ဇင် အတိုင်း နေထိုင်သူ အတွက် အရာ အားလုံးဟာ လေးနက် နေတယ်။ ဥပမာ- လက်ဘက်ရည်
သောက်တာက အစပေါ့။ သူလုပ်ကိုင် သမျှဟာ မြင့်မြတ်ရာ ကျောင်း ပရဝဏ် အတွင်းထဲ
အမြဲ ရောက်နေ သလို ဖြူစင် လေးနက် နေတယ်။
မောရှေနဲ့ ပတ်သက်ပြီး
အကြောင်းလေး တစ်ခု ရှိခဲ့တယ်။ ပညတ်တော် ဆယ်ပါးကို နာခံ ယူဖို့ ၊
ဘုရားသခင်နဲ့ တွေ့ဖို့ ဆိုပြီး “ရှီနိုင်း” တောင်ပေါ်ကို သူ ရောက်သွားတော့
အဲ့ဒီမှာ အစိမ်းရောင် ခြုံပုတ်လေး တွေ့ရတယ်။ ပြာရောင်လွင်လွင်လေးနဲ့
အတွင်းမှာ မီးညွန့်လေးကို မြင်ရတယ်။ သူလည်း တအံ့တဩနဲ့ အနားကို
တိုးသွားကြည့်တယ်။ ခြုံအတွင်းကနေ တစ်စုံတစ်ယောက်က လှမ်းအော်ပါတယ်။
“ဖိနပ်ချွတ်ခဲ့ပါ။ ဒါမြင့်မြတ်တဲ့ မြေဖြစ်ပါတယ်” တဲ့။ ဂျူးဘာသာမှာ အဲ့ဒီ
ဖြစ်ရပ်ကို အဓိပ္ပာယ် ဖွင့်ဆိုထားတာက - အဲ့မီးတောက်ကလေးဟာ ဘုရားသခင်
ကိုယ်တိုင် ဖြစ်ပါတယ်။ ဘုရားသခင် ကိုယ်တိုင် ဖြစ်တဲ့အတွက် အဲ့မီးတောက်
ကလေးဟာ အေးမြနေတယ်။ ဒါကြောင့်ပဲ မီးတောက်ရှိနေရာ ခြုံပုတ် ကလေး
မလောင်ကျွမ်း၊ ပြာမကျ သွား ရတာပဲ ဖြစ်တယ် တဲ့။ မောရှေဟာ အမှတ်မဲ့
ဒီနယ်မြေထဲ ဝင်ရောက် လာပေမယ့် ဒီမြေဟာ အမှတ်မထင်ဘဲ မြင့်မြတ် နေခဲ့တယ်။
ဖြူစင်တဲ့ ကျောင်း ပရဝဏ် ဖြစ်ခဲ့တယ်။ ရှင်သန် နေတဲ့ ဘုရားသခင် ရှိနေတယ်
မဟုတ်လား။ အဲ့တော့ သူ ဖိနပ်ချွတ်ပြီးမှ ဝင်ရတော့တယ်။
ကျနော့
အနေနဲ့ ဆိုရင် ဒါဟာ သမိုင်းဖြစ်ရပ် တစ်ခု လို့ မထင်ဘူး။ ဒီထက် ပိုသာတဲ့
နိမိတ်ပုံ ဖြစ်ပါတယ်။ ဘုရားသခင် ရှိရာ ဘယ်နေရာ ဘယ်မြေပြင် ဖြစ်နေပါစေ
အဲ့နေရာဟာ မြင့်မြတ် နေမှာပဲ။ ဇင် မှာ ဒီအချက်ဟာ အပြည့်အဝ ပျံ့နှံ့
စိမ့်ဝင် နေပါတယ်။ အရာအားလုံး ကို ဒီအမြင်နဲ့ ချဉ်းကပ်တယ်။ ဆိုလိုတာက -
လေးနက် ဖြူစင်မှု ရှိရာ နေရာ တိုင်းမှာ ဘုရားသခင် ရှိတယ်။ မြင့်မြတ်မှု ရှိရာ
နေရာတိုင်း ဟာ ဘုရားသခင်ရဲ့ နေရာ ဖြစ်တယ်။ ဇင် အတွက် ဒီသဘောဟာ အပြန်အလှန်
မလိုအပ်ဘူး။ ဆိုလိုတာက - ဘုရားသခင် ရှိတဲ့ နေရာ မှာမှ မြင့်မြတ်နေတာ
မဟုတ်ဘူး။ ဘုရားသခင် ရှိမှ ဖြူစင် လေးနက် မယ့် နေရာ ဖြစ်သွားတာ မဟုတ်ဘူး။
ဘုရားသခင် တည်ရှိနေမှု က အဲ့နေရာ တစ်ခုကို မြင့်မြတ်အောင် လုပ်လိုက် တာ
မဟုတ်ဘူး။ ခင်ဗျားက အလေး အနက် ဖြူစင်စွာ နဲ့ ထားလိုက် တဲ့အခါ မှသာ - လေးနက်
မြင့်မြတ်တဲ့ နေရာ ဖြစ်သွားတာ။ ခင်ဗျားက တည်ငြိမ် သန့်စင်သွားတဲ့ အခါမှာမှ
ဘုရား တစ်ပါး တည်ရှိနေသလို ရုတ်ချည်း ခံစား လိုက်ရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ဇင် အတိုင်း နေထိုင်သူ တွေဟာ မိမိသန္တာန်မှာ လေးနက်သန့်စင်အောင်
