ရုပ် ဆိုး shared Yannaung Soe's photo.
နိုဝင်ဘာလ 29 ရက်နေ့ ထုတ် မြန်မာ့အလင်း သတင်းစာပါ သတင်းတစ်ပုဒ်မှာ သာသနာရေး ၀န်ကြီဌာန ပြည်တောင်စုဝန်ကြီး ဦးဆန်းဆင့် က သာသနာတော် သန့်ရှင်းပြန့်ပွားရေး အနှောက်ယှက် အဟန့် အတားများဖြစ်တဲ့ သိက္ခာမတင် သိမ်မ၀င်ဘဲ ငွေကြေးအလှူခံပြီး စီးပွားရှာစားနေတဲ့ရှင် အတုရှင်အယောင်များ ၊
ဝိနည်းစည်းကမ်းကိုလေးစားလိုက်နာချင်းမရှိတဲ့ ရဟန်းသာမဏေအချို့ တို့ရဲ့ ကျင့်ကြံပြုမူမှု များ ၊ အဓမ္မ၀ါဒီများရဲ့ ထေရ၀ါဒပိဋကတ်တော်နဲ့ ကိုက်ညီမှု မရှိတဲ့ အဓ္ဓမ၀ါဒများကို ဟောပြောခြင်း ၊ စည်းရုံးသိမ်းသွင်းခြင်းများ စတာတွေ လက်ရှိ အခြေအနေမှာတွေ့ မြင်နေရတာဖြစ်လို့ ဓမ္မ၀ါဒီများက ၀ိုင်းဝန်းစောင့်ကြည့် တာဆီး စီစစ်ပြီး ထေရ၀ါဒ ဓမ္မအလင်းရောင် ထွန်းလင်းလာအောင် ကြိုးစားဆောင်ရွက်ဖို့ ရာအတွက် ၄၇ ပါးစုံညီ အစည်းဝေးမှာဆရာတော်ကြီးများကို တိုက်တွန်း လျှောက်ထားတဲ့ အကြောင်းဖတ်ခဲ့ ရပါတယ် ။ ကျတော်တို့ မြန်မာနိုင်ငံ မှာသာသနာတော် သန့်ရှင်းစင်ကြယ်စေရန်အတွက် နိုင်ငံ အုပ်ချုပ်မင်းလုပ်တဲ့ သူများအနေနဲ့ ဒီလိုကြိုးပမ်းခဲ့တာဟာ ပုဂံခေတ် အနော်ရထာမင်း လက်ကတည်းကတိုင်ရှိခဲ့ တယ်လို့ မှတ်သားခဲ့ရဖူးပါတယ် ။ အဲဒီထဲမှာမှ သာသနာတော် သန့်ရှင်းစည်ပင်တိုးတက်ဖို့ရာ ရည်ရွယ်ပြီး ရဟန်းဘောင် ၀င်မယ့် ပုဂ္ဂိုလ် များကို ဘယ်လိုအရည်ချင်း သတ်မှတ်ချက်တွေ ပြည့်စုံပါမှ ရဟန်းဝတ်ခွင့် ပြုပေးဖို့ သက်ဆိုင်ရာ ဆရာတော်ကြီးတွေကို အရှင်ဘုရင်လုပ်သူက တောင်းပန်လျှောက်ထားတဲ့ အကြောင်းခိုင်မာတိကျစွာနဲ့ ကဗျည်း မှတ်တမ်းတင်ခဲ့ တဲ့ ကျောက်စာတစ်ချပ်ရှိပါတယ် ။ အဲဒီကျောက်စာက 1480 ပြည့်နှစ်မှာ ဓမ္မစေတီမင်း လို့ လူသိများတဲ့ ရာမာအဓိပတိမင်း ရေးထိုးခဲ့တဲ့ ပဲခူး ကလျာဏီသိမ် ကျောက်စာဖြစ်ပါတယ် ။ ရာမာအဓိပတိ လို့ခေါ်တဲ့ ဓမ္မစေတီ ( အခု ရန်ကုန်မြစ်ထဲမှာ နစ်မြုတ်နေတဲ့ ရွှေတိဂုံစေတီကြီးမှ ခေါင်းလောင်းကြီးရဲ့ အလှူ ရှင် ) မင်းကြီးဟာ ခရစ်နှစ်နှစ် 1472 ခုနှစ် သူနန်းတက်ပြီး နောက် နိုင်ငံ အုပ်ချုပ်ရေး ကိုခိုင်မာအောင် သုံးနှစ် အားထုတ်ပြီး 1475 ခုနှစ်မှာ သာသနာတော် သန့် ရှင်းပြန့်ပွားဖို့ ရည်ရွယ်ပြီး မဟာထေရမောဂ္ဂလန် အမှုးပြုတဲ့ သံဃာတော် 21 ပါးနဲ့ တိုင်ပင်တယ် ။ သာသနာမှာ ရဟန်းတွေ ကို