သစ်ထူးလွင် |
|
-
အင်္ဂါ-ကျွန်းဆွယ်-နိုင်ငံတော်နှ
င့် အတိုက်အခံတို့၏စန်း - စဥ့်ကူးမြို့ ကျောက်ငနွားရွာ သောက်သုံးရေ အခက်ကြုံ
- သရုပ်ဆောင်ဂန္တဝင် ဗိုလ်ချုပ်ကျော်ဘ သားနှင့် ခရိုနီများ အရှုပ်တော်ပုံ
- ဥပဒေကို မထီမဲ့မြင်လုပ်လာရင် ဆက်လက်ဖော်ထုတ်မယ်လို့ မိုးဇေညိမ်း ဆို
- ဒီဇင်ဘာလ(၇)ရက်နေ့ ထုတ် Netguide Vol (3) , Issue (13)
- ဒီဇင်ဘာလ(၆)ရက်နေ့ ထုတ် The Hot News Journal PDF (Vol -4) (No - 169)
- ဒီဇင်ဘာလ(၃)ရက်နေ့ ထုတ် မော်နီတာသတင်းဂျာနယ် အတွဲ(၂)၊ အမှတ် (၈၃)
- အင်တာနက်မမြန်သေးပါ
- ရောဂါအမည် မှားယွင်းတပ်ကြသောအခါ
-
နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ
သို့ အသိပေးကြေညာချက် - အာရှတိုးတက်မှုအထည်ချုပ်စက်ရုံ အလုပ်သမား ၁၃၀၀ ကျော် ဆန္ဒပြ
- ဗုဒ္ဓဆင်းတု ဦးခေါင်းတော်မှ ဆံတော်များထွက်ပေါ်
- အလေးမသည့် ၆၈ နှစ်ရွယ်အမျိုးသားကြီး ဝိတ်ပြားပိသေဆုံး
- သမ္မတအရည်အချင်း ဥပဒေပုဒ်မ ပြင်သင့်၊ မသင့် ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်မည်
- စိုးမြတ်သူဇာနှင့် နဝရတ် ရဲစစ်ချက်မှတ်တမ်း ဟူ၍ Facebook တွင် တင်ထားခြင်း ရပ်တန့်ရန် ရုပ်ရှင်အစည်းအရုံး တောင်းဆို
-
ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်
ရှိဖို့ တပ်မတော်က ကူညီနေကြောင်း ကာချုပ်ပြော - လယ်သမားများနှင့် အမှုဖြစ်နေသော ဗိုလ်မှူးချုပ်စိုးရှိန်အမှု ဘက်လိုက်ခြင်းမရှိ ကိုင်တွယ်မည်
- ပိုင်ရှင်မဲ့ မြန်မာအမျိုးသားနှစ်ဦး ရုပ်အလောင်း မလေးရှားဆေးရုံတွင် သောင်တင်နေ
- သက်ဆင်က သူ့ညီမကနေတဆင့် အုပ်ချုပ်နေတဲ့ အဝေးရောက် ၀န်ကြီးချုပ်ပါပဲ
-
အမှုအခင်းများတွင် ပြစ်မှုကျူးလွန်သူများကိုယ်စားေ
ငွသုံး၍ လူစားထိုးမှုများရှိနေဆဲ - NLD ပညာရေးကွန်ရက် နမ့်စန်တွင် မူလတန်းကျောင်းဖွင့်
- အသစ်ဆောက်လို၍ အန္တရာယ်ရှိအဆောက်အအုံ ဖြစ်ရန် တမင်လုပ်ဆောင် ဟုဆို
- AGTI အောင်ထားသူများအတွက် B-Tech ဝင်ခွင့်စာမေးပွဲ ယခုနှစ်အတွင်းကျင်းပရန် တောင်းဆိုမည်
- အွန်လိုင်းပေါ်တွင် ပြန့်နေသည့်အနုပညာရှင်များနှင့် မူးယစ်ဆေးဝါးကိစ္စ ရုပ်ရှင်လောကသားများ တုံ့ပြန်ပြီ
- မီးပုံးပျံ မီးစာ ပျက်ကျရာမှ အဘွားအိုအိမ် မီးလောင်ခံရ
Posted: 04 Dec 2013 04:30 AM PST
