Monday, December 2, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၂-၁၂)

သစ်ထူးလွင်


Posted: 02 Dec 2013 05:10 AM PST

ဒီဇင်ဘာ(၂)ရက်နေ့ နံနက်(၇)နာရီအချိန်ခန့်တွင် မကွေးမြို့ နံကပ်ကျွန်း ကျေးရွာအုပ်စု ချမ်းမြေ့သာယာ ကျေးရွာ စက်မှုဝန်ကြီးဌာန မြန်မာ့ အထည်အလိပ်လုပ်ငန်း ဆေးဆိုးပန်းရိုက် စက်ရုံရှေ့ရှိ ဂန္ဓာရသစ်ပင်ပေါ်တွင် ဘုန်းကြီးတစ်ပါး အမြင့်ပေနှစ်ဆယ်ခန့်ရှိ သစ်ပင်ပေါ်တက်၍ သင်္ကန်းကိုကြိုးပြုပြီး ဆွဲကြိုးချ သေဆုံးကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာ(၂)ရက်နေ့ နံနက်(၃)နာရီခန့် စောစောအချိန်၌ သင်္ကန်းဝတ်ဖြင့် ဘုန်းကြီးတစ်ပါးကို ရေနံချောင်းဘက်မှလာသော လိုင်းကားတစ်စီးမှ ၎င်းနေရာ၌ ချထားခဲ့ကြောင်း၊ ၎င်းနေရာတွင် အဆိုပါဘုန်းကြီးက အော်ဟစ်နေကြောင်း၊ မြန်မာ့ အထည်အလိပ်လုပ်ငန်း ဆေးဆိုးပန်းရိုက် စက်ရုံရှေ့က လုံခြုံရေးဂိတ်ပေါ်သို့ တက်ရန် ပြုလုပ်နေ၍ တားဆီးလိုက်ရကြောင်း ဂိတ်စောင့်တစ်ဦးက ပြောသည်။  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဘုန်းကြီးတစ်ပါး သင်္ကန်းကိုကြိုးပြုပြီး အမြင့်ပေနှစ်ဆယ်ခန့်ရှိ သစ်ပင်ပေါ်တက်၍ ဆွဲကြိုးချသေဆုံး



Posted: 02 Dec 2013 05:07 AM PST

အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့ ​ချုပ် (​အန်​အယ်လ်​ဒီ)​ပါ​တီ​က ​အ​ခြေ​ခံ​ဥ​ပ​ဒေ ​ပြင်​ဆင်​ရေး​အ​တွက် ​သ​မ္မ​တ၊ ​လွှတ်​တော်၊ ​ကာ​ကွယ်​ရေး​ဦး​စီး​ချုပ်​နဲ့ ၄ ​ပွင့်​ဆိုင် ​တွေ့​ဆုံ​ဆွေး​နွေး​ရေး ​ကမ်း​လှမ်း​ချက်​ကို  ​အ​စိုး​ရ​က ​အ​ချိန်​မ​ကျ​သေး​ဘူး​လို့ ​ပြော​ဆို​လိုက်​တဲ့​အ​ပေါ် ​ဒေါ်​အောင်​ဆန်း​စု​ကြည်​က ​တုံ့​ပြန် ​ပြော​ဆို​လိုက်​ပါ​တယ်။ ဖွဲ့​စည်း​ပုံ​အ​ခြေ​ခံ​ဥ​ပ​ဒေ ​ပြင်​ဆင်​ရေး​ကိ​စ္စ ​အ​ဆင်​ပြေ​ချော​မွေ့​စေ​ဖို့ ​သ​မ္မ​တ​ဦး​သိန်း​စိန်၊ ​လွှတ်​တော်​ဥ​က္က​ဋ္ဌ၊ ​ကာ​ကွယ်​ရေး​ဦး​စီး​ချုပ်​တို့​နဲ့ ​တွေ့​ဆုံ​ဆွေး​နွေး​ဖို့​  ​ဒေါ်​အောင်​ဆန်း​စု​ကြည်​က ​ပြီး​ခဲ့​တဲ့​သီ​တင်း​ပတ်​က  ​စာ​ရေး​ကမ်း​လှမ်း​ထား​တာ ​ဖြစ်​ပါ​တယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 02 Dec 2013 05:01 AM PST

