Saturday, December 7, 2013

ဂရိဒဏ္ဍာရီပုံပြင်

ဂရိဒဏ္ဍာရီပုံပြင်ကို သင်သိပ်မသိပေမယ့် Troy, Pandora ဆိုတဲ့ နာမည်ကိုတော့ သင်ရင်းနှီးကောင်း ရင်းနှီးလိမ့်မယ်။ အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီတော်တော်များများက ဂရိဒဏ္ဍာရီထဲက ရုပ်သဏ္ဍာန်တွေကို ကုမ္ပဏီရဲ့ logoအဖြစ် အသုံးပြုခဲ့ကြတယ်။ ရှေးခေတ်ဒဏ္ဍာရီတွေက copyright မှ မရှိဘဲကို...

ဒါပေမယ့် ဒီဒဏ္ဍာရီတွေက ကိုယ်တွေးထင်သလို အသုံးဝင်နိုင်တာ မဟုတ်ပါဘူး။ သူတို့ရဲ့သမိုင်းကြောင်းကို မသိဘဲ အဲဒီရုပ်သဏ္ဍာန်တွေကို logo အဖြစ်သုံးရင် ရယ်စရာတွေဖြစ်သွားနိုင်ပါတယ်။ ဥပမာ....

(၄) Volkswagen Phaeton

Volkswagen ကားကုမ္ပဏီက ဇိမ်ခံကားတစ်မျိုးကို ထုတ်လုပ်ခဲ့တယ်။ အဲဒီကားကို "Phaeton"လို့ နာမည်ပေးထားပါတယ်။ ဂရိဒဏ္ဍာရီပုံပြင်ထဲမှာ Phaeton က နေနတ်သားအပိုလိုရဲ့သားဖြစ်တယ်။ အပိုလိုရဲ့စစ်ရထားက နေမင်းကိုဆွဲဆောင်လမ်းပြဖို့ဖြစ်တယ်။ Volkswagen က အဲဒီကားအမျိုးအစားကို Phaetonလို့ နာမည်ပေးတာဟာ "နေစစ်ရထား"ကို မောင်းနှင်တဲ့ခံစားချက်မျိုးလို့ အနက်ဆောင်ပါတယ်။

တကယ်တော့ ဒဏ္ဍာရီပုံပြင်ထဲမှာ Phaetonဟာ ကိုယ့်ကိုယ်ကိုအထင်ကြီးသူ၊ မိမိကိုယ်ကိုယ်ယုံကြည်မှုလွန်ကဲသူဖြစ်ပါတယ်။ သူအရွယ်ရောက်တဲ့နေ့မှာ ဖခင်အပိုလိုဆီကနေ စစ်ရထားကို သူငှားစီးပြီး အလည်ခရီးထွက်ခဲ့ပါတယ်။ တစ်နေရာမှာ အပြင်းနှင်နေတဲ့ရထားကို မထိန်းနိုင်ခဲ့လို့ စစ်ရထားတိမ်းမှောက်လုလုဖြစ်ခဲ့ပါတယ်။

(၅) HTC Erisဖုန်း

ဒါဟာ ၂ဝဝ၉ခုနှစ်မှာ ဈေးကွက်ပေါ်ရောက်လာတဲ့ စမတ်ဖုန်းဖြစ်ပါတယ်။ ရောင်းအားကောင်းတဲ့ဖုန်းလို့ သိရပါတယ်။

ဒါပေမယ့် ဂရိဒဏ္ဍာရီပုံပြင်ထဲက Eris ဟာ အငြင်းပွားစရာနတ်သမီး၊ အရှုံးရဲ့သင်္ကေတ၊ ရန်လိုတိုက်ခိုက်ခြင်း၊ တခြားလူရဲ့အိမ်ထောင်ရေးကို ဖျက်ဆီးသူ၊ Trojanစစ်ပွဲဖြစ်ပွားခြင်းရဲ့မီးစလို့ နာမည်ကြီးပါတယ်။ မင်္ဂလာပွဲတက်ဖို့ အဖိတ်မခံခဲ့ရတဲ့အတွက် Erisဟာ ရွှေပန်းသီးတစ်လုံးပေါ်မှာ "အလှဆုံးနတ်ဘုရားမအတွက်"ရေးပြီး နတ်ဘုရားမတွေကြား ပစ်ထည့်ခဲ့တယ်။ နတ်ဘုရားမတွေဟာ အလှဆုံးဖြစ်ရဖို့ ပန်းသီကိုလုရင်း အငြင်းပွားခဲ့ကြပါတယ်။

