Wednesday, January 22, 2014

Myanmar Youth Media Club 21 Jan 2014

MYMC - MYMHOT



Posted: 21 Jan 2014 07:08 PM PST
Female Spiderပင့်ကူအထီး တွေကလည်း ပင့်ကူ အမတွေဆီ လူပျိုလှည့် လာကြပါတယ်။ ဒီတော့ ပင့်ကူအမ တွေအနေနဲ့ သူတို့တွေက သားကောင်လား၊ မိတ်ဖက်လား ဘယ်လိုခွဲ ကြသလဲ။
သဘာဝ အလျောက် ပင့်ကူအထီးများဟာ ပင့်ကူအမများဆီ ချဉ်းကပ်ကြပါတယ်။ သူတို့ရဲ့ ဒီဓလေ့လေးမှာ စိတ်ဝင်စားစရာ ကောင်းတဲ့ မှတ် သားစရာ အချက်လေးတွေ ရှိပါတယ်။
ကျွန်တော်တို့ တွေ့နေရတဲ့ ပင့်ကူအိမ် တွေကို တည်ဆောက် ရက်လုပ်သူ တွေဟာ ပင့်ကူမတွေ ဖြစ်ပါ တယ်။ ပင့်ကူအထီး တွေကတော့ ရက်လုပ်တဲ့ အလုပ်ကို မလုပ် ကြပါဘူး။ ဒါ့ကြောင့် ပင့်ကူအိမ် တွေထဲမှာ တွေ့တွေ့ နေရတဲ့ ပင့်ကူတွေ ဟာ အမတွေ ဖြစ်ပါတယ်။ ပင့်ကူအိမ် တွေဟာ ပတ်ဝန်းကျင်က သားကောင် ဖမ်းဆီးဖို့ အသုံးဝင် ပါတယ်။ ဒါပေမယ့် ပင့်ကူအိမ်ကို လာရောက်ပြီး ပတ်သက်သူ တွေဟာ သားကောင် တွေပါ မကပါဘူး။ ပင့်ကူအထီး တွေကလည်း လူပျို လှည့်လာ ကြပါတယ်။ ဒီတော့ ပင့်ကူအမတွေ အနေနဲ့ သားကောင်လား၊ မိတ်ဖက်လား ဘယ်လိုခွဲ ကြသလဲ။



ပင့်ကူတွေမှာ မျက်လုံး ရှစ်လုံးတောင် ပါတာပဲ။ မျက်လုံးနဲ့ ကြည့်ပြီး ခွဲတယ် လို့တော့ မပြောလိုက် ပါနဲ့။ မျက်လုံး အရေအတွက် များတာတော့ မှန်ပါတယ်။ စိတ်မကောင်း စရာ ကတော့ ပင့်ကူတွေရဲ့ အမြင်အာရုံဟာ လူတွေလို အရာဝတ္ထု တွေကို ကောင်းကောင်း ခွဲခြားနိုင်တဲ့ စွမ်းရည် မရှိပါဘူး။ ဒါကြောင့် ပင့်ကူ အထီးတွေ အနေနဲ့ သူတို့ လာနေကြောင်း ကွဲပြားတဲ့ အချက်မပြ မိခဲ့ရင် ပင့်ကူအမ တွေဟာ သားကောင် အဖြစ်နဲ့ စားပစ်ကြမှာ ဖြစ်ပါတယ်။ ဒီတော့ ပင့်ကူအထီး တွေဟာ ပင့်ကူအိမ်ကို ချဉ်းကပ်တဲ့ အခါမှာ သူတို့ရဲ့ ၀မ်းဗိုက်ကို အသုံးချပြီး လှုပ်ရှားမှုလှိုင်း တွေ ထုတ်လွှတ်ပါတယ်။ ကြာပြီး ရှည်ပေမယ့် တိုးညင်းတဲ့ လှုပ်ရှားမှု လှိုင်းတွေနဲ့ ပင့်ကူအမကို အချက်ပေး ပါတယ်။ ဒီနေရာမှာ သားကောင် တွေ ပင့်ကူအိမ်မှာ ကပ်ညှိတဲ့အခါ ထုတ်လွှတ်တဲ့ တိုတိုပြတ်ပြတ်နဲ့ ပြင်းထန်တဲ့ လှိုင်းလှုပ်ရှားမှု တွေနဲ့ ကွဲပြားပါတယ်။ ဒီအချက်တွေပေါ် မူတည် ပြီး ပင့်ကူအမဟာ သားကောင်လား၊ မိတ်ဖက်လား ခွဲခြားပါတယ်။ ပြောရရင် twerk မလုပ်တဲ့ ပင့်ကူ တွေကို ပင့်ကူ အမက တိုက်ခိုက် စား ပစ်လိုက် တာပါပဲ။



စာရေးသူ အနေနဲ့ အထက် ဖော်ပြပါ အချက်အလက် တွေကို စာလုံးတွေနဲ့ လွယ်လွယ်ကူကူပဲ ဖော်ပြခဲ့တာပါ။ ဒီအကြောင်းအရာ တွေကို သိရှိ နိုင်ဖို့ သိပ္ပံပညာရှင် တွေအနေနဲ့ ပင့်ကူတွေ မျိုးစိတ်တွေကို လေ့လာ၊ သူတို့ရဲ့ သဘာဝ အပါအ၀င် ပင့်ကူအထီး ပြုလုပ်တဲ့ လှုပ်ရှားမှုလှိုင်းတွေ ရယ်၊ ပင့်ကူရဲ့ သားကောင် ထုတ်လွှတ်တဲ့ လှုပ်ရှားမှု လှိုင်းတွေ ရယ်ကို ကြိမ်နှုန်း တိုင်းတာတဲ့ ကိရိယာတွေနဲ့ ပင်ပန်းခံ သေချာလေ့လာ တိုင်း တာခဲ့ ရတာပါ။ ဒါ့ကြောင့် မသိသေးတဲ့ အကြောင်းအရာသော အသစ် အသစ်တွေကို ဖော်ထုတ် ပေးတဲ့ သိပ္ပံပညာရှင် တွေကို ကျေးဇူးတင်ပါ ကြောင်း ပြောကြားရင် နိဂုံးချုပ်အပ် ပါတယ်ဗျာ။

Images from brisbaneinsects, flickr. Source: livescience.com


Author

Paing Hmu Ko

No comments:

Post a Comment