အမှီပြုရသလို ရဟန်းတွေ ကလည်း သိမ်ကို အမှီပြုရတယ် ။ ဒီတော့ သိမ်အစစ်မှန်ဖြစ်ဖို့ရန်အတွက် အဲဒီချိန်က ဗုဒ္ဓဘာသာ အစစ်မှန်ထွန်းလင်းနေတဲ့ သီဟိုဠ် နိုင်ငံ မှ အကူအညီ ကိုရယူရမယ်လို့ တညီ တစ်ညွတ်တည်း ဆုံးဖြတ်ပြီး ရဟန်းတော်များကို ဇန်န၀ါရီ 22 ရက် 1476 ခုနှစ်မှာ သီဟိုဠ် ( သီရိလင်္ကာ ) ကိုစေလွတ်ခဲ့တယ် ။ နောက် 10 လနီးပါးကြာပြီး မှ သီဟိုဠ် ကနေပြန်ရောက်လာတဲ့ သာသနာပြုရဟန်းတော်တချို့ ပဲခူးကို ပြန်ရောက်လာတဲ့ အခါ နရသူရ အမတ်ကြီး ရဲ့ ကွမ်းသီးခြံနားက မြေနေရာမှာ သိမ်သစ် သမုတ်တယ် ။ ကလျာဏီသိမ်လို့ အမည်ပေးတယ် ။ အဲဒီ သိမ်သစ်မှာ သုဝဏ္ဏသောဘဏမဟာထေကို ဥပဇ္ဈာယ် လုပ်ပြီး သုံးနှစ်အတွင်း အကြိမ်ကြိမ် ရဟန်းခံခဲ့တယ် ။ နောက်ပြီးတော့ နောင်အခါ ရဟန်းခံတဲ့ အခါ ဘယ်လိုအချက်တွေ ပြည့်စုံပါမှလက်ခံပါလို့ ဓမ္မစေတီမင်းက ရဟန်းတော်တွေကိုပန်ကြားခဲ့တယ် ..။ ဘုရင်ကြီး လိုအပ်တဲ့ သပ်မှတ်ချက်တွေ ကို ကလျာဏီ ကျောက်စာမှာ ဒီလိုဖော်ပြထားပါတယ် …….
( 1 ) မြင်ရုံနဲ့ ကြည်ညိုဖွယ်ရှိတဲ့ သူကိုပဲ ရဟန်းခံပေးပါ ။
( 2 ) မင်းဒါဏ်သင့်ပြီးဖြစ်တဲ့ သူကိုရဟန်းမပြုပေးရ ။
( 3 ) ကျော်စောထင်ရှားတဲ့ သူခိုး ၊ ဓပြတွေကိုလက်မခံရ ။
( 4 ) ကိုယ်အင်္ဂါ ချို့ တဲ့လို့ ..ဥပမာခြေပြတ် လက်ပြတ် ကုန်းကွ ကောက်ခွင်တဲ့ သူကို လက်မခံရ ။
( 5 ) မြင်ရုံနဲ့ ရယ်စရာကောင်းတဲ့ သူကိုလက်မခံရ ၊ ဆရတော်ကြီး တွေကလည်း တပည့်သံဃာတွေကို
( က ) ဆေးကုခွင့်မပေးနဲ့ ၊
( ခ ) ဗေဒင်တွက်ပြီး ဟောပြောခွင့် မပေးနဲ့
( ဂ ) အ၀တ်ထည်မှာ ဆေးဆိုးပန်းရိုက်ထားတာတွေ ကို ၀တ်ရုံခွင့်မပေးပါနဲ့
( ဃ ) ပန်းဖေါက် ၊ ပန်းထွင်းမပြုစေပါနဲ့
( င ) လူဝတ်ကြောင်တွေ အသက်မွေးတဲ့ အလုပ်မျိုးကို ဘာတစ်ခုမှ ၀င်ပြီး မလုပ်စေနဲ့
( 6 ) အသံဆွဲအငင်တွေနဲ့ တရားမဟောပါစေနဲ့ ။
( 7 ) တရားဟောပြီး ၀ါ ၊ ဆန် စတာတွေကို အလှူမခံ ပါစေနဲ့ ။
( 8 ) လူကြီးလူငယ် မရွေး လူဝတ်ကြောင်တွေနဲ့ ( ချစ်ခင်ပေါင်းသင်း ) ရောနှောယှက်တင် မပြုပါစေနဲ့ ၊ မင်းချင်း ၊ မင်းစေ ၊ သောက်စား လောင်းကစားတဲ့လူ ၊ လော်လီ ဖောက်ပြားတဲ့လူတွနဲ့ မရောနှော ပါစေနဲ့ …. နောက်ပြီး
( 1 ) ၀ိနည်း သိက္ခာပုဒ်တော်နဲ့ လျှော်ညီတဲ့ ပိဋိပတ်ကိုသာ ကျင့်ဆောင်ပါစေ