Phaetonကားနဲ့ Erisဖုန်းက ဒဏ္ဍာရီထဲက ဒီနာမည်အမိုက်စားကိုပဲ အဓိကထားရွေးပြီး နာမည်နောက်က အနက်အဓိပ္ပာယ်ကို မေ့သွားပုံရပါတယ်။

(၆) ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းများ

မြွေတိုင် (တိုင်မှာမြွေရစ်နေတဲ့ပုံ.. အဲတာကို ဘယ်လိုခေါ်တယ်မသိဘူး)ကို ဆေးပညာရဲ့အမှတ်အသားအဖြစ် ၁၉ရာစု ၁၉၅ဝခုနှစ်မှာ စတင်အသုံးပြုခဲ့တယ်။ စစချင်းမှာသုံးတာက ဂရိဒဏ္ဍာရီထဲက ဆေးနတ်သားရဲ့တိုင်ဖြစ်ပြီး တိုင်ပေါ်ကမြွေမှာ အတောင်ပံမရှိပါခဲ့ဘူး။ တဖြည်းဖြည်း မြွေတိုင်အမှတ်အသားကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာချိန်မှာ ကျန်းမာရေးအဖွဲ့အစည်းတော်တော်များများက အတောင်ပံပါတဲ့မြွေတိုင်ကို အသုံးပြုလာခဲ့ကြပါတယ်။

ဂရိဒဏ္ဍာရီမှာပါတဲ့ အတောင်ပံပါမြွေတိုင်က "လိမ်ညာခြင်း၊ လှည့်စားခြင်း၊ လောဘကြီးခြင်း"ဆိုတဲ့ အဓိပ္ပာယ်ဆောင်ပါတယ်။ သင် ဆေးရုံသွားဖူးသလား......။

(၇) Cerberus Capital Management

ဒါဟာ အမေရိကန်က အကြီးဆုံးပုဂ္ဂလိကရင်းနှီးမြှုပ်နှံကုမ္ပဏီဖြစ်တယ်။ ကုမ္ပဏီက Cerberus နာမည်ကိုရွေးတာဟာ ကိုယ့်ကိုယ်ကိုဘဏ္ဍာငွေထိန်းသိမ်းသူအဖြစ် ဖော်ဆောင်ထားတာဖြစ်တယ်။

ဒါပေမယ့် ဂရိပုံပြင်ထဲက Cerberusက ခေါင်းသုံးလုံးရှိတဲ့ခွေးတစ်ကောင်ဖြစ်တယ်။ အဲဒီခွေးက လူတွေကိုအရှင်လတ်လတ်ဝါးမြိုပြီး လူသေတွေရဲ့ဝိညာဉ်ကို ငရဲပြည်ပို့ဆောင်ပါတယ်။ ဒါကြောင့် ကုမ္ပဏီဖော်ဆောင်ချင်တဲ့အဓိပ္ပာယ်က ဒီငရဲခွေးကြီးနဲ့ လုံးဝကွဲပြားနေပါတယ်။

မူရင်းလင့် -- http://www.duwanjuan.cn/jie-shen-hua-nao-xiao-hua

ပုံတွေကို ကော်မန့်မှာတင်ထားပါတယ်..။ ဖတ်ရတဲ့စာမှာက ဒီဂရိဒဏ္ဍာရီဇာတ်ကောင်တွေပါ။ ကျန်တာတွေကိုဖတ်မိခဲ့ရင် မျှဝေပါဦးမယ်။
.

