုတခုအတွင်း သဘောတူချက် ရသွားပြီ ဖြစ်ပါတယ်။
အဲဒီ ဆွေးနွေး ညှိနှိုင်းမှုအတွင်း ရုရှား၊ ယူကရိန်း၊ ဥရောပ သမဂ္ဂနဲ့
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး တွေက ယူကရိန်းနိုင်ငံမှာ ရှိတဲ့ တရားမဝင်
လက်နက်ကိုင် စစ်အုပ်စုတွေအားလုံး ဖျက်သိမ်းပြီး လက်နက်တွေ ဖြုတ်ကြဖို့နဲ့
သိမ်းပိုက်ထားတဲ့ အစိုးရ အဆောက်အအုံတွေထဲကနေ
|
Posted: 17 Apr 2014 08:10 PM PDT
အမြန်လမ်းတွင် ကားနှစ်စီး တိုက်မှုဖြစ်ပွားပြီး လူ ၁၂ ဦး မီးလောင်
သေဆုံးသည့် ဖြစ်စဉ်တွင် ခရီးသည်များ အား ကားတံခါးပိတ်၍ ထွက်ပြေး
တိမ်းရှောင် နေသော တောင်ပြာတန်း ခရီးသည်တင်ယာဉ်လိုင်းမှ ယာဉ်မောင်းကို
ဖမ်းဆီး မမိသေးကြောင်း သတင်း ရရှိသည်။
ဧပြီ ၁၂ ရက်နံနက်တွင် တောင်ကြီးမြို့မှ ထွက်ခွာလာသော တောင်ပြာတန်းခရီးသည်
တင်ယာဉ်သည် ချီဇာ(Chaser) အဖြူရောင်ဆလွန်းကားတစ်စီးအား
ဝင်တိုက်မှုဖြစ်ပွားရာ ဆလွန်းကားငယ်မှ
|
Posted: 17 Apr 2014 07:59 PM PDT
ရန်ကုန်တိုင်း ဒေသကြီး အတွင်း သင်္ကြန်ကာလ ရေပက်ကစားစဉ် လူမှုရေး ပြဿနာကြောင့်
အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
အမှုတစ်မှုမှာ သင်္ကြန်အကျ နေ့ ဧပြီ ၁၄ ရက် ညနေတွင် ဆိပ်ကြီးခနောင်တိုမြို့နယ်၌
အမျိုးသားတစ်ဦးက တစ်လမ်းတည်းနေ မိန်းကလေးတစ်ဦးကို ရေပက်စဉ်
ပါးပြင်အားနမ်းသကဲ့သို့ ဖြစ်ခဲ့သည်။ ထိုသို့နမ်းမိခဲ့၍ နှစ်ဖက်မိသားစု
စကားများရန်ဖြစ်ကာ နမ်းခဲ့သူ၏ မိခင်ကို အနမ်းခံရသူ၏ အစ်မက
ခဲတံချွန်ဓားဖြင့်
|
Posted: 17 Apr 2014 07:55 PM PDT
တောင်ကိုးရီးယားနိုင်ငံ အာဏာပိုင်တွေ အနေနဲ့ နစ်မြုပ်သွားတဲ့ သင်္ဘောထဲကို
ဝင်ရောက်နိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။
သင်္ဘောနစ်မြုပ်ခဲ့တဲ့ အတွက် လူပေါင်း ရာနဲ့ချီ ပျောက်ဆုံးနေပြီး
နစ်မြုပ်နေတဲ့ သင်္ဘောထဲကို ဝင်ရောက်ဖို့ ကြိုးစားကြပေမယ့် ရာသီဥတု
အခြေအနေ၊ ဒီရေအခြေအနေ၊ ရေစီးသန်မှု အပြင် ရေတွေ နောက်နေတဲ့အတွက်
အခက်အခဲဖြစ်နေရပါတယ်။
တောင်ကိုးရီးယား ရေတပ်နဲ့ ကမ်းခြေစောင့်တပ်တွေက
|
Posted: 17 Apr 2014 07:53 PM PDT
မြန်မာပြည်တ၀ှမ်း အတာကူးတဲ့ တန်ခူးလမှာ ပျော်မြူး နေကြပေမယ့် ကချင်
ပြည်နယ်အတွင်း အစိုးရ တပ်တွေနဲ့ KIA တပ်တွေကြား ဧပြီလ ၁၇ရက်နေ့ထိ
တိုက်ပွဲတွေဆက် လက်ဖြစ်ပွား နေတဲ့ အတွက် အိုးအိမ်စွန့်ထွက်ပြေး နေရတဲ့
ဒုက္ခသည်တွေ များပြား လာနေပါတယ်။
တိုက်ပွဲတွေအတွင်း ရွာထဲကို လက်နက်ကြီးကျည်ဆံတွေ
ကျရောက်ပေါက်ကွဲခဲ့တာကြောင့် တိုက်ပွဲနဲ့ အလှမ်းဝေးရာ
ဘုရားကျောင်းတွေမှာ ခိုလှုံနေရတယ်လို့
|
Posted: 17 Apr 2014 07:48 PM PDT
အမေရိကန် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ နိုင်ငံတကာ ကုန်သွယ်မှု
စီမံခန့်ခွဲရေးရုံးကို မြန်မာနိုင်ငံမှာ ပထမဆုံး ဖွင့်လှစ်တော့မှာ
