Thursday, February 20, 2014
သစ်ထူးလွင် သတင်းစုစည်းမှု (၂၀-၂)
သစ်ထူးလွင်
Posted: 20 Feb 2014 07:02 AM PST
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လူ့အခွင့်အရေး လေးစားလိုက်နာမှု အားကောင်းလာဖို့နဲ့ နိုင်ငံသားတိုင်းရဲ့ ဒီမိုကရေစီ အခွင့်အရေးကို အသိအမှတ်ပြုနိုင်ဖို့ ရည်ရွယ်ပြီး ဥရောပသမဂ္ဂအဖွဲ့က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေကို “လူစုလူဝေး စီမံခန့်ခွဲမှုသင်တန်း” ပေးခဲ့ကြောင်း မြန်မာနိုင်ငံအခြေစိုက် ဥရောပသမဂ္ဂရုံးခွဲက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောထားပါတယ်။ ဒီကနေ့ ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ရဲတပ်ရင်း (၈)
Posted: 20 Feb 2014 07:00 AM PST
ပြည်ထောင်စု အစိုးရအဖွဲ့အနေနဲ့ လာမယ့် စက်တင်ဘာလကုန် နောက်ဆုံးထားပြီး လယ်ယာမြေ ပြဿနာတွေကို ဖြေရှင်းဆောင်ရွက်ရမယ်လို့ ပြည်ထောင်စု လွှတ်တော်က ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီလို လယ်ယာမြေ ပြဿနာတွေကို မဖြေရှင်းပေးနိုင်ဘူးဆိုရင် ပြည်သူတွေက အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး မဏ္ဍိုင်တွေအပေါ်မှာ ယုံကြည်မှု အားနည်းသွားနိုင်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ဒီနေ့ သတိပေးပြောကြားလိုက်ပါတယ်။ "
Posted: 20 Feb 2014 06:21 AM PST
မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၉ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JACA) ၏ ချေးငွေ ကျပ်သန်း ၉၀၀၀ ကျော် အသုံးပြု၍ မြဝတီ- ဘုရားသုံးဆူ ထွက်ပေါက်သစ် တစ်ခုဖြစ်သည့် တရနာ- ကျွန်းရွာ ကားလမ်းသစ်ကို ဧပြီလကုန်ပိုင်းတွင် ဖောက်မည်ဖြစ်ကြောင်း မွန်ပြည်နယ် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါက်တာ ခင်မောင်သွင်က ပြောကြားသည်။ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တရနာ ကျေးရွာမှ မိုင် ၂၃ မိုင် ၆ ဖာလုံ ကွာဝေးသည့်
Posted: 20 Feb 2014 06:19 AM PST
အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့တွင် ပျောက်ဆုံးခဲ့သော ပန်ချာပီနှစ်ဦးကြောင့် နှစ်နိုင်ငံ နယ်စပ်ဂိတ်ကို အိန္ဒိယနိုင်ငံက ဖေဖော်ဝါရီ ၁၉ ရက် နံနက်မှစ၍ ပိတ်လိုက်ကြောင်း တမူးမြို့ခံများ နှင့် တမူးမြို့ခရိုင်အုပ်ချုပ်ရေးမှူးက အတည်ပြုပြောကြားသည်။ ““မြန်မာဘက်ကတော့ မပိတ်ပါဘူး။ သူတို့ဘက်က ပိတ်လိုက်တာပါ။ ပန်ချာပီနှစ်ဦးပျောက်သွားတာနဲ့ ဆိုင်မယ်ထင်တယ်”” ဟု တမူးမြို့နယ် ခရိုင်အုပ်ချုပ်ရေးမှူးက ပြောသည်။ ေ
Posted: 20 Feb 2014 06:12 AM PST