ထားရင်း အရာအားလုံးကို ဆောင်ရွက်ပြုမူ တယ်။ အခြား ဘုရားသခင် ဝါဒတွေ မှာ
အဲ့ဒါ ရှိပါသလား။
တကယ်စင်စစ် ဇင် မှာ ဘယ် ဘုရားသခင် မှ မရှိဘူး။
ဇင်မှာ တကယ် ရှိတာက ခင်ဗျားနဲ့ ခင်ဗျား ရဲ့ စိတ် ပဲ။ ခင်ဗျားရဲ့ စိတ်သာ
အခုလက်ရှိ အချိန်မှာ အဖွံ့ထွားဆုံး ၊ အပွင့်လန်းဆုံး တည်ရှိနေတဲ့
ပန်းတစ်ပွင့် ဖြစ်ပါတယ်။ ဒီထက်မက မြင့်မြတ် ပွင့်လန်း သွားနိုင်တယ်။
ခင်ဗျားရဲ့ လက်ရှိ အခု ဘဝတစ်ခုလုံးကို လေးနက်အောင် ခင်ဗျား ဘာသာပဲ ဖန်ဆင်း
နိုင်တယ်။
အခု ဒီမှာ လက်ဘက်ရည် လေး တစ်ခွက် ရှိတယ်။ ဒါဟာ
ရိုးစင်းတဲ့ သာမာန် ပစ္စည်းလေး ပဲ။ ဒါပေမယ့် မြင့်မြတ်တဲ့ ကျနော် တို့
ဘုရားကျောင်း ပရဝဏ် အတွင်းက လှပတဲ့ သစ်ပင်တွေကြား ကျောင်းသင်္ခမ်းလေးမှာ
ဒီလက်ဘက်ရည် တစ်ခွက်ကိုပဲ အလေးအနက် ထား သောက်တတ်ကြတယ်။ ခင်ဗျား ဘုရား
ပရဝဏ်ထဲ ဝင်ပြီ ဆိုပါတော့ ။ ခင်ဗျား ဖိနပ်ချွတ်ရတယ်။ ဇင် မှာတော့ “ခင်ဗျား
ဖိနပ် ကို ချွတ်ထားခဲ့သလို၊ ခင်ဗျားကိုယ် ခင်ဗျားလည်း ချွတ်ထားခဲ့ပါ” တဲ့။
ဘုရားကျောင်း အတွင်းကို ခင်ဗျားကိုယ် ခင်ဗျား သန့်စင်ပြီး အစွန်းအထင် မရှိ
ဝင်ရောက် သွားမယ်။
လက်ဖက်ရည်ဝိုင်း ကို ရောက်တဲ့အခါ ဘယ်သူမှ
ဘာမှ မပြောဘဲ ငြိမ်သက်နေတာ တွေ့ရပါလိမ့်မယ်။ သူတို့ အတွင်းမှာ တိတ်ဆိတ်မှုသာ
နက်နက် ရှိုင်းရှိုင်း တည်ရှိနေတယ်။ အခြား ဘာမှ မရှိဘူး။ ဇင်တရား
ပွားများနေချိန် ထိုင်နည်းမျိုး နဲ့ ထိုင်နေကြတယ်။ Samovar ( လက်ဘက်ရည်
ကြမ်း လိုက်ငှဲ့ပေးသူ ) က လက်ဘက်ရည် အတွက် ရေနွေးပြင်တယ်။ ကျနော်တို့ဟာ သူ့
လှုပ်ရှားနေသံကို ဆရာသခင် ဘုန်းတော်ကြီး ရဲ့ မိန့်ကြားချက် စကားသံ လို
ငြိမ်ဝပ် နားစိုက် ထောင် နေကြတယ်။ ခင်ဗျား နားထောင် လိုက်ရတဲ့ အသံဟာ ဘာလဲ ၊
ဘာကို ပြောတာလဲ ၊ ဘာ အဓိပ္ပာယ် လဲ ၊ သူ ဘာလုပ်လို့ ထွက်လာတဲ့ အသံလဲ ၊
အဲ့ဒါတွေက အရေးမကြီးဘူး။ ခင်ဗျား ဘယ်လို နားထောင်မှာလဲ ၊ အဲ့ဒါပဲ အရေးကြီး
ပါတယ်။ ဇင်ဟာ အခြားအရာ တွေနဲ့ မတူ ကွဲပြား တာက အဲ့ဒါပါ။ ခင်ဗျား ဘာကို
နားထောင်နေသလဲ ဆိုတာ မရှိဘူး။ ဘာအဓိပ္ပာယ်လဲ ဆိုတာ မရှိဘူး။ ဘာအဓိပ္ပာယ်လဲ
ဆိုတာ ခင်ဗျား ဆီ ဝင်လာပြီ ဆိုတာနဲ့ ခင်ဗျား ဟာ အသံကို ကြားနေတာ
မဟုတ်တော့ဘူး။ ခင်ဗျား တွေးသွားတာ။ ဒါ့ကြောင့် ဇင်မှာ ခင်ဗျား ဘယ်လို
နားထောင်သလဲ ပဲ ရှိပါတယ်။ ဘယ်သူက ပြောနေတဲ့ အသံလဲ- ဆရာသခင်က ပြောတာလား-
အစေခံက ပြောတာလားလို့ ခွဲခြား ခြင်း မရှိဘူး။ အားလုံးဟာ လက်ဘက်ရည်
ပြင်ဆင်နေချိန်မှာ တိတ်ဆိတ်စွာ ထိုင်နေကြတယ်။ ဒါပဲ ရှိပါတယ်။
Samovar ရဲ့ လှုပ်ရှားနေသံကို နားထောင် နေစဉ် မှာပဲ လက်ဘက်ခြောက် ဆီက
