1.
ကျနော့်သူငယ်ချင်းက ဇော်ထိုက် တဲ့
စင်္ကာပူမှာ အလုပ်လုပ်ပြီး မြန်မာပြည်ကို ပြန်လာတာ မကြာသေးဘူး။
နိုင်ငံခြားမှာ အနေကြာလာတော့ ပြောတာဆိုတာ၊ နေတာထိုင်တာက အရမ်း ဘိုဆန်တယ်။
(ဘိုရူးရူးနေတာ ဆိုပါတော့)
နာမည်တောင် ဇော်ထိုက်ကနေ ဘိုနာမည်ပြောင်းထားတာ ကြည့်
“ရစ်ချပ်ထိုက်” တဲ့။
အတိုကောက်အနေနဲ့ ခေါ်ရင် ‘ရစ်ချပ်’ ပေါ့
နာမည်ပြောင်းကင်ပွန်းတပ်ပွဲ လုပ်ပြီးကို နာမည် ပြောင်းတာ
‘ကျနော်မောင်ဇော်ထိုက်အား ယနေ့မှစ၍ ရစ်ချပ်ထိုက်ဟု ခေါ်ပါရန်’ ဘာညာပေါ့
ဘုန်းကြီးငါးပါး အိမ်ပင့်ပြီးဆွမ်းကပ်တယ်
လှူဖွယ်ဝတ္ထုတွေကပ်လှူလိုက်တယ်
ဘုန်းကြီးတွေကို သူကိုယ်တိုင်ဆွမ်းကပ်နေတဲ့ပုံ ဓါတ်ပုံရိုက်ပြီး Face book တင်တယ်
ဓါတ်ပုံကို Caption ထိုးတော့ အင်္ဂလိပ်လိုပဲ ထိုးတယ်… ဘိုဆန်တာကိုး
ဘာတဲ့… ‘I was donated 5 monks’… တဲ့
‘သူ့ကို တယောက်ယောက်က ဘုန်းကြီးငါးပါး လာလှူသွားတယ်’ လို့ ဆိုလိုတာပေါ့လေ
သူ့အိမ်မှာ ဘုန်းကြီးတွေ ဘယ်နားသီတင်းသုံးကြမလဲ မသိ
ခက်တာက သူ့အဖေ အမေတွေက အညာသူအညာသား ရိုးရိုးအေးအေးကြီးတွေ
သူတို့သားလူလည် နာမည်ပြောင်းမယ်ဆိုလို့သာ လိုက်လျောလိုက်ရတာ
ပြောင်းလိုက်တဲ့ နာမည်အသစ်ကို မခေါ်တတ်ဘူးရယ်
ဒီတော့ သူတို့ ခေါ်တတ်သလို သူတို့နဲ့ ရင်းနီးဖူးတဲ့ နာမည်ပဲခေါ်တာပေါ့… …
“ရစ်ကြက်” တဲ့
“သားရေ မောင်ရစ်ကြက်၊ သားရေ မောင်ရစ်ကြက်”… နဲ့ ခေါ်ခေါ်နေရော
ခေါ်သံကို ကြားရတာ မသိတဲ့လူတွေကထင်မယ် သူ့အမေလူစင်စစ်က ကြက်ကြီးမွေးထားတယ်လို့ … …
“အဖေတို့ အမေတို့ကလည်းဗျာ၊ ရစ်ချပ်ပါဗျ၊ ရစ်ကြက်မဟုတ်ပါဘူး၊ ပီပီသသ ခေါ်စမ်းပါ”
“ခေါ်တတ်ပါဘူး သားလေး မောင်ရစ်ကြက်ရယ်”
“ကဲ တော်ပါပြီ၊ ခေါ်ချင်သလိုသာ ခေါ်ကြပါတော့”
2.
ဒီလိုနဲ့ နေလာလိုက်တာ…
တရက်ကတော့ ဘယ်ကရလာတယ် မသိဘူး
ကြောင်လေးတစ်ကောင် ခြင်းတောင်းနဲ့ထည့်ပြီး အိမ်ကို ဆွဲလာတာ တွေ့လိုက်တယ်
ဝဝကစ်ကစ် ချစ်စရာလေး၊
အမွေးလေးတွေကလည်း ဖြူဖွေးနူးညံ့နေလိုက်တာ ငှက်မွေးလေးတွေ ကျနေတာပဲ
ဒါနဲ့...