ဖြစ်ပါတယ်။
Johns Hopkins တက္ကသိုလ်က SAIS (SAIS (Paul H. Nitze School of Advanced
International Studies ) သုတေသနဌာနမှာ ကြာသပတေးနေ့ က ပြုလုပ်တဲ့
“အာရှပစိဖိတ်ဒေသ အမေရိကန် အနာဂါတ် စီးပွါးရေး ဆိုင်ရာ ဟောပြောပွဲ” မှာ
ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Penny Pritzker က
|
Posted: 17 Apr 2014 12:02 PM PDT
ဂျာမနီ နဲ့ ပြင်သစ် ကို သွားရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ကို
သက်ဆိုင်ရာနိုင်ငံတွေ ရဲ့ခေါင်းဆောင်ပိုင်း တွေ က လိုက်လှဲစွာ
ကြိုဆိုခဲ့ကြတဲ့အပြင် နိုင်ငံတခုရဲ့ အကြီးအကဲ တယောက် သဖွယ် အလေးထား
နေရာပေးခဲ့ကြပါတယ်။
သူ့ရဲ့ခရီးစဉ် အတွင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ကို စနေပြီလို့
မပြောနိုင်သေးကြောင်းနဲ့ ဖွဲ့စည်းပုံဥပဒေ ပြင်ဖို့ အရေးကြီးကြောင်း
ပြောခဲ့ပေမယ့် နိုင်ငံတကာ အနေနဲ့ လိုက်ပါဆောင်ရွက်
|
Posted: 17 Apr 2014 12:00 PM PDT
ဦးဝင်းတင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ၄၅ မိနစ်ကြာ စကားပြောခဲ့
ဂျာမနီနဲ့ ပြင်သစ် ခရီးစဉ်မှာ နိုင်ငံ ခေါင်းဆောင်တွေ၊ လွှတ်တော်
ဥက္ကဋ္ဌဌတွေနဲ့ တွေ့ဆုံခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်း စုကြည်ဟာ ကြာသပတေးနေ့ မနက်မှာ မြန်မာ နိုင်ငံကို ပြန်လည်
ရောက်ရှိ လာခဲ့ပါတယ်။
လူအတော် များများလည်း ရန်ကုန် မင်္ဂ္လာဒုံ လေဆိပ်မှာ သွားရောက် ကြိုဆို
ခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်း စုကြည်ဟာ ဥရောပ ခရီးစဉ်ကနေြ
|
Posted: 17 Apr 2014 11:57 AM PDT
NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ နာယကအဖွဲ့ဝင်လည်းဖြစ်၊ ၀ါရင့်
သတင်းစာ ဆရာကြီးလည်းဖြစ်တဲ့ ဟံသာဝတီ ဦးဝင်းတင်ရဲ့ ကျန်းမာရေး အခြေအနေဟာ
မမျှော်လင့်ပဲ ရုတ်တရက် ဆိုးရွားလာတာကြောင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှာ
အထူးကု ဆရာဝန်ကြီးတွေက အနီးကပ် ကြည့်ရှု စောင့်ကြပ်နေတယ်လို့ ဦးဝင်းတင်ကို
ဆေးရုံမှာ သွားရောက် ကြည့်ရှုနေတဲ့ NLD ဗဟိုပြန်ကြားရေးအဖွဲ့ဝင်
ဦးကြည်တိုးက ပြောပါတယ်။
ဥရောပခရီးစဉ်က
|
Posted: 17 Apr 2014 11:55 AM PDT
ကချင်ပြည်နယ် မိုးမောက်နယ်ထဲမှာ မြန်မာအစိုးရတပ်တွေနဲ့ ကချင် လွတ်မြောက်ရေး
တပ်တွေ တိုက်ပွဲတွေဆက်ဖြစ်ပြီး ဒီကနေ့ ဧပြီလ ၁ရ ရက်နေ့မှာ ဖြစ်ပွားတဲ့
တိုက်ပွဲကတော့ (ရ) နာရီကြာနီးပါးလောက် ဆက်တိုက်ဖြစ်သွားခဲ့တာပါ။ ဒီ့အတွက်
ကေအိုင်အေ စခန်းတချို့ လက်လွတ်ဆုံးရှုံးခဲ့ရပြီး အစိုးရက ပစ်ခတ်တဲ့
လက်နက်ကြီးတွေဟာ ကချင်ကျေးရွာတွေနဲ့ အိုးအိမ်မဲ့ ဒုက္ခသည်တွေ နေထိုင်နေတဲ့
စခန်းတွေအထိ ကျရောက်နေတာကြောင့် ထောင်ဂဏန်းရှိတဲ့
|
No comments:
Post a Comment