နိုင်ငံတော်သမ္မတ သည်ကားလည်း ကန်စန်းပေမို့ ကိုင်တွယ်ရန် ခက်ခဲသော ပြဿနာများ မမျှော်လင့်ဘဲ ရှိလာနိုင်သလို လူထုဆန္ဒပြပွဲလို၊ အဓိကရုဏ်းလို ပြဿနာများ သို့မဟုတ် နိုင်ငံခြားနှင့် ရှင်းရမည့်ပြဿနာမျိုးကြောင့် စိတ်နှလုံး မကြည်သာစရာ များက ရှိလာနိုင်ခြင်း သို့မဟုတ် ကျန်းမာရေး ကျဆင်းခြင်းများ ရှိလာနိုင်တာမို့ ထိုကာလတွင် နိုင်ငံခြား ဆေးကု ထွက်ရခြင်းများ ရှိလာနိုင်ခြင်း၊ သဘာဝဘေးရန် သို့မဟုတ် နိုင်ငံရေး မတည်ငြိမ်မှုများ ရှိလာနိုင်ပါသည်။ သို့မဟုတ် မိမိက ASEAN ဥက္ကဋ္ဌဖြစ်နေတာမို့ ASEAN ပြဿနာများကို ဖြေရှင်းပေးစရာ များက ရှိလာနိုင်ပါသည်။ --- ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 04 Dec 2013 04:23 AM PST
မ န္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် ကျောက်ငနွားကျေးရွာမှာ ရွာသားတွေ သုံးစွဲနေကျ အင်းထဲက ရေတွေ မသန့်ရှင်းတဲ့အတွက် သောက်သုံးရေ အခက်အခဲ တွေ့နေကြရပါတယ်။ ကျောက်ငနွားကျေးရွာက အားထားနေရတဲ့ သပျောအင်းထဲမှာ ငါးဖမ်းသူတွေက ငါးလှန့်ဆေးကို သုံးစွဲပြီး ငါးဖမ်းနေတဲ့အပြင် ရေသေအင်း ဖြစ်တဲ့အတွက် အခုလို မသန့်ရှင်းတဲ့ရေတွေ ဖြစ်နေတာလို့ ရွာခံ ဦးညွန့်သူက ပြောပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 04 Dec 2013 03:36 AM PST
၂ဝဝ၇ခုနှစ် နိုဝင်ဘာလတွင် ပိုင်အိုးနီးယားကလပ်၌ ကိုအောင်မှ ကျွန်တော်အား ' ၅' တံဆိပ်ပါ အဝါရောင် ဆေးပြား(၅)ပြားအား ပေးခဲ့ပြီး ထိုဆေးများကို ကျွန်တော်မှ မိန်းကလေးများနှင့် မဆက်ဆံမီ နာရီဝက်ခန့် အလို၌ ရေနှင့်တစ်ကြိမ်လျှင်(၁)လုံး သောက်ခဲ့ရာ (၃)ကြိမ်ခန့် သောက်ခဲ့ဘူးပါသည်၊ ထိုဆေးပြားအား လျှာအောက်တွင် ထည့်၍ငုံထားပါက ပို၍ကောင်း ကြောင်း ကိုအောင်မှ ပြောဘူးပါသည်၊ယခု သိမ်းဆည်းခံရသော ' ၅ 'တံဆိပ်ပါအဝါရောင်ဆေးပြား(၂)ပြာ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 04 Dec 2013 03:19 AM PST
ငရုတ်သီးဟာ ဒီတိုင်းနေရင် ကောင်းပါတယ်။ ကြက်သွန်နဲ့ ပေါင်းရင်တော့ အထောင်းခံမှာပါပဲ။ အနုပညာရှင်ပဲဖြစ်ဖြစ်၊ ဘယ်လိုလူပဲဖြစ်ဖြစ် ပြည်သူတွေကို ကုပ်စီးဖိနှိပ်နေတဲ့ အာဏာရှင်တွေနဲ့ သွားပေါင်းရင်တော့ ပြည်သူတွေ ပြန်ထောင်းတာ ခံရပါလိမ့်မယ်။ လက်ရှိဖော်ပြနေတဲ့ အစီရင်ခံစာဟာ ကျွန်တော့် လက်ဝယ်မှာ ရှိနေတဲ့ အတွင်းရေးနဲ့ ပတ်သတ်တဲ့ ထိပ်တန်းလျှို့ဝှက်အဆင့် စာရွက်စာတမ်းတွေထဲက တစ်ခုမျှသာ ဖြစ်ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 04 Dec 2013 03:09 AM PST
