Friday, February 28, 2014

ဗိုလ်စိန်မှန် ရှင်းတမ်း

ဆဲမှ ဖြစ်တဲ့ ကိစ္စလေးတခု ဖတ်ဘူးတယ်
  မြစ်ဝကျွန်းပေါ်မှာ ရောင်စုံသူပုန်တွေ ၀ိုင်းနေတော့၊ ဖျာပုံလား မြို့ ကိုစီးတော့မယ်၊ ငွေတိုက်ကိုလဲ ဖေါက်တော့မယ်၊ မြို့ ကိုလဲ လုတော့မယ်
အဲဒီမှာ ဗိုလ်စိန်မှန်က (နောက်တော့ ဗိုလ်မှုးစိန်မှန် ကျဆုံး) ငွေတိုက်ကို အရင်ဖေါက်ပလိုက်တယ်၊
ပြီး အရပ်သားတွေကို ငွေ၃၀၀ ရိုင်ဖယ်တလက်၊ ကျဉ်ဆံပေးပြီးတော့ အရေးပေါ်ကာကွယ်ရေးတပ်ဖွဲ့ ပြီး သူပုန်တွေကိုခံချတယ်။

တိုက်ပွဲကျတဲ့လူတွေကို ချက်ခြင်း မိသားစုတွေကို ထောက်ပံ့ကြေး ထုတ်ပေးတော့ ရွတ်ရွတ်ချွံချွံ တိုက်ကြတာပေါ့။

ဒါနဲ့ ပဲ မြို့ ကမကျတော့ဘူး သူပုန်ဘေးကနေ (သူပုန်စီးပြီး ပြသနာမျိုးစုံတက်မဲ့ဘေးကရော) လွတ်သွားတယ်၊

မကြာမှီမှာပဲ ဗိုလ်စိန်မှန်ဆီကို ပြည်ထဲရေးဌာနက စာတစောင်ပို့ လာတယ်

လူကြီးမင်း ----ငွေတိုက်မှ ထုတ်ယူသွားသော အစိုးရပိုင်ငွေ သိန်း---ဆယ်အတွက် မည်သို့ မည်ပုံ သုံးစွဲခဲ့သည်ကို ရှင်းတမ်းပေးပို့ ပါ၇န်တဲ့။

ဗိုလ်စိန်မှန်ပြန်ပို့ တဲ့ ရှင်းတမ်းက တပ်မတော်မှာ နာမည်ကြီးကျန်ခဲ့တယ်။

စာရွက်ပိုင်းလေးမှာရေးပေးပြီး လက်မှတ်ထိုးပေးလိုက်တာ ....

ရီးရီးရီး
အဲဒါတွေ အသုံးပြုသည် ရီး

ပုံ
စိန်မှန် တဲ့

No comments:

Post a Comment