သူ့ကြောင်အမွေးလေးတွေ နူးညံ့တာကို အစွဲပြုပြီး နာမည်ပေးလိုက်တယ်…
ထုံးစံအတိုင်း ဘိုရူးဆိုတော့ ဘိုနာမည်ဘဲပေါ့…
"Fur" တဲ့
သူခေါ်တာ ကြားကြားနေတာကတော့ ‘ဖာလေးရေ၊ ဖာလေးရေ’ နဲ့ အူးယားတာဗျာ
'ကြားရတာ မကောင်းဘူး၊ ဘေးကကြားရင် မင်းအိမ်မှာ မဟုတ်တာ လုပ်စားနေတယ် ထင်နေဦးမယ်၊ တခြားနာမည်ပြောင်းပေး'... ဆိုတော့လည်း လက်မခံဘူး
ကြောင်လေးကို ချစ်လိုက်တာမှ အရိပ်တစ်ကြည့်ကြည့်နဲ့
တရက်ကတော့ဗျာ လေကြီးမိုးကြီးတွေကျပြီး သစ်ကိုင်းတွေကျိုး၊ အိမ်မိုးတွေလန် ဖြစ်ကုန်တယ်။
ညဥ့်တော်တော်နက်တဲ့ အထိ သူ့ကြောင်လေးက ပြန်မလာဘူး
လူခြေတိတ်ချိန်ရောက်တဲ့အထိ ကြောင်လေး ပြန်မလာတော့ ကိုယ့်လူ မောင်ရစ်ကြက် ကြောင်ရှာထွက်ရတော့တာပေါ့…
မိုးကာအိကျီ င်္ကြီးကိုဝတ်၊ လည်ရှည်ဖိနပ်ကြီးကိုစီး၊ ဦးထုတ်ကြီးကိုဆောင်းလို့ ဓါတ်မီးတစ်လက်နဲ့ ခြံပြင်ထွက်ရှာတယ်
မတွေ့တော့ ရပ်ကွက်ထဲ လမ်းကြိုလမ်းကြား အနှံ့လိုက်ရှာတယ်
အဲ… အဲဒီမှာ
လှည့်ကင်းလှည့်လာတဲ့ ရဲအဖွဲ့နဲ့ တိုးပါလေရော…
ညနက်နက်ကြီး ဝတ်ပုံစားပုံကြည့်ရတာလည်း မသင်္ကာစရာဆိုတော့ ရဲက ခေါ်ပြီး စစ်မေးတာပေါ့
ရဲက တစ်ခွန်းပဲ မေးရသေးတယ်၊ သူကလည်း တစ်ခွန်းပဲ ဖြေရသေးတယ်...
တန်းပြီး အဖမ်းခံလိုက်ရပါလေရော…
အဖမ်းခံရတာလည်း မပြောနဲ့အုံး
ရဲနဲ့ သူနဲ့ အမေးအဖြေက ဒီလို… …
ရဲသား ။... ... ။ ဟေ့လူ၊ ညဥ့်နက်သန်းကောင် ဘာလုပ်နေတာလဲ
ရစ်ချပ် ။... ..။ ဖာ ထွက်ရှာနေတာ
နည်းနည်းလေးဖြစ်ဖြစ် ပြုံးနိုင်ကြပါစေ…. သန်၎ကို-ပေါက်ကရရေးသည်
ကျနော့်သူငယ်ချင်းက ဇော်ထိုက် တဲ့
စင်္ကာပူမှာ အလုပ်လုပ်ပြီး မြန်မာပြည်ကို ပြန်လာတာ မကြာသေးဘူး။
နိုင်ငံခြားမှာ အနေကြာလာတော့ ပြောတာဆိုတာ၊ နေတာထိုင်တာက အရမ်း ဘိုဆန်တယ်။
(ဘိုရူးရူးနေတာ ဆိုပါတော့)
နာမည်တောင် ဇော်ထိုက်ကနေ ဘိုနာမည်ပြောင်းထားတာ ကြည့်
“ရစ်ချပ်ထိုက်” တဲ့။
အတိုကောက်အနေနဲ့ ခေါ်ရင် ‘ရစ်ချပ်’ ပေါ့
နာမည်ပြောင်းကင်ပွန်းတပ်ပွဲ
‘ကျနော်မောင်ဇော်ထိုက်အား ယနေ့မှစ၍ ရစ်ချပ်ထိုက်ဟု ခေါ်ပါရန်’ ဘာညာပေါ့
ဘုန်းကြီးငါးပါး အိမ်ပင့်ပြီးဆွမ်းကပ်တယ်
လှူဖွယ်ဝတ္ထုတွေကပ်လှူလိုက်တယ်
ဘုန်းကြီးတွေကို သူကိုယ်တိုင်ဆွမ်းကပ်နေတဲ့ပ
ဓါတ်ပုံကို Caption ထိုးတော့ အင်္ဂလိပ်လိုပဲ ထိုးတယ်… ဘိုဆန်တာကိုး
ဘာတဲ့… ‘I was donated 5 monks’… တဲ့
‘သူ့ကို တယောက်ယောက်က ဘုန်းကြီးငါးပါး လာလှူသွားတယ်’ လို့ ဆိုလိုတာပေါ့လေ
သူ့အိမ်မှာ ဘုန်းကြီးတွေ ဘယ်နားသီတင်းသုံးကြမလဲ မသိ
ခက်တာက သူ့အဖေ အမေတွေက အညာသူအညာသား ရိုးရိုးအေးအေးကြီးတွေ
သူတို့သားလူလည် နာမည်ပြောင်းမယ်ဆိုလို့သာ လိုက်လျောလိုက်ရတာ
ပြောင်းလိုက်တဲ့ နာမည်အသစ်ကို မခေါ်တတ်ဘူးရယ်
ဒီတော့ သူတို့ ခေါ်တတ်သလို သူတို့နဲ့ ရင်းနီးဖူးတဲ့ နာမည်ပဲခေါ်တာပေါ့… …
“ရစ်ကြက်” တဲ့
“သားရေ မောင်ရစ်ကြက်၊ သားရေ မောင်ရစ်ကြက်”… နဲ့ ခေါ်ခေါ်နေရော
ခေါ်သံကို ကြားရတာ မသိတဲ့လူတွေကထင်မယ် သူ့အမေလူစင်စစ်က ကြက်ကြီးမွေးထားတယ်လို့ … …
“အဖေတို့ အမေတို့ကလည်းဗျာ၊ ရစ်ချပ်ပါဗျ၊ ရစ်ကြက်မဟုတ်ပါဘူး၊ ပီပီသသ ခေါ်စမ်းပါ”
“ခေါ်တတ်ပါဘူး သားလေး မောင်ရစ်ကြက်ရယ်”
“ကဲ တော်ပါပြီ၊ ခေါ်ချင်သလိုသာ ခေါ်ကြပါတော့”
2.
