Monday, February 24, 2014

ရ - ရက် ကို လှမ်းကြည့်ခြင်း

February 22, 2014 at 11:42am
ရှင်ကြီးဝမ်းလည်း ၀င်ခဲ့ဖူး
ရှင်ငယ်ဝမ်းလည်း ၀င်ခဲ့ဖူး
တော်လှန်တဲ့ နိုင်ငံရေးသိပ္ပံကျောင်းသား
အကွေ့အကောက်များလှတယ်။


ချောတိုင်တက်သလိုပ
အောင်လံရဖို့
အကြိမ်ကြိမ်ပြန်ကျ
အကြိမ်ကြိမ်ပြန်ထ။

ရောနိသော မနသီကာရ တရားနဲ့အညီ
တိုက်ပွဲလမ်းစဉ် ခိုင်မာသစ်လွင်ရေးအတွက်
ပင်လယ်ဝကို လှေကလေးနဲ့ ထွက်ခဲ့
တရားရှိရင် ကူသူများသတဲ့။

နိုင်ငံရေးဆိုတာ စည်းရုံးစုဖွဲ့ခြင်း
ထိုယုံကြည်ချက်အတိုင်း
ကမ်းတက်တိုက်ပွဲတွေ အလီလီ
ရန်သူ့ပစ်ချက်တွေကြားက
အသေခံပြီး စခန်းသိမ်းခဲ့ကြ
တပ်ပေါင်းစုနဲ့ အောင်ပွဲခံရေးတဲ့
D Day အတွက် စုစည်းကြမယ်။

ညိုထက် (လမ်းသစ်ဦး)
၂၂ - ၂ - ၂၀၁၄

(ပင်လယ်ဝကို လှေကလေးနဲ့ ထွက်ခဲ့ - ဆရာဒဂုန်တာရာ၏ ကဗျာစာသားဖြစ်ပါသည်။)

No comments:

Post a Comment