Thursday, January 2, 2014

လူ နှင့် ကံ

Great Teachings of Buddha's status.
Photo
ကံတရား ၏ ဆန်းကျယ်မှုများ ကို တွေးမိတယ် ။

တချို့  လူတွေ
မကောင်းတာ လုပ် တယ် ၊ စိတ်ဓါတ် မကောင်းဘူး သို့ သော် ကြီးပွား ချမ်းသာ ကြတယ်၊ အဆင်ပြေနေကြတယ် ။

တချို့  လူတွေ
စိတ်ထား ကောင်းတယ်၊ ရိုးရိုးသားသား ကျင့်ကြံ နေထိုင်ကြတယ် သို့ သော် ဆင်းရဲ အဖိနှိပ်ခံ နေရတယ်၊ ဒုက္ခ္ခ္ခ္ခ ရောက်နေကြတယ် ။

တချို့  လူတွေ
မကောင်းတာ လုပ် တယ် ၊ စိတ်ဓါတ် မကောင်းဘူး၊ သူတို့  စိတ် နှင့် အပြုအမှု ကံ အလိုက် ဆင်းရဲ ဒုက္ခ္ခ္ခ္ခ ရောက်ကြရတယ် ။

တချို့  လူတွေ
စိတ်ထား ကောင်းတယ်၊ ရိုးရိုးသားသား ကျင့်ကြံ နေထိုင်ကြတယ်။ သူတို့  စိတ် နှင့် အပြုအမှု ကံ အလိုက် ကြီးပွား ချမ်းသာ ကြတယ်၊အဆင်ပြေနေကြတယ် ။

ဒီလို ကွာခြား နေတာ ဘာ ကြောင့် လဲ တွေးမိတယ် ။ စဉ်းစားမိ တာလေး ပုံဖေါ်ကြည့် မိတယ်။

ပုံ ၁ အရ

ရှေးယခင် ဘ၀တွေက ကြီးမားတဲ့  ကုသိုလ် ကံ ကြီးက ဒီဘ၀မှာ အကျိုးပေးနေတဲ့  သူ ဆိုပါစို့  သူ ကောင်းတာ ဘဲလုပ်လုပ် ဆိုးတာဘဲ လုပ်လုပ် ကုသိုလ် ကံ အရှိန် မကုန်သရွေ ကြီးပွားတိုးတက်နေ မှာပါ ။ ကောင်းတာ လုပ်နေ သူ အဖို့  ကတော့ ကုသိုလ် ကံ အရှိန် ကုန်တဲ့  အခါ မကျ မနာလောက်ဘူး လို့  ထင်တယ်။

ပုံ ၂ အရ

ရှေးယခင် ဘ၀တွေက ကြီးမားတဲ့  အကုသိုလ် ကံ ကြီးက ဒီဘ၀မှာ အကျိုးပေးနေတဲ့  သူ ဆိုပါစို့  သူ ကောင်းတာ ဘဲလုပ်လုပ်၊ ဆိုးတာဘဲ လုပ်လုပ် အကုသိုလ် ကံ အရှိန် မကုန်သရွေ့ ဆင်းရဲ ဒုက္ခ္ခ ရောက်နေ မှာပါ ။ ကောင်းတာ လုပ်နေ သူ ကတော့ မကောင်းတာ လုပ်နေ သူ ထက် ခံရ သက်သာ မယ် လို့  ထင်တယ်။

ပုံ ၃ အရ

ရှေးယခင် ဘ၀တွေက ကုသိုလ် ကံ၊ အကုသိုလ်ကံ ကြီး ကြီး မားမား မရှိဘဲ တလှည့် စီ အကျိုးပေးနေတဲ့  သူ ဆိုပါစို့  ယခု လက်ရှိ ဘ၀ မှာ သူ ကောင်းတာ လုပ်နေမယ် ဆိုရင် မျက်မှောက် ကုသိုလ်ကံ က အတိတ် ဘ၀ က ပါလာတဲ ကုသိုလ်ကံ ကို သံလိုက်လို ဆွဲ နိုင်မယ် လို့  ထင်တယ်။
အကုသိုလ်ကံ အလှည့် ရောက်တော့လည်း ယခု လက်ရှိ ကောင်းမှု ကုသိုလ် လုပ်နေ သူအဖို့  ခံရ သက်သာ သွားမယ် ထင်တယ်။ သို့ သော် လုံးဝ ပျောက်သွားမယ်လို့ တော့ မထင်ပါ။ ( အဟောသိကံ ကလွဲပြီး) ဘုရားရှင် သော်မှ နောက်ဆုံး ဘ၀မှာ ကျန်နေတဲ့  ကံ ၀ဋ်ကြွေးကို ဆပ်ရ သေးသည်။

ပုံ ၄ အရ

ရှေးယခင် ဘ၀တွေက ကုသိုလ် ကံ၊ အကုသိုလ်ကံ ကြီး ကြီး မားမား မရှိဘဲ တလှည့် စီ အကျိုးပေးနေတဲ့  သူ ဆိုပါစို့  ယခု လက်ရှိ ဘ၀ မှာ သူ မကောင်းတာ လုပ်နေမယ် ဆိုရင် မျက်မှောက် အကုသိုလ်ကံ က အတိတ် ဘ၀ က ပါလာတဲ အကုသိုလ်ကံ ကို သံလိုက်လို ဆွဲ ပြီး အကျိုးပေးမယ် လို့  ထင်တယ်။

မည်သို့  ပင် ဖြစ်စေ အမြဲ ကောင်းမှု လုပ်ခြင်းက အမှန်ဆုံးပါ။

မှတ်ချက် ။ ။

အစိမ်းရောင် = ကုသိုလ် ကံ

အနီရောင် = အကုသိုလ်ကံ

အဟောသိကံ - ကုသိုလ် အကုသိုလ်ကံများ အကျိုးပေးရမည့်အချိန်၌ အကြောင်းမပြည့်စုံ၍ အကျိုးမပေးဘဲ အချိန်အခါ လွန်သွားသည်ကို ခေါ်ပါသည်။

မှ - (phomu.blogspot.com)
(2 photos)

No comments:

Post a Comment