ဒီလိုနဲ့ နေလာလိုက်တာ…
တရက်ကတော့ ဘယ်ကရလာတယ် မသိဘူး
ကြောင်လေးတစ်ကောင် ခြင်းတောင်းနဲ့ထည့်ပြီး အိမ်ကို ဆွဲလာတာ တွေ့လိုက်တယ်
ဝဝကစ်ကစ် ချစ်စရာလေး၊
အမွေးလေးတွေကလည်း ဖြူဖွေးနူးညံ့နေလိုက်တာ ငှက်မွေးလေးတွေ ကျနေတာပဲ
ဒါနဲ့...
သူ့ကြောင်အမွေးလေးတွေ နူးညံ့တာကို အစွဲပြုပြီး နာမည်ပေးလိုက်တယ်…
ထုံးစံအတိုင်း ဘိုရူးဆိုတော့ ဘိုနာမည်ဘဲပေါ့…
"Fur" တဲ့
သူခေါ်တာ ကြားကြားနေတာကတော့ ‘ဖာလေးရေ၊ ဖာလေးရေ’ နဲ့ အူးယားတာဗျာ
'ကြားရတာ မကောင်းဘူး၊ ဘေးကကြားရင် မင်းအိမ်မှာ မဟုတ်တာ လုပ်စားနေတယ် ထင်နေဦးမယ်၊ တခြားနာမည်ပြောင်းပေး'... ဆိုတော့လည်း လက်မခံဘူး
ကြောင်လေးကို ချစ်လိုက်တာမှ အရိပ်တစ်ကြည့်ကြည့်နဲ့
တရက်ကတော့ဗျာ လေကြီးမိုးကြီးတွေကျပြီး သစ်ကိုင်းတွေကျိုး၊ အိမ်မိုးတွေလန် ဖြစ်ကုန်တယ်။
ညဥ့်တော်တော်နက်တဲ့ အထိ သူ့ကြောင်လေးက ပြန်မလာဘူး
လူခြေတိတ်ချိန်ရောက်တဲ့အထိ ကြောင်လေး ပြန်မလာတော့ ကိုယ့်လူ မောင်ရစ်ကြက် ကြောင်ရှာထွက်ရတော့တာပေါ့…
မိုးကာအိကျီ င်္ကြီးကိုဝတ်၊ လည်ရှည်ဖိနပ်ကြီးကိုစီး၊ ဦးထုတ်ကြီးကိုဆောင်းလို့ ဓါတ်မီးတစ်လက်နဲ့ ခြံပြင်ထွက်ရှာတယ်
မတွေ့တော့ ရပ်ကွက်ထဲ လမ်းကြိုလမ်းကြား အနှံ့လိုက်ရှာတယ်
အဲ… အဲဒီမှာ
လှည့်ကင်းလှည့်လာတဲ့ ရဲအဖွဲ့နဲ့ တိုးပါလေရော…
ညနက်နက်ကြီး ဝတ်ပုံစားပုံကြည့်ရတာလည်း မသင်္ကာစရာဆိုတော့ ရဲက ခေါ်ပြီး စစ်မေးတာပေါ့
ရဲက တစ်ခွန်းပဲ မေးရသေးတယ်၊ သူကလည်း တစ်ခွန်းပဲ ဖြေရသေးတယ်...
တန်းပြီး အဖမ်းခံလိုက်ရပါလေရော…
အဖမ်းခံရတာလည်း မပြောနဲ့အုံး
ရဲနဲ့ သူနဲ့ အမေးအဖြေက ဒီလို… …
ရဲသား ။... ... ။ ဟေ့လူ၊ ညဥ့်နက်သန်းကောင် ဘာလုပ်နေတာလဲ
ရစ်ချပ် ။... ..။ ဖာ ထွက်ရှာနေတာ
နည်းနည်းလေးဖြစ်ဖြစ် ပြုံးနိုင်ကြပါစေ…. သန်၎ကို-ပေါက်ကရရေးသည်
No comments:
Post a Comment