Tuesday, December 24, 2013

`` ဆောင်းည ဒီဇင်ဘာ´´


ဟိုတစ်နေ့ကပေါ့...
သူ အပျိုဖော်ဝင်ခဲ့တယ်။

အခုတော့လေ... တစ်သွေးတစ်မွေးနဲ့
အလှသွေးတွေ ကြွ... လှလည်း လှလိုက်တာ.....


ဒီကောင်မလေးရဲ့ အလှ
အေးမြလိုက်တာကွယ်...။

သူ့ အပြုံးလေးတွေက
တစ်ပွင့်စီ... တစ်ပွင့်စီကြွေ
နှင်းပွင့်လေးတွေလို့ ဆိုကြတယ်...။

အရိပ်အောက်မှာပေါ့....
သူ့ကို စောင့်စားရင်း
ကျေနပ်ခြင်းတွေလည်း ဖြစ်ခဲ့တယ်..။

ကျေးဇူးပါ ကောင်မလေးရေ...
မင်းအလှတွေ ဖွင့်ဟနေတဲ့ ဒီဇင်ဘာ
အေးချမ်းစွာနဲ့ပေါ့
သာယာလိုက်တာ...။

(ကွန်ဆူးမား)(၂၂-၁၂-၂၀၁၃)

No comments:

Post a Comment