Tuesday, March 25, 2014

အဘွားရဲ့ ကိတ်

အဘွားရဲ့ ကိတ်

တစ်နေ့တော့ မြေးဖြစ်သူ အထက်တန်းကျောင်းသားဟာ စိတ်ညစ်နေတာနဲ့ သူ့အဖွားဆီရင်ဖွင့်ပါတယ်။ ကျောင်းကပြဿနာတွေ၊ ကျန်းမာရေးချို့ယွင်းတာတွေ၊ ငွေကြေးပိုင်းဆိုင်ရာတွေ၊ ဆရာဆရာမတွေနဲ့ပက်သက်တဲ့ အဆင်မပြေမှုတွေကို ရင်ဖွင့်ပြီး နောက်ဆုံးတော့ အရာအားလုံးဟာ သူ့အပေါ်မကောင်းဘူးလို့ စိတ်ဓါတ်ကျနေပါသတဲ့။

ဒါနဲ့ အဖွားဟာ သူ့ကိုမီးဖိုထဲခေါ်သွးတယ် ပြီးတော့ ဟင်းချက်ဆီတွေကို ဇွန်းနဲ့ခပ်ပေးတယ် " သောက်ကြည့်မလား အရသာဘယ်လိုနေလဲလို့ပေါ့" သူ့မြေးကတော့ ခေါင်းခါတယ်။ ပြီးတော့ " အဘွားရယ် မသောက်လဲ အရသာမကောင်းမှန်းသိပါတယ် "

ပြီးတော့ သူ့အဖွားကပဲ ဂျုံမှုန့်တစ်ဇွန်းပေးတယ်။ စားကြည့်မလားပေါ့။ မြေးကလဲ ငြင်းလိုက်တယ်။ ဂျုံမှုန့်ကို အစိမ်းစားရင် အရသာကောင်းပါ့မလား။

နောက်တော့ အဖွားက မုန့်ဖုတ်ဆိုဒါပေးပြန်တယ်။ သူကလဲ ငြင်းလိုက်တယ်။ မုန့်ဖုတ်ဆိုဒါက အရမ်းခါးတာကို။

နောက်တော့အဘွားက အဲဒီပစ္စည်းတွေ အခြေခံပြီးတော့ အခြားပစ္စည်းတွေ ထပ်ထည့်ပြီးတော့ ကိတ်မုန့်တစ်လုံး ပြုလုပ်လိုက်ပါတော့တယ် ပြီးတော့
" ငါ့မြေး မင်းခုနက မစားခဲ့တဲ့ မကောင်းဘူးဆိုတဲ့ အရာတွေအားလုံးကို စနစ်ကျကျရောလိုက်နိုင်ရင် အခုအရသာရှိတဲ့ ကိတ်မုန့်တစ်လုံး ဖြစ်သွားပြီ မင်းမကောင်းဘူးလို့ထင်တဲ့ အရာတွေအားလုံးကို မင်းသာ သေသေချာချာအသုံးပြုနိုင်ရင် မင်းအတွက် အရမ်းတန်ဖိုးရှိတဲ့ ပစ္စည်းတွေ ဖြစ်သွားနိုင်တယ်"

မောင်စိုင်း
www.kanaung.net

တစ်နေ့တော့ မြေးဖြစ်သူ အထက်တန်းကျောင်းသားဟာ စိတ်ညစ်နေတာနဲ့ သူ့အဖွားဆီ ရင်ဖွင့်ပါတယ်။ ကျောင်းကပြဿနာတွေ၊ ကျန်းမာရေးချို့ယွင်းတာတွေ၊ ငွေကြေးပိုင်းဆိုင်ရာတွေ၊ ဆရာဆရာမတွေနဲ့ပက်သက်တဲ့ အဆင်မပြေမှုတွေကို ရင်ဖွင့်ပြီး နောက်ဆုံးတော့ အရာအားလုံးဟာ သူ့အပေါ်မကောင်းဘူးလို့ စိတ်ဓါတ်ကျနေပါသတဲ့။


ဒါနဲ့ အဖွားဟာ သူ့ကိုမီးဖိုထဲခေါ်သွးတယ် ပြီးတော့ ဟင်းချက်ဆီတွေကို ဇွန်းနဲ့ခပ်ပေးတယ် " သောက်ကြည့်မလား အရသာဘယ်လိုနေလဲလို့ပေါ့" သူ့မြေးကတော့ ခေါင်းခါတယ်။ ပြီးတော့ " အဘွားရယ် မသောက်လဲ အရသာမကောင်းမှန်းသိပါတယ် "

ပြီးတော့ သူ့အဖွားကပဲ ဂျုံမှုန့်တစ်ဇွန်းပေးတယ်။ စားကြည့်မလားပေါ့။ မြေးကလဲ ငြင်းလိုက်တယ်။ ဂျုံမှုန့်ကို အစိမ်းစားရင် အရသာကောင်းပါ့မလား။

နောက်တော့ အဖွားက မုန့်ဖုတ်ဆိုဒါပေးပြန်တယ်။ သူကလဲ ငြင်းလိုက်တယ်။ မုန့်ဖုတ်ဆိုဒါက အရမ်းခါးတာကို။

နောက်တော့အဘွားက အဲဒီပစ္စည်းတွေ အခြေခံပြီးတော့ အခြားပစ္စည်းတွေ ထပ်ထည့်ပြီးတော့ ကိတ်မုန့်တစ်လုံး ပြုလုပ်လိုက်ပါတော့တယ် ပြီးတော့
" ငါ့မြေး မင်းခုနက မစားခဲ့တဲ့ မကောင်းဘူးဆိုတဲ့ အရာတွေအားလုံးကို စနစ်ကျကျရောလိုက်နိုင်ရင် အခုအရသာရှိတဲ့ ကိတ်မုန့်တစ်လုံး ဖြစ်သွားပြီ မင်းမကောင်းဘူးလို့ထင်တဲ့ အရာတွေအားလုံးကို မင်းသာ သေသေချာချာအသုံးပြုနိုင်ရင် မင်းအတွက် အရမ်းတန်ဖိုးရှိတဲ့ ပစ္စည်းတွေ ဖြစ်သွားနိုင်တယ်"

မောင်စိုင်း
www.kanaung.net

No comments:

Post a Comment