မူးယစ်ဆေးဝါး သုံးစွဲခဲ့သည့် အနုပညာရှင်များအား ၂၀၀၈ ခုနှစ်က ရန်ကုန်တိုင်း မူးယစ်ရဲတပ်ဖွဲ့က စစ်ဆေးခဲ့သည့်ဖြစ်စဉ်မှာ ဟုတ်မှန်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် မှုခင်းအထူးအဖွဲ့မှ ရဲအရာရှိကြီးတစ်ဦးက အတည်ပြုပြောကြားပြီး ထိုစဉ်က ပြည်ထဲရေးဝန်ကြီးဌာနက အရေးမယူခဲ့ဘဲ ယဉ်ကျေးမှုဝန်ကြီးဌာနကသာ ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် အနုပညာရှင်များအား ခေါ်ယူသတိပေးမှု ပြုလုပ်ခဲ့ကြောင်း ပြောသည်။ ““ရန်ကုန်တိုင်းမူးယစ်အဖွဲ့က ပြည်ထဲရေးဝန်ကြီးဌာနရုံး (ရန်ကင်း)မှာ ဖြစ်စဉ်မှာ ပါခဲ့တဲ့ အနုပညာရှင်တွေကို ခေါ်ပြီး စစ်ဆေးခဲ့တာ။ အသေးစိတ်အချက်အလက်တော့ ဦးတို့အနေနဲ့ ပြောလို့မရပါဘူး။ မူးယစ်ဆေးသုံးစွဲတယ်ဆိုတဲ့ အနုပညာရှင်တွေကိုတော့ ယဉ်ကျေးမှုဝန်ကြီးဌာနက ခေါ်ပြီးသတိပေးတယ်လို့ သိရပါတယ်””ဟု အဆိုပါရဲအရာရှိက ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 02 Dec 2013 04:58 AM PST

သဘာဝ ပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှု ဒဏ်ကြောင့် မြန်မာ နိုင်ငံအတွင်းရှိ ငါးနှစ်အောက်ကလေး အယောက် ၂၀ တွင် တစ်ယောက်နှုန်းဖြင့် လေထုညစ်ညမ်းမှုနှင့် ပတ်သက်ပြီး သေဆုံးနေရကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း စောင့် ရှာက်ရေးအဖွဲ့မှ ဒေါက်တာဦးမြင့်ဇော်က ပြောကြားသည်။ “အရင်တုန်းက မြန်မာနိုင်ငံကို အစိမ်းရောင်လွှမ်းခြုံတဲ့ နိုင်ငံဟု တင်စားခေါ်ကြတယ်၊ အခုအချိန်မှာတော့ သစ်တောဧရိယာက ၂၅ရာခိုင်နှုန်းပဲ ရှိတော့တယ်၊ ဒါကြောင့် စက်ရုံ၊ အလုပ်ရုံ စီမံကိန်းတွေက ထွက်တဲ့ အခိုး အငွေ့တွေကြောင့် လေထု ညစ်ညမ်းမှုတွေကို တားဆီးမှုတွေ မရှိ တော့ဘူး”ဟု ၎င်းက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 02 Dec 2013 04:48 AM PST

မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအား ဆက်သွယ် ဖောက်လုပ်ထားရှိသည့် ဧရာဝတီမြစ်ကူး ရတနာပုံ တံတားကြီးပေါ်တွင် တံ တားလုံခြုံရေး တာဝန်ကျ ရဲဝန်ထမ်းတစ်ဦး ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည့်အတွက် စစ်ကိုင်းမြို့မရဲစခန်းက ယခုလ ၁ ရက်နေ့ ည ၁၁ နာရီ ခွဲ အချိန်တွင် အမှုရေးဖွင့် ခဲ့ရကြောင်း စစ်ကိုင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ မဇ္ဈိမ သို့ ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 02 Dec 2013 04:42 AM PST

