Friday, March 28, 2014

လိုသလိုသုံးတတ်ရင် လိုချင်တာရနိုင်ပါပြီ

လိုသလိုသုံးတတ်ရင် လိုချင်တာရနိုင်ပါပြီ
_____________________________

မရေရာသေးတဲ့ အနာဂါတ်ကို ပြင်ဆင်ဖို့ အတွက်ဆိုရင် ယခုလက်ရှိအခြေနေဟာ အကောင်းဆုံးပါ။ နောင်မှာ အသီးတွေပြည့်နေတဲ့
သစ်ပင်ကို လိုချင်လျင် ယနေ့ မှာ အသီး သီးနိုင်မယ့် အပင်ပေါက်ကို စနစ်တကျပျိုးထောင်ပေးဖို့ လိုသလိုပေါ့။

မိမိတို့ နှလုံးထဲက ရည်မှန်းချက်အဆောက်အဦး ပုံဖော်နိုင်ဖို့  ယခုလက်ရှိ အလုပ်နဲ့  အခြေတည်ရတယ်။ လက်ရှိအချိန်ကို တန်ဖိုးရှိရှိ
ဖြတ်သန်းနိုင်ရတယ်။ ယနေ့ ကောင်းသွားရင် မနက်ဖန်ဆိုတာ မဆိုးနိုင်တော့တာ သေချာပါတယ်။

ဖြစ်ချင်တာတွေကို အိမ်မက် မက်တတ်ရမယ်၊ ဖြစ်သင့်တာတွေကိုလည်း လက်တွေ့ လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။ အိမ်မက်ဆိုတာဘဲ ရှိ
ပြီး လက်တွေ့ မှာ ဘာမှ မလုပ်ရင် အလကားပဲ။ လက်တွေ့ မှာ လုပ်ကိုင်နေသော်လည်း ရည်မှန်းချက်ဆိုတဲ့ အိမ်မက် မရှိဘူးဆိုရင်လည်း
ဘ၀က အဓိပ္ပာယ် မရှိနိုင်ဘူး။

ကိုယ်ရထားတဲ့ အခွင့်အရေးတိုင်းဟာ ကိုယ့်အတွက် အောင်မြင်စေမယ့် နည်းလမ်းတွေပါပဲ။ ကိုယ်ကြုံတွေ့ ရတဲ့ အခက်အခဲတွေဟာ
လည်း အဖိုးတန်တဲ့ သင်ခန်းစာတွေပါ။ ဒါတွေကို လိုသလိုအသုံးပြုနိုင်ပြီဆိုရင် လိုချင်တဲ့ဘ၀ကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ပြီပေါ့။

True Man

မရေရာသေးတဲ့ အနာဂါတ်ကို ပြင်ဆင်ဖို့ အတွက်ဆိုရင် ယခုလက်ရှိအခြေနေဟာ အကောင်းဆုံးပါ။ နောင်မှာ အသီးတွေပြည့်နေတဲ့ သစ်ပင်ကိုလိုချင်လျင် ယနေ့ မှာ အသီး သီးနိုင်မယ့် အပင်ပေါက်ကို စနစ်တကျပျိုးထောင်ပေးဖို့ လိုသလိုပေါ့။


မိမိတို့ နှလုံးထဲက ရည်မှန်းချက်အဆောက်အဦး ပုံဖော်နိုင်ဖို့  ယခုလက်ရှိ အလုပ်နဲ့  အခြေတည်ရတယ်။ လက်ရှိအချိန်ကို တန်ဖိုးရှိရှိ
ဖြတ်သန်းနိုင်ရတယ်။ ယနေ့ ကောင်းသွားရင် မနက်ဖန်ဆိုတာ မဆိုးနိုင်တော့တာ သေချာပါတယ်။

ဖြစ်ချင်တာတွေကို အိမ်မက် မက်တတ်ရမယ်၊ ဖြစ်သင့်တာတွေကိုလည်း လက်တွေ့ လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။ အိမ်မက်ဆိုတာဘဲ ရှိ
ပြီး လက်တွေ့ မှာ ဘာမှ မလုပ်ရင် အလကားပဲ။ လက်တွေ့ မှာ လုပ်ကိုင်နေသော်လည်း ရည်မှန်းချက်ဆိုတဲ့ အိမ်မက် မရှိဘူးဆိုရင်လည်း
ဘ၀က အဓိပ္ပာယ် မရှိနိုင်ဘူး။

ကိုယ်ရထားတဲ့ အခွင့်အရေးတိုင်းဟာ ကိုယ့်အတွက် အောင်မြင်စေမယ့် နည်းလမ်းတွေပါပဲ။ ကိုယ်ကြုံတွေ့ ရတဲ့ အခက်အခဲတွေဟာ
လည်း အဖိုးတန်တဲ့ သင်ခန်းစာတွေပါ။ ဒါတွေကို လိုသလိုအသုံးပြုနိုင်ပြီဆိုရင် လိုချင်တဲ့ဘ၀ကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ပြီပေါ့။

True Man

No comments:

Post a Comment