(၁) Starbucks

ဒီအစိမ်းရောင် logoက နိုင်ငံအနှံအပြားမှာရှိပြီး မြင်တာနဲ့ ဘာဆိုင်လဲဆိုတာသိနိုင်တဲ့ အမှတ်အသားဖြစ်ပါတယ်။ Starbucks ကို စတည်ထောင်ချိန်မှာ "ရေကြောင်း"ကို အဓိကဆိုလိုရင်းအဖြစ် ထားခဲ့ပြီး ပထမဆုံးဆိုင်အဖြစ်ဖွင့်လှစ်ခဲ့တဲ့ ဆိပ်ကမ်းမြို့ Seattle ကို အထိမ်းအမှတ်ပြုခဲ့တာဖြစ်တယ်။ ဒါကြောင့် သူတို့က ရင်သားမို့မို့မောက်မောက်၊ ငါးမြီးနှစ်ခွရှိတဲ့ ကြောက်စရာအမျိုးသမီး Sirenကို Starbucksရဲ့ logoအဖြစ် ရွေးခဲ့ကြတယ်။

ဒါပေမယ့် ဂရိဒဏ္ဍာရီထဲက Siren ဟာ အေးစက်ကြမ်းကြုတ်တယ်။ သူတို့ဟာ ချိုသာစွဲမက်ဖွယ်ကောင်းတဲ့ သီချင်းသံတွေနဲ့ လူတွေရဲ့စိတ်နှလုံးကိုအိပ်မွေ့ချပြီး ဖျက်ဆီးတတ်တယ်။ ရှေးယခင်သဘောင်္သားတွေဟာ သူတို့ရဲ့ညှို့ငင်တာကို ခံရလို့ သဘောင်္နဲ့ သောင်ခုံကျောက်တန်းတွေတိုက်မိပြီး သေပွဲဝင်ခဲ့ကြရတယ်။

(2)ဒီနာမည်နဲ့ သင်စိမ်းမှာမဟုတ်ပါဘူး။ ဒါဟာ အရည်အသွေးကောင်းပြီး အဆင့်အတန်းရှိတဲ့ အမျိုးသားဝတ်စုံ အမှတ်တံဆိပ်တစ်ခုပါ။ ၁၉၇၈ခုနှစ်မှာ တည်ထောင်ခဲ့ပြီး ဂရိဒဏ္ဍာရီထဲက Medusaကို logoအဖြစ် အသုံးပြုထားပါတယ်။

ဒါပေမယ့် ဒဏ္ဍာရီထဲက Medusaက မြွေတွေရစ်ခွေထားတဲ့ဆံပင်နဲ့ မကောင်းဆိုးဝါးမတစ်ယောက်ဖြစ်တယ်။ သူဟာ အရင်တုန်းက စွဲမက်လှပတဲ့အမျိုးသမီးတစ်ဦးဖြစ်ပြီး ပင်လယ်နတ်မင်း Poseidon ကို စွဲလမ်းရူးသွပ်စေခဲ့တယ်။ သူတို့ဟာ Athenaဘုရားကျောင်းမှာ ပျော်ပါးခဲ့လို့ Athenaနတ်ဘုရားမကို အမျက်ဒေါသဖြစ်စေခဲ့တယ်။ နတ်ဘုရားမ Athenaက Medusaကို သွားစွယ်နဲ့ မြွေတွေရစ်ခွေထားတဲ့ဆံပင်အဖြစ် အပြစ်ပေးလိုက်တယ်။ Medusaမျက်နှာကိုမြင်သူတွေဟာ ကျိန်စာသင့်ပြီး ကျောက်ရုပ်တုဖြစ်သွားကြတယ်။

*** Versace တံဆိပ်ဝတ်ထားတဲ့ ယောက်ျားတစ်ယောက်ကိုမြင်ရင် ရူးသွပ်စွဲလမ်းသွားစေအောင်၊ မှင်သက်သွားစေအောင်လို့လား မသိဘူးနော်..

(3)ဒါဟာ အမေရိကန်နိုင်ငံမှာ ရောင်းအားအကောင်းဆုံး တံဆိပ်ဖြစ်တယ်။ Troyဆိုတဲ့ သူရဲကောင်း၊ သန်မာထွားကျိုင်းပြီး
ဇွဲသတ္တိကောင်းသူ၊ ပြိုင်ဖက်ကင်းမဲ့သူရဲ့နာမည်ကို တံဆိပ်အဖြစ်အသုံးပြုထားတယ်။ စာရင်းအင်းအရ ကမ္ဘာတစ်ဝန်းလုံးမှာ
Trojanတံဆိပ်ကွန်ဒုံးကို တစ်နှစ်မှာသန်း၅၂ဝခုလောက် အသုံးပြုတယ်လို့ဆိုပါတယ်။