သင်းပျံ့တဲ့ ရနံ့က ဘုရားကျောင်း တစ်ခုလုံး ဖုံးလွှမ်း သွားတယ်။ ခင်ဗျား
သုံးဆောင်ဖို့ အဆင်သင့် ဖြစ်ပါပြီ။ ဒါပေမယ့် အရာအားလုံး ဟာ အသေး အမွှား လေးက
အစ တိတ်ဆိတ်စွာ ပြောင်းလဲ နေတယ်။ ပိုပြီး တိတ်ဆိတ်တဲ့ ၊ ပိုပြီး
မြင့်မြတ်တဲ့ တစ်စုံတစ်ခု ဆီကို ဦးတည် ပြောင်းလဲ သွား နေတယ်။ အဲ့ဒါ
တွေးတောလို့ ရတဲ့ စိတ်ကူး မဟုတ်ပါဘူး။ ခင်ဗျား ခံစား သိရမယ့် အရာသာ
ဖြစ်ပါတယ်။ လက်ဘက်ရည် သယ်လာတဲ့ အမျိုးသမီးလေး က ခင်ဗျား ဆီ ရောက်လာမယ်။
လက်ဘက်ရည် ငှဲ့ပေးမယ်။ ရေနွေးကရား ကနေ ခင်ဗျားရဲ့ လက်ဘက်ရည်ခွက် ထဲ
လောင်းကျသွားတဲ့ အသံ၊ ပြီးတော့ ခင်ဗျား ရင်ထဲက ငြိမ်းနေတဲ့ တိတ်ဆိတ်မှု၊
လက်ဘက်ရည် ရဲ့ သင်းရနံ့ ၊ ဒါတွေ အကုန်လုံးဟာ ကိုယ်ပိုင် မှော်ဝင် ပစ္စည်းတွေ
အဖြစ် ပုံပြောင်းနေပါတယ်။
ဘယ်သူမှ ဘယ်စကားမှ ပြောမနေကြဘူး ဆိုတာ
ခင်ဗျား တွေ့မယ်။ လက်ဘက်ရည်ခွက် ကို တည်ငြိမ်စွာ မ-ယူပြီး တစ်စစ်ချင်း
တစ်စစ်ချင်း ၊ တစ်ခဏတိုင်း တစ်ခဏ တိုင်း စုပ်ယူမယ်။ အဲ့ဒီ အတွင်းမှာ
လက်ဘက်ရည်ရဲ့ အရသာကို သိမှတ်နေတယ် ။ ပြင်ပ ကမ္ဘာ လောက ဆိုတာ မရှိဘူး၊ အဲ့ဒီ
အာရုံသာ တစ်ခဏချင်း ဖြစ်လိုက် ၊ ဖြစ်လိုက် ( သို့မဟုတ် ) ပျက်လိုက် ၊
ပျက်လိုက် အဲ့အပေါ် သိမှတ်မှုသာ ရှိတယ်။ အဲ့သိမှတ်မှု အပေါ်မှာသာ ခင်ဗျားရဲ့
ဖြစ်တည်ချက် တစ်ခုလုံး ရပ်တည် ငြိမ်သက်နေတယ်။ ဒါဟာ ရူးသွပ်မှု တစ်ရပ်
ဟုတ်ပါသလား။ ကမ္ဘာ တစ်ခွင်လုံးမှာ လူတွေ ကော်ဖီ၊ လက်ဘက်ရည် သောက်ကြတာပဲ
မထူးဆန်းဘူး မဟုတ်လား။ ဒါပေမယ့် ဒီမထူးဆန်းတဲ့ သမားရိုးကျ ဖြစ်စဉ်လေး ကို
လေးနက် တည်ငြိမ်မှု အဖြစ် ဘာလို့ မပြောင်းလဲ နိုင်ခဲ့ကြသလဲ။
လက်ဘက်ရည် သောက်ပြီးပြီ။ သူတို့အားလုံး က အမျိုးသမီးလေး ဆီကို ဦးညွှတ်
အရိုအသေ ပေးလိုက်တယ်။ အဲ့ဒီနောက် ဖြေးဖြေး ညှင်းညှင်း- ဘယ်အသံ၊ ဘယ်စကားမှ
မပြောဘဲ တိတ်တဆိတ်ပဲ ထွက်ခွာ သွားကြတယ်။ ဇင်ဟာ လေးနက် ထူးခြား တဲ့ အတွေ့အသိ
ခံစားချက် အတွက် သာမာန် သမားရိုးကျ ဝတ္ထုတွေ ကို အသွင် ပြောင်းလဲယူပစ်
ပါတယ်။ တကယ်သာ ဇင်ဆရာ တစ်ဦးနဲ့ ခင်ဗျား အတူ လက်ဘက်ရည် သောက်ကြည့်
ခဲ့ဖူးရင် အမြဲ အမှတ်ရကောင်း ရနေလိမ့်မယ်။
အဲ့ဒါဆို ခင်ဗျားက
ပြောမယ်။ ဒါဟာ ပွဲတစ်ခု လို လုပ်နေတာကိုး၊ အပြင် လက်ဘက်ရည် ဆိုင်မှာ၊
ကော်ဖီ ဆိုင်မှာမှ မဟုတ်ဘဲကိုး၊ နောက်ပြီး နေရာ ကလည်း ဘုရားကျောင်းထဲမှာ
မို့လို့ကိုး လို့ ပြောနိုင်ပါတယ်။ - ဒီ လက်ဘက်ရည်ဆိုင် ၊ ကော်ဖီဆိုင်၊
ပွဲ၊ ဘုရားကျောင်း ဆိုတာတွေဟာ သင်္ကေတ ( Symbol ) တွေပါ။ ခင်ဗျားရဲ့ ဘဝ