မိတ္ထီလာမြို့တွင် ယခုနှစ် မတ်လ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့ အထိ ဖြစ်ပွားသော ပဋိပက္ခကြောင့် ချမ်းအေးသာယာ ရပ်ကွက်တွင် နေထိုင်ခဲ့သော မီးဘေးသင့် ဒုက္ခသည်များကို ဒီဇင်ဘာလအတွင်း မြေနေရာများ ပြန်လည် ချထားပေးသွားမည် ဖြစ်ကြောင်း မိတ္ထီလာမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီထံမှ စုံစမ်းသိရှိရသည်။ မိတ္ထီလာ မီးဘေးသင့် ဒုက္ခသည်များကို ပြန်လည် နေရာ ချထားရာ၌ မြေပိုင်ဆိုင်မှု အထောက်အထား ခိုင်မာပြီး အရှုပ်အရှင်းကင်းသည့် အိမ်ထောင်စု ၉၃ စုကို ပေ ၄၀-၃၀ မြေကွက်များကို ဦးစွာချပေးမည် ဖြစ်ကြောင်း မိတ္ထီလာမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်တစ်ဦးက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 02 Dec 2013 04:40 AM PST
လုပ်သား ကိုယ်စားလှယ်များ အလုပ်မထုတ်ရန် အပါအဝင် စာချုပ်ပါ အချက်အချို့ကို အလုပ်ရှင်က ချိုးဖောက်သည်ဟုဆိုကာ ရန်ကုန်မြို့တော် လှိုင်သာယာ စက်မှုဇုန် အပိုင်း (၄) ရှိ North Shore အထည်ချုပ်စက်ရုံမှ လုပ်သား ၁၀၀ ကျော် နိုဝင်ဘာလ ၂၉ ရက်နေ့မှစတင်ကာ ယင်းစက်ရုံ၌ ဆန္ဒပြ တောင်းဆိုနေကြကြောင်း လုပ်သား ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးအောင်သူရက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 02 Dec 2013 12:35 AM PST

မ​ကွေး​တိုင်း ​တောင်​တွင်း​ကြီး​မြို့​လယ်​ရှိ ​အ​မှတ် ၅၄ ​န​ယူ​ဒေး ​စက်​သုံး​ဆီ​အ​ရောင်း​ဆိုင်​ကို ​မြို့​လယ်​မှာ ​ဆက်​ထား​ရင် ​အ​န္တ​ရာယ်​ရှိ​နိုင်​တဲ့​အ​တွက် ​မြို့​ပြင်​ပြောင်းေ​ရွှ့​ပေး​ဖို့ ​တောင်​တွင်း​ကြီး ​ဒေ​သ​ခံ​တ​ချို့ ​ဒီ​ဇင်​ဘာ​လ ၂ ​ရက်​နေ့ ​က ​စီ​တန်း​လှည့်​လည် ​ဆ​န္ဒ​ပြ​တောင်း​ဆို​ခဲ့​ပါ​တယ်။ ဆ ​န္ဒ​ပြ​ရ​တဲ့ ​ရည်​ရွယ်​ချက်​ကို ​ဆ​န္ဒ​ပြ​ရာ​မှာ ​ဦး​ဆောင်​ပါဝင်​တဲ့ ​ဦး​ကျော်​ထွန်း​ဦး​က “​တောင်​တွင်း​ကြီး​မြို့​မှာ ၁၉၈၁ ​ခု​နှစ်​တုန်း​က ​မြို့​လုံး​ကျွတ်​နီး​ပါး ​မီး​လောင်​ခဲ့​ပါ​တယ်။ ​အဲ​ဒီ​အ​ချိန်​တုန်း​က ​ဆီ​ဆိုင်​နေ​ရာ​က​နေ ​ဒီ​ဇယ် ​ပေ​ပါ ၂ ​လုံး ​ပေါက်​ကွဲ​လို့ ​တ​မြို့​လုံး ​မီး​လောင်​ခဲ့​တာ​ပါ။  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


စီ​တန်း​လှည့်​လည် ​ဆ​န္ဒ​ပြ​နေ​စ​ဉ် ​အာ​ဏာ​ပိုင်​တွေ ​တား​ဆီး


Posted: 02 Dec 2013 12:26 AM PST

ဘင်္ဂလား ပင်လယ်အော်အတွင်း ဒီဇင်ဘာလ ၁ ရက်နေ့၌ လေဖိအားနည်းရပ်ဝန်း တစ်ခု ဖြစ်ပေါ်နေခြင်းကြောင့် ကမ်းရိုးတန်း ဒေသများတွင် လှိုင်းကြီးမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ကြေညာချက် ထုတ်ပြန်သည်။ ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် မွန်-တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည် ဖြစ်ကြောင်း အဆိုပါဌာနက သတိပေးချက် ထုတ်ပြန်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 02 Dec 2013 12:20 AM PST
ဖွဲ့ စည်းပုံ အခြေခံ ဥပဒေနှင့် ပါတ်သတ်၍ အစိုးရ၏ ပြောကြား ချက်များသည် ပြုပြင် ပြောင်းလဲရေးကို နှောင့်နှေးစေမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဗဟို အလုပ်အမှု ဆောင်အဖွဲ့ ကြေညာချက် ထုတ်ပြန် ပြောကြား လိုက်ပါတယ်။ (၂၊ ၁၂၊ ၂၀၁၃ )

