MYMC - MYMHOT |
Posted: 20 Dec 2013 06:41 AM PST
Facebook က သင်ရေး လိုက်ပေမယ့် မတင် ဖြစ်လိုက်တာ တွေကို ခြေရာခံ တတ်တယ် ဆိုတာကို သိပါ သလား။ MYM HOT မှာဖတ်ကြည့် လိုက်ရအောင်။
Facebook
ကသင်ပြော ချင်ပြီး မပြော လိုက်တာ တွေကို စောင့်ကြည့် နေပါတယ်။ Facebook
ကသင့် အကြောင်း အကုန်လုံး နီးပါးကို သိနေ တာပါ။
ရိုက်လိုက်ပြီး "Enter" မနှိပ်ဖြစ် လိုက်တာတွေ အပါအဝင်ပေါ့။ ဒါပေမယ့် အရမ်း ကြောက်လန့် မသွားခင် သိထား သင့်တာက ရိုက် လိုက်ပြီး မတင်ဖြစ် လိုက်တာ တွေကို သိမ်းမထား ပါဘူး ဆိုတာပါပဲ။ ခုထိတော့ Facebook ကမတင် ဖြစ်လိုက်တဲ့ အတွေးတွေနဲ့ ပတ်သက် တဲ့ ယေဘူယျ ပုံစံတွေကို စောင့်ကြည့် နေတာ သက်သက်ပါ။ သူတို့ကတော့ ဒါကို "မိမိဘာသာ တည်းဖြတ်ခြင်း" (self-censorship) လို့ ခေါ်ပါ တယ်။ Carnegie Mellon တက္ကသိုလ်မှ Ph.D. ကျောင်းသား ဖြစ်ပြီး နွေကျောင်း ပိတ်ချိန်မှာ Facebook မှာအလုပ်သင် လုပ်နေတဲ့ Sauvik Das နဲ့ Facebook ရဲ့ data scientist Adam Kramer တို့က ဒီလူမှုရေး ကွန်ယက်က အထက်ပါ မတင်ဖြစ် လိုက်တာတွေကို ဘယ် လို စောင့်ကြည့်တယ် ဆိုတာကို သိပ်မ ကြာသေး မီက ထုတ်ပြန်လိုက်တဲ့ Slate reports ဆိုတဲ့ စာစောင်မှာ မျှဝေ ဖော်ပြထား ပါတယ်။ သူတို့ ရဲ့ လေ့လာမှုကို online မှာအပြည့်အစုံ ရယူနိုင် ပါတယ်။ အင်္ဂလိပ် ဘာသာသုံးတဲ့ Facebook အသုံးပြု သူတွေ ငါးသန်းခန့် တို့ရဲ့ Status update တွေ၊ တခြားလူရဲ့ Timeline ပေါ်မှာ ရေးတဲ့ post တွေနဲ့ post တွေကို တုန့်ပြန်တဲ့ comment တွေကို အဓိက ထားပြီး အချက်အ လက် တွေကို စုဆောင်း ရယူပါတယ်။ "Post" ခလုတ်ကို မနှိပ်လိုက် ပေမယ့်လည်း သူတို့ စိတ်ဝင်စားတဲ့ အချက်အလက် တွေကို ဖော်ပြတဲ့ သ တင်း အချက်အလက်တွေ (metadata) အနေနဲ့ Facebook ဆီကို ပြန်ပို့ ပေးလိုက်တာ ဖြစ်ပါတယ်။