တစ်လျောက်လုံးမှာ နာရီသံ တစ်ချက်ချက် နဲ့ လက်တံတွေ တစ်ပါတ်ပြီး တစ်ပါတ်
လည်နေမှာ။ အဲ့အတွင်းက အခုအချိန်၊ အခုနေရာလေး ကသာ ခင်ဗျားရဲ့ မြင့်မြတ်တဲ့
ဘုရားကျောင်း ဖြစ်နေတာပါ ။ မြင့်မြတ်တဲ့ ကျောင်းပရဝဏ် ဖြစ်နေတာ ။ အဲ့အခါ
ခင်ဗျားရဲ့ လှုပ်ရှားမှု၊ သိမှုတိုင်းဟာ လေးနက်နေမယ်။ သာမာန် အတွက်တော့
ယုတ်နိမ့်တယ်လို့ ခေါ်မယ့် နေရာကို ရောက်နေရင်လည်း ခင်ဗျား အတွက်၊
ခင်ဗျားကိုယ် ခင်ဗျား မြင့်မြတ်နေနိုင်ပါတယ်။ ဆိုလိုတာက ခင်ဗျား ဘယ်နေရာ
ရောက်နေနေ ၊ ခင်ဗျားရဲ့ သန္တာန်ဟာ တည်ငြိမ် တိတ်ဆိတ်နေရင် သန့်စင်
မြင့်မြတ်တဲ့ မြေမှာ ခင်ဗျား ရောက်နေတာပဲ ဖြစ်ပါတယ်။ ဇင်မှာ ဒါကို မှတ်သား
ထားဖို့ လိုပါတယ်။
ဒါပေမယ့် မှတ်သားမှု သက်သက်ဟာ ခင်ဗျားကို ဘာမှ
အကူအညီ မပေးနိုင်ဘူး။ တကယ် ထောက်ပံ့ ကူညီပေးနိုင်တာက ဘာဝနာ ပါ။ ဘာဝနာ သာ
မရှိရင် ခင်ဗျားရဲ့ စိတ်နဲ့ ကိုယ်က သာမာန် အတွေးတွေနဲ့ ပြုပြင်
အလုပ်လုပ်နေဦးမှာ။ တွေးခေါ် စိတ်ကူးပြီး ပုံရိပ်တွေ ဖန်ဆင်း နေဦးမှာ။
အဲ့ဒါတွေနဲ့ ခင်ဗျားဟာ အတွင်းသားကို ဘယ်တော့မှ မရောက်ဘဲ အပေါ်ယံမှာတင်
ဝေ့နေဦးမှာ ဖြစ်ပါတယ်။
ဘာဝနာ ကတော့ ခင်ဗျားကို
ဟိုးအနက်ရှိုင်းဆုံး ထိ ခေါ်ဆောင် သွားလိမ့်မယ်။ ဘာဝနာကို ခင်ဗျား
တခဏလုပ်ကြည့်ရင် အဲ့တစ်ခဏစာ မြင့်မြတ် နက်ရှိုင်းရာကို ရောက်ပါမယ်။
နှစ်ဆယ့်လေးနာရီ ပတ်လုံး ပွားများရင် အဲ့ဒီ နှစ်ဆယ့်လေးနာရီ ပတ်လုံး
မြင့်မြတ်လေးနက် နေလိမ့်မယ်။ အဲ့လို မြင့်မြတ်လေးနက် နေဖို့ အခြား
ဆုတောင်းတွေ လိုပါသလား။ ဘယ်ဟာကို ဆုတောင်းမှာလဲ၊ ဘယ်သူ့ဆီက တောင်းမှာလဲ။
စင်စစ် ဘာဝနာ နဲ့ ထုံမွှမ်းထားတဲ့ ခင်ဗျားရဲ့ တစ်နေ့တာ ဟာ မြင့်မြတ်တဲ့
ဘုံဘဝ တစ်ရက်စာ ဖြစ်ပါတယ်။ ဒါဟာ ဘာဝနာ နဲ့ပဲ ရယူတယ်။ ဆုတောင်းနဲ့ ယူလို့
မရပါဘူး။ ဘာဝနာနဲ့ ထုံမွှမ်းရင်း ထုံမွှမ်းရင်း အခု လက်ဘက်ရည် တစ်ခွက်လို
သာမာန်သမားရိုးကျ တွေထဲက ခင်ဗျား ဘယ်တုန်းကမှ မတွေးနိုင်ခဲ့တဲ့ အသိတွေ စတင်
မြင်လာနိုင်ပါမယ်။
“အခုအချိန်-အခုနေရာ” ကို နက်နဲအောင်
မစောင့်ကြည့် ထားနိုင်တဲ့သူ အတွက် ကော်ဖီ လက်ဘက်ရည် သောက်ရတာဟာ ဘာမှ
ထူးဆန်း အရေးပါနေတာ မဟုတ်ဘူးရယ်။ ဒါပေမယ့် “အခုအချိန်- အခုနေရာ”ကို
အလေးအနက် မွန်မြတ်အောင် ထားနိုင်သူ (တစ်နည်း) ဘာဝနာ ထုံမွှမ်းထားသူ
အတွက်တော့ ဒီ လက်ဘက်ရည် သောက်ခြင်း အမှုမှာတင်ပဲ တိတ်ဆိတ် အေးချမ်းမှု
ရရှိနေမှာ ဖြစ်ပါတယ်။
...........................
Reading a piece from "The Path of the Mystic"
...........................
