MYMC - MYMHOT |
Posted: 21 Dec 2013 07:03 PM PST
ကျွန်တော်တို့ အသုံးပြုနေတဲ့ Antibacterial Soap တွေက တစ်ကယ်ကိုပဲ အကျိုး ရှိသလား။ ဆိုးကျိုး တွေကော မရှိနိုင် ဘူးလား။ FDA ကတော့ antibacterial soap ထုတ်တဲ့ လုပ်ငန်းရှင်တွေကို သက်သေပြဖို့ တောင်းဆို လိုက်ပါပြီ။
မကြာသေး
ခင်ကပဲ FDA (Food and Drug Administration)က ဒီလို antibacterial soap
ထုတ်တဲ့ လုပ်ငန်းရှင် တွေကို သူတို့ရဲ့ ထုတ်ကုန် တွေဖြစ်တဲ့ antibacterial
soap တွေနဲ့ ကိုယ်တိုက် ဆပ်ပြာရည် တွေဟာ တစ်ကယ်ကိုပဲ သာမန် ဆပ်ပြာ တွေထက်
လူတွေကို ပိုအကျိုးပြု တယ်ဆိုတာ သက်သေ ပြဖို့ တောင်းဆို လိုက်ပါတယ်။
ဒါပေမယ့် ဒီ antibacterial soap ထုတ်တဲ့ လုပ်ငန်းရှင် တွေဟာ
သက်သေပြနိုင်ပါ့ မလား? FDA ရဲ့ တောင်းဆိုချက် အရ လုပ်ငန်းရှင်တွေ ပြုလုပ်
ရမယ့် အရာကတော့ သူတို့ရဲ့ antibacterial ထုတ်ကုန် တွေဟာ ဖျားနာခြင်း တွေနဲ့
ရောဂါပိုး ကူးစက်မှု တွေကို အမှန်တစ်ကယ် လျော့ချ ရပ်တန့် ပေးနိုင် ပါတယ်
ဆိုတာကို သက်သေပြ ရမှာပါ။ ဒီနေရာမှာ ပြဿနာ ကတော့ သူတို့ တွေဟာ တစ်ကယ်
အဲလောက် အစွမ်း မထက် ကြပါဘူး။ ဒီလို antibacterial ထုတ်ကုန် တွေနဲ့
ပတ်သက်ပြီး အငြင်းပွားမှု တွေဟာ နှစ်တွေ ကြာလှပြီ ဖြစ်ပြီး အမေရိကန် နိုင်ငံ
တွင်းမှာ ရောင်းချတဲ့ ဆပ်ပြာတွေရဲ့ ငါးဆယ် ရာခိုင်နှုန်းက ရောဂါပိုးမွှား
ကာကွယ်နိုင် တဲ့ ပစ္စည်းတွေ (antimicrobial agents) တွေပါရှိ တယ်လို့
ကြော်ငြာ ထားကြ ပါတယ်။ ဒါပေမယ့် Americal Medical Association (AMA)
ရဲ့အဆို အရတော့ ဒီလို ထုတ်ကုန် တွေဟာ တစ်ကယ် antibacterial agents
တွေပါသည့် တိုင်အောင် လူတွေ အနေနဲ့ သုံးဖို့ မလိုအပ် ဘူးလို့ ဆိုပါတယ်။
AMA
ကတော့ ဒီ antibacterial soap တွေဟာ လူတွေကို အကျိုးဖြစ်စေ တာထက် ဆိုးကျိုး
တွေက ပိုများပါ တယ်လို့ ပြောထား ပါတယ်။ ဆိုး ကျိုး တွေထဲက တစ်ချက် ကတော့
ဒီလို ထုတ်ကုန် တွေဟာ bacterial တွေကို သတ်ပစ် တာထက် သူတို့ကို ပိုမို
သန်မာလာပြီး လက်ရှိ အသုံး ပြုနေတဲ့ germ killers တွေကို ခံနိုင်ရည် ရှိလာစေ
လို့ပါပဲ။ ကျွန်တော့် အနေနဲ့ ကိုယ်ပိုင် ထင်မြင်ချက် တစ်ခု ပေးရရင်
ဒီအဆိုဟာ ဖြစ်နိုင်ချေ အများကြီး ရှိပါတယ်။ ဒီ antibacterial soap တွေဟာ
