
မနက်ဖြန်.. သို့မဟုတ် မနက်ဖြန်မှာဖတ်သူတွေ အတွက် ဒီနေ့....
၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလမှာ NLD က စည်းရုံးရေးလုပ်ငန်းစတော့မယ်...။
၂၀၁၄ မှာ ``၈၈´´က ပါတီထောင်မလား ?
၂၀၁၄ မှာ ကြံ့ခိုင်ရေးပါတီက စည်းရုံးရေးအတွက် ဘယ်လိုအင်အားမျိုး တည်ဆောက်ထားသလဲ?
၂၀၁၄ မှာ PR စနစ် ဆိုတာ အသက်ဝင်လာဦးမလား ?
၂၀၁၄ မှာ ငြိမ်သက်တိတ်ဆိတ်နေတဲ့ ``တစည´´ပါတီ ဘာတွေလုပ်မလဲ ?
===============
တကယ်တမ်း စဉ်းစားဖြစ်တော့.....
(တစည)
ရှိရင်းစွဲပါတီတွေထဲမှာ နိုင်ငံရေးအတွေ့အကြုံ အကြွယ်ဝဆုံးက မဆလ စနစ်ကို
အသွင်သစ်နဲ့ ဖန်တီးထားတဲ့ တစည ပါတီပါပဲ...။ ဒါပေမယ့် ခေါင်းတွေဖြူ၊
စွယ်တွေကျိုးပြီး နားတွေ ထိုင်းနေတဲ့ နိုင်ငံရေးသမားကြီးတွေဖြစ်သွားပြီ....
သူ့ရဲ့ နောက်မျိုးဆက်ကလည်း ခေါင်းဖြူချင်ယောင်... စွယ်ကျိုးချင်ယောင်....
နားထိုင်းချင်ယောင်ဆောင်ပြီး နေတတ်နေခဲ့ပြီ.... ထူးထူးခြားခြား ဘာအသံမှ
ထွက်မလာဘူး.... (သံသယ မျက်လုံးတွေနဲ့ ကြည့်ရင်တော့ ကြောက်စရာ
တိတ်ဆိတ်နေလေရဲ့... တကယ်တမ်း လှုပ်ရှားလာရင် ဖျက်မြင်းအကြီးစားဖြစ်နိုင်တယ်)
===============
(ကြံ့ခိုင်ရေး)
နောက်တစ်ခု လက်ရှိအာဏာရပါတီ ``ကြံ့ခိုင်ရေး´´ ထွေထွေထူးထူးနဲ့
ထင်ထင်ရှားရှား ပြင်ဆင်မှုမတွေ့ရပေမယ့် အစောကြီးကတည်းက သတ်မှတ်ထားတဲ့
လွှတ်တော်ကိုယ်စားလှယ် အသုံးပြုခွင့် သိန်းတစ်ထောင်ကို ၂၀၁၃
နှစ်ကုန်ပိုင်းမှာ ခွင့်ပြုပေးခဲ့ပြီး လုပ်ငန်းပြင်ဆင်မှုတွေ ဆောင်ရွက်ရင်း
စည်းရုံးရေးကာလ ၂၀၁၄ နှစ်ဦးပိုင်းမှာ ထင်ရှားတဲ့
ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို လုပ်ပြနိုင်ဖို့ စီမံချက်ဆွဲထားသယောင်
စဉ်းစားလို့ရပါတယ်...။
ပြီးတော့ ပါတီခေါင်းဆောင်ပိုင်းက အတိုက်အခံ
အလိုကျ ပူးပေါင်းရေးနဲ့ ထောက်ပံ့ရေး နောက်ပြီး ပြင်ဆင်ရေးတွေအတွက်
ချိုသာရွှင်ပြနေတယ်... (လက်ယာသမားတွေဆီကဝေဖန်သံတွေတော့ တော်တော်
တိတ်သွားတာပဲ)ဟုတ်မဟုတ်ကတော့ ပိတ်ကားပေါ်မှာ စောင့်ကြည့်ရမှာပေါ့...။
================
( NLD )
မေမေကြီးတစ်ယောက်ထဲ ခုနှစ်ထွေ.... အော်ပရာ... ပြဇာတ်...နောက်ပိုင်းဇာတ်ကြီး ထွက်ကနေရတယ်.... ပွဲပမ်းနေပြီ...
အရံမင်းသားမရှိဘူး...
လူကြမ်း/လူရွှင်တော် အဖြစ်တော့ ဥပဒေပညာရှင်ကြီးတစ်ယောက်
ကပြအသုံးတော်ခံနေတယ်... သူကနေတာကလည်း တိုင်းရင်းသားအက မဟုတ်ဘူး...