With My Beloved Ma, Lin Lin Latt
Re-sharing Older Post
on Friday, November 11st, 2011.
ဇင် အတိုင်း နေထိုင်သူ အတွက် အရာ အားလုံးဟာ လေးနက် နေတယ်။ ဥပမာ- လက်ဘက်ရည် သောက်တာက အစပေါ့။ သူလုပ်ကိုင် သမျှဟာ မြင့်မြတ်ရာ ကျောင်း ပရဝဏ် အတွင်းထဲ အမြဲ ရောက်နေ သလို ဖြူစင် လေးနက် နေတယ်။
မောရှေနဲ့ ပတ်သက်ပြီး အကြောင်းလေး တစ်ခု ရှိခဲ့တယ်။ ပညတ်တော် ဆယ်ပါးကို နာခံ ယူဖို့ ၊ ဘုရားသခင်နဲ့ တွေ့ဖို့ ဆိုပြီး “ရှီနိုင်း” တောင်ပေါ်ကို သူ ရောက်သွားတော့ အဲ့ဒီမှာ အစိမ်းရောင် ခြုံပုတ်လေး တွေ့ရတယ်။ ပြာရောင်လွင်လွင်လေးနဲ့ အတွင်းမှာ မီးညွန့်လေးကို မြင်ရတယ်။ သူလည်း တအံ့တဩနဲ့ အနားကို တိုးသွားကြည့်တယ်။ ခြုံအတွင်းကနေ တစ်စုံတစ်ယောက်က လှမ်းအော်ပါတယ်။ “ဖိနပ်ချွတ်ခဲ့ပါ။ ဒါမြင့်မြတ်တဲ့ မြေဖြစ်ပါတယ်” တဲ့။ ဂျူးဘာသာမှာ အဲ့ဒီ ဖြစ်ရပ်ကို အဓိပ္ပာယ် ဖွင့်ဆိုထားတာက - အဲ့မီးတောက်ကလေးဟာ ဘုရားသခင် ကိုယ်တိုင် ဖြစ်ပါတယ်။ ဘုရားသခင် ကိုယ်တိုင် ဖြစ်တဲ့အတွက် အဲ့မီးတောက် ကလေးဟာ အေးမြနေတယ်။ ဒါကြောင့်ပဲ မီးတောက်ရှိနေရာ ခြုံပုတ် ကလေး မလောင်ကျွမ်း၊ ပြာမကျ သွား ရတာပဲ ဖြစ်တယ် တဲ့။ မောရှေဟာ အမှတ်မဲ့ ဒီနယ်မြေထဲ ဝင်ရောက် လာပေမယ့် ဒီမြေဟာ အမှတ်မထင်ဘဲ မြင့်မြတ် နေခဲ့တယ်။ ဖြူစင်တဲ့ ကျောင်း ပရဝဏ် ဖြစ်ခဲ့တယ်။ ရှင်သန် နေတဲ့ ဘုရားသခင် ရှိနေတယ် မဟုတ်လား။ အဲ့တော့ သူ ဖိနပ်ချွတ်ပြီးမှ ဝင်ရတော့တယ်။
ကျနော့ အနေနဲ့ ဆိုရင် ဒါဟာ သမိုင်းဖြစ်ရပ် တစ်ခု လို့ မထင်ဘူး။ ဒီထက် ပိုသာတဲ့ နိမိတ်ပုံ ဖြစ်ပါတယ်။ ဘုရားသခင် ရှိရာ ဘယ်နေရာ ဘယ်မြေပြင် ဖြစ်နေပါစေ အဲ့နေရာဟာ မြင့်မြတ် နေမှာပဲ။ ဇင် မှာ ဒီအချက်ဟာ အပြည့်အဝ ပျံ့နှံ့ စိမ့်ဝင် နေပါတယ်။ အရာအားလုံး ကို ဒီအမြင်နဲ့ ချဉ်းကပ်တယ်။ ဆိုလိုတာက - လေးနက် ဖြူစင်မှု ရှိရာ နေရာ တိုင်းမှာ ဘုရားသခင် ရှိတယ်။ မြင့်မြတ်မှု ရှိရာ နေရာတိုင်း ဟာ ဘုရားသခင်ရဲ့ နေရာ ဖြစ်တယ်။ ဇင် အတွက် ဒီသဘောဟာ အပြန်အလှန် မလိုအပ်ဘူး။ ဆိုလိုတာက - ဘုရားသခင် ရှိတဲ့ နေရာ မှာမှ မြင့်မြတ်နေတာ မဟုတ်ဘူး။ ဘုရားသခင် ရှိမှ ဖြူစင် လေးနက် မယ့် နေရာ ဖြစ်သွားတာ မဟုတ်ဘူး။ ဘုရားသခင် တည်ရှိနေမှု က အဲ့နေရာ တစ်ခုကို မြင့်မြတ်အောင် လုပ်လိုက် တာ မဟုတ်ဘူး။ ခင်ဗျားက အလေး အနက် ဖြူစင်စွာ နဲ့ ထားလိုက် တဲ့အခါ မှသာ - လေးနက် မြင့်မြတ်တဲ့ နေရာ ဖြစ်သွားတာ။ ခင်ဗျားက တည်ငြိမ် သန့်စင်သွားတဲ့ အခါမှာမှ ဘုရား တစ်ပါး တည်ရှိနေသလို ရုတ်ချည်း ခံစား လိုက်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဇင် အတိုင်း နေထိုင်သူ တွေဟာ မိမိသန္တာန်မှာ လေးနက်သန့်စင်အောင် ထားရင်း အရာအားလုံးကို ဆောင်ရွက်ပြုမူ တယ်။ အခြား ဘုရားသခင် ဝါဒတွေ မှာ အဲ့ဒါ ရှိပါသလား။