လူတိုင်း အသုံးပြု လို့ရအောင်၊ အရေပြား တိုင်းအတွက် တည့်အောင် စီမံ ထားတဲ့
အတွက် သူတို့ထဲ မှာပါတဲ့ ဆေးပမာဏဟာ လွန်စွာ နည်းနိုင်ပြီး bacteria တွေကို
သေစေ နိုင်တဲ့ အဆင့်ထိ မရောက်စေဘဲ တဖြည်းဖြည်း ယဉ်ပါး လာစေလို့ ထင်ပါတယ်။
နောက်ထပ် AMA ရဲ့တွေ့ရှိ ချက်အရတော့ ဒီလို ဆပ်ပြာ တွေမှာ ပါတဲ့ active
ingredients ဖြစ်တဲ့ triclosan ( a pesticide - ပိုးသတ်ဆေး) လိုမျိုး
အရာတွေက သင့်ရဲ့ သဘာဝ အလျှောက် ထွက်ရှိတဲ့ ဟော်မုန်းတွေ အပေါ် ဆိုးရွားတဲ့
သက်ရောက် မှုတွေ ရှိစေ ပါတယ်လို့ ဆိုထားပါတယ်။ နောက်ပြီးတော့ ဒီဆပ်ပြာတွေဟာ
သင့်ကို ကင်ဆာ ဖြစ်စေမယ့် အရာတွေမှ သဘာဝ အလျှောက် ကာကွယ်ပေးတဲ့ စနစ်တွေ
(natural defense system) တွေကိုလည်း ပျက်စီးစေ တယ်လို့ ဆိုပါတယ်။ Tufts
University က microbiologist ဖြစ်တဲ့ Stuart Levy ပြောကြားချက် အရ
ဖျားနာမှု အများဆုံးဟာ germs တွေနဲ့ viruses တွေကြောင့် ဖြစ်တာ ဖြစ်ပြီး
bacteria တွေကြောင့် မဟုတ်ပါဘူး။ ဒါဟာ ဘာကို ဆိုလိုသလဲ ဆိုတော့
antibacterial soap တွေဟာ သာမန်ဆပ်ပြာ တစ်ခုထက် ထူးထူးခြားခြား
သာလွန်ကောင်း မွန်ခြင်း မရှိပါဘူးလို့ သူက ဆက်ပြော ထားပါသေးတယ်။ ဒါကြောင့်
သင်လက်ဆေး တဲ့အခါမှာ antibacterial ဆပ်ပြာဖြစ်လို့ ယုံကြည်ပြီး ပြီး စလွယ်
ဆေးမယ့် အစား သာမန် ဆပ်ပြာတစ်ခုနဲ့ စက္ကန့် နှစ်ဆယ်ခန့် စနစ်တကျ
ဆေးကြောခြင်းက ပိုမို ထိရောက်မှု ရှိမှာပါ။ လက်ကိုဘယ် လို စနစ်တကျ
ဆေးကြောရမယ် ဆိုတာ ကတော့ အောက်မှာ ဖော်ပြပေး ထားပါတယ်။
Images from huffpost, menshealth. Source: menshealth.com
AuthorWai Yan |
Posted: 21 Dec 2013 02:52 AM PST
ကျွန်တော်တို့ရဲ့
အင်္ကျီ တွေဟာ အရောင် ရှိတဲ့ အရည်နဲ့ ပဲဖြစ်ဖြစ် ထိမိရင် ပြန်ချွတ် မရတာက
ပိုများပါတယ်။ အဲဒီလို ပြဿနာ မျိုးတွေကို မျက်ကွယ် ပြုနိုင်မယ့် အင်္ကျီ
တစ်မျိုး ပေါ်လာပါပြီ။
ဒီအင်္ကျီ
နာမည် ကတော့ Silic လို့ခေါ် ပါတယ်။ ဒီအင်္ကျီကို တီထွင်သူ ကတော့ Aamir Patel
ဖြစ်ပြီး အင်္ကျီ ဒီဇိုင်းပိုင်း ကိုတော့ Vera Wang Collection ကဒီဇိုင်နာ
တစ်ဦးက ကူညီပေး ထားပါတယ်။ ဒီအင်္ကျီရဲ့ နာမည် Silic ဟာ သူရဲ့ အင်္ကျီ ဖွဲ့စည်း