မြိတ် ဖေဖော်ဝါရီ ၂ဝ မြန်မာ့ပင်လယ်ပြင် ရေပိုင်နက် အတွင်းသို့ တရားမဝင်ဝင်ရောက် ငါးခိုးဖမ်းလျက်ရှိသော အင်ဒိုနီး ရှားငါးဖမ်းစက်လှေ ငါးစင်းအား တနင်္သာရီ ရေတပ်စခန်းဌာနချုပ်မှ ဗိုလ်မှူးဇော်ဝင်း ဦးစီးသောစစ်ရေ ယာဉ်(၅၆၇)နှင့် ဗိုလ်မှူးမိုးကျော် လွင်ဦးစီးသည့် စစ်ရေယာဉ်(၅၅၉) တို့သည် ယခုလ ၁၆ရက်တွင် တရားခံ ထိုင်ဝမ်နိုင်ငံသားတစ်ဦး နှင့် အင်ဒိုနီးရှားနိုင်ငံသား၅၅ဦး အား သက်သေခံပစ္စည်းများနှင့် အတူဖမ်းဆီးရမိသည်
Posted: 20 Feb 2014 05:31 AM PST
လာမယ့်နှစ်ကစပြီး အခွန်ရှောင်သူတွေနဲ့ အခွန်လွတ်သွားသူတွေကို မြို့နယ် တခုချင်းစီအလိုက် စနစ်တကျ ရှာဖွေပြီး နောက်ကြောင်းပြန် အခွန်စည်းကြပ်တာ၊ ဒဏ်ရိုက်တာနဲ့ မရရင် ဥပဒေအရ အရေးယူတာတွေ လုပ်ဆောင်သွားမယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဒေါက်တာလင်းအောင်က ပြောပါတယ်။ ဖေဖော်ဝါရီ ၁၉ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ ဒီအတွက် ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ေ
Posted: 20 Feb 2014 05:26 AM PST
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အစိုးရ ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ တကျော့ပြန် အရှိန်မြင့်တက်နေတဲ့ အချိန်မှာပဲ ရာနဲ့ချီတဲ့ လယ်သမားတွေဟာ အစိုးရကို ဆန္ဒပြဖို့ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ မြို့တော်ဆီကို ချီတက်နေကြပါတယ်။ အစိုးရက စပါးဖိုးငွေကို ပေးချေဖို့ လနဲ့ချီ ပျက်ကွက်နေတာကို ဆန္ဒပြဖို့အတွက် ထိုင်းနိုင်ငံ အလယ်ပိုင်းဒေသကနေ လယ်သမား ၂ ထောင်ကျော်ဟာ လယ်ယာသုံးယာဉ်တွေနဲ့ ချီတက်နေတာပါ။ လယ်သမားတွေဟာ စားစရာတွေနဲ့
Posted: 20 Feb 2014 05:24 AM PST
မန္တလေး၊ ဖေဖော်ဝါရီ ၁၉ မန္တလေး ဗဟိုအမျိုးသမီး ဆေးရုံကြီးတွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ရင်ချင်းဆက် ယောက်ျားလေး အမြွှာကို အောင်မြင်စွာ ခွဲစိတ် မွေးဖွား နိုင်ခဲ့သော်လည်း ကလေးငယ်များ၏ ကိုယ်တွင်း ကလီစာများသည် အပိုလာသည့် အိတ်ထဲသို့ ရောက်ရှိနေသည့် အတွက် မွေးဖွားပြီး ၃၃ နာရီ အကြာတွင် သေဆုံးသွားကြောင်း မန္တလေး ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံအုပ်ကြီး ဒေါက်တာကျော်စိုးက ပြောကြားသည်။ ကလေးငယ်များသည် ရင်ချင်းဆက်ြ
Posted: 20 Feb 2014 05:21 AM PST
မန္တလေး၊ ဖေဖော်ဝါရီလ ၁၉ မြန်မာ တစ်နိုင်ငံလုံးတွင် ၂၀၁၄ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် တစ်ပြိုင်နက် ကောက်ယူမည့် သန်းခေါင်စာရင်း အတွက် မန္တလေး ခုနစ်မြို့နယ် အတွင်းရှိ အိမ်ရာ မရှိသူများကိုပါ ကောက်ယူမည် ဖြစ်သဖြင့် အိမ်ရာမဲ့ဦးရေ စာရင်းကို ကြိုတင်စာရင်း ကောက်ခံလျက် ရှိရာ အိမ်ရာမဲ့ ဦးရေ ၅၅၀၀ ကျော် ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန အကြီးတန်း အရာရှိ
Posted: 20 Feb 2014 12:26 AM PST