( 2 ) တစ်ဂိုဏ်း တစ်ဂဏ တည်းသာ ဖြစ်ပါစေ … အဲဒီနှစ်ခုကို မဆောင်ရွက်နိုင်ဘူးဆိုရင် “လူထွက်ပါ” ……..ဆိုပြီး ရှင်ဘုရင်လုပ်သူက သူလိုချင်တဲ့ အောက်လိုင်းတွေကို သံဃာတော်ကြီးတွေထံ ပန်ကြားလျောက်တင်ပြီး ကလျာဏီ ကျောက်စာထဲ မှာ ရေးထိုးမှတ်တမ်းတင်ခဲ့ ပါတယ် ။ ဓမ္မစေတီမင်း တောင်းဆို ချပြထားတဲ အချက်တွေဟာ သာသနာတော် သန့် ရှင်းပြန့်ပွားရန်အတွက် ချမှတ်ထားတဲ့စည်းကမ်းချက်တွေအဖြစ် လက်ခံသင့်ပါတယ် ။ ဒါပေမယ့် လောကကို ငြီးငွေ့ လို့ ရဟန်းဘောင်ကိုဝင်လာတဲ့ သူတစ်ယောက် အတွက် နံပါတ် ( 1 ) အချက်ဖြစ်တဲ့ မြင်ရုံနဲ့ ကြည်ညိုဖွယ်ရှိတဲ့ သူကိုပဲ ရဟန်းခံပေးဖို့ ချမှတ်ထားတဲ့ အချက်က သိပ်တော့ သဘ၀ မကျဘူးလို့ မြင်မိပါတယ် ။ ဘယ်လိုဘဲဖြစ်ဖြစ် အထက် မှာဖော်ပြထားတဲ့ အချက်တွေ ကို လေ့လာကြည့်ရရင်ဖြင့် အဲဒီခေတ်က ( ကလျာဏီသိမ်သမုတ်ခင်က ) မြန်မာနိုင်ငံတွင်းရှိ သံဃာတော်တွေရဲ့ အခြေနေကို မှန်းကြည့်လို့ ရပါတယ် ။ နောက်ပြီး ဓမ္မစေတီမင်း ကိုယ်တိုင်က ဘုန်းကြီးလူထွက် မင်းတစ်ပါး ဖြစ်တယ်ဆိုတော့ အဲဒီခေတ်က ရဟန်းသံဃာတွေ တချို့ ရဲ့ အခြေနေကို ပိုပြီး နက်နက်ရှိင်းရှိင်း သိနေပုံရပါတယ် ။ အခုကျတော် ထုတ်နုတ်ပြထားတဲ့ အချက်လေးဟာ ကလျာဏီကျောက်စာပါ တန်ဖိုးရှိတဲ့သမိုင်းအချက်လက်များစွာတွေထဲကမှ အနည်းအကျည်းကို ထုတ်နုတ်ပြထားတာဖြစ်ပါတယ် ။ ဒီကလျာဏီကျောက်စာကနေပြီး တန်ဖိုးရှိတဲ့ သမိုင်းအချက်လက်တွေကို ပညာရှင်များက ထုတ်နုတ်ထားတာတွေ အများကြီးရှိပါသေးတယ် ။
ဥပမာ - ပုဂံခေတ်မှာ အနော်ရထာမင်းကြီး က ပိဋကပ် သုံးပုံကို လိုချင်လို့ သထုံကို စစ်တိုက်ပြီး မနူဟာမင်းကို ပုဂံ အထိ ဖမ်းဆီးခေါ်ဆောင်လာခဲ့တယ် လို့ လူတွေပြောနေတဲ့ အချက်ဟာ ဒီကလျာဏီ ကျောက်စာပါ အချက်ကို အခြေခံပြီး ပြောတာဖြစ်တယ်လို့ သိရပါတယ် ။ အဲဒီလို အရေးကြီးတဲ့ အချက်လက်တွေစုဆောင်းပါရှိတဲ့ ကလျာဏီ ကျောက်စာကိုရေးထိုးတဲ့ ဓမ္မာစေတီမင်းဟာ သူ့ထီးနန်းကို ရန်ရှာမယ်လို့ ထင်ရတဲ့ သားတော် မင်းရဲ ကျော်စွာ ကိုသတ်ပြီး ခရစ်နှစ် 1492 ခုနှစ် အသက်တော် 83 နှစ်မှာ သားတော် အိမ်ရှေ့ မင်းလုပ်ကြံလို့ သေရပါတယ် ။ ထီးမွေနန်းရာ လျှာထားခြင်းခံထားရပြီးဖြစ်တဲ့ သားတော်အိမ်ရှေ့ မင်းက ဘာဖြစ်လို့ ပိတုဃာတကကံ ကိုကျူးလွန်ခဲ့သလဲ ဆိုတာကိုတော့ စဉ်းစားလို့ကိုမရနိုင်တော့ ပါဘူး ။
( ရန်နောင်စိုး ).
No comments:
Post a Comment