Saturday, December 7, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၇-၁၂)

သစ်ထူးလွင်



Posted: 06 Dec 2013 10:39 PM PST

 
အခြေခံဥပဒေ မပြင်ဆင်ပါက ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲသည် တရားမျှတမှု ရှိမည် မဟုတ်ဟု ဝေဖန်ထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်နိုင်ရန်အတွက် အလားအလာကောင်းများ ရှိနေပြီ ဖြစ်ကြောင်း ဒီဇင်ဘာလ ၆ ရက်နေ့က ရန်ကုန်မြို့၌ ပြုလုပ်သည့် ကမ္ဘာ့အမျိုးသမီး ဖိုရမ်တွင် ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပ ပြုလုပ်သည့် ကမ္ဘာ့ အမျိုးသမီးဖိုရမ် ပထမနေ့အပြီး သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်အတွက် အလားအလာ ကောင်းများ ရှိသည် ဆိုရာ၌ မကြာမီ ပြင်ဆင် နိုင်တော့မည်ဟု ဆိုလိုခြင်း မဟုတ်ဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်အတွက် ပြည်သူလူထု အပါအဝင် အဖွဲ့အစည်း အချို့၏ အားတက်သရော ပါဝင်ဆွေးနွေးမှု များကို ဆိုလို ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
“အခုအချိန်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေက ဘယ်ဟာတွေက ပြင်သင့်လဲ၊ ဘယ်အချက်တွေက ဒီမိုကရေစီစနစ် မကျဘူး၊ ဘယ်အချက်တွေ ပြင်ရင်တော့ ဘယ်လို အကျိုးဆက်တွေ ရနိုင်မလဲ ဆိုတာ တွေကို ကျွန်မတို့ ပြည်သူတွေ တော်တော်များများ သိနေကြပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ ပြည်သူလူထုရဲ့ အထူးစိတ်ဝင်စားမှုတွေကို ကျွန်မတို့ ရရှိနေပါတယ်” ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့ ပြည်သူလူထု အများစု၏ တစ်ခဲနက် ထောက်ခံမှု၊ အားပေးမှုများ ရရှိလာခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အလားအလာ ကောင်းများ ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
“ကျွန်မအမြင်တော့ ပြည်သူ့ဆန္ဒက အမြဲအောင်မြင်ပါတယ်။ နောက်ကျ တာနဲ့ စောတာပဲ ကွာပါတယ်။ စောနိုင်သမျှ ကောင်းတာက ကျွန်မတို့ အားလုံးအတွက် ကောင်းပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန်အတွက် အခြေခံဥပဒေ၏ ကန့်သတ်ချက် တစ်ခုဖြစ်သော ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတ ရွေးချယ် တင်မြှောက်ရေး ဆိုင်ရာ အခန်း ပုဒ်မ ၅၉ (စ) ကို ပြင်ဆင် ပေးရမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီက ပြောဆိုထားသည်။

အဆိုပါ အချက်ကို ပြင်ဆင်ရန် လွှတ်တော်တွင်း အမတ်ဦးရေ အများဆုံး အနိုင်ရထားသည့် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက စဉ်းစားလျက် ရှိကြောင်းနှင့် ယင်းအချက်ကို ပြင်ဆင်ရန် ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီ အစည်းအဝေးတွင် အဆုံးအဖြတ် ရယူမည် ဖြစ်ကြောင်း အဆိုပါ ပါတီ၏ ဗဟိုကော်မတီဝင် ဦးအောင်သိန်းလင်းက ဆိုထားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်သည့် နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ချက် ဖြစ်သော ပုဒ်မ ၅၉ (စ) သည် ဒေါ်အောင်ဆန်းစုကြည်ကို အဟန့်အတား ဖြစ်နေသောကြောင့် ပြင်ဆင်ရန် လိုအပ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း ပြောကြားထားသည်။

ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံတော် သမ္မတ၊ လွှတ်တော်၊ တပ်မတော်တို့နှင့် တွေ့ဆုံဆွေးနွေး လိုကြောင်း နိုဝင်ဘာလ ၂၃ ရက်နေ့က နိုင်ငံတော် သမ္မတရုံးထံ မေတ္တာရပ်ခံစာ ပေးပို့ထားသည်။

The Voice Weekly
Posted: 06 Dec 2013 08:37 AM PST

ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် အမှတ် ၆၇ ရပ်ကွက်က ဒေသခံတွေဟာ မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက သူတို့ကိုပေးထားတဲ့ကတိအတိုင်း ဆောင်ရွက်ပေးဖို့ ဒီကနေ့မနက်ပိုင်းက ရန်ကုန်မြို့လယ် မြို့တော်ခန်းမရှေ့မှာရှိတဲ့ မဟာဗန္ဓုလ ပန်းခြံဘေးမှာ ၅ ကြိမ်မြောက် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီဌာနက အမှတ် ၆၇ ရပ်ကွက်မှာ နေထိုင်သူတွေကို မူလပေးထားတဲ့ကတိနဲ့ ဆန့်ကျင်ပြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို
့နယ်က အမှတ် ၁၃၈/၁၅၅ ရပ်ကွက်တွေကို ပြောင်းရွှေ့ခိုင်းခဲ့တာမို့ အခုလိုဆန္ဒပြရတာဖြစ်တယ်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ ဒေါ်မြင့်မြင့်ဝေက RFA ကို ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


No comments:

Post a Comment