Sunday, January 5, 2014

သစ်ထူးလွင်သတင်းစုစည်းမှု (၅-၁)

သစ်ထူးလွင်


Posted: 05 Jan 2014 06:46 AM PST
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် KNU ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုး ခေါင်းဆောင်သော အဖွဲ့အား ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ တောင်သူ ပညာပေး စက်မှုလယ်ယာ စံပြစိုက်ခင်း ဧက (၅၀၀) အစည်းအဝေး ခန်းမ၌ တွေ့ဆုံသည်။ ယင်းသို့တွေ့ဆုံရာတွင် နိုင်ငံတော် သမ္မတနှင့်အတူ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း
Posted: 05 Jan 2014 06:42 AM PST
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် KNU ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုး ခေါင်းဆောင်သော အဖွဲ့အား ယနေ့မွန်းလွဲ (၂) နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။ ထိုသို့ တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှို
Posted: 05 Jan 2014 01:28 AM PST
မြန်မာနိုင်ငံမှာ နိုင်ငံရေးလှုပ်ရှားသူတွေအများအပြား ဖမ်းဆီးတရားစွဲဆို ထောင်ချရလေ့ရှိတဲ့ ပုဒ်မ ၁၈ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ကို ချိုးဖောက်မှု အပါဝင် ဒီမိုကရေစီစနစ်နဲ့ မကိုက်ညီတဲ့ မတရားတဲ့ ဥပဒေများ ပယ်ဖျက်၊ ပြင်ဆင်ရေး၊ ဥပဒေနှင့် မလျော်ညီတဲ့ ဖိနှိပ်ညှဉ်းပန်းမှုတွေ ရပ်တန့်ရေးအတွက် ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းက ဒီကနေ့ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံအနီးမှာ ဆန္ဒပြနေကြပါတယ်။ --- သတင်း အပြည့်အစုံ
Posted: 05 Jan 2014 01:22 AM PST
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးခွဲ တွေမှာ တာဝန်ထမ်းနိုင်ဖို့ စစ်ဘက်ဆိုင်ရာ အရာရှိ ၆၁ ဦးကို ခန့်အပ် လိုက်ပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဝန်ထမ်း အဖြစ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရုံးကနေ ဗိုလ်မှူး အဆင့် ၅၈ ယောက်ကို လက်ထောက် ညွန်ကြားရေးမှုး တာဝန်ပေးပြီး ဗိုလ်ကြီး အဆင့် သုံးယောက်ကိုတော့ ဦးစီးအရာရှိ အဖြစ် ဒီဇင်ဘာလဆန်းက စပြီး ခန့်လိုက်တဲ့အကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က
Posted: 05 Jan 2014 01:13 AM PST
အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်မှာရှိတဲ့ ဆူမားတြားကျွန်းမြောက်ပိုင်းက မီးတောင်တခု စနေနေ့က ပြင်းထန်စွာ ပေါက်ကွဲခဲ့ပြီး မီးခိုးတွေနဲ့ ချော်ရည်ပူတွေ ဆက်တိုက်ထွက်လာခဲ့ပါတယ်။ အကြိမ် ၃၀ ထက်မနည်း ပေါက်ကွဲခဲ့တဲ့အတွက် အဲဒီနေရာတ၀ိုက်က ဒေသခံတွေအနေနဲ့ သူတို့ရဲ့ အိမ်တွေကို စွန့်ခွာပြီး ယာယီစခန်းတွေမှာ ခိုလှုံခဲ့ကြရပါတယ်။ ဒါဟာ ဆင်နာဘန်မီးတောင် လွန်ခဲ့တဲ့ ၃ လက စတင် အသက်ဝင်လှုပ်ရှားလာပြီးချိန်ကစပြီး
Posted: 05 Jan 2014 01:05 AM PST
၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ပုဂ္ဂိုလ်များ ပထမဆုံး ပါဝင်မည့် ပုဒ်မ ၁၈ကိုအပါအဝင် ဒီမိုကရေစီစနစ်နှင့် မကိုက်ညီသည့် ဥပဒေများကို ဖျက်သိမ်းပေးရေး ဆန္ဒထုတ်ဖော်ပွဲကို ရန်ကုန် ဆူးလေရှိ ဧမာနွေလ ဘုရားကျောင်းအနီးတွင် ညနေ ၃နာရီက စတင်နေပြီဖြစ်သည်။ ဆန္ဒဖော်ထုတ်ရန်အတွက် ၈၈မျိုးဆက်အဖွဲ့မှ ပုဂ္ဂိုလ်များအပါအဝင် တက်ကြွလှုပ်ရှားသူ ၁၀၀ခန့်က ဆန္ဒထုတ်ဖော်ရန် ဧမာနွေလ ဘုရားကျောင်းရှေ့သို့ေ
Posted: 05 Jan 2014 12:40 AM PST
ကျေးလက်ဒေသဖွံ့ဖြိုးရေး ရှေ့ပြေး စီမံကိန်းအဖြစ် ဆောင်ရွက်ရန် နေပြည်တော် ကောင်စီ နယ်မြေ အပါအ၀င် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ကျေးရွာပေါင်း တစ်ထောင်ကျော်အား တစ်ရွာလျှင် ကျပ်သိန်း ၃၀၀ ဖြင့် စတင်အကောင်အထည်ဖော် လုပ်ကိုင်ရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။ အဆိုပါစီမံကိန်းကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီမှစ၍ ကျေးရွာပေါင်း ၁၀၉၆ ရွာအတွက် သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေး အဓိက လုပ်ဆောင်သွား မည်ဖြစ်ပြီး အခြား