ပြည်သူကလည်း ပျက်လုံးအနေနဲ့ ဟာဒယအနေနဲ့ လက်မခံနိုင်ပဲ ကကွက်တိုင်းမှာ
နနွင်းစော်နံလာလို့ ခဲနဲ့ ပစ်ချင်နေကြပြီ....
ဇာတ်ရဲ့ အပြင်အဆင်
ခေတ်မီတယ်... မြူးဇစ်လည်းကောင်းတယ်... မီးလည်းနိုင်တယ်...
နောက်ပိုင်းဇာတ်ကြီးမှာ ရာဇ၀င်တွေ... မဟာဝင်တွေ... ဗုဒ္ဓ၀င်ဇာတ်တော်ကြီးတွေ
ကပြဖို့လိုနေတယ်... အခုတော့ ဗုံသံတွေ ဆူညံနေလေရဲ့...
===============
(၈၈)
သူကတော့ လက်ရှိပါတီ မထောင်သေးဘူး.... NLD ကို ၀န်းရံမယ်လို့ ကြေငြာထားတယ်၊
တစ်ချို့လည်းတွေးထားကြတယ်.. ပရိသတ်အများဆုံးက NLD ဖြစ်နေတယ်... သူတို့ရဲ့ ထောက်ခံမှုအင်အားလည်း ရထားလို့...
တကယ်လို့ ကြံ့ခိုင်ရေးကို အနိုင်ပိုင်းဖို့ဆိုရင် NLD နဲ့ ၈၈ က ပေါင်းထားရမယ်...
တကယ်လို့ ခွဲထွက်လိုက်ရင် သုံးပါတီ အင်အား မတိန်းမယိမ်း
ဖြစ်သွားနိုင်တယ်... ကြံ့ခိုင်ရေးအင်အား ခန့်မှန်းချက်ထွက်လာရင်တော့
ပါတီထောင်သင့် ထောင်ရမယ်... တကယ်တော့ NLD မှာသာ မျိုးဆက်ပြတ်နေပေမယ့် ၈၈ က
မျိုးဆက်ရော ၀ိုင်းရံမှုရော ကောင်းနေတယ်... ဒါဆို ဘယ်လိုလုပ်မလဲပေါ့....။
ဟုတ်တော့ ဟုတ်တယ်... NLD မှာက မယ်တော်ကြီးဇာတ်ထွက်မကရင် မင်းသားရော
မင်းသမီးရော... သိပ်လုံလုံလောက်လောက် မရှိဘူး... ဇာတ်ခေါင်းကွဲပြီ...
ရာဇ၀င်တွေ... မဟာဝင်တွေ... ဗုဒ္ဓ၀င်ဇာတ်တော်ကြီးတွေ မကတတ်တော့ဘူးလေ...။
================
(PR System )
ပီအာရ် စနစ်ဆိုတာက ပြည်သူတွေက အမတ်လောင်းကို တိုက်ရိုက် မဲပေးတာမျိုး
မဟုတ်ဘဲ ပါတီ တခုချင်းစီက ရလာတဲ့ မဲအရေအတွက်အပေါ် မူတည်ပြီး အမတ်
အရေအတွက် အချိုးအစားအလိုက် လွှတ်တော်အရပ်ရပ်မှာ ပါဝင်ခွင့်ရတာမျိုးလို့ အလွယ်ပြောနိုင်တဲ့ စနစ်ပေါ့.....
အဲဒီမှာက တိုင်းရင်းသားပါတီတွေ.... အင်အားနည်းတဲ့ ပါတီတွေ.... စုစည်းတောင်းဆိုနိုင်တဲ့ စနစ်ပေါ့....။
ဒီစနစ်ကို ပါတီအငယ်လေးတွေက လိုလားနေပေမယ့် ပါတီကြီးနှစ်ခုက
နှစ်သက်ပါ့မလား... နိုင်ငံရေးစနစ်နဲ့ရော အံဝင်ရဲ့လား ဒါလည်း သုံးသပ်စရာတွေ
ဖြစ်လာတယ်...။
==========
အဲဒီတော့
ပါတီရံပုံငွေပိုင်ဆိုင်မှုက တစညရယ်... ကြံ့ခိုင်ရေးရယ်... NLD ရယ်မှာ
ပြည့်စုံလုံလောက်တယ်လို့ ယူဆနိုင်တယ်... (တခြားကြောင့် ပြောတာ
မဟုတ်ပါဘူး.... အရှိန်အ၀ါကြောင့်ပါ... ဒီစကားကိုတော့ သက်ဆိုင်ရာ
ပါတီတွေကလည်း ငြင်းချက် မထုတ်တန်ကောင်းပါဘူး....)
