Monday, December 30, 2013

“ဘယ်သူ့လက်ထဲမှာလဲ”


၅၉ (စ) “မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏မိဘ တစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်း သော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင်သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊
ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ၊”

• ဒေါ်အောင်ဆန်းစုကြည့်ရဲ့ ခင်ပွန်းကို ကွယ်လွန်သွားလို့ ရပြီတဲ့။
• ခင်ပွန်း သက်ရှိထင်ရှား မဟုတ်တော့တာကို အခြေခံဥပဒေမှာတော့ မပါပါ။
• ဒေါ်အောင်ဆန်းစုကြည့်ရဲ့ သားသမီးတွေကို နိုင်ငံသားအဖြစ်ခံယူလိုက်ရင် ရသတဲ့။
• ၅၉ (စ) အရဆိုရင် သားတွေရဲ့ ဇနီးတွေပါ နိုင်ငံသားခံယူမှသာရမယ်။+
• သားသမီးအဖြစ်ကနေ တရားဝင်ပြတ်စဲလိုက်ရင်လဲ ရမယ်လို့ ဆိုမလား။
• သူတို့ဆွဲတဲ့ဥပဒေ သူတို့လက်ထဲမှာဘဲ။
• သူတို့ဖမ်းထားတဲ့သူတွေ သူတို့လက်ထဲမှာဘဲ။
• မြန်မာပြည်ကြီးလဲ သူတို့လက်ထဲမှာဘဲ။

ဒေါက်တာတင့်ဆွေ
၃ဝ-၁၂-၂ဝ၁၃

No comments:

Post a Comment