ဒါပေမယ့် ဂရိဒဏ္ဍာရီပုံပြင်Trojanစစ်ပွဲမှာက ---- ဂရိစစ်သားတွေဟာ မြင်းရုပ်တုကြီးတစ်ရုပ်တည်ဆောက်ပြီး
စစ်သည်ရဲမက်တွေကို မြင်းဝမ်းခေါင်းထဲ ပုန်းနေစေခဲ့တယ်။ Troyမြို့သားတွေက မြင်းရုပ်ကို စစ်ပွဲနိုင်တဲ့ပစ္စည်းအဖြစ် မြို့ထဲကိုသွင်းခဲ့ကြတယ်။
အဲဒီညမှာပဲ မြင်းဝမ်းခေါင်းထဲက စစ်သားတွေထွက်လာပြီး Troyတစ်မြို့လုံးက လူတွေကို သတ်ဖြတ်ပစ်ခဲ့ကြတယ်။

ဒါကြောင့် လုံခြုံစိတ်ချရတယ်လို့ သင်ယုံကြည်ချင်ရင် Trojan ကို မသုံးပါနဲ့တဲ့...

(၄) Volkswagen Phaeton

Volkswagen ကားကုမ္ပဏီက ဇိမ်ခံကားတစ်မျိုးကို ထုတ်လုပ်ခဲ့တယ်။ အဲဒီကားကို "Phaeton"လို့ နာမည်ပေးထားပါတယ်။ ဂရိဒဏ္ဍာရီပုံပြင်ထဲမှာ Phaeton က နေနတ်သားအပိုလိုရဲ့သားဖြစ်တယ်။ အပိုလိုရဲ့စစ်ရထားက နေမင်းကိုဆွဲဆောင်လမ်းပြဖို့ဖြစ်တယ်။ Volkswagen က အဲဒီကားအမျိုးအစားကို Phaetonလို့ နာမည်ပေးတာဟာ "နေစစ်ရထား"ကို မောင်းနှင်တဲ့ခံစားချက်မျိုးလို့ အနက်ဆောင်ပါတယ်။

တကယ်တော့ ဒဏ္ဍာရီပုံပြင်ထဲမှာ Phaetonဟာ ကိုယ့်ကိုယ်ကိုအထင်ကြီးသူ၊ မိမိကိုယ်ကိုယ်ယုံကြည်မှုလွန်ကဲသူဖြစ်ပါတယ်။ သူအရွယ်ရောက်တဲ့နေ့မှာ ဖခင်အပိုလိုဆီကနေ စစ်ရထားကို သူငှားစီးပြီး အလည်ခရီးထွက်ခဲ့ပါတယ်။ တစ်နေရာမှာ အပြင်းနှင်နေတဲ့ရထားကို မထိန်းနိုင်ခဲ့လို့ စစ်ရထားတိမ်းမှောက်လုလုဖြစ်ခဲ့ပါတယ်။

(၅) HTC Erisဖုန်း

ဒါဟာ ၂ဝဝ၉ခုနှစ်မှာ ဈေးကွက်ပေါ်ရောက်လာတဲ့ စမတ်ဖုန်းဖြစ်ပါတယ်။ ရောင်းအားကောင်းတဲ့ဖုန်းလို့ သိရပါတယ်။