ကြားရတာတော့ အရာ ခပ်သိမ်းကို သိချင်ပြီး ထိန်းချုပ်ချင် နေသလို ပါပဲ။ ဒါပေမယ့် Facebook ကိုယ်စား ပြောရေး ဆိုခွင့် ရှိသူက Slate ကို ပြောသွား ရာမှာတော့ ဒီသတင်း အချက်အလက် တွေက ကုမ္ပဏီရဲ့ Data Use Policy အောက်မှာ လုံခြုံစွာ ရှိနေပြီး ဒီလို ဖြစ်နိုင်ကြောင်းကို အသိ ပေးထားပြီး ဖြစ်ပါ တယ်တဲ့။ သူတို့က သင်ဘာဖြစ်လို့ တချို့ post တွေကို ရေးပြီးမှ ဖျက်ပစ် လိုက်တယ် ဆိုတာကို အဓိက စိတ်ဝင် စားပြီး ဒီလိုလုပ်တာ နည်းသွားအောင် သူတို့ရဲ့ system ကိုဘယ်လို ပြုပြင်နိုင် မလဲ ဆိုတာကို သိချင် လို့ပါလို့ ဆိုပါတယ်။ ဖြစ်နိုင်တာ က တော့ Facebook ကအရက် မူးနေတဲ့ ညတစ်ညမှာ သင့်ရည်းစား ဟောင်းရဲ့ wall ပေါ်မှာ တင်ခါနီးထိ ဖြစ်သွားပြီး နောက်မှ သူမဖတ် စေချင် တော့တဲ့ post တွေကို Facebook က သိပ်ဂရုစိုက် ပုံတော့ မရပါဘူး။ အဲ ရည်းစား ဟောင်းက Facebook မှာ အလုပ်လုပ် နေတဲ့သူ မဟုတ်ရင် ပေါ့လေ။ Los Angeles Times သတင်းထဲ မှာတော့ ဒီလေ့လာမှုမှာ Facebook ပာာ စာလုံး ငါးလုံးနဲ့ အထက် ရိုက်လိုက်တဲ့ post တွေကို publish မလုပ်ခဲ့ရင် တောင်မှ စောင့်ကြည့် နိုင်မှာ ဖြစ်ပါတယ်။ သုတေသီ တွေက post တစ်ခုကို ဆယ်မိနစ် အတွင်း publish မလုပ်ရင် ကိုယ့်ဟာကိုယ် ပြုပြင် တည်းဖြတ် နေတယ် (self-censorship) လို့ယူဆ ပါတယ်။ post မလုပ်ခင်မှာ ရိုက်လိုက်တာ တွေကို အတိအကျ မှတ်တမ်းတင် ထားတာ မဟုတ်ဘဲ တစ်ခုခု ရိုက်လိုက်တယ် ဆိုတာကိုပဲ မှတ်တမ်း တင်ထားတာ ဖြစ်တယ်လို့ Facebook က ဆိုပါတယ်။ Facebook ရဲ့ Data Use Policy ထဲမှာ ဖော်ပြထား တာကတော့ "တခြားသူရဲ့ timeline ကိုဝင် ကြည့်ရင်၊ message ပို့ရင် ဝင်ရင်၊ မိတ်ဆွေ ဒါမှမဟုတ် Page တစ်ခုကို ရှာရင်၊ ကြည့်ဖို့ ဒါမှမဟုတ် သူတို့နဲ့ ဆက်သွယ်ဖို့ click လုပ်လိုက် တာတွေ အပါအဝင် သင် Facebook သုံးနေတဲ့ အချိန်တိုင်း သင့်အချက် အလက်တွေကို ရယူ နေပါတယ်။" လို့ပဲ ဖြစ်ပါတယ်။ သုံးစွဲသူ တွေက သူတို့ publish မလုပ် ဖြစ်လိုက်တဲ့ post တွေကို Facebook ကို မမြင် စေချင် ရင်တော့ Javascript ကို ပိတ်ထားတာ ဒါမှ မဟုတ်ရင်တော့ Facebook account ကိုဖျက်ပစ် လိုက်တာ မျိုးပဲ လုပ်နိုင်ပါတယ်။

Images from facecrooks, dejanseo, smh. Source: newsfeed.time.com, techland.time.com

No comments:
Post a Comment