|
||
Posted: 04 Dec 2013 03:05 AM PST
ဒီဇင်ဘာလ(၆)ရက်နေ့ ထုတ် The Hot News Journal PDF (Vol -4) (No - 169) ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 04 Dec 2013 03:01 AM PST
|
||
Posted: 04 Dec 2013 02:52 AM PST
အစိုးရသစ်လက်ထက် ပိတ်ထားသော တံခါးအတော်များများကို ဖွင့်ပေးခဲ့သည့်အထဲတွင် ပြည်သူများ အင်တာနက်ကို လွတ်လပ်စွာသုံးစွဲနိုင်သည့် အခွင့်အရေးပါဝင်လာသည်။ အင်တာနက်သုံးခွင့်ရဖို့ ယခင်လိုကျပ်သိန်းပေါင်းများစွာ ကုန်ကျရန်မလိုဘဲ လက်ကိုင်ဖုန်းတွင် ဘီလ်ကျပ်ငွေ တစ်သောင်းမျှရှိရုံဖြင့် မက်စ်ဆေ့ခ်ျပို့၍ လျှောက်ထားနိုင်သည်။ မိုဘိုင်းကွန်ရက်ချဲ့ထွင်လိုက်ြ ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 04 Dec 2013 02:48 AM PST
မြန်မာနိုင်ငံတွင် ကိန်းဂဏန်း၊ စာရင်းဇယား အတိအကျပြုစုထားခြင်းမရှိသော်လည် ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 04 Dec 2013 02:30 AM PST
၁။ လက်ရှိပင်စင်ခံစားနေ သော အငြိမ်းစားများအား လက်ရှိ ပင်စင်လစာအပြင် ဝန်ထမ်းများ အား လစာတိုးမြှင့်ခွင့်ပြုသည့် ကျပ် ၂ဝဝဝဝ အပေါ် ပင်စင်နည်း ဥပဒေနှင့်အညီတွက်ချက်၍ ၂ဝ၁၃ ခုနှစ် ဧပြီလ လစာမှစ၍ တိုးမြှင့် ခံစားခွင့်ပြုခဲ့ပါသည်။ ၂။ ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၂ ရက်အထိ မြို့ပြကာကွယ်ရေး ပင်စင်စားဦးရေ ၅၇၁၆၄၆ ဦး၊ စာရင်းရှိအင်အား၏ ၁ဝဝ ရာခိုင် နှုန်းအတွက် ပင်စင်လစာသစ်ထုတ် ယူခွင့်ကို မြန်မာ့စီးပွားရေးဘဏ် များသို့ အကြောင်းကြား ဆောင် ရွက်ပြီးဖြစ်ပါသည်။ မြန်မာ့စီးပွား ရေးဘဏ်များ၌ ပင်စင်လစာထုတ် ယူရန် ကျန်ရှိဦးရေမှာ ၁ဝ၉၆၄၁ ဦး ဖြစ်ပါသည်။ ၃။ တိုးမြှင့်ပင်စင်လစာသစ် အား မြန်မာ့စီးပွားရေးဘဏ်များ တွင် ပိတ်ရက်မှအပ နေ့စဉ်ထုတ် ပေးလျက်ရှိပါသဖြင့် ဆက်သွယ် ထုတ်ယူကြပါရန် အသိပေးနှိုးဆော် အပ်ပါသည်။ ၄။ ပင်စင်လစာနှင့်ပတ်သက် ၍ အခက်အခဲရှိပါက ကာကွယ် ရေးပင်စင်စားများသည် သက်ဆိုင် ရာကာကွယ်ရေးငွေစာရင်းရုံးခွဲမျာ ပင်စင်ဦးစီးဌာန The Union Daily |
||
Posted: 04 Dec 2013 02:24 AM PST