Posted: 04 Jan 2014 01:03 PM PST
ဘင်္ဂ္လားဒေ့ရှ် နိုင်ငံမှာ မနက်ဖန် အထွေထွေ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေချိန်မှာပဲ နိုင်ငံအနှံ့က မဲရုံ ၃၀ လောက် မီးရှို့ ဖျက်ဆီး ခံလိုက်ရပါတယ်။ ကျင်းပမယ့် ရွေးကောက်ပွဲကို မျှတမှု မရှိနိုင်ဘူး ဆိုပြီး အတိုက်အခံတွေက ဒီရွေးကောက်ပွဲ ကို ၂ ရက်ကြာ သပိတ်မှောက်တဲ့ ပထမနေ့မှာ အခုလို ဖြစ်ခဲ့ရတာပါ။ အတိုက်အခံ ခေါင်းဆောင် Khaleda Zia က သူ့ကို အိမ်ချုပ် ချထားတယ် ဆိုပြီး ပြောပေမယ့် အစိုးရက ဒါကို ငြင်းထားပါတယ်။
Posted: 04 Jan 2014 12:59 PM PST
ကမ္ဘောဒီးယားနိုင်ငံရဲ့ မြို့တော်အနီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြနေသူတွေ အခြေစိုက်ထားတဲ့ စခန်းကို အာဏာပိုင် တွေက အတင်းဝင်ရောက်ဖြိုခွင်း လိုက်ပြီး ၀န်ကြီးချုပ် ဟွန်ဆန်ရဲ့ အစိုးရအပေါ် ဆန့်ကျင်ဆန္ဒပြမှုတွေ မလုပ်ကြဖို့ ပိတ်ပင်လိုက်ပါတယ်။ တုတ်တွေ၊ ဒိုင်းတွေ၊ အကာရံတွေ ကိုင်ဆောင်ထားတဲ့ ရာနဲ့ချီတဲ့ ရဲတပ်ဖွဲ့ ၀င်တွေဟာ ဖနွမ်းပင်မြို့တော်အနီး Freedom Park မှာ အခြေစိုက်ထားတဲ့ ဆန္ဒပြနေသူတွေရဲ့စခန်းကို ၀င်ရောက်လာရာမှာ
Posted: 04 Jan 2014 12:57 PM PST
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို အဓိကထား ဆောင်ရွက်သွားမှာ ဖြစ်ပေမဲ့လည်း အမျိုးသား ရင်ကြားစေ့ရေး၊ ညီညွတ်ရေးကို အထိခိုက်ခံမှာ မဟုတ်ဘူးဆိုတဲ့ သဘောမျိုး ဒေါ်အောင်ဆန်းစုကြည်က ရည်ညွှန်းပြောဆိုခဲ့ပါတယ်။ ဒီကနေ့ကျရောက်တဲ့ ၆၆ နှစ်မြောက် လွတ်လပ်ရေး နေ့ အခမ်းအနားကို NLD ဌာနချုပ်မှာ ကျင်းပချိန်အတွင်း အဲဒီလိုပြောခဲ့တာပါ။ အပြည့်အစုံကို မဆုမွန်က
Posted: 04 Jan 2014 12:53 PM PST
မြန်မာ နိုင်ငံတွင်း တရားဥပဒေစိုးမိုး မှုရှိရေး အထောက်အပံ့ဖြစ်စေ ရန်အတွက် တရားဥပဒေစိုး မိုးရေးစင်တာများ ကို မန္တလေး နှင့် ရှမ်းပြည်နယ်တွင် စတင်ဖွင့် လှစ်သွား မည်ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော်ဥပဒေရေး ရာနှင့် အထူးကိစ္စရပ်များလေ့ လာဆန်းစစ် သုံးသပ်ရေး ကော် မရှင်အဖွဲ့ဝင် ဦးကျော်ဆန်းက ရန်ကုန်တိုင်းမ် သတင်းစာသို့ ပြောသည်။ အဆိုပါတရားဥပဒေစိုး မိုးရေးစင်တာများကို ပြည်နယ် နှင့် တိုင်းဒေသကြီး အသီးသီး တွင်
Posted: 04 Jan 2014 12:46 PM PST
ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော် မတီပိုင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် ဗိုလ်ဗထူးတန်ဖိုးမျှတ အိမ်ရာတိုက်ခန်းများအား အစိုး ရဝန်ထမ်းများသာမက ဝယ်ယူ လိုသူအားလုံး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ သို့ လျှောက်ထားနိုင်ပြီဖြစ် ကြောင်း သိရသည်။ ဗိုလ်ဗထူးတန်ဖိုးမျှတအိမ် ရာတိုက်ခန်းများအား ဝယ်ယူလို သူများ အနေဖြင့် လျှောက်လွှာပုံ စံကို ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော် မတီ အင်ဂျင်နီ ယာဌာနတွင်
Posted: 04 Jan 2014 12:24 PM PST
ဇန်န၀ါရီလ(၅)ရက်နေ့ ထုတ် မြန်မာ့အလင်းနေ့ စဉ် သတင်းစာ သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
Posted: 04 Jan 2014 12:21 PM PST
ဇန်န၀ါရီလ(၂)ရက်နေ့ ထုတ်  ပြည်မြန်မာ သတင်းဂျာနယ် - အမှတ် ၉၀၃ ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
Posted: 04 Jan 2014 12:18 PM PST
ဇန်န၀ါရီလ(၁)ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် အလှအပဂျာနယ် အမှတ် - ၄၆၉ ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ

No comments:

Post a Comment