ဒါပေမယ့် ဂရိဒဏ္ဍာရီပုံပြင်ထဲက Eris ဟာ အငြင်းပွားစရာနတ်သမီး၊ အရှုံးရဲ့သင်္ကေတ၊ ရန်လိုတိုက်ခိုက်ခြင်း၊ တခြားလူရဲ့အိမ်ထောင်ရေးကို ဖျက်ဆီးသူ၊ Trojanစစ်ပွဲဖြစ်ပွားခြင်းရဲ့မီးစလို့ နာမည်ကြီးပါတယ်။ မင်္ဂလာပွဲတက်ဖို့ အဖိတ်မခံခဲ့ရတဲ့အတွက် Erisဟာ ရွှေပန်းသီးတစ်လုံးပေါ်မှာ "အလှဆုံးနတ်ဘုရားမအတွက်"ရေးပြီး နတ်ဘုရားမတွေကြား ပစ်ထည့်ခဲ့တယ်။ နတ်ဘုရားမတွေဟာ အလှဆုံးဖြစ်ရဖို့ ပန်းသီကိုလုရင်း အငြင်းပွားခဲ့ကြပါတယ်။

Phaetonကားနဲ့ Erisဖုန်းက ဒဏ္ဍာရီထဲက ဒီနာမည်အမိုက်စားကိုပဲ အဓိကထားရွေးပြီး နာမည်နောက်က အနက်အဓိပ္ပာယ်ကို မေ့သွားပုံရပါတယ်။

(၆) ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းများ

မြွေတိုင် (တိုင်မှာမြွေရစ်နေတဲ့ပုံ.. အဲတာကို ဘယ်လိုခေါ်တယ်မသိဘူး)ကို ဆေးပညာရဲ့အမှတ်အသားအဖြစ် ၁၉ရာစု ၁၉၅ဝခုနှစ်မှာ စတင်အသုံးပြုခဲ့တယ်။ စစချင်းမှာသုံးတာက ဂရိဒဏ္ဍာရီထဲက ဆေးနတ်သားရဲ့တိုင်ဖြစ်ပြီး တိုင်ပေါ်ကမြွေမှာ အတောင်ပံမရှိပါခဲ့ဘူး။ တဖြည်းဖြည်း မြွေတိုင်အမှတ်အသားကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာချိန်မှာ ကျန်းမာရေးအဖွဲ့အစည်းတော်တော်များများက အတောင်ပံပါတဲ့မြွေတိုင်ကို အသုံးပြုလာခဲ့ကြပါတယ်။

ဂရိဒဏ္ဍာရီမှာပါတဲ့ အတောင်ပံပါမြွေတိုင်က "လိမ်ညာခြင်း၊ လှည့်စားခြင်း၊ လောဘကြီးခြင်း"ဆိုတဲ့ အဓိပ္ပာယ်ဆောင်ပါတယ်။ သင် ဆေးရုံသွားဖူးသလား......။
.

(၇) Cerberus Capital Management

ဒါဟာ အမေရိကန်က အကြီးဆုံးပုဂ္ဂလိကရင်းနှီးမြှုပ်နှံကုမ္ပဏီဖြစ်တယ်။ ကုမ္ပဏီက Cerberus နာမည်ကိုရွေးတာဟာ ကိုယ့်ကိုယ်ကိုဘဏ္ဍာငွေထိန်းသိမ်းသူအဖြစ် ဖော်ဆောင်ထားတာဖြစ်တယ်။

ဒါပေမယ့် ဂရိပုံပြင်ထဲက Cerberusက ခေါင်းသုံးလုံးရှိတဲ့ခွေးတစ်ကောင်ဖြစ်တယ်။ အဲဒီခွေးက လူတွေကိုအရှင်လတ်လတ်ဝါးမြိုပြီး လူသေတွေရဲ့ဝိညာဉ်ကို ငရဲပြည်ပို့ဆောင်ပါတယ်။ ဒါကြောင့် ကုမ္ပဏီဖော်ဆောင်ချင်တဲ့အဓိပ္ပာယ်က ဒီငရဲခွေးကြီးနဲ့ လုံးဝကွဲပြားနေပါတယ်။

မူရင်းလင့် -- http://www.duwanjuan.cn/jie-shen-hua-nao-xiao-hua

ပုံတွေကို ကော်မန့်မှာတင်ထားပါတယ်..။ ဖတ်ရတဲ့စာမှာက ဒီဂရိဒဏ္ဍာရီဇာတ်ကောင်တွေပါ။ ကျန်တာတွေကိုဖတ်မိခဲ့ရင် မျှဝေပါဦးမယ်။

99sanay--

Be Happy,

          Moe Moe.

No comments:

Post a Comment