ဒီပါတီတွေက နိုင်ငံရေးလှည့်ကွက်နဲ့ ကစားကွက်တွေမှာ ပရိယာယ် ကြွယ်ကြတယ်... ဆန်းသစ်တာနဲ့ ဟောင်းနွမ်းနေတာတော့ ကွာမှာပေါ့.....
တစ်ချို့လည်း Force သုံးနိုင်ကြတယ်... တည်တည်ငြိမ်ငြိမ်ရော၊ လှည့်ကွက်တွေနဲ့ရောပေါ့...
တွေးဖြစ်ပါတယ်....
ကြံ့ခိုင်ရေးနဲ့ တစညနဲ့ ပေါင်းမလား ?
88 က ပါတီထောင်မလား ? ဒါမှမဟုတ် ဒီအတိုင်း အသင့်ပြင်ထားမလား ?
PR အတွက် ပါတီလေးတွေ ဘယ်လို ဆက်လုပ်မလဲ ? PR အသက်ဝင်မလာရင်ရော ပါတီလေးတွေက ဘယ်လိုများ ပူးပေါင်းသွားမလဲ ???
နောက်ပြီး အခြေခံဥပဒေကိုရော ဘယ်လောက် စဉ်းစားပြီး ဘယ်လိုပြင်ဆင်ကြမလဲ.... ???
နောက်ပြီး လက်နက်ကိုင်တွေကရော..... ဘယ်လိုဆက်လုပ်မှာလဲ... ????
နောက်ဆုံးတော့ ပါတီကြီး (သို့မဟုတ်) အစုအဖွဲ့ကြီးတွေ ဖြစ်လာပြီး
အင်အားချင်း မတိမ်းမယိမ်း အားပြိုင်ကြမယ့် နှစ်အဖြစ် ကြိုတင်
စဉ်းစားမိပါတယ်...။
ဒါတွေအားလုံးထက် အရေးကြီးတာကတော့ ကျွန်တော်တို့အားလုံး ``မနက်ဖြန်´´(သို့မဟုတ်)`` ဒီနေ့´´မှာ ဘာတွေ လုပ်ကြမလဲ ဆိုတာပါပဲ.....။
(ကွန်ဆူးမား)(၃၁-၁၂-၂၀၃)

မနက်ဖြန်.. သို့မဟုတ် မနက်ဖြန်မှာဖတ်သူတွေ အတွက် ဒီနေ့....
၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလမှာ NLD က စည်းရုံးရေးလုပ်ငန်းစတော့မယ်...။
၂၀၁၄ မှာ ``၈၈´´က ပါတီထောင်မလား ?
၂၀၁၄ မှာ ကြံ့ခိုင်ရေးပါတီက စည်းရုံးရေးအတွက် ဘယ်လိုအင်အားမျိုး တည်ဆောက်ထားသလဲ?
၂၀၁၄ မှာ PR စနစ် ဆိုတာ အသက်ဝင်လာဦးမလား ?
၂၀၁၄ မှာ ငြိမ်သက်တိတ်ဆိတ်နေတဲ့ ``တစည´´ပါတီ ဘာတွေလုပ်မလဲ ?
===============
တကယ်တမ်း စဉ်းစားဖြစ်တော့.....
