မိဘပြည်သူများ ခင်ဗျာ . . . ဒီနေ့ကျနော်ပြောကြားမဲ့ မိန့်ခွန်းကတော့ကျနော့် သမ္မတ သက်တမ်းတစ်လျှောက်မှာ နောက်ဆုံးအကြိမ်ပြောကြားမဲ့ မိန့်ခွန်းပဲဖြစ်ပါတယ်. . . ။
သမ္မတကြီးဦးသံချောင်း ၏ ဂရုဏာသက်ဖွယ်ရာ အသံလေးသည် လေဒီယိုမှနေ၍ တနိုင်ငံလုံးသို့ ပျံ့လွင့်လာသည် ။ သမ္မတကြီးဦးသံချောင်း၏ အသံသည် နိုင်ငံ့ခေါင်းဆောင်များထဲတွင် ထူးထူးခြားခြား ဂရုဏာသက်ဖွယ် ၊မေတ္တာဖြစ်ချင်စဖွယ် ၊ ချစ်ခင်ချင်စဖွယ်အသံမျိုးပင်ဖြစ်သည် ။
ထိုအသံကိုသံချောင်းပြည်သူပြည်သားတို့ ချစ်ကြသည် ၊ အားကိုးကြသည် ၊ လေးစား
ကြသည် ၊ ယုံကြည်ကြသည် ။
သမ္မတကြီး ဦးသံချောင်းသည် မိန့်ခွန်းပြောကြားနေရင်း သူ၏ နဖူးပြောင်ပြောင်တွင် စီးကျလာသော ချွေးများကို လက်ဖြင့်အသာသုတ်သည် ။သူ
၏ မျက်နှာသည် အလွန်တရာပင် ညိုးငယ်နေသည် ။ ဒီမိန့်ခွန်းပြောပြီးလျှင် သမ္မတရာထူးမှ သူနုတ်ထွက်တော့မည် ။ ထိုကြောင့် မျက်မှန်လေး ကို ပင့်ကာ ပင့်ကာဖြင့် မိန့်ခွန်းကို သူဆက်ဖတ်သည် ။
ကျနော့်သမ္မတသက်တမ်းတလျှောက်မှာ မိဘပြည်သူများအတွက် တတ်စွမ်းသမျှ ကြိုးစားခဲ့ပေမယ့်လည်း . . . ။
သမ္မတကြီးသည် နုတ်ခမ်းက မိန့်ခွန်းပြောကြားနေသော်လည်း စိတ်ကနောက်သို့ပြန်လှည့်သည် ။ . . . . ။
၂၀၂၅ ရွေးကောက်ပွဲတွင် သမ္မတကြီးဦးသံချောင်းပါတီ အနိုင်ရသည် ။လွယ်လွယ်ကူကူနှင့် အနိုင်ရခြင်းမဟုတ် ။ အရက်ဆိုင် ၊ ခွက်ပုန်းဆိုင် ဘီအီးဆိုင် ၊ တောအရက်ဆိုင် ၊ မာဆတ် ၊ ကလပ် ၊ စင်တင် အစရှိသည့်
သံချောင်းပါတီ၏ အမာခံနယ်မြေများမှ ကြိုတင်မဲများဖြင့် ခွက်ခွက်လန်အောင်အနိုင်ရခြင်းဖြစ်သည် ။
ဤသို့ဖြင့် သံချောင်းအစိုးရကို ဖွဲ့စည်းနိုင်သည် ။ သမ္မတကြီးဦးသံချောင်းသည် ပြည်သူများအပေါ်စေတနာထားသည် ။ ထိုကြောင့် ပြည်သူ့အသံကိုနားထောင်သည် ။ လေဒီယို ၊ ရုပ်မြင်အသံဝါး များမှ ပြည်သူ့ကို တိုက်
ရိုက်မိန့်ခွန်းပြောကြားသည် ။ ဂရုဏာသက်ဖွယ်အသံဖြင့် မိဘပြည်သူများခင်ဗျာ ဟူသော စကားမှာ နိုင်ငံအတွင်းရေပန်းစားသွားသည် ။