ကြေညာချက် မူရင်းကို အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။


Posted: 01 Dec 2013 11:43 PM PST

လတ်တလောမှာ အင်တာနက်ပေါ်မှာ တက်နေတဲ့ န၀ရတ်ရဲ့ သတင်းအချို့နဲ့ပတ်သတ်ပြီး သူမကိုအားပေးနေတဲ့ ပရိသတ်တွေ စိုးရိမ်နေကြမှာ အမှန်ပါပဲ။ အဲဒီသတင်းဟာ လွန်ခဲ့တဲ့၅နှစ်ခန့်က စစ်ဆေးထားတဲ့ စစ်ချက်ဖြစ်နေတာကြောင့် စိုးရိမ်စရာဘာမှမရှိဘူးလို့ သိရပေမယ့် သူမကို သွားရောက်တွေ့ဆုံပြီးမေးမြန်းကြည့်တဲ့အခါ ဒါဟာဘာမှမဟုတ်တဲ့အကြောင်း၊  အချိန်ကြာနေပြီဖြစ်တဲ့ အတွက် အားပေးနေတဲ့ ပရိသတ်တွေ သူမအတွက် မစိုးရိမ်ကြဖို့နဲ့ သူမဟာ ခု နေအိမ်မှာပဲရှိနေပြီး ပရိသတ်တွေအတွက် အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတဲ့ အကြောင်း၊ အကယ်ဒမီပွဲအတွက် ရင်ခုန်နေပြီဖြစ်တဲ့အကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 01 Dec 2013 11:27 PM PST

ပရိတ်သတ်များရှင် ဒီရက်ပိုင်းအတွင်း FB စာမျက်နာပေါ်သို့ ရောက်လာသည့် ကျမ နှင့် ပတ်သက်သော အကြောင်းအရာများနှင့် ပတ်သက်ပီး ကျမ မိသားစု မိတ်ဆွေ သူငယ်ချင်းများ အပါအဝင် ကျမကို သံယောဇဉ် ရှိကြတဲ့ ပရိတ်သတ်များ အားလုံး စိတ်အနှောက်အရှက် များစွာဖြစ်ရသလို ကာယကံရှင် ကျမကိုယ်တိုင်လဲ အတိုင်းအဆမရှိ စိတ်ထဲမှာ ထိခိုက် နာကျင်ရပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 01 Dec 2013 10:57 PM PST

ယခုစီးဝင်မှုလမ်းကြောင်းတစ်ခုမှာ မဖြိုး (ခ) ဖြိုးသူသူဝင်းသည် ၂ဝဝ၂ ခုနှစ်ခန့်မှစ၍ ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးနှင့်အတူ နေထိုင်လျက်ရှိရာမှ WY စိတ်ကြွဆေးပြားများကို စတင်သုံးစွဲတတ်ပြီး ၂ဝဝ၃/၂ဝဝ၄ ခုနှစ်တွင် မဖြိုးကိုယ်တိုင် အရောင်းအဝယ်ပြုလုပ်လာခဲ့ပါသည်။ ဆေးပြားများကို အလုံမြို့နယ်၊ သီတာရုပ်ရှင်ရုံအနီးနေ ကချင်အမျိုးသမီး ဆိုင်ခေါန်ပန်းနှင့် စမ်းချောင်းမြို့နယ်နေ ကချင်လူမျိုးအဂွမ်းတို့ထံမှ ဝယ်ယူရောင်းချခဲ့ကြောင်း သိရှိရပါသည်။ ထိုအချိန်ကမဖြိုးသည် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဘ၏သားမက် အေးထွန်း၊ ကျောက်စိမ်းနဂါးကုမ္ပဏီ နေလင်းထွန်း၏သား တင်အောင်ဦးနှင့် ကောင်းမြတ်သူတို့ မူးယစ်ဆေးဝါးကိစ္စဖြင့် ဖမ်းဆီးခံရသည်ကို ကြောက်ရွံ့၍ ဆက်လက်မသုံးစွဲဘဲ ခေတ္တရပ်တန့်ထားခဲ့ပါသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 01 Dec 2013 10:42 PM PST