(တစည)
ရှိရင်းစွဲပါတီတွေထဲမှာ နိုင်ငံရေးအတွေ့အကြုံ အကြွယ်ဝဆုံးက မဆလ စနစ်ကို အသွင်သစ်နဲ့ ဖန်တီးထားတဲ့ တစည ပါတီပါပဲ...။ ဒါပေမယ့် ခေါင်းတွေဖြူ၊ စွယ်တွေကျိုးပြီး နားတွေ ထိုင်းနေတဲ့ နိုင်ငံရေးသမားကြီးတွေဖြစ်သွားပြီ.... သူ့ရဲ့ နောက်မျိုးဆက်ကလည်း ခေါင်းဖြူချင်ယောင်... စွယ်ကျိုးချင်ယောင်.... နားထိုင်းချင်ယောင်ဆောင်ပြီး နေတတ်နေခဲ့ပြီ.... ထူးထူးခြားခြား ဘာအသံမှ ထွက်မလာဘူး.... (သံသယ မျက်လုံးတွေနဲ့ ကြည့်ရင်တော့ ကြောက်စရာ တိတ်ဆိတ်နေလေရဲ့... တကယ်တမ်း လှုပ်ရှားလာရင် ဖျက်မြင်းအကြီးစားဖြစ်နိုင်တယ်)
===============
(ကြံ့ခိုင်ရေး)
နောက်တစ်ခု လက်ရှိအာဏာရပါတီ ``ကြံ့ခိုင်ရေး´´ ထွေထွေထူးထူးနဲ့ ထင်ထင်ရှားရှား ပြင်ဆင်မှုမတွေ့ရပေမယ့် အစောကြီးကတည်းက သတ်မှတ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ် အသုံးပြုခွင့် သိန်းတစ်ထောင်ကို ၂၀၁၃ နှစ်ကုန်ပိုင်းမှာ ခွင့်ပြုပေးခဲ့ပြီး လုပ်ငန်းပြင်ဆင်မှုတွေ ဆောင်ရွက်ရင်း စည်းရုံးရေးကာလ ၂၀၁၄ နှစ်ဦးပိုင်းမှာ ထင်ရှားတဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို လုပ်ပြနိုင်ဖို့ စီမံချက်ဆွဲထားသယောင် စဉ်းစားလို့ရပါတယ်...။
ပြီးတော့ ပါတီခေါင်းဆောင်ပိုင်းက အတိုက်အခံ အလိုကျ ပူးပေါင်းရေးနဲ့ ထောက်ပံ့ရေး နောက်ပြီး ပြင်ဆင်ရေးတွေအတွက် ချိုသာရွှင်ပြနေတယ်... (လက်ယာသမားတွေဆီကဝေဖန်သံတွေတော့ တော်တော် တိတ်သွားတာပဲ)ဟုတ်မဟုတ်ကတော့ ပိတ်ကားပေါ်မှာ စောင့်ကြည့်ရမှာပေါ့...။
================
( NLD )
မေမေကြီးတစ်ယောက်ထဲ ခုနှစ်ထွေ.... အော်ပရာ... ပြဇာတ်...နောက်ပိုင်းဇာတ်ကြီး ထွက်ကနေရတယ်.... ပွဲပမ်းနေပြီ...
အရံမင်းသားမရှိဘူး...
လူကြမ်း/လူရွှင်တော် အဖြစ်တော့ ဥပဒေပညာရှင်ကြီးတစ်ယောက် ကပြအသုံးတော်ခံနေတယ်... သူကနေတာကလည်း တိုင်းရင်းသားအက မဟုတ်ဘူး... ပြည်သူကလည်း ပျက်လုံးအနေနဲ့ ဟာဒယအနေနဲ့ လက်မခံနိုင်ပဲ ကကွက်တိုင်းမှာ နနွင်းစော်နံလာလို့ ခဲနဲ့ ပစ်ချင်နေကြပြီ....
ဇာတ်ရဲ့ အပြင်အဆင် ခေတ်မီတယ်... မြူးဇစ်လည်းကောင်းတယ်... မီးလည်းနိုင်တယ်... နောက်ပိုင်းဇာတ်ကြီးမှာ ရာဇ၀င်တွေ... မဟာဝင်တွေ... ဗုဒ္ဓ၀င်ဇာတ်တော်ကြီးတွေ ကပြဖို့လိုနေတယ်... အခုတော့ ဗုံသံတွေ ဆူညံနေလေရဲ့...
===============
(၈၈)
သူကတော့ လက်ရှိပါတီ မထောင်သေးဘူး.... NLD ကို ၀န်းရံမယ်လို့ ကြေငြာထားတယ်၊
တစ်ချို့လည်းတွေးထားကြတယ်.. ပရိသတ်အများဆုံးက NLD ဖြစ်နေတယ်... သူတို့ရဲ့ ထောက်ခံမှုအင်အားလည်း ရထားလို့...
တကယ်လို့ ကြံ့ခိုင်ရေးကို အနိုင်ပိုင်းဖို့ဆိုရင် NLD နဲ့ ၈၈ က ပေါင်းထားရမယ်...
