======
1. ကျား/မ ?
======
တရက်က မောင်ကျေးညိုတစ်ယောက် သူ့အခန်းကနေ ကျနော့်အခန်းဆီကို ကူးလာပြီး လာပြောတယ်… …
“ကိုသန်၊ ခညား Friend လို့ပြောတာပဲ၊ ကောင်မလေးနာမည်နဲ့ တယောက်၊ ဖေ့စ်ဘွတ်မှာ ကျနော့်ကို လာ Add တယ်”
“အင်း… အဲဒါဘာဖြစ်တုန်း”
“ဘာတွေမှန်းမသိဘူး လာ လာပြောနေတာ၊ အာရုံနောက်လို့”
“နာမည်က ဘယ်သူတဲ့တုန်း”
“သဇင်ချို”
“အော်…”
“မအော်နဲ့ ကိုသန်၊ သူက မိန်းကလေးရော ဟုတ်ရဲ့လားဗျ”
“ဘာလို့တုန်း”
“ယောက်ျားလေးက မိန်းကလေးနာမည်နဲ့ လာပြီး အရူးလုပ်နေတာထင်လို့”
“မဟုတ်လောက်ပါဘူုးဗျ”
“ကျနော်ကတော့ ယောက်ျားလေးထင်တာပဲ၊ လူကို လာလာ နောက်နေတာ၊ ယောက်ျားချင်းတော့ ခပ်ပါးပါးပဲ ဟွင်း၊ နောက်တခါ လာပေ့စေ၊ ငေါက်လွတ်လိုက်မယ်”
“မိန်းကလေးဆိုရင်တော့ တမျိုးပေါ့ ဟုတ်လား”
“ဟုတ်ဒယ်… ဘာဖြစ်လဲ”
===========
2. လဝက လားမှတ်ရ
===========
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ
ခဏနေတော့ သဇင်ချိုဆိုတဲ့ ကလေးမ အွန်လိုင်းတက်လာပြီး Chat box ကနေ ကျေးညိုကို လာစကားပြောတယ်… …
“ဟိုင်း… ကိုကျေးညို”
“ဘာလဲ”
“ဟွန့်… ဘာလဲတဲ့၊ မုန်းစရာကြီး”
“မုန်းရင် စကားလာမပြောနဲ့ပေါ့”
“မာနကြီးလိုက်တာနော်၊ ဒီက ခင်ချင်လို့ ဥစ္စာ”
“ခင်တာက ရပါတယ်၊ အရူးလုပ်နေတယ်ထင်လို့”
“ဘာ အရူးမှ မလုပ်ပါဘူး”
“မင်း ယောက်ျားလေး မဟုတ်လား”
“ရွှမ်… ဒီက မိန်းကလေး အစစ်ပါရှင့်”
“မယုံဘူး ပြ”
“ရွှမ်…”
“အဲ… မှတ်ပုံတင်တို့ ကားမောင်လိုင်စင်တို့ ဘာတို့ ပြောတာ”
“အမလေး တော်သေး”
“နာမည်အရင်းက ဘယ်သူတုန်း ပြော”
“အိသဇင်ဝင်းချို ပါ”
“အဖေနာမည် ဦးဝင်ချိုပေါ့၊ အမေနာမည်ကရော”
“ဒေါ်သဇင်မြင့်”
“မိဘတွေက ဘာလုပ်လည်း”
“ရွှမ်… ရှင်က လဝက ကလား?”
“မဟုတ်ဘူး၊ မင်းအကြောင်းကို အကုန်သိထားချင်လို့”
“အော်… ဒါဆို ခဏလေးစောင့်နော်”
“ဘာလုပ်မလို့လဲ”
“ခဏလေး…”
… …ဆိုပြီး ကလေးမ အွန်လိုင်းပေါ်က ခဏပျောက်သွားတယ်။
============
3. အိတ်သွန်ဖာမှောက်
============
ခဏနေတော့ မအိသဇင်ဝင်းချိုတစ်ယောက် အွန်လိုင်းမှာပြန်ပေါ်လာပြီး ကျေးညိုဆီကို Microsoft-word နဲ့ ရေးထားတဲ့ ဖိုင်တစ်ဖိုင် ပို့ လိုက်ပါလေရော။
ဘုမသိဘမသိနဲ့ ကျေးညိုလည်း ဖမ်းပြီးဒေါင်းကြည့်လိုက်တော့… …
ကလေးမရဲ့ CV form ကြီး။
ငမ့်… ဒါ ဘာသဘောလား အဲလေ ဘာသဘောလဲ
ဒါနဲ့ ကျေးညိုခမျာ ကလေးမကို လှမ်းမေးရတယ်… …
“ဟေ့… တံကျင်ရှို”
“ဘာာာာ….”
“အဲလေ… သဇင်ချို”
“ဘာတုန်း”
“ညည်း ဘာကြီးပို့လိုက်တာတုန်း”
“ကျမရဲ့ကိုယ်ရေးအချက်အလက် CV လေ”
“ငင်… ငါက အလုပ်မှ မခေါ်တာ၊ င့ါဆီအလုပ်လာလျှောက်တာလား”
“ရှင်ပဲ ကျမအကြောင်း အကုန်သိချင်တယ်ဆို”
“ဂွမ်… အဲလေ သိချင်တာတော့ သိချင်တာပေါ့ ဒါပေမယ့် အဲလောက်ကြီးတော့ မလုပ်နဲ့လေ”
“ကဲ အပိုတွေ ပြောမနေနဲ့၊ ဘာထပ်ပြီး သိချင်သေးလဲ ပြော”
“ငီး… ရပြီ ရပြီ”
အမ်မရေး… ကိုယ့်ထက်ရွတ်တဲ့လူနဲ့ တွေ့နေတာ
=============
4. လေသံများပြောင်းခဲ့ပြီ
=============
ကလေးမက CV form ကြီးပို့တဲ့အကြောင်း ကျနော့်လာတိုင်တယ်… …
“တော်တော်ရွတ်တဲ့ ကလေးမဗျ၊ အဲလေ ကလေးမလို့သာ ပြောရတာပါ၊ သေတော့ မသေချာသေးပါဘူး”
အော်… ခက်တော့ခက်နေပြီ၊
ဒါနဲ့ ကျနော်က ပြောပြရတယ်… …
“ဒီမှာ ဘိုညို၊ အချင်းချင်းမိုလို့ ပြောတာ၊ အဲဒီသဇင်ချိုက မိန်းကလေးအစစ်ဗျ”
“ကိုသန် ဘာသက်သေရှိလဲ... ကဲ”
“သူက ကျနော့်ကို Viber မှာ စကား လာလာပြောတတ်တယ်၊ သူ့ကောင်လေးနဲ့ နှစ်ယောက်တွဲပုံတွေ ပြဖူးတယ်၊ သူ့ကောင်လေးက သူ့ကိုထားသွားတဲ့အကြောင်း ကျနော့်ဆီမှာ သူ့အကြောင်းတွေ ရင်လာဖွင့်တယ်လေ”
“ဟင်… ဟုတ်လား၊ ဖေ့စ်ဘုတ်မှာတော့ ဘာဓာတ်ပုံမှ မတင်ပါလား”
“ဟုတ်တယ်၊ ဓာတ်ပုံတင်ရင် တချို့လူတွေက သားပြောမယားပြော လာလာပြောကြလွန်းလို့တဲ့”
“အော်… သူ့ဓာတ်ပုံ ရှိသေးလား”
“အင်း… Viber ထဲမှာတော့ ရှိတယ်”
… ဆိုပြီး ဓာတ်ပုံလေးတွေ ရှာပြီးပြလိုက်မိတယ်… …
“ဟာ… ဆရာသန်၊ သူက တော်တော်ချောတာပဲကိုး ငီး ငီး”
အဲ… ချက်ခြင်းကို ‘ဆရာသန်’ ဖြစ်တော့တာပဲ။
ဆက်ပြောသေးတယ်… ..
“ချစ်စရာလေးနော် ဆရာသန် ဟီး”… တဲ့။
ရူးပ့ါဗျာ
================
5. ငယ်ထိပ်တက်လေသောအခါ
================
အဲဒီကတည်းက မောင်ကျေးညိုတို့ အပြောအဆိုပြောင်းလဲသွားလိုက်တာဗျာ..
Chat Box မှာ …
အဲဒီ သဇင်ချိုကို ခေါ်တာများ ‘ချို’ တဲ့။ သူ့ကိုယ်သူ ‘ညို’ တဲ့။
ရွံစရာကြီးရယ်
သန်၎ကို-ဖော်ကောင်လုပ်သည်။
https://www.facebook.com/thanlayko

No comments:
Post a Comment