ခုခံအား ကျဆင်းမှုရောဂါ (HIV/AIDS) ကာကွယ် တိုက်ဖျက်ရေးအတွက် အမျိုးသားအဆင့် စီမံကိန်းများ တိကျသေစွာ ချမှတ်ပြီး လုပ်ဆောင်မည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကတိပြုထားသော်လည်း ယခုအချိန်အထိ မည်သည့် လုပ်ဆောင်မှုမှ တွေ့ရှိရခြင်း မရှိဘဲ ကတိပျက်နေသေးကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက တည်ထောင်ထားသော ခုခံ အား ကျဆင်းမှု ကူးစက်ရောဂါ ကာကွယ်ရေးနှင့် ပြုစုစောင့်ရှောက်ရေးအဖွဲ့ (NHAPCC) က ထုတ်ပြန်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 01 Dec 2013 10:35 PM PST

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေသူ သရုပ်ဆောင်လူမင်း အပါအ၀င်ရုပ်ရှင် လောကအတွင်းမူးယစ်ဆေး သုံးစွဲသူများ အဖြစ် WY ဆေးပြားသုံးစွဲသူ (၁၃)ဦး စာရင်းနှင့် အဆိုတော် လောက WY ဆေးပြားသုံးစွဲသူ(၃)ဦး စာရင်းတို့ ကို (၃ဝ-၄-၂ဝဝ၈)နေ့ ရက်စွဲပါ အစစ်ခံချက်အဖြစ်“ရန်ကုန်မူးယစ် အရှေ့အထူးအဖွဲ့ စစ်ဆေးချက်”ဆိုသည့် အမူမှတ်တမ်း တစ်စောင် အွန်လိုင်းတွင်ပျံ့ နှံ လျှက်ရှိပါသည်။  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 01 Dec 2013 10:13 PM PST

ဆေးဝါးသုံးစွဲသည်ဟု ဆက်စပ်ဖော်ထုတ်ခြင်းခံရသည့် အနုပညာရှင်များ စာရင်းတွင် ကွယ်လွန်သူ မင်းသားလည်း ပါဝင်လျက်ရှိသည်ဟု ဖော်ပြထားပြီး ကွယ်လွန်ချိန်အထိ ဖောက်သည်တစ်ဦး အနေဖြင့် ရှိခဲ့သည်ဟုလည်း ပါရှိသည်။ ဒါ့အပြင် ဂီတလောကမှ ထင်ပေါ်ကျော်ကြားသူများ၊ စီးပွားရေးအသိုင်း အ၀ိုင်းနှင့် စစ်ဗိုလ်ချုပ်ကြီးများ၏ သားသမီးအမည်များလည်း အဆိုပါစစ်ချက်၏ ပြောကြားချက်တွင် ပါဝင်လျက်ရှိပြီး အချို့မှာ မူးယစ်ဆေးဝါးအမှုဖြင့် ထိန်းသိမ်းခြင်းခံခဲ့ရသူ ထိပ်တန်းစီးပွားရေးသမားနှင့် ပြန်လည်လွတ်မြောက်လာသည့် ဒါရိုက်တာတစ်ဦး၏အမည်လည်း ပါဝင်လျက်ရှိသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 01 Dec 2013 09:53 PM PST

တနင်္လာနေ့၊ ဒီဇင်ဘာ ၂ ရက်၊ ၂၀၁၃ ခုနှစ်

ပြည်တွင်းရွှေပေါက်ဈေး တစ်ကျပ်သားလျှင် ၆၅၉,၀၀၀ ကျပ်သည် ယခုနှစ်အတွင်း အနိမ့်ဆုံးဈေးဖြစ်သည် ဟု ရွှေဆိုင်လုပ်ငန်းရှင်များက ပြောသည်။