မလေးရှားနိုင်ငံမှာ ဒီလဆန်းပိုင်းက မြန်မာ့ နိုင်ငံရေး လှုပ်ရှားသူ တဦး အသတ်ခံရမှု နဲ့ ရခိုင်တိုင်းရင်းသား ပါတီ ခေါင်းဆောင်တွေ ကို လုပ်ကြံဖို့ ကြိုးပမ်း တာတွေ နဲ့ ဆက်နွယ်ပြီး၊ မြန်မာ့ နိုင်ငံရေး နဲ့ လူမျိုးရေး ပဋိပက္ခ တွေကို အနီးကပ် စောင့်ကြည့် လေ့လာနေတယ် လို့ မလေးရှား ရဲစစ်ဆေးရေးမှုးချုပ် ခါလစ် အဘူဘက္ကာ က ပြောပါတယ်။ မလေးရှား နိုင်ငံ မှာ မြန်မာနိုင်ငံသားတွေ လည်း အများအပြား ရှိတဲ့ အတွက် မြန်မာနိုင်ငံမှာ
Posted: 20 Feb 2014 12:19 AM PST
မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER က ကိုယ်စားလှယ်တွေဟာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဌ ဒေါက်တာချမ်းငြိမ်းနဲ့ အခြားတာဝန်ရှိသူတွေကို မနေ့နေ့ လည် ၂ နာရီကနေ ၄ နာရီထိ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။ အဲဒီတွေ့ ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က၊ လက်ရှိရေးဆွဲနေတဲ့ ပညာရေးမူဝါသစ်မှာ တိုင်းပြည်ရဲ့ အခြေခံလိုအပ်ချက်တွေနဲ့ 
Posted: 20 Feb 2014 12:02 AM PST
ယနေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့နံနက် ၁ နာရီခွဲအချိန်ခန့်က မြောက်ဥက္ကာ အဝိုင်းဘက်မှ ကမ္ဘာအေးဘုရားလမ်းဘက်သို့ မောင်းနှင်လာသော ဈေးကြို BM ကားတစ်စီး နဝဒေးခုံးတံတားပေါ်မှ အရှိန်လွန်ပြုတ်ကျခဲ့ပြီး ယာဉ်မောင်းသေဆုံးကာ ကျန် ကားပေါ်ပါလာသူ ၅ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ သတင်း၊ ဓာတ်ပုံ - အောင်ဇော်မင်း Popular Myanmar News Journal
Posted: 19 Feb 2014 11:53 PM PST
အစိုးရ အရပ်ဘက်ဝန်ထမ်းများ အချိန်ပိုလုပ်ခရရှိနိုင်ရေး တိုင်းအစိုးရက ဆောင်ရွက်ပေးရန်အဆိုကို လပွတ္တာမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက ဖေဖော်ဝါရီ ၁၉ ရက် ဧရာဝတီတိုင်း လွှတ်တော်အစည်းအဝေးတွင် အဆိုတင်သွင်းလိုက်သည်။ “တပ်မတော်အစိုးရလက်ထက်မှာ ၀န်ထမ်းအားလုံးသည် ၂၄ နာရီ တာဝန်ရှိသည်ဆိုပြီး နေ့ညမဟူ လို အပ်သလို ခေါ်ယူစေခိုင်းခဲ့ပါတယ်။ လက်နက်ကိုင်ဝန်ထမ်းများသာ မဟုတ်ဘဲ အရပ်ဘက်ဆိုင်ရာဝန် ထမ်းများပါ
Posted: 19 Feb 2014 11:31 PM PST
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မည့်သူနှင့် ယင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာလုပ်သားများအတွက် အသက်အာမခံစနစ် ပါဝင်သော မလေးရှားနိုင်ငံသုံး GSM ဆင်းမ်ကတ် များကို မတ်လ ၁ ရက်နေ့မှ စတင်၍ အခမဲ့ ထုတ်ပေးရန် စီစဉ်သွားမည် ဖြစ်ကြောင်း ယင်းဝန်ဆောင်မှု ပေးအပ်မည့် မလေးရှားနိုင်ငံ Tone Plus ကုမ္ပဏီထံမှ သိရှိရသည်။ ယင်းသို့ ပေးအပ်နိုင်ရန်အတွက် Tone Plus ကုမ္ပဏီနှင့်ြ
Posted: 19 Feb 2014 11:28 PM PST