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် မီးခွက်ဈေးအနီးရှိ အာရှတိုးတက်မှု အထည်ချုပ်စက်ရုံ၌ နိုဝင်ဘာ ၁၃ ရက်မှ စတင်၍ လုပ်အားခတိုးမြှင့်ရရှိရေးအတွက် ဆန္ဒပြတောင်းဆိုလျက်ရှိကြသော ၀န်ထမ်းအင်အား ၁၃၀၀ ကျော်တို့သည်အလုပ်သမား ခေါင်းဆောင် ဖြစ်သူ ပြည့်ဖြိုးအောင်အား အလုပ်မှထုတ်ပယ်ခဲ့သည့်အတွက် ပြန်လည် ခန့်ထားပေးရန် စက်ရုံတာဝန်ရှိသူများကိုဒီဇင်ဘာ ၃ ရက် နံနက် ၈ နာရီမှစတင်၍ ဆန္ဒပြ တောင်းခံလျက်ရှိသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 04 Dec 2013 01:05 AM PST
ဗုဒ္ဓဘုရား ဆင်းတုတော်၏ ဦးခေါင်းတော် မှဆံတော်များ ထွက်ပေါ်လာသ ဖြင့် ပြည်သူအများပူဇော်နိုင်ရန် ပညာသိပ္ပံဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ပြောင်းရွှေ့ အပူဇော်ခံထားကြောင်း သိရ သည်။ မရမ်းကုန်းမြို့နယ် (၈)ရပ် ကွက် ရေကူး ဘူတာရုံလမ်း ပညာ သိပ္ပံ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတွင် ဦးခေါင်းတော်မှ ဆံတော်များ ထွက်ပေါ်လာသည့် ဗုဒ္ဓရုပ်ပွားတော်ကို အများပြည် သူပူဇော်ဖူးမြော်နိုင်ရန် ဘုရား ဒကာမှပြောင်းရွှေ့ပူဇော်ထား ကြောင်း ဘုရား ဒကာဖြစ်သူဦး ခင်မောင်ဦးက ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာသို့ ပြောသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 04 Dec 2013 12:58 AM PST
ဗိုလ်တထောင်မြို့နယ်တွင် အလေးမသည့် အမျိုးသားကြီးတစ်ဦး ဝိတ်ပြားများပိ၍ သေဆုံးခဲ့မှုတစ်ခု ဒီဇင်ဘာ ၃ ရက်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 04 Dec 2013 12:24 AM PST
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင် နိုင်ခွင့် အတွက် အတားအဆီး ဖြစ်နေသော ဖွဲ့စည်းပုံ အခြေခံဥပဒေ နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတများ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ (၅၉(စ)) ကို ပြင်ဆင်ရန် သင့်၊ မသင့်ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုကော်မတီအစည်း အဝေးတွင် ဆုံးဖြတ်မည် ဖြစ်ကြောင်း အဆိုပါ ပါတီ၏ ဗဟိုကော်မတီဝင် ဦးအောင်သိန်းလင်းက ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 04 Dec 2013 12:20 AM PST