ပုံကို မူတည်ပြီး ပေးထားတာ ဖြစ် ပါတယ်။ အင်္ကျီ အခြေခံ အသား Fabric ကို
Superhydrophobic nanotechnology ကိုသုံးထားတဲ့ Silica အပိုင်းအစ
ပေါင်းများစွာက ကာ ပေးထားတဲ့ အပေါ် မူတည်ပြီး Silic လို့နာမည်တွင် ခဲ့ပါတယ်။
ဒီအင်္ကျီ နည်းပညာရဲ့ ရည်ရွယ်ချက် ကတော့ Silica အပိုင်းအစ လေးတွေ က Fabric
အသားနဲ့ အင်္ကျီ ကိုလာထိတဲ့ အရည်တွေရဲ့ မော်လီကျူး တွေကြားမှာ လေနယ် တစ်ခု
ဖြစ်စေပြီး အရည်မှန် သမျှကို ၁၅၀ ဒီဂရီ ရှိတဲ့ အလုံးအ၀ိုင်းများ အနေနဲ့
အင်္ကျီ ပေါ်ကနေ ကျစေခြင်း အားဖြင့် အင်္ကျီပေါ် အစွန်းအထင်းတွေ ဖြစ်တာကို
ကာကွယ်ပေးခြင်း ဖြစ်ပါတယ်။ သူ့ရဲ့ အစွမ်းကတော့ ဒါတင် မကပါဘူး။ ချွေးထွက်တဲ့
အချိန်မှာလဲ Fabric အသားကို မထိစေဘဲ လေထဲကို တိုက်ရိုက် အငွေ့ပျံ သွားစေ
ပါတယ်။
အဲဒီလို
အစွမ်းတွေ အပြင် နောက်ကောင်းတဲ့ အချက် တစ်ချက် ကတော့ သူ့ရဲ့ အင်္ကျီ မှာပါတဲ့
ပါဝင်ပစ္စည်း တွေဟာ လူတွေရဲ့ ကျန်းမာရေး အတွက် မထိခိုက် စေပါဘူး။ ပြီးတော့
ဒီ Silic အင်္ကျီ တွေဟာ လက်လျှော်ရော၊ စက်လျှော်ရော ရပါတယ်။ အရောင်
အမျိုးမျိုးနဲ့ ကြိုက်သလို ရောလျှော်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ကို
လျှော်ရင် သတိထား ရမှာ တွေတော့ ရှိပါတယ်။ လျှော်ရင် Fabric Softener
Machine တွေ မသုံးသင့် သလို၊ အစွန်းချွတ် ရည်တွေ နဲ့လည်း မလျှော်
သင့်ပါဘူး။ မီးပူနဲ့ မတိုက်သင့် သလို လေပူ လေအေးနဲ့ လုံးဝ တစ်ခါတည်း ခြောက်
သွားအောင် လုပ်သွား တာမျိုးလည်း မလုပ်သင့် ပါဘူး။ သတိထား ရမှာက အနည်းဆုံး
သုံးခါ လျှော်ပြီးတိုင်း စက်နဲ့ အပူချိန် နည်းနည်း သုံးပြီး အခြောက်ခံ
တာမျိုး လုပ်ခြင်းအားဖြင့် အင်္ကျီရဲ့ အစွမ်းကို ကြာရှည်ခံ စေမယ် ဆိုပေမယ့်
အင်္ကျီရဲ့ အစွမ်း သက်တမ်း ကတော့ အခါ ၈၀ခန့် လျှော်ပြီး တာနဲ့ ရှိတော့မှာ
မဟုတ်ပါဘူး။ နောက်တစ်ခု အားနည်းချက်လို့ ယူဆရမယ့် အချက်ကတော့ အရောင်ပါပဲ။
ဒီအင်္ကျီဟာ အဖြူနဲ့ အမဲ အရောင်ပဲ ရနိုင် ပါလိမ့်မယ်။
လာမယ့်
မေလ ရောက်မှ အမှာ လက်ခံမှာ ဖြစ်ပေမယ့် အခုအချိန် မှာတောင် စိတ်ဝင်စားတဲ့
လုပ်ငန်းရှင်တွေ မနည်းပါဘူး။ ထောက်ပံ့တဲ့သူ တွေလည်း များပါတယ်။ ဆန်းကြယ်တဲ့
Project တွေကို မိတ်ဆက်ပေးတဲ့ နေရာဖြစ်တဲ့ Kickstarter မှာ ဒီအင်္ကျီ Project