တကယ်လို့ ခွဲထွက်လိုက်ရင် သုံးပါတီ အင်အား မတိန်းမယိမ်း ဖြစ်သွားနိုင်တယ်... ကြံ့ခိုင်ရေးအင်အား ခန့်မှန်းချက်ထွက်လာရင်တော့ ပါတီထောင်သင့် ထောင်ရမယ်... တကယ်တော့ NLD မှာသာ မျိုးဆက်ပြတ်နေပေမယ့် ၈၈ က မျိုးဆက်ရော ၀ိုင်းရံမှုရော ကောင်းနေတယ်... ဒါဆို ဘယ်လိုလုပ်မလဲပေါ့....။
ဟုတ်တော့ ဟုတ်တယ်... NLD မှာက မယ်တော်ကြီးဇာတ်ထွက်မကရင် မင်းသားရော မင်းသမီးရော... သိပ်လုံလုံလောက်လောက် မရှိဘူး... ဇာတ်ခေါင်းကွဲပြီ... ရာဇ၀င်တွေ... မဟာဝင်တွေ... ဗုဒ္ဓ၀င်ဇာတ်တော်ကြီးတွေ မကတတ်တော့ဘူးလေ...။
================
(PR System )
ပီအာရ် စနစ်ဆိုတာက ပြည်သူတွေက အမတ်လောင်းကို တိုက်ရိုက် မဲပေးတာမျိုး မဟုတ်ဘဲ ပါတီ တခုချင်းစီက ရလာတဲ့ မဲအရေအတွက်အပေါ် မူတည်ပြီး အမတ်
အရေအတွက် အချိုးအစားအလိုက် လွှတ်တော်အရပ်ရပ်မှာ ပါဝင်ခွင့်ရတာမျိုးလို့ အလွယ်ပြောနိုင်တဲ့ စနစ်ပေါ့.....
အဲဒီမှာက တိုင်းရင်းသားပါတီတွေ.... အင်အားနည်းတဲ့ ပါတီတွေ.... စုစည်းတောင်းဆိုနိုင်တဲ့ စနစ်ပေါ့....။
ဒီစနစ်ကို ပါတီအငယ်လေးတွေက လိုလားနေပေမယ့် ပါတီကြီးနှစ်ခုက နှစ်သက်ပါ့မလား... နိုင်ငံရေးစနစ်နဲ့ရော အံဝင်ရဲ့လား ဒါလည်း သုံးသပ်စရာတွေ ဖြစ်လာတယ်...။
==========
အဲဒီတော့ ပါတီရံပုံငွေပိုင်ဆိုင်မှုက တစညရယ်... ကြံ့ခိုင်ရေးရယ်... NLD ရယ်မှာ ပြည့်စုံလုံလောက်တယ်လို့ ယူဆနိုင်တယ်... (တခြားကြောင့် ပြောတာ မဟုတ်ပါဘူး.... အရှိန်အ၀ါကြောင့်ပါ... ဒီစကားကိုတော့ သက်ဆိုင်ရာ ပါတီတွေကလည်း ငြင်းချက် မထုတ်တန်ကောင်းပါဘူး....)
ဒီပါတီတွေက နိုင်ငံရေးလှည့်ကွက်နဲ့ ကစားကွက်တွေမှာ ပရိယာယ် ကြွယ်ကြတယ်... ဆန်းသစ်တာနဲ့ ဟောင်းနွမ်းနေတာတော့ ကွာမှာပေါ့.....
တစ်ချို့လည်း Force သုံးနိုင်ကြတယ်... တည်တည်ငြိမ်ငြိမ်ရော၊ လှည့်ကွက်တွေနဲ့ရောပေါ့...
တွေးဖြစ်ပါတယ်....
ကြံ့ခိုင်ရေးနဲ့ တစညနဲ့ ပေါင်းမလား ?
88 က ပါတီထောင်မလား ? ဒါမှမဟုတ် ဒီအတိုင်း အသင့်ပြင်ထားမလား ?
PR အတွက် ပါတီလေးတွေ ဘယ်လို ဆက်လုပ်မလဲ ? PR အသက်ဝင်မလာရင်ရော ပါတီလေးတွေက ဘယ်လိုများ ပူးပေါင်းသွားမလဲ ???
နောက်ပြီး အခြေခံဥပဒေကိုရော ဘယ်လောက် စဉ်းစားပြီး ဘယ်လိုပြင်ဆင်ကြမလဲ.... ???
နောက်ပြီး လက်နက်ကိုင်တွေကရော..... ဘယ်လိုဆက်လုပ်မှာလဲ... ????
နောက်ဆုံးတော့ ပါတီကြီး (သို့မဟုတ်) အစုအဖွဲ့ကြီးတွေ ဖြစ်လာပြီး အင်အားချင်း မတိမ်းမယိမ်း အားပြိုင်ကြမယ့် နှစ်အဖြစ် ကြိုတင် စဉ်းစားမိပါတယ်...။
ဒါတွေအားလုံးထက် အရေးကြီးတာကတော့ ကျွန်တော်တို့အားလုံး ``မနက်ဖြန်´´(သို့မဟုတ်)`` ဒီနေ့´´မှာ ဘာတွေ လုပ်ကြမလဲ ဆိုတာပါပဲ.....။
(ကွန်ဆူးမား)(၃၁-၁၂-၂၀၃)
No comments:
Post a Comment