တကယ်စင်စစ် ဇင် မှာ ဘယ် ဘုရားသခင် မှ မရှိဘူး။ ဇင်မှာ တကယ် ရှိတာက ခင်ဗျားနဲ့ ခင်ဗျား ရဲ့ စိတ် ပဲ။ ခင်ဗျားရဲ့ စိတ်သာ အခုလက်ရှိ အချိန်မှာ အဖွံ့ထွားဆုံး ၊ အပွင့်လန်းဆုံး တည်ရှိနေတဲ့ ပန်းတစ်ပွင့် ဖြစ်ပါတယ်။ ဒီထက်မက မြင့်မြတ် ပွင့်လန်း သွားနိုင်တယ်။ ခင်ဗျားရဲ့ လက်ရှိ အခု ဘဝတစ်ခုလုံးကို လေးနက်အောင် ခင်ဗျား ဘာသာပဲ ဖန်ဆင်း နိုင်တယ်။
အခု ဒီမှာ လက်ဘက်ရည် လေး တစ်ခွက် ရှိတယ်။ ဒါဟာ ရိုးစင်းတဲ့ သာမာန် ပစ္စည်းလေး ပဲ။ ဒါပေမယ့် မြင့်မြတ်တဲ့ ကျနော် တို့ ဘုရားကျောင်း ပရဝဏ် အတွင်းက လှပတဲ့ သစ်ပင်တွေကြား ကျောင်းသင်္ခမ်းလေးမှာ ဒီလက်ဘက်ရည် တစ်ခွက်ကိုပဲ အလေးအနက် ထား သောက်တတ်ကြတယ်။ ခင်ဗျား ဘုရား ပရဝဏ်ထဲ ဝင်ပြီ ဆိုပါတော့ ။ ခင်ဗျား ဖိနပ်ချွတ်ရတယ်။ ဇင် မှာတော့ “ခင်ဗျား ဖိနပ် ကို ချွတ်ထားခဲ့သလို၊ ခင်ဗျားကိုယ် ခင်ဗျားလည်း ချွတ်ထားခဲ့ပါ” တဲ့။ ဘုရားကျောင်း အတွင်းကို ခင်ဗျားကိုယ် ခင်ဗျား သန့်စင်ပြီး အစွန်းအထင် မရှိ ဝင်ရောက် သွားမယ်။
လက်ဖက်ရည်ဝိုင်း ကို ရောက်တဲ့အခါ ဘယ်သူမှ ဘာမှ မပြောဘဲ ငြိမ်သက်နေတာ တွေ့ရပါလိမ့်မယ်။ သူတို့ အတွင်းမှာ တိတ်ဆိတ်မှုသာ နက်နက် ရှိုင်းရှိုင်း တည်ရှိနေတယ်။ အခြား ဘာမှ မရှိဘူး။ ဇင်တရား ပွားများနေချိန် ထိုင်နည်းမျိုး နဲ့ ထိုင်နေကြတယ်။ Samovar ( လက်ဘက်ရည် ကြမ်း လိုက်ငှဲ့ပေးသူ ) က လက်ဘက်ရည် အတွက် ရေနွေးပြင်တယ်။ ကျနော်တို့ဟာ သူ့ လှုပ်ရှားနေသံကို ဆရာသခင် ဘုန်းတော်ကြီး ရဲ့ မိန့်ကြားချက် စကားသံ လို ငြိမ်ဝပ် နားစိုက် ထောင် နေကြတယ်။ ခင်ဗျား နားထောင် လိုက်ရတဲ့ အသံဟာ ဘာလဲ ၊ ဘာကို ပြောတာလဲ ၊ ဘာ အဓိပ္ပာယ် လဲ ၊ သူ ဘာလုပ်လို့ ထွက်လာတဲ့ အသံလဲ ၊ အဲ့ဒါတွေက အရေးမကြီးဘူး။ ခင်ဗျား ဘယ်လို နားထောင်မှာလဲ ၊ အဲ့ဒါပဲ အရေးကြီး ပါတယ်။ ဇင်ဟာ အခြားအရာ တွေနဲ့ မတူ ကွဲပြား တာက အဲ့ဒါပါ။ ခင်ဗျား ဘာကို နားထောင်နေသလဲ ဆိုတာ မရှိဘူး။ ဘာအဓိပ္ပာယ်လဲ ဆိုတာ မရှိဘူး။ ဘာအဓိပ္ပာယ်လဲ ဆိုတာ ခင်ဗျား ဆီ ဝင်လာပြီ ဆိုတာနဲ့ ခင်ဗျား ဟာ အသံကို ကြားနေတာ မဟုတ်တော့ဘူး။ ခင်ဗျား တွေးသွားတာ။ ဒါ့ကြောင့် ဇင်မှာ ခင်ဗျား ဘယ်လို နားထောင်သလဲ ပဲ ရှိပါတယ်။ ဘယ်သူက ပြောနေတဲ့ အသံလဲ- ဆရာသခင်က ပြောတာလား- အစေခံက ပြောတာလားလို့ ခွဲခြား ခြင်း မရှိဘူး။ အားလုံးဟာ လက်ဘက်ရည် ပြင်ဆင်နေချိန်မှာ တိတ်ဆိတ်စွာ ထိုင်နေကြတယ်။ ဒါပဲ ရှိပါတယ်။
