Wednesday, March 26, 2014

မိဘမေတ္တာ



အမေက နို့ချို တိုက်ကျွေးသလို
အဖေကလည်း ရှိသမျှ အင်အားနဲ့ ပုခုံးပေါ် ထမ်းပိုးပေးခဲ့တယ်

အမေထမင်းကျွေးဖို့အတွက်
အဖေက ဆန်အိုးထဲဆန်ဖြည့်ပေးခဲ့တယ်



အမေက ကျောင်းပို့ပေးခဲ့သလို
အဖေက ပညာသင်ဖို့ငွေရှာပေးခဲ့တယ်

အမေကလောကထဲမှာ အရာရာ သူများထက်သာစေဖို့ လောကဓံအကြောင်းတွေ
သင်ပေးသလို
အဖေကလည်း ဘေးအန္တရာယ်ကင်း ရန်သူတွေ ကင်းရှင်းစေဖို့ အနာဂတ်အတွက် လမ်းခင်းပေးခဲ့တယ်

အမေကလိမ္မာစေဖို့ ဇာတ် နိပါတ်တော်လာ ပုံပြင် ဒဏ္ဍာရီပြောပြခဲ့သလို
အဖေကလည်း ကြောက်စိတ်တွေ ဖယ်ရှား လူ့လောကရဲ့ သာဓကတွေ လက်တွေ့ပြလို့ လမ်းပြပေးခဲ့တယ်

အမေက မေတ္တာလက်၊ ကရုဏာလက်နှင့် တွဲခေါ်ခဲ့သလို အဖေကလည်း မုဒိတာလက်၊ ဥပေက္ခာလက်နှင့် ကမ်းလင့်ခဲ့တယ်

အမေ့မေတ္တာက
လမင်းနှင့်တူလို့
အေးမြ ငြိမ်းချမ်းစေသလို အဖေ့မေတ္တာကလည်း
နေမင်းနှင့်တူလို့ နွေးထွေးကာ ရဲရင့်စေခဲ့တယ်။

သားသမီးတိုင်းအတွက်
မိဘမေတ္တာဖွဲ့ကာဆိုလည်း
စကားလုံးသာကုန်လိမ့်မယ်။

လေးစားလျက်
ရှင်းသန့်မေ

No comments:

Post a Comment