ဟာ ပထမ ရည် မှန်းထားတဲ့ ထောက်ပံ့ငွေ ဒေါ်လာ နှစ်သောင်းရဲ့ သုံးဆ
ဒေါ်လာခြောက်သောင်း ရသည် အထိ အောင်မြင်မှု ရနေပါတယ်။ အဲဒါကြောင့် စိတ်
ဝင်စားဖွယ် အရည်အချင်းတွေ ပိုင်ဆိုင်နေတဲ့ ဒီ Silic အင်္ကျီလေးကို လာမယ့်
နှစ်သစ်မှာ စောင့်မျှော် ထားသင့်တဲ့ အရာတစ်ခု အဖြစ် သတင်း ကောင်းပါးရင်း
နိဂုံးချုပ် အပ်ပါသည်။
Images from thejournal, mshcdn, mensfitness. Source: mashable.com, kickstarter.com
AuthorPaing Hmu Ko |
Posted: 21 Dec 2013 02:23 AM PST
မနေ့ကပဲ
Facebook က Autoplay video ads တွေအကြောင်း တင်ပြခဲ့ ပါတယ်။ စိတ်ရှုပ် စရာ
ကောင်းတဲ့ Facebook ရဲ့ Autoplay video ads တွေကို ဘယ်လို block လုပ်လို့
ရသလဲ ကြည့်ရအောင်။
ခုဒီမှာ
ဖော်ပြထား တာကတော့ လူမှု ကွန်ယက်ကို အဆက် ဖြတ်ပစ် စရာ မလိုဘဲ ဆက်သုံး
ပျော်အောင် ဘယ်လို လုပ်ရမလဲ ဆိုတာပါပဲ။ ဒါကို မပြောခင် Autoplay video ad
ထည့်ဖို့ကို စဉ်းစား လိုက်တာက တော်တော် ဆိုးရွားတယ် ဆိုတာ ပါပဲ။ Mailbox
ထဲက junk mail တွေထက် သာမကပဲ ပြတင်းပေါက်က မြင်ကွင်းလေး ကြည့်ရှု ခံစား
ချင်တဲ့ အချိန် မှာမှ သက်ဝင် လှုပ်ရှားလာတဲ့ Vegas က ကြော်ငြာ
ဆိုင်းဘုတ်ကြီး ပြတင်းပေါက်ရှေ့ လာထောင်ထား သလိုပဲ ဖြစ်နေ တော့တာ။ အိတ်ထဲက
တစ်ပြားမှ မသုံးရဘဲ အလကားရတဲ့ ဝန်ဆောင်မှုကို ဆက်သုံး ရ ဖို့အတွက် ပေးဆပ်
လိုက်ရတဲ့ တန်ဖိုးတော့ မဖြစ်သင့် ပါဘူး။ ပြီးတော့ ကုမ္ပဏီက သန်းပေါင်း
များစွာသော အသုံးပြု သူတွေ ရရှိ ပြီးမှ လူ တွေကို ဒါမျိုးတော့ မလုပ်သင့်
တာပါ။ ဒါကို မြှားခေါ် တယ်လို့ ခေါ်ရမှာပါ။ အလကား ပေးသုံးပြီး လူတိုင်းက
သုံးလို့ ကောင်းနေတဲ့ အချိန်ကျ မှ ရင်းနှီး မြှုပ်နှံသူ တွေရဲ့
စိတ်ကူးတွေကို လူတွေထဲကို လှည့်ထည့် ပေးလိုက် သလိုပါပဲ။ Facebook ကိုဒီ
လိုမျိုးတော့ သွားမပြော လိုက်နဲ့ ပေါ့။ Facebook ကတော့ နှစ်ဖက် ချွန်လို
ပြောနေလေရဲ့။ ဒီဗီဒီယို ကြော်ငြာ တွေက ကြော်ငြာသူ တွေအတွက် ပိုမို
ပြည့်စုံတဲ့ ဇာတ်လမ်း ပုံ ဖော်မှု တစ်ခုလို့ ညွှန်းဆို နေပါတယ်။ "မကြည့်ရင်
မနေနိုင် လောက်အောင် ဖြစ်ရတဲ့ အရုပ်၊ အသံ၊ လှုပ် ရှားမှု တွေက ဈေးကွက်