ပြည်သူနှင့် သမ္မတ အလွမ်းသင့်ကြသည် ။ ချစ်ကြခင်ကြသည် ။ သို့သော်နိုင်ငံအတွင်း ဆန္ဒပြမှု့များ တဂျိမ်းဂျိမ်းပေါ်နေသည် ။ မည်သို့ဖြစ်လေရသနည်း ။ သမ္မတကြီးဦးသံချောင်း၏ ၀န်ကြီးများမှာလည်း သံချောင်းတပ်
မတော်မှ ယူနီဖောင်းကဗျာကရာချွတ်လာရသူများဖြစ်လေရာ ၊ စကားပြောရာတွင် စစ်သံစစ်သွေးမပျောက်ပျက်သေး ။ ထိုကြောင့် ပါးရိုက်ပစ်မယ် ဟူ၍ဌင်း ၊ ငွေလက်နဲ့ခေါ်မလာရင် စကတ်ဒုံးကျည်လွတ်လိုက်မယ် ဟူ၍
ဌင်း ပြောကြ၍ ပြည်သူများဆန့်ကျင်ကြသည်ကိုလည်း ကြုံရသည် ။လျှပ်စစ်မီးမလာ ဘက်ထရီမီးထွန်း ဟူပြော၍ဌင်း ၊ ကိတ်မုန့်မစားနိုင် ပေါင်မုန့်စား ဟူ၍ဌင်းပြောကြား၍ ပြည်သူများ ပွက်ပွက်ဆူသည်ကိုလည်းကြုံရသည် ။ခက်လှသည် ။
သံချောင်းတပ်မတော်မှလည်းလယ်ယာမြေများအလွန်အကျွံသိမ်းထားသည် ကိုသမ္မတကြီးကြားရသည် ။ဝန်ကြီးဌာနများကလည်းသိမ်းသည်
ဟုဆိုသည် ။ အစိုးရပါတနာ ခရိုနီကြီးသေး ပမွှား ပိစိ မှအစ သိမ်းထားကြသည်ဟု ဆိုသည် ။ ဆန္ဒပြသံတွေ တ၀ုန်းဝုန်းကြားရပြန်သည် ။ဤ ပုံစံတိုင်း ဆိုလျှင်မဖြစ်သေး ။
ထိုကြောင့် . . . သမ္မတကြီး နိုင်ငံကိုလှည့်လည်စစ်ဆေးရန်အကြံဖြစ်
သည်။ထိုကြောင့် နောက်တော်ပါသံချောင်းတပ်မတော်ဗိုလ်ချုပ်ကြီး
များ ၊ သံချောင်းဝန်ကြီးများကိုခေါ်ကာ သံချောင်းနိုင်ငံတော်ကို တိုင်းခန်းလှည့်လည်တော့သည် ။
ဟိုကွင်းပြင် မှာ တပ်ပိုင်မြေလို့ ဆိုင်းဘုတ်စိုက်ထားပါလား ၊ ဘာလို့သိမ်းထားတာလဲ . . .။ သမ္မတကြီးက ဆိုင်းဘုတ်ကို စိုက်ကြည့်ရင်းမေးသည် ။ သံချောင်းတပ်မတော်မှ ဗိုလ်ချုပ်ကြီးလေလွင့်သူ ကဗျာကရာရှင်းပြသည် ။ ဒီလိုပါ သမ္မတကြီး အဲ့သာကျနော်တို့သံချောင်း
တပ်မတော် သက်သာချောင်ချီရေး ကေတီဗွီ ဖွင့်မလို့ပါ . . . ဟီးဟီး။
ဟူး . . .သမ္မတကြီးဦးသံချောင်း သက်ပြင်းမသိမသာချသည် ။ အင်းလေ . . သက်သာချောင်ချီဆိုတော့လည်း လုပ်ပေါ့ ။
ဟိုလယ်ကွင်းတွေက ရော ဘာလို့ မကျုးကျော်ရလို့ ရေးထားပြန်သတုံး။
သမ္မတကြီးမေးသော် . . . ဒုဗိုလ်ချုပ်ကြီး သီဟသူရလော်ဘီအုတ်ခဲ ထွက်လာပြီး ရှင်းပြသည် ။ ဒီလိုပါ သမ္မတကြီး အဲ့လယ်နေရာမှာ သံချောင်းအစို
