Tuesday, January 21, 2014

ငါ့တောင်ပံလေး ပြန်ပေးပါ

<<<  ငါ့တောင်ပံလေး ပြန်ပေးပါ >>>

ရက်စက်လွန်းလှပါတယ်..
ပျံသန်းခြင်းဆိုတဲ့
တောင်ပံတွေ ချုပ်ထိန်းရင်းက
အတင်းအဓမ္မပေါ့
ပြေးလမ်းပေါ် လွှတ်တင်ခဲ့တယ်။

ဘယ်လို အားအင်မျိုးနဲ့များ 
ဘယ်အရပ်ကို ပျံသန်းသွားရမှာလဲကွယ်။

ပန်းတိုင်က ရှေ့ မှာပါ
ဒါပေမယ့် ငါဟာ
နောက်ဆုံးထက် နောက်ကျ
ပြိုင်ပွဲကြီး ပိတ်သိမ်းပြီးမှ ပန်းဝင်တဲ့အခါ
ဒါဟာ ရှုံးနိမ့်ခြင်းရဲ့ ရလာဒ်လို့ သတ်မှတ်
ပြီးတော့-
ပြစ်ဒဏ်ခတ်ခြင်းတွေ ဆောင်ရွက်ကြတော့မယ်။

တောင်းပန်ပါတယ်... 
ပျံသန်းခြင်း မစတင်မီမှာ
ကြေငြာထားတဲ့ အတိုင်း
ထင်ရာ စိုင်းလိုက်ပါ
ယှဉ်ပြိုင်ခွင့် မရလည်း
ငါ သေရဲပါတယ်။

တောင်ပံတွေ စည်းနှောင်ရင်း
ယှဉ်ပြိုင်ရခြင်းထက်
ငါ့အတွက်တော့
သေဆုံးရခြင်းက
ဘ၀ အဓိပ္ပါယ်ရှိလိမ့်မယ်။

ခွင့်ပြုပါကွယ်...
တောင်ပံများရဲ့ လွတ်လပ်ခြင်းကို အားပြုရင်း
ပြာလွင်တဲ့ မိုးသားထက်မှာ
ထိုးထွက် ပျံသန်းပါရစေ
ပြိုင်ပွဲရဲ့ ဝေးရာဆီကိုလေ။

(ကွန်ဆူးမား)(၂၁-၁-၂၀၁၄)

ရက်စက်လွန်းလှပါတယ်..
ပျံသန်းခြင်းဆိုတဲ့
တောင်ပံတွေ ချုပ်ထိန်းရင်းက
အတင်းအဓမ္မပေါ့


ပြေးလမ်းပေါ် လွှတ်တင်ခဲ့တယ်။



ဘယ်လို အားအင်မျိုးနဲ့များ
ဘယ်အရပ်ကို ပျံသန်းသွားရမှာလဲကွယ်။

ပန်းတိုင်က ရှေ့ မှာပါ
ဒါပေမယ့် ငါဟာ
နောက်ဆုံးထက် နောက်ကျ
ပြိုင်ပွဲကြီး ပိတ်သိမ်းပြီးမှ ပန်းဝင်တဲ့အခါ
ဒါဟာ ရှုံးနိမ့်ခြင်းရဲ့ ရလာဒ်လို့ သတ်မှတ်
ပြီးတော့-
ပြစ်ဒဏ်ခတ်ခြင်းတွေ ဆောင်ရွက်ကြတော့မယ်။

တောင်းပန်ပါတယ်...
ပျံသန်းခြင်း မစတင်မီမှာ
ကြေငြာထားတဲ့ အတိုင်း
ထင်ရာ စိုင်းလိုက်ပါ
ယှဉ်ပြိုင်ခွင့် မရလည်း
ငါ သေရဲပါတယ်။

တောင်ပံတွေ စည်းနှောင်ရင်း
ယှဉ်ပြိုင်ရခြင်းထက်
ငါ့အတွက်တော့
သေဆုံးရခြင်းက
ဘ၀ အဓိပ္ပါယ်ရှိလိမ့်မယ်။

ခွင့်ပြုပါကွယ်...
တောင်ပံများရဲ့ လွတ်လပ်ခြင်းကို အားပြုရင်း
ပြာလွင်တဲ့ မိုးသားထက်မှာ
ထိုးထွက် ပျံသန်းပါရစေ
ပြိုင်ပွဲရဲ့ ဝေးရာဆီကိုလေ။

(ကွန်ဆူးမား)(၂၁-၁-၂၀၁၄)

No comments:

Post a Comment