ကုမ္မ္မဏီက တရုတ်အင်ဂျင်နီယာလေး မင်္ဂလာဆောင်တော့ မင်္ဂလာညစာစားပွဲကို ရုံးက လုပ်ဖော်ကိုင်ဖက်တွေလည်း ဖိတ်လိုက်တယ်။
ညစာစားပွဲမှာ... ကျနော်တို့ဝိုင်းက စကော့လူမျိုး ဒဲရစ်တစ်ယောက်ကတော့ စားရင်းသောက်ရင်းနဲ့ တော်တော်လေးထွေနေပြီ ....
အဲဒီအချိန်မှာ သတို့သားနဲ့ သတို့သမီးက ကျနော်တို့ဝိုင်းကို ရောက်လာပြီး နှုတ်ဆက်စကားပြောတယ်
နှုတ်ဆက်ရင်းနဲ့ တရုတ်လူမျိုးတို့ ထုံးစံ၊ အရက်ခွက်လေးတွေ ကိုယ်စီကိုင်မြှောက်ရင်း "ကန့်ပေ့၊ ကန်ပေ့" လို့ အော်ပြီး အရက်သောက်ကြရော
အဲဒီမှာ ဒဲရစ်က ဘာမပြောညာမပြောနဲ့ သတို့သားကို လက်သီးနဲ့ ဆွဲထိုးပါလေရာဗျာ... ...
အားလုံးက မနည်း ဝိုင်းဆွဲလိုက်ရတယ်။
ဘာလို့ ထိုးရတာလဲလို့ မေးတော့... ...
"ဒီကောင် လူပါးဝလို့"
"ဘယ်လို ဝတာလဲ"
"ငါတို့ကို သူပဲ ဖိတ်ကျွေးပြီးတော့၊ ဒို့ဝိုင်းကို ပိုက်ဆံမရှင်းနိုင်ဘူးလေးဘာလေးနဲ့"
"ဟင်... ဟုတ်လား၊ ဘယ်တုန်းက ပြောတာလဲ"
"ခုနကလေ၊ မင်း မကြားဘူးလား ကန့်ပေး ကန့်ပေး (can't pay, can't pay) တဲ့"
"ဘုရားဘုရား... "
သန်၎ကို-ရမ်းဘာသာပြန်သည်
https://www.facebook.com/thanlayko
No comments:
Post a Comment