ရပိုင် မုးလဲကွဲအရက်ချက်စက်ရုံဆောက်မလို့ပါ ။ ငင် . . . သမ္မတကြီး အသံအနည်းငယ်ထွက်သွားသည် ။ အင်းပေါ့ . . . အင်းပေါ့ ၊ အစိုးရဘတ်ဂျက်အတွက်ဆိုတော့လုပ်ပေါ့ ။
အလို ဒီရပ်ကွက်ကို လည်း မကျုးကျော်ရဆိုင်းဘုတ်လုပ်ထားပြန်ဘီ ။
ဘယ်လိုဖြစ်ရပြန်တာတုန်း ။ သမ္မတကြီးဦးသံချောင်းတုန်တုန်ရီရီမေး
သော် ၊ ယစ်မျိုးဝန်ကြီး ဦးမာဃ ခပ်ကုတ်ကုတ်ထွက်လာပြီးရှင်းပြလေ
သည် ။ ဒီလိုပါ သမ္မတကြီး ဒါကတော့ ကျနော်တို့ ယစ်မျိုးဝန်ကြီးဌာနနဲ့ ဂရမ်းကွိုင်မယ် ကုပဏီတို့ စပ်တူ လုပ်ထားတဲ့ စီးပွားရေးဇုန်ပါ ။
ဂီ ... သမ္မတကြီး ယောင်ယမ်းထွက်သွားသည် ။
ဟိုနေရာ ရော . . . ဒီလိုပါ သမ္မတကြီး ။ ဒီနေရာရော . . . အဲ့နေရာကဒီလိုပါ ။ ဟို လယ်တွေကရော ၊ ဟိုယာကွက်ကရော ၊ ဟို ဘော်လုံးကွင်း. . . ဒီလိုပါ သမ္မတကြီး ၊ ဒီလိုပါ ၊ ဒီလိုပါခင်ဗျ ၊ အဲ့သာက ဒီလိုပါ ။
အဲ့နေရာက လယ်သမားတွေ ၊ ယာသမားတွေ ၊ တံငါသည်တွေ အတွက်မင်းတို့ဘာများပြန်လုပ်ပေးထားကြလဲ ၊ ဘာအစီအစဉ်တွေများလုပ်ပေး
ထားကြလဲ ။ သမ္မတကြီးဦးသံချောင်း သူ့စတိုင်အတိုင်း မျက်မှန်လေးကိုပင်ကာ့ ၊ နဖူးကိုချွေးသုတ်ရင်း အသံတုန်တုန်ဖြင့်မေးသည် ။
ဗိုလ်ချုပ်တစ်ယောက်က ထဖြေသည် ။ သူတို့အတွက်မပူပါနဲ့သမ္မတကြီး ။
သူတို့ အတွက် လယ်အသိမ်းခံရတာ ၊ ပိုကောင်းသွားပါတယ် ။ အရင်လိုတောမှာမနေရတော့ပါဘူး ။ အခု ရန်ကုန်မြို့လယ်ကောင်ကို ရောက်သွား
ကြပါဘီ ။
အော် . . . ကောင်းလေစွ ။ မင်းတို့ စီစဉ်ပေးလိုက်ကြတယ်ပေါ့ ၊ တိုက်ခန်းတွေ ပေးလိုက်တာလား ။ သမ္မတကြီး က ပီတိဖြစ်စွာမေးသည် ။
မဟုတ်ပါဘူး သမ္မတကြီး ၊ မြို့လယ်ကောင် မြို့တော်ခန်းမကြီးမှာ ဆန္ဒပြနေကြဒါဘာ . . . ငိငိ ။
ဖြန်း . . . သမ္မတကြီးဦးသံချောင်း ကိုယ့်နဖူးကို ကိုယ်ရိုက်မိလေသည် ။
သမ္မတကြီး စိတ်ကုန်သွားပြီ ။ နိုင်ငံရေးကိုလည်း စိတ်ကုန်သည် ။ လောကီကိုလည်းစိတ်ကုန်သည် ။ အကုန်လုံးစိတ်ကုန်သည် ။ ထိုကြောင့် ရသေ့ရဟန်း ဘ၀ဖြင့် တောထွက်ရန်ဆုံးဖြတ်လိုက်သည် ။ သမ္မတကတော်