ရှာတဲ့ လှုပ်ရှားမှု တွေရဲ့ အနှစ်ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် တံဆိပ် တစ်ခု
လူသိပြီးပြီး အချိန်တို အတွင်း သတိထား မိစေချင် ရင်ပေါ့။ ထုတ်ကုန် အသစ် ကို
မိတ်ဆက်ချင် တာကစပြီး ရှိပြီးသား ထုတ်ကုန် တွေရဲ့ လူထု ခံစားမှု အမြင်ကို
ပြောင်းလဲ ချင်ရင် ဗီဒီယို ပုံစံက အထိရောက်ဆုံး ဖြစ်ချင် တဲ့ ဈေးကွက်ရှာ
သူတွေ အတွက် သာမက News Feeds ပေါ်မှာ ပိုမို ကောင်းမွန်တာ တွေကို ရှာဖွေ
တွေ့ရှိချင် သူတွေ အတွက်လည်း အကောင်း ဆုံး ဖြစ်ပါတယ်။" လို့ Facebook blog
မှာ ဖော်ပြ ထားပါတယ်။
မကြည့်ရင်
မနေနိုင် လောက်အောင် ဖြစ်ရတဲ့ အရုပ်၊ အသံ၊ လှုပ်ရှားမှု တွေနဲ့ ပတ်သက်ပြီး
ဘာမှ ပြဿနာ မရှိပါဘူး။ Old Spice ရဲ့ "The Man Your Man Could Smell Like"
ကြော်ငြာ တွေကို YouTube မှာကြည့်ဖူးတာ ဘယ်နှခါ မှန်းတောင် မသိတော့ ပါဘူး။
ဆန်းဆန်းပြားပြား ပရိယာယ် သုံးပြီး ညစ်ညမ်းမှု မပါဘဲ လူသိစေတဲ့ ကြော်ငြာ
တွေကို ကြည့်ပျော် ပါတယ်။ ဒါပေမယ့် ကြော်ငြာ ဝင်တဲ့ နည်းလမ်း တွေက လူကို
အကူအညီ ဖြစ်စေ၊ စိတ်ပျော်စေတဲ့ အခြေအနေ ကနေ ထွင်းဖောက် ဝင်ရောက်လာ တဲ့အထိ
ဖြစ်လာ ကြပါတယ်။ ဗီဒီယို ကြော်ငြာ တွေကို အလိုလို ပြနေတဲ့ website တွေက
လူတွေထဲကို ထွင်းဖောက် ဝင်ရောက်လာတဲ့ အခြေအနေ ထဲမှာ ပါပါတယ်။ Mobile phone
မှာပဲ ဖြစ်ဖြစ် Desktop မှာပဲ ဖြစ်ဖြစ် Facebook News Feed ကို scroll
လုပ်သွား လိုက်ရင် ဒီဗီဒီယို ကြော်ငြာတွေ အလိုလို လှုပ်ရှား လာကြမှာ
ဖြစ်ပါတယ်။ တစ်ခု ကောင်းတာက အသံမပါ တာပါပဲ။ ကြားချင် ရင်တော့ အသံဖွင့် ရမှာ
ဖြစ်ပါတယ်။ Facebook ပေါ်မှာ မိတ်ဆွေ တွေနဲ့ share လုပ်တဲ့ video တွေလို
ပဲပေါ့။ နောက်ကောင်း တာလေး တစ်ခုကတော့ mobile devices (phones, tablets)
တွေနဲ့ သုံးတဲ့အခါ WiFi နဲ့ synchronize မလုပ်ထား သရွေ့ ကြော်ငြာတွေ ပါဝင်
လာမှာ မဟုတ်ပါဘူး။ Data usage ကိုစိုးရိမ် နေဖို့ မလိုတော့ ဘူးပေါ့။ ဒါတွေက
အရေး ကြီးတယ် ဆိုပေမယ့် အမြင်အာရုံ နှောင့်ယှက်ခြင်း ဟာလည်း အာရုံနောက်
တာပါပဲ။
တခြား
နည်းလမ်းတွေ သုံးပြီး block လုပ်လို့တော့ ရပါတယ်။ စနစ် မျိုးစုံနဲ့
သုံးလို့ ရတဲ့ AdBlock လိုမျိုး multi-platform blocker တွေသုံးပြီး လုံးဝ
