Thursday, February 27, 2014

ရုန်းရင်း နစ် ... ဖောင်ပေါ် က ရေငတ်နေသူများး

Essential Moe's photo.Essential Moe added 2 new photos.
Essential Moe's photo.
တကယ်တော့ !!
  ခေါင်းငုံ့နေတာ ဦးညွှတ်ချင်လို့မဟုတ်ပါ။
အရာရာတို့၌ ခံပြင်းစွာ နာကျည်းစွာ
ဒေါသဖြစ်စွာ အရှုံး မမည် သော အရှုံး သံသရာ မှာ သူတို့ ကူးခတ်ဆဲ
  ငွေကြေးချမ်းသာသူများ ပိုချမ်းသာပြီး ဆင်းရဲသူများ ပိုဆင်းရဲလာကြောင်း လွှတ်တော်ကော်မတီ အစီရင်ခံစာ၌ ဖော်ပြထားကြောင်း သိရှိရပါသည် ။

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ပထမခြောက်လအတွင်း အစိုးရ၏ တစ်နှစ်လုံး စီမံချက်များအပေါ် ၃၂ ရာခိုင်နှုန်းကျော်သာ အကောင်အထည် ဖော်နိုင်ခဲ့ပြီး လက်ရှိပကတိ အခြေအနေမှာ ငွေကြေး ချမ်းသာသူများ ပို၍ချမ်းသာလာပြီး ဆင်းရဲသူများ ပို၍ဆင်းရဲလာကြောင်း ပြည်ထောင်စုလွှတ်တော်၊ စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြည်သူများအတွက် အဆင်ပြေ ချောမွေ့စေရန် တတ်နိုင်သောအားဖြင့်
ဖြေလျှော့မှုများ ဆောင်ရွက်ပေးခဲ့သော်လည်း လက်ရှိပကတိ အခြေအနေမှာ
ငွေကြေးချမ်းသာသူများ ပို၍ချမ်းသာခြင်း ၊ ဆင်းရဲသူများ ပို၍ဆင်းရဲခြင်း၊ အထက် နှင့် အောက် ကွာဟမှု များစွာ သာ ဖြစ်ပေါ်လာကြောင်း တွေ့ရှိရပါသည် ။

သာဓက အားဖြင့် ...

အိုးမဲ့အိမ်မဲ့ပြည်သူများ များပြားလာခြင်း၊ လယ်သမားများ လယ်ယာလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုစရိတ်နှင့် ၀င်ငွေရရှိမှုတို့ မမျှတခြင်းကြောင့် အရှုံးပေါ်၍ အချို့လယ်သမားများ အကြွေးသံသရာလည်ပြီး လယ်မဲ့ယာမဲ့ဘ၀ ရောက်ရှိနေခြင်း၊
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၀င်ရောက်လာမှုများ အားနည်းခြင်း၊ တရားမ၀င် ကုန်သွယ်မှုများ ရှိနေသေးခြင်းတို့သည် စီးပွားရေး ပြုပြင်ပြောင်းလဲမှု ယန္တရားအတွင်း ဖြစ်ပေါ်လာသော အကျိုးဆက်များဖြစ်ကြောင်း သုံးသပ်ပါသည် ဟု ဖော်ပြထားသည်။

Credit by Eleven Media Group

No comments:

Post a Comment