သင်္ကြန်ကာလက ဖြစ်ခဲ့သော ပြည်တွင်းရွှေဈေး ၆၆၅,၀၀၀ ကျပ်သည် ယခုနှစ်အတွင်း အနိမ့်ဆုံးဈေးဖြစ် သော်လည်း လက်ရှိပေါက်ဈေးသည် ယင်းဈေးနှုန်းထက်ပင် ဈေးကျနေပြီဖြစ်သည်ဟုရွှေဆိုင်လုပ်ငန်း ရှင်များက ပြောသည်။

နိုဝင်ဘာလ ၂၉ ရက်တွင် ပြည်တွင်းရွှေဈေးတစ်ကျပ်သားလျှင် ကျပ် ၆၆၃,၀၀၀ ဈေးရှိခဲ့ပြီး ၃၀ ရက်တွင် ကျပ် ၆၅၉,၀၀၀ ဈေးထိ တစ်ရက်အတွင်း ကျပ် ၄,၀၀၀ ထိ ဈေးကျဆင်းလာခဲ့သည်။

တိတ်စိန် ရတနာရွှေဆိုင်လုပ်ငန်းရှင် ဦးဇော်အောင်က “ရွှေဈေးကတော့ မခန့်မှန်းတတ်အောင်ကို ဖြစ် နေတာ၊ ရွှေဈေး တက်မယ်ကျမယ် အမျိုးမျိုး ခန့်မှန်းနေကြတယ်၊ အဓိက,ကတော့ ကမ္ဘာ့ရွှေဈေး တောက်လျှောက်ကျနေတာကြောင့်ပဲ ပြည်တွင်းဈေးပါကျနေတာ” ဟု ပြောသည်။

သီဟကိုကို - Mizzima - News in Burmese


Posted: 01 Dec 2013 09:47 PM PST

လအနည်းငယ်အကြာ တည်ငြိမ်နေခဲ့သည့် အမေရိကန်ဒေါ်လာ လဲလှယ် နှုန်းထားများမှာ ငွေလဲ ကောင်တာများနှင့် ပြင်ပဈေးကွက်တွင် ရက်ပိုင်းအတွင်း တစ်ဒေါ်လာလျှင် ၁၀ ကျပ်ခန့် ရုတ်တရက် မြင့်တက် လာကြောင်း ငွေကြေးဈေးကွက် အတွင်းထံမှ စုံစမ်းသိရှိရသည်။ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းမှာ တရားဝင် ငွေလဲကောင်တာ များတွင် အောက်တိုဘာလဆန်း ပိုင်းမှ စတင်၍ ဝယ်ဈေး ၉၆၉ ကျပ်၊ ရောင်းဈေး ၉၇၆ ကျပ် ဝန်းကျင်တွင် ရှိနေရာမှ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ဝယ်ဈေး ၉၇၉ ကျပ်မှ ရောင်းဈေး ၉၈၉ ကျပ်အထိ မြင့်တက်သွားကြောင်း ငွေလဲကောင်တာ လဲလှယ် နှုန်းထားများအရ သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 01 Dec 2013 09:41 PM PST
အမေရိကန် အခြေစိုက် ရဟတ်ယာဉ် ကုမ္ပဏီ ဖြစ်သည့် Robinson Helicopter company က မြန်မာနိုင်ငံ တွင် လေယာဉ်စက်ရုံတည်ဆောက်ရန် ရှိကြောင်း ယင်းကုမ္ပဏီအား ပြည် တွင်းတွင် ဝင်ရောက်လုပ် ကိုင်ခွင့်ရရှိရန် အကူအညီပေးနေသည့် ဦးထိန်လင်းက ပြောသည်။ ယင်းကုမ္ပဏီအနေဖြင့် ရှေး ဦးစွာ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် ဆွေး နွေးမှုများ ပြုလုပ်သွားမည်ဖြစ် ပြီး ယင်းနောက်မိတ်ဆက်အနေ ဖြင့် ပြပွဲပြုလုပ် မည်ဖြစ် ကြောင်း၊ စက်ရုံမတည်ဆောက်နိုင်မီ အ ရောင်းပြခန်းထားရှိနိုင်ရန် ကုမ္ပ ဏီအနေဖြင့် စီစဉ်ထားကြောင်း ဦးထိန်လင်းက ပြောဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Robinson Helicopter company မှ ထုတ်လုပ်သည့် ရဟတ်ယာဉ်တစ်စီး