ဖျောက်ပစ်လို့တော့ မရပါဘူး။ ဒါပေမယ့် သူ့အလိုလို လှုပ်ရှား မလာအောင်တော့
လုပ်လို့ ရပါတယ်။ ဒီတိုင်းဆို Flash-based ဖြစ်လို့ browser ထဲမှာ Flash
blocker တော့လိုပါတယ်။ Safari မှာဆို ClickToFlash သုံးလို့ ရပါတယ်။ Free
plugin ဖြစ်ပြီး Flash content တွေကို အပေါ်က ဖုံးထား သလို လုပ်လိုက်မှာ
ဖြစ်ပြီး သုံးစွဲ သူက မစမချင်း ဒီတိုင်း ဖုံးကွယ် ပေးထားမှာ ဖြစ်ပါတယ်။
Chrome မှာတော့ FlashBlock ကိုသုံးလို့ ရပါတယ်။ Firefox, Chrome, Android,
Opera, Internet Explorer တို့နဲ့ သုံးလို့ ရပြီး Safari အတွက် မရသေးတဲ့
AdBlock Plus က tab-based Flash ဒါမှမဟုတ် Java blocking တွေကို ပံ့ပိုး
ပေးပြီး လက်ရှိ ရေးသားနေဆဲ ဖြစ်ပါတယ်။ ClickToFlash ကိုကြိုက်ရတဲ့ အ
ကြောင်းရင်း ကတော့ လုံးဝ ဖြုတ်ပစ် လိုက်တာ မဟုတ်ဘဲ ရပ်တန့် သွားအောင်
လုပ်နိုင်တာမို့ အိမ်နီးချင်းရဲ့ အငြိမ် မနေတဲ့ poodle ခွေးက လေးကို
ရပ်တန့် ရောင်ခြည်နဲ့ ပစ်လိုက် သလို ရပ်နေ လို့ပါပဲ။ Facebook ရဲ့ ဗီဒီယို
ကြော်ငြာ တွေက HTML5 ကိုပံ့ပိုး ပေးတာဖြစ်လို့ ကြော် ငြာရဲ့ HTML5 snapshot
ကိုမြင်တာနဲ့ ကြည့်ချင်ရင် click လုပ်နိုင်ပြီး Flash version နဲ့ load
လုပ်ချင် ရင်တော့ right click နဲ့ load လုပ်လို့ ရပါတယ်။ မီးခိုးရောင်
ကန့်လန့်ကာလို ဖုံးထား ပေးတာမျိုး မလုပ်ဘဲ တစ်ခါတည်း အားလုံးကို block
လုပ်ချင်တယ် ဆိုရင်တော့ ClickToFlash မှာ HTML5 fallback ကို disable
လုပ်ပေး နိုင်ပါတယ်။ ဘယ်လိုပဲ လုပ်လုပ် ကြော်ငြာက ရပ်နေမှာ ဖြစ်ပြီး
လှုပ်ရှားမှုကို ကိုယ်တိုင် ထိန်းချုပ် နိုင်မှာ ဖြစ်ပါတယ်။ Facebook ရဲ့
ကြော်ငြာ ဖျောက်တဲ့ အကြံပေးချက် ကတော့ ကြော်ငြာကျော် သွားအောင် scroll
လုပ်လိုက် ပါတဲ့။ ဒါက တော့ လူတိုင်း သိတာပေါ့။ ခုနက ဖော်ပြထားတဲ့ plugin
တွေသာ မရှိဘူးဆို Facebook ကို နှုတ်ဆက်ကြ ရတော့မှာပဲ ဖြစ်ပါတယ်။ ကိုယ်
ကြည့်ချင် တာတွေပဲ ကြည့်နိုင်ဖို့ ထိန်းချုပ် ချင်တယ် ဆိုရင်တော့
ဖော်ပြထားတဲ့ ကိရိယာ တွေကို အသုံးပြု နိုင်ပါတယ်။
Images from gawkerassets, thetechblock, , insidefacebook, readwrite. Source: techland.time.com
AuthorTornado |
No comments:
Post a Comment