Saturday, January 25, 2014

စိတ်ဝင်စားဖွယ်ကောင်းသော အမေးနှင့်အဖြေများ


မေး ။ ။လူတွေက အားကိုမရှိရင် မရပ်တည်နိုင်ကြဘူး။
မှန်ပါသလား။ အကြောင်းပြချက်လေးပါ။
ဖြေ ။ ။ တစ်ဦးနဲ့တစ်ဦး အားကိုးမှီခိုမှု ကင်းတဲ့လူရယ်လို့ မရှိပါ။
မရှိကောင်းပါ။ လူသားတိုင်း တစ်ဦးနဲ့တစ်ဦး အညမညပစ္စယောလို အပြန်အလှန် 
အကျိုးပြုနေကြတာပါ။
ဒါပေမယ့် မစ္ဆျိမပဓိပဒါကိုကျော်လွန်ပြီး သူတစ်ပါးကို
အားကိုးလွန်းသူအတွက် လက်ဆောင်စကားတစ်ခွန် ရှိပါ၏။
" မိမိကိုယ်သာ ကိုးကွယ်ရာ "နောက်ပြီး နိဗ္ဗာန်သွားရာတွင်
ခန္ဓာကိုဖောင်သဖွယ်အားကိုးပြီးသွားရသည်ဟု မှတ်ဖူးပါ၏။
သက်ရှိလူသားအချင်းချင်း အပြန်အလှန်အားကိုးမှီခိုနေရသလို
သက်ရှိလူသားနှင့်သက်မဲ့များလည်း အပြန်အလှန်မှီခိုနေကြရ၏။
အပင်များသည် အစာချက်ရန်အတွက် ရေ၊ကာဗွန်ဒိုင်အောက်ဆိုဒ် နှင့်
နေရောင်ခြည်တို့လိုအပ်၏။ရေကိုမြေကြီးထဲမှရ၏။ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ကျွန်ုပ်တို့ရှူထုတ်လိုက်သောလေမှ ရယူပြီး၊နေရောင်ခြည်ကို နေမှရယူ၏။ ထို့ကြောင့်အပင်များသည် ကျွန်ုပ်တို့လေထုထဲသို့ရှူထုတ်လိုက်သော ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုရမှ အသက်ရှင်နိုင်၏။ ထို့အတူ အပင်များအစာ ချက်၍ လေထုထဲသို့ ထွက်ပေါ်လာသော အောက်ဆီဂျင်ကို ကျွန်ုပ်တို့လူသား
များ ရှူပေးနေရ၏။အောက်ဆီဂျင်မရှိလျှင် ကျွန်ုပ်တို့ အသက်မရှင်နိုင်ပါ။ ဤသို့ဖြင့် သက်ရှိနှင့်သက်မဲ့အချင်းချင်းအားကိုးမှီခိုနေရ၏။
ရဟန်းတော်များ၏ သိက္ခာပုဒ် (၂၂၇) ပုဒ်တွင် အပင်များမှအရွက်များကို မခူးဆွတ်ရခြင်းပါ၏။
မြက်ပင်များကို မနင်းခြေရခြင်းပါ၏။မြက်ခင်းပေါ်သို့ တံတွေးထွေးခွင့်မရှိခြင်းတို့ပါ၏။ ထိုသို့ပြုလုပ်ပါက ရဟန်းများတွင် အပြစ်ရှိလာ၏။ ဂေါတမမြတ်စွာဘုရားသည် သက်ရှိသက်မဲ့များ၏အပြန်အလှန
အားကိုးမှီခိုကြပုံကို လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်ကတည်းက သိမြင်ခဲ့၍သာ ယခုလို
သိက္ခာပုဒ်များကို ချမှတ်ခဲ့ခြင်း ဖြစ်တန်ရာ၏။ ဘုန်းတော်၊ တန်ခိုးတော်၊ ဉာဏ်တော်တို့ အတုမရှိ
ကြီမားလှပေ၏ အရှင်မြတ်ဗုဒ္ဓဘုရား။
တနည်းအားဖြင့် အပင်များသည် ကျွန်ုပတို့ အသက်ရှင်ရပ်တည်ရန်အတွက်
အောက်ဆီဂျင်ထုတ်ပေးသော သောကျေးဇူးရှင်များဖြစ်ကြ၏။
ကျေးဇူးရှင်များကို ကျေးဇူးကန်းစွာရက်စက်ခုတ်ထစ်နေသော လူတစ်စု
ကြောင့် ရာသီဥတုများ ဖောက်ပြန်နေပြီဖြစ်၏။ မုန်တိုင်း
များလည်း ဝင်လာမဆဲ တသဲသဲလို ဖြစ်နေ၏။ အိုဇုန်းလွှာလည်း
တဖြည်းဖြည်း ပါးလာပြီ ဖြစ်၏။ အပူချိန်များလည်း တဖြည်းဖြည်းမြင့်တက်နေ၏။
အကြောင်းကောင်းမှ အကျိုးကောင်းမည်ဖြစ်၏။
အကြောင်းစင်ကြယ်မှ အကျိုးစင်ကြယ်မည်ဖြစ်၏။
အကြောင်းမကောင်းလျှင် အကျိုးမကောင်းနိုင်။
အကြောင်းမစင်ကြယ်လျှင် အကျိုးမစင်ကြယ်နိုင်။
ယခု ကျေးဇူးကန်းသောလူတစ်စု၏ အပင်များကိုရက်စက်စွာ ခုတ်ထစ်ဖြတ်တောက်မှု
အကြောင်းကြောင့် သဘာဝဘေးအန္တာရာယ်များကို တစ်ကမ္ဘာလုံးရှိလူသားများ
အလူးအလိမ့် ခံစားနေကြရပြီဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါ၏။

ဦးတိုးအောင်

No comments:

Post a Comment