Posted: 01 Dec 2013 09:33 PM PST

ဒီဇင်ဘာလ(၁)ရက်နေ့ ထုတ် Digital Life နည်းပညာဂျာနယ်၏ အတွဲ ၂ အမှတ် ၃၀

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 01 Dec 2013 09:26 PM PST
Posted: 01 Dec 2013 09:18 PM PST

ပဲခူးတိုင်း၊ ပြည်မြို့ သရေခေတ္တရာ ရှေးဟောင်းဇုန်သို့ သွားရောက် လည်ပတ်ကြမည့် ခရီးသည်များ အတွက် ဇုန်အတွင်း နွားလှည်းယာဉ်ဖြင့် သွားလာနိုင်ရန် ဒီဇင်ဘာ ၂ ရက်တွင် ဂိတ်ဖွင့်လှစ် ပြေးဆွဲသွား မည်ဟု အဆိုပါ အစီအစဉ်ကို လုပ်ဆောင်ပေးသည့် ပြည်မြို့၊ မှော်ဇာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေး ထွန်းက ပြောသည်။ ဒီဇင်ဘာ ၁ ရက်က မှော်ဇာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် အစည်းအဝေးပြုလုပ်ကာ ဆုံးဖြတ်ခဲ့ပြီး နွား လှည်းယာဉ် ဂိတ်ကို မှော်ဇာရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးနှင့် သီရိခေတ္တရာ ပြတိုက်ကြား မြေကွက်လပ် တွင် ပြုလုပ်ကာလှည်းအစီး ၃၀ ထားရှိမည် ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 01 Dec 2013 09:02 PM PST

ဘ၀မှာ ဆုံးရှုံးမှုတွေ အခက်အခဲတွေနဲ့ ကြုံလာရင် ဘယ်လို ရင်ဆိုင်နိုင်မလဲ....လင်းလက်ကြယ်စင်မှာ နားဆင်နိုင်ပါပြီ။ BBC Burmese

အသံဖိုင် နားဆင်ရန် ဒီနေရာကို နှိပ်ပါ



Posted: 01 Dec 2013 08:51 PM PST

ဒဂုံမြို့နယ် မြို့မကျောင်းလမ်းပေါ် သာသနရံသီ သိမ်ကျောင်း အနီးတွင် နိုဝင်ဘာလ ၃၀ ရက် နံနက် ၁ နာရီ ၃၀ မိနစ်ခန့်က ပိုင်အိုးနီးယား ကလပ်မှ ပြန်လာသည့် စင်ကာပူနိုင်ငံသား မောင်းနှင်လာသော ပို့ဆောင်ရေးဝန်ကြီး၏ ဌာနပိုင် ဝန်ကြီးနေအိမ်သုံး မော်တော်ယာဉ် (ပါဂျဲရိုးယာဉ်) နှင့် စက်ဘီးတစ်စီးတို့ မျက်နှာချင်းဆိုင် တိုက်မိရာမှ စက်ဘီး စီးနင်းလာသော အမျိုးသားနှစ်ဦး သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 01 Dec 2013 08:30 PM PST

မန္တလေးမြို့၊ သီရိမန္တလာ အဝေးပြေး ခရီးသည်တင် ယာဉ်ရပ်နားစခန်းကို မဟာအောင်မြေမြို့နယ် သံလျက်မော်ရှေ့ရပ်ကွက်သို့ ပြောင်းရွှေ့မည်ဖြစ်သည်ဟု မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီ အခွန်ဌာန ဌာနခွဲမှူး ဦးမောင်မောင်မြင့်က ပြောသည်။ “သီရိမန္တလာကားကြီးကွင်းက မြို့ရဲ့Downtown(မြို့လယ်) ဧရိယာထဲမှာ ပါဝင်ပါတယ်။ ခရီးသည်တင် ယာဉ်တွေ၊ ကုန်စည်ယာဉ်တွေကြောင့် မြို့တွင်းမှာ ယာဉ်ကြောကျပ်တည်းမှုတွေ ဖြစ်လာနိုင်ပါတယ် ဘယ် တော့ပြောင်းရွှေ့မလဲ ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။ အခုက လျာထားဆောင်ရွက်တဲ့ အဆင့်ပဲ ရှိပါသေးတယ်” ဟု ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



No comments:

Post a Comment