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉ ကမ္ဘာ့ရှေးဟောင်းမြို့များ စာရင်း ထည့်သွင်းနိုင်ရန်အတွက် အစိုးရက ကြိုးပမ်းနေသော ရခိုင်ပြည်နယ် မြောက်ဦးမြို့ ရှေးဟောင်း ယဉ်ကျေးမှု ထိန်းသိမ်းရန်မှာ ဒေသခံ ရခိုင်လူမျိုးများတွင် အဓိက တာဝန် ရှိကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားသည်။ ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၂) အမျိုးသားလွှတ်တော်
Posted: 19 Feb 2014 11:26 PM PST
ထိုင်းနိုင်ငံငံ ဘန်ကောက်မြို့ ပသူနန်းရပ်ကွက်ရှိ FEEL pratunam ဆိုတဲ့ ပင်လယ်စာရောင်းတဲ့ စားသောက်ဆိုင်တခုမှာ လစာမရဘဲ ပိတ်လှောင် ခိုင်းစေခံနေရတဲ့ မွန်လူငယ် ၃ ဦး ဖေဖော်ဝါရီ ၁၉ ရက်နေ့က ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ သူတို့ဟာ ညနေ ၃ နာရီကနေ ၁၂ နာရီအထိ ဆိုင်မှာ အလုပ်လုပ်ရပြီး ဆိုင်ဖွင့်ချိန်ကလွဲရင် သူတို့ကို ဆိုင်ရှင်က ပိတ်လောင်ထားတယ်လို့ ပိတ်လောင်ခံရသူ မတင်ဇာနိုင်က ပြောပါတယ်။ “အလုပ်ပြီးရင် အခန်းထဲမှာေ
Posted: 19 Feb 2014 11:24 PM PST
မွန်ပြည်နယ်တွင်းမှာ တရားဥပဒေစိုးမိုးမှု အားနည်းချက်နဲ့ မူးယစ်ဆေးဝါးကို ထိထိ ရောက်ရောက်တိုက်ဖျက်ရေးအပါအ၀င် ပြုပြင်သင့်တဲ့အချက် ၇ ချက်ကို မွန်လူငယ်ထုက ပြည်နယ်အစိုးရထံ တင်ပြလိုက်ပါတယ်။ လက်ရှိအစိုးရသစ်လက်ထက် ၃ နှစ်နီးပါးကာလအတွင်းမှာ အရင်ကာလတွေထက် ပြောဆိုခွင့် အထိုက်အလျောက် လွတ်လပ်လာတဲ့အတွက် မွန်ပြည်နယ်က လူငယ်တွေ တိုင်ပင်ဆွေးနွေးရာကနေ ပြောင်းလဲလုပ်ဆောင်သင့်တဲ့အချက်တွေ ထွက်ပေါ်ခဲ့တာပါ။ အဲဒီ ၇ ချက်
Posted: 19 Feb 2014 11:23 PM PST
အဝေးသင်တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ ဒေါ်ကျင်ဌေးအား အလုပ်ဖြုတ်ခဲ့သော ပညာရေးဝန်ကြီးဌာနကို မကြာမီ ပြည်ထောင်စု တရားလွှတ်တော် ချုပ်က နှစ်ဖက်ကြားနာရန်အတွက် ဆင့် ခေါ်မည့်အခြေအနေ ရှိနေသည်ဟု သိရသည်။ အရပ်သားအစိုးရသစ် အဖွဲ့ဟု ကြွေးကြော်နေသော သမ္မတဦးသိန်းစိန် လက်ထက် ကာလအတွင်း ဝန်ကြီးဌာန နှင့် ဝန်ထမ်းအကြား ယခုဖြစ်ရပ်က အမြင့်ဆုံးသော တရားရုံးတော်တွင် ပထမဆုံးထိပ်တိုက်တွေ့ခြင်းဖြစ်သည်။ ပညာရေးဝန်ကြီးဌာနက ၎င်းတို့အမိန့်
Posted: 19 Feb 2014 11:20 PM PST
တစ်နေ့လုံး စာသင်ယူထားသဖြင့် နွမ်းနယ်နေသောကြောင့် ကိုယ်လက်သန့်စင်ကာ စာကြည့်စားပွဲတွင်ထိုင်ရင်း မျက်လုံးများကို ခေတ္တမှိတ်ထားလိုက်သည်။ ဒီနေ့ဖေဖော် ဝါရီ ၁၅ရက်၊ နောက် ၁၃ ရက်ဆိုလကုန်ပြီ။ နောက်လဆို မတ်လရောက်ပြီ။ သူတစ်နှစ်လုံး အားထုတ်ထားသမျှ စိုက်ပျိုးရတော့မည့်လ။ တစ် နှစ်လုံးပင်ပန်းကြီးစွာ ကြိုးစား ကျက်မှတ်ခဲ့သမျှ အစွမ်းကုန်အသုံးချရမည့်အချိန် နီးကပ်လာပြီကိုတွေးရင်း သူရင်ခုန်မိသည်ဟု ဒသမတန်းကျောင်း သူေ
Posted: 19 Feb 2014 11:17 PM PST
