Saturday, December 7, 2013

"သာကေတ က ကားမှတ်တိုင်"



မသာ...
တေချင်းရှိုး...
အကုသိုလ်ကောင် စပယ်ယာ...
အိမ်ပြန်ရောက်ရင် မိန်းမ ရိုက်ပါစေတော်...



ကိစ္စလေးရှိလို့ အဒေါ်တစ်ယောက်ရှိတဲ့ သာကေတကို လာမိပါတယ်။
ကားပေါ်မှာ အရှက်ကို ဗြန်းဗြန်းကြီး ကွဲခဲ့ရပါရောလား...

အဒေါ်နေတဲ့နေရာက သာကေတ "တစ်ဈေးကွေ့ မှတ်တိုင်" မှာဆင်းပြီး လမ်းနည်းနည်းလျှောက်လိုက်ရင် ရပြီ

ကိုယ်ကလည်း ကားစီးရင်းရောက်တတ်ရာရာ တွေးလာမိတာ ဆင်းရမယ့်မှတ်တိုင် ရောက်တော့မှာကို သတိမထားမိဘူး
စပယ်ယာက 'မှတ်တိုင်ပါရင်ပြော...' လို့ ရုတ်တရက် ထအော်လိုက်မှ သတိဝင်လာပြီး ဆင်းမယ့် "တစ်ဈေးကွေ့" မှတ်တိုင်ကို ကပြာကရာ အော်ထည့်လိုက်တယ်.... ...

"တစ်ဂွေးစေ့ ပါတယ်"

ကိုယ့်ဟာကိုယ် အော်ပြီး သတိမထားမိသေးဘူး။
စပယ်ယာက လူကို ပြူးကြောင်ကြောင်နဲ့ လှမ်းကြည့်နေလို့ မကြားဘူးထင်ပြီး ထပ်အော်လိုက်တယ်... ...

"တစ်ဂွေးစေ့ ပါတယ်နော်"

အဲဒီမှာ ခပ်တည်တည်လုပ်နေတဲ့ ခရီးသည်တွေရော၊ ကားစပယ်ယာရော ဝိုင်းရီပါလေရောတော်... ...

"ဟီး... ဟီး.... ဟား ဟား အဟစ်ဟစ်"

ဟော်တော်...
င့ါနှယ် သေသာသေလိုက်ချင်တယ်
ဒီပါးစပ်က ဘယ့်နှာတွေ ထွက်ကုန်ပါလိမ့်
ရွှက်လိုက်ထှာ...
ကားမရပ်မခြင်း မျက်နှာဘယ်ထားရမှန်းမသိဘူး

အဲ...
ကားလည်း ရပ်ရော
မသာကောင် စပယ်ယာက ပြုံးစိစိနဲ့ လှမ်းအော်လိုက်သေးတယ်... ...

"ဆရာရေ့.... ဂွေးစေ့ပါတဲ့ အစ်မတစ်ယောက် ဆင်းမယ်... အဟီး ဟီး ဟီး"


(ဟာသပြောပြသော ညီမငယ် Nyo Nyo Oo အား ကျေးဇူးတင်ပါသည်)

သန်၎ကို-ပေါက်ကရရေးသည်။
https://www.facebook.com/thanlayko

No comments:

Post a Comment