Samovar ရဲ့ လှုပ်ရှားနေသံကို နားထောင် နေစဉ် မှာပဲ လက်ဘက်ခြောက် ဆီက သင်းပျံ့တဲ့ ရနံ့က ဘုရားကျောင်း တစ်ခုလုံး ဖုံးလွှမ်း သွားတယ်။ ခင်ဗျား သုံးဆောင်ဖို့ အဆင်သင့် ဖြစ်ပါပြီ။ ဒါပေမယ့် အရာအားလုံး ဟာ အသေး အမွှား လေးက အစ တိတ်ဆိတ်စွာ ပြောင်းလဲ နေတယ်။ ပိုပြီး တိတ်ဆိတ်တဲ့ ၊ ပိုပြီး မြင့်မြတ်တဲ့ တစ်စုံတစ်ခု ဆီကို ဦးတည် ပြောင်းလဲ သွား နေတယ်။ အဲ့ဒါ တွေးတောလို့ ရတဲ့ စိတ်ကူး မဟုတ်ပါဘူး။ ခင်ဗျား ခံစား သိရမယ့် အရာသာ ဖြစ်ပါတယ်။ လက်ဘက်ရည် သယ်လာတဲ့ အမျိုးသမီးလေး က ခင်ဗျား ဆီ ရောက်လာမယ်။ လက်ဘက်ရည် ငှဲ့ပေးမယ်။ ရေနွေးကရား ကနေ ခင်ဗျားရဲ့ လက်ဘက်ရည်ခွက် ထဲ လောင်းကျသွားတဲ့ အသံ၊ ပြီးတော့ ခင်ဗျား ရင်ထဲက ငြိမ်းနေတဲ့ တိတ်ဆိတ်မှု၊ လက်ဘက်ရည် ရဲ့ သင်းရနံ့ ၊ ဒါတွေ အကုန်လုံးဟာ ကိုယ်ပိုင် မှော်ဝင် ပစ္စည်းတွေ အဖြစ် ပုံပြောင်းနေပါတယ်။
ဘယ်သူမှ ဘယ်စကားမှ ပြောမနေကြဘူး ဆိုတာ ခင်ဗျား တွေ့မယ်။ လက်ဘက်ရည်ခွက် ကို တည်ငြိမ်စွာ မ-ယူပြီး တစ်စစ်ချင်း တစ်စစ်ချင်း ၊ တစ်ခဏတိုင်း တစ်ခဏ တိုင်း စုပ်ယူမယ်။ အဲ့ဒီ အတွင်းမှာ လက်ဘက်ရည်ရဲ့ အရသာကို သိမှတ်နေတယ် ။ ပြင်ပ ကမ္ဘာ လောက ဆိုတာ မရှိဘူး၊ အဲ့ဒီ အာရုံသာ တစ်ခဏချင်း ဖြစ်လိုက် ၊ ဖြစ်လိုက် ( သို့မဟုတ် ) ပျက်လိုက် ၊ ပျက်လိုက် အဲ့အပေါ် သိမှတ်မှုသာ ရှိတယ်။ အဲ့သိမှတ်မှု အပေါ်မှာသာ ခင်ဗျားရဲ့ ဖြစ်တည်ချက် တစ်ခုလုံး ရပ်တည် ငြိမ်သက်နေတယ်။ ဒါဟာ ရူးသွပ်မှု တစ်ရပ် ဟုတ်ပါသလား။ ကမ္ဘာ တစ်ခွင်လုံးမှာ လူတွေ ကော်ဖီ၊ လက်ဘက်ရည် သောက်ကြတာပဲ မထူးဆန်းဘူး မဟုတ်လား။ ဒါပေမယ့် ဒီမထူးဆန်းတဲ့ သမားရိုးကျ ဖြစ်စဉ်လေး ကို လေးနက် တည်ငြိမ်မှု အဖြစ် ဘာလို့ မပြောင်းလဲ နိုင်ခဲ့ကြသလဲ။
လက်ဘက်ရည် သောက်ပြီးပြီ။ သူတို့အားလုံး က အမျိုးသမီးလေး ဆီကို ဦးညွှတ် အရိုအသေ ပေးလိုက်တယ်။ အဲ့ဒီနောက် ဖြေးဖြေး ညှင်းညှင်း- ဘယ်အသံ၊ ဘယ်စကားမှ မပြောဘဲ တိတ်တဆိတ်ပဲ ထွက်ခွာ သွားကြတယ်။ ဇင်ဟာ လေးနက် ထူးခြား တဲ့ အတွေ့အသိ ခံစားချက် အတွက် သာမာန် သမားရိုးကျ ဝတ္ထုတွေ ကို အသွင် ပြောင်းလဲယူပစ် ပါတယ်။ တကယ်သာ ဇင်ဆရာ တစ်ဦးနဲ့ ခင်ဗျား အတူ လက်ဘက်ရည် သောက်ကြည့် ခဲ့ဖူးရင် အမြဲ အမှတ်ရကောင်း ရနေလိမ့်မယ်။
အဲ့ဒါဆို ခင်ဗျားက ပြောမယ်။ ဒါဟာ ပွဲတစ်ခု လို လုပ်နေတာကိုး၊ အပြင် လက်ဘက်ရည် ဆိုင်မှာ၊ ကော်ဖီ ဆိုင်မှာမှ မဟုတ်ဘဲကိုး၊ နောက်ပြီး နေရာ ကလည်း ဘုရားကျောင်းထဲမှာ မို့လို့ကိုး လို့ ပြောနိုင်ပါတယ်။ - ဒီ လက်ဘက်ရည်ဆိုင် ၊ ကော်ဖီဆိုင်၊ ပွဲ၊ ဘုရားကျောင်း ဆိုတာတွေဟာ သင်္ကေတ ( Symbol ) တွေပါ။ ခင်ဗျားရဲ့ ဘဝ တစ်လျောက်လုံးမှာ နာရီသံ တစ်ချက်ချက် နဲ့ လက်တံတွေ တစ်ပါတ်ပြီး တစ်ပါတ် လည်နေမှာ။ အဲ့အတွင်းက အခုအချိန်၊ အခုနေရာလေး ကသာ ခင်ဗျားရဲ့ မြင့်မြတ်တဲ့ ဘုရားကျောင်း ဖြစ်နေတာပါ ။ မြင့်မြတ်တဲ့ ကျောင်းပရဝဏ် ဖြစ်နေတာ ။ အဲ့အခါ ခင်ဗျားရဲ့ လှုပ်ရှားမှု၊ သိမှုတိုင်းဟာ လေးနက်နေမယ်။ သာမာန် အတွက်တော့ ယုတ်နိမ့်တယ်လို့ ခေါ်မယ့် နေရာကို ရောက်နေရင်လည်း ခင်ဗျား အတွက်၊ ခင်ဗျားကိုယ် ခင်ဗျား မြင့်မြတ်နေနိုင်ပါတယ်။ ဆိုလိုတာက ခင်ဗျား ဘယ်နေရာ ရောက်နေနေ ၊ ခင်ဗျားရဲ့ သန္တာန်ဟာ တည်ငြိမ် တိတ်ဆိတ်နေရင် သန့်စင် မြင့်မြတ်တဲ့ မြေမှာ ခင်ဗျား ရောက်နေတာပဲ ဖြစ်ပါတယ်။ ဇင်မှာ ဒါကို မှတ်သား ထားဖို့ လိုပါတယ်။
ဒါပေမယ့် မှတ်သားမှု သက်သက်ဟာ ခင်ဗျားကို ဘာမှ အကူအညီ မပေးနိုင်ဘူး။ တကယ် ထောက်ပံ့ ကူညီပေးနိုင်တာက ဘာဝနာ ပါ။ ဘာဝနာ သာ မရှိရင် ခင်ဗျားရဲ့ စိတ်နဲ့ ကိုယ်က သာမာန် အတွေးတွေနဲ့ ပြုပြင် အလုပ်လုပ်နေဦးမှာ။ တွေးခေါ် စိတ်ကူးပြီး ပုံရိပ်တွေ ဖန်ဆင်း နေဦးမှာ။ အဲ့ဒါတွေနဲ့ ခင်ဗျားဟာ အတွင်းသားကို ဘယ်တော့မှ မရောက်ဘဲ အပေါ်ယံမှာတင် ဝေ့နေဦးမှာ ဖြစ်ပါတယ်။
ဘာဝနာ ကတော့ ခင်ဗျားကို ဟိုးအနက်ရှိုင်းဆုံး ထိ ခေါ်ဆောင် သွားလိမ့်မယ်။ ဘာဝနာကို ခင်ဗျား တခဏလုပ်ကြည့်ရင် အဲ့တစ်ခဏစာ မြင့်မြတ် နက်ရှိုင်းရာကို ရောက်ပါမယ်။ နှစ်ဆယ့်လေးနာရီ ပတ်လုံး ပွားများရင် အဲ့ဒီ နှစ်ဆယ့်လေးနာရီ ပတ်လုံး မြင့်မြတ်လေးနက် နေလိမ့်မယ်။ အဲ့လို မြင့်မြတ်လေးနက် နေဖို့ အခြား ဆုတောင်းတွေ လိုပါသလား။ ဘယ်ဟာကို ဆုတောင်းမှာလဲ၊ ဘယ်သူ့ဆီက တောင်းမှာလဲ။ စင်စစ် ဘာဝနာ နဲ့ ထုံမွှမ်းထားတဲ့ ခင်ဗျားရဲ့ တစ်နေ့တာ ဟာ မြင့်မြတ်တဲ့ ဘုံဘဝ တစ်ရက်စာ ဖြစ်ပါတယ်။ ဒါဟာ ဘာဝနာ နဲ့ပဲ ရယူတယ်။ ဆုတောင်းနဲ့ ယူလို့ မရပါဘူး။ ဘာဝနာနဲ့ ထုံမွှမ်းရင်း ထုံမွှမ်းရင်း အခု လက်ဘက်ရည် တစ်ခွက်လို သာမာန်သမားရိုးကျ တွေထဲက ခင်ဗျား ဘယ်တုန်းကမှ မတွေးနိုင်ခဲ့တဲ့ အသိတွေ စတင် မြင်လာနိုင်ပါမယ်။
“အခုအချိန်-အခုနေရာ” ကို နက်နဲအောင် မစောင့်ကြည့် ထားနိုင်တဲ့သူ အတွက် ကော်ဖီ လက်ဘက်ရည် သောက်ရတာဟာ ဘာမှ ထူးဆန်း အရေးပါနေတာ မဟုတ်ဘူးရယ်။ ဒါပေမယ့် “အခုအချိန်- အခုနေရာ”ကို အလေးအနက် မွန်မြတ်အောင် ထားနိုင်သူ (တစ်နည်း) ဘာဝနာ ထုံမွှမ်းထားသူ အတွက်တော့ ဒီ လက်ဘက်ရည် သောက်ခြင်း အမှုမှာတင်ပဲ တိတ်ဆိတ် အေးချမ်းမှု ရရှိနေမှာ ဖြစ်ပါတယ်။
...........................
Reading a piece from "The Path of the Mystic"
...........................
With My Beloved Ma, Lin Lin Latt
Re-sharing Older Post
on Friday, November 11st, 2011.
No comments:
Post a Comment