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ လှိုင်မြို့နယ် ၆ မိုင်ခွဲ မှတ်တိုင်အနီးတွင် လွန်ခဲ့သောသုံးရက် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၁ နာရီ ၁၅ မိနစ်ခန့်က စူပါရုဗင် ခရီးသည်တင် ယာဉ်တစ်စီးကို ပြိုင်ကားငါးစီး ပိတ်ဆို့ကာ ပြိုင်ကားပေါ်မှ လူငယ်များက ယာဉ်မောင်းနှင့် ခရီးသည်ကို ဘေ့စ်ဘောတုတ်ဖြင့် ရိုက်နှက်ခဲ့မှုနှင့် ပတ်သက်၍ သံသယရှိသော ပြိုင်ကားတစ်စီးကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့နံနက် ၄ နာရီခန့်က မရမ်းကုန်းမြို့နယ်တွင်ေ
Posted: 19 Feb 2014 11:15 PM PST
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ပဲခူးတိုင်းဒေသကြီး အလိုင်နီဆည် အနီးရှိ အောင်သိဒ္ဓိ ဘုန်းတော်ကြီး ပညာသင်ကျောင်းတွင် ယာယီခိုလှုံနေသော သမီးကလေးကျေးရွာ နေသူများကို ဖေဖော်ဝါရီလ ၁၉ ရက် နံနက် ၁၀ နာရီခန့်က ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) အဖွဲ့မှ ၁၂ ဘီး ယာဉ်များဖြင့် ကရင်ပြည်နယ်သို့ ပြောင်းရွှေ့နေထိုင်ရန် လာရောက် ခေါ်ဆောင်သော်လည်း မွေးရပ်ဇာတိမြေ မစွန့်ခွာလိုသဖြင့် အဆိုပါအဖွဲ့နှင့် လတ်တလောတွင် လိုက်ပါခြင်း
Posted: 19 Feb 2014 02:51 PM PST
ရခိုင်လူမျိုးတွေရဲ့ ရိုးရာထုံးတမ်းအစဉ်အလာအရ နှစ်စဉ် တပို့တွဲလရောက်တိုင်း ရိုးရာရထားဆွဲပွဲ ကျင်းပကြပါတယ်။ ရခိုင်လူမျိုးတွေရဲ့ ရထားဆွဲပွဲအကြောင်း RFA သတင်းထောက် မခင်ပြည့်စုံက တင်ပြထား ပါတယ်။ ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
Posted: 19 Feb 2014 02:21 PM PST
ရန်ကုန်၊ဖေဖော်ဝါရီ ၂၀ ၁၆.၂.၂၀၁၄ရက်နေ့ ၀၁၁၅အချိန် ကိုသက်ဇော်ဝင်း မောင်းနှင်သည့် ၈က/၈၂၇၄ အငှားယာဉ်အား ပြိုင်ကားများမှ ကျော်တက်ပိတ်ရပ်ကာ ယာဉ်ပေါ်ပါ ယာဉ်မောင်းနှင့် ခရီးသည် ကိုအင်ထိတ်ကြန့် တို့အား ရိုက်နှက်ထိုးကြိတ်ပြီး အငှားယာဉ်အား ထုရိုက်ခဲ့သဖြင့် လှိုင်မြို့မရဲစခန်း(ပ)၇၂/၂၀၁၄၊ ပုဒ်မ ၄၄၀/၄၂၇/၃၂၅/၁၁၄ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူများနှင့် ပြိုင်ကားများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ပါသည်။
Posted: 19 Feb 2014 01:49 PM PST
မန္တလေး၊ ဖေဖော်ဝါရီ ၁၈ မိုးရာသီကာလများတွင် ရေမြောင်း ပိတ်ဆို့မှုများကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လေ့ရှိသော မန္တလေးမြို့တော်တွင် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ စားသောက်ဆိုင်များ၊ ထမင်းဆိုင်များ၊ လက်ဖက်ရည်ဆိုင် များ၏ စွန့်ပစ်ဆီများကို စွန့်ပစ်ရန် အတွက် ဆီစစ်ကန်များ ထားရှိပြီး စွန့်ပစ်ရန် ညွှန်ကြားသွားမည်ဖြစ်ပြီး လိုက်နာမှုမရှိသည့် ဆိုင်ပိုင်ရှင်များကို အရေးယူသွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော်
Posted: 19 Feb 2014 01:46 PM PST
No comments:
Post a Comment