First Lady မှ လော်ဘီအုတ်ခဲဆီမှ သင်ထားသော ရခိုင်မုန့်တီ ချက်နည်းဖြင့် ရခိုင်မုန့်တီချက်ရောင်းကြမည် ဆိုသည်ကိုပင် သမ္မတကြီးလက်မခံတော့ ။ လောကီကို လုံးဝစိတ်ကုန်၍ လူသူကင်းဝေးရာတွင်သာ တောထွက်ဖို့ဆုံးဖြတ်လိုက်သည် ။
ထိုကြောင့် နောက်ဆုံးမိန့်ခွန်းပြောကြရခြင်းဖြစ်သည် ။ မိဘပြည်သူများခင်ဗျာ ။ ကျနော့်သမ္မတသက်တမ်းတလျှောက်မှာမိဘပြည်သူများအတွက် တတ်စွမ်းသမျှ ကြိုးစားခဲ့ပေမယ့်လည်း . . . ။
အနိစ္စ . . . ဒုက္ခ . . . အနတ္တ ။ ရသေ့ကြီး ဦးသံချောင်း သည် ပဲခူးရိုးမတောင်ခြေရှိ သူ့ ၀ါးတဲ ကျောင်းသင်္ကန်းလေးမှ သူ့ဆွမ်းခံရွာသို့ တရားမှတ်ရင်း ဆွမ်းခံကြလာသည် ။
ဂူးးး . . . ဂေါ် ၊ ၀ုန်း . . . ဒိုင်း . . . ဂျွမ်း ။
အင် . . . ရသေ့ကြီး ဦးသံချောင်း အသံထွက်သွားသည် ။ ရသေ့ကြီး၏ဆွမ်းခံရွာဖြစ်သော သားလေးတို့ကျေးရွာကား တစစီဖြစ်နေသည် ။
ဘူဒိုဇာကြီးများဖြင့် တောင်ထိုး ၊ မြောက်ထိုးလုပ်နေကြသည်ကို မြင်ရသဖြင့် ဘေးမှ လူငယ်တစ်ယောက်ကိုမေးသည် ။ ဒကာကြီး . . .
ဘာလုပ်နေကြတာလဲဟင် ။ အော် . . . ဒါ သံချောင်းတပ်မတော်
ပိုင်မြေလေ ရသေ့ကြီးရဲ့ ၊ ဒီလူတွေ က ကျူးကျော်တွေ ဒါကြောင့်
ဖျက်နေကြတာ ၊ ငိငိ ။
ငင် . . . ရသေ့ကြီး ဦးသံချောင်း ငိုသံပေါက်သွားသည် ။ အော် . . .
လောကီ လောကီ ။ ပူလောင်လှချည်ရဲ့ ဟု တီးတိုးရွတ်ဆိုပြီး တောင်ခြေရှိ ကျောင်းသင်္ကန်းကို ပြန်ကြွလာခဲ့သည် ။
အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ . . . ရသေ့ကြီးသည် နုတ်ဖျားမှ ရွတ်ဆိုပြီး
ကျောင်းသင်္ကန်းထဲသို့ ၀င်လိုက်သည်နှင့် မြင်လိုက်ရသော ဆိုင်း
ဘုတ်ကြောင့် မျက်ရည်များ ၀ဲတက်လာပြီး . . . ။
ဗြဲ . . . ခနဲ ငိုချလိုက်မိတော့သည် ။
(( သံချောင်း သစ်တောဝန်ကြီး ဌာနပိုင်မြေ ၊ မကျုးကျော်ရ ))
အမှားပါရှိ ၊တောင်းပန်ပါ၏ ပရိတ်သတ် ။
ရေးသားသူ - ဆြာမာ ( သံချောင်းပါတီ )
၂၇ ။ ၂ ။ ၂၀၁၄ မာဃ လုလင်
No comments:
Post a Comment