အကယ်ဒမီ စိုးမြတ်သူဇာနှင့် နဝရတ်တို့ မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်ခဲ့သည် ဟုဆိုသော ရဲစစ်ချက် မှတ်တမ်းများဟု ယူဆရသည် များကို နိုဝင်ဘာလ ၃၀ ရက်နေ့နှင့် ဒီဇင်ဘာလ ၁ ရက်နေ့က Facebook လူမှုကွန်ရက်တွင် Moe Zay Nyein အမည်ဖြင့် ဖော်ပြခြင်းကို ရပ်တန့်ပေးရန် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်သည်။ ယင်းထုတ်ပြန်ချက်တွင် တစ်ချိန်က အနုပညာရှင် အချို့ မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာက ခေါ်ယူတွေ့ဆုံ ဆွေးနွေးမှုများ ရှိခဲ့ကြောင်း၊ သို့သော်လည်း ယင်းသို့ တွေ့ဆုံဆွေးနွေးမှုသည် ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်း အရ လည်းကောင်း၊ လူမှုရေးအရ လည်းကောင်း ထိပ်တန်း လျှို့ဝှက်ချက်အဖြစ် ထားရှိရမည်ဖြစ်ကြောင်း၊ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 04 Dec 2013 12:11 AM PST
မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရှိဖို့အတွက် တပ်မတော်အနေနဲ့ ပံ့ပိုးကူညီနေကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မနေ့က ပြောကြားလိုက်ပါတယ်။ ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ဒီကနေ့ ဒီဇင်ဘာလ ၃ ရက်နေ့ ညနေပိုင်းမှာ ပြည်နယ်အစိုးရတာဝန်ရှိသူတွေ၊ ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။ ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 04 Dec 2013 12:07 AM PST
နေပြည် တော်တွင် လယ်သမားများနှင့် အမှုဖြစ်နေသော ဗိုလ်မှူးချုပ်စိုး ရှိန်အမှုကို ဘက်လိုက်ခြင်းမရှိ ဥပဒေအတိုင်း အမှန်အတိုင်းကိုင် တွယ်ဆုံးဖြတ်မည်ဟု နေပြည် တော်မှုခင်းရဲတပ်ဖွဲ့မှ အဆင့်မြင့် အရာရှိ တစ်ဦး က ပြောသည်။ အဆိုပါ အဆင့်မြင့်အရာ ရှိက ''ပြည်သူတွေကတော့ထင် ကြမယ် ဒီအမှုကို ဘက်လိုက်မှု တွေရှိလိမ့်မယ်ဆိုပြီးတော့ပေါ့။ အဲလိုမျိုးမဟုတ်ဘူး။ ဥပဒေအ တိုင်းပဲဆုံးဖြတ်မှာပါ။ မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့ကဖြစ်စဉ်မှန် အတိုင်းစုံစမ်း ပြီး ဥပဒေအရ အရေးယူအပြစ် ပေးမှာပါ။ လောလောဆယ်တော့ ဒီအမှုက ဆက်စစ်နေတုန်းပဲ''ဟု ပြောသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 03 Dec 2013 11:43 PM PST
မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ် ကလန်းမြို့နယ် ဆေးရုံတွင် ထားရှိသော မြန်မာနိုင်ငံသား အလောင်းနှစ်လောင်းမှာ ပိုင်ရှင်မဲ့ ဖြစ်နေသောကြောင့် သုံးပတ်ကြာမြင့် သည်အထိ မသင်္ဂြိုဟ်ရသေးကြောင်း သတင်းရရှိသည်။ သေဆုံးသူနှစ်ဦးမှာ အသက် (၂၀) ၀န်းကျင်အရွယ်နှင့် အသက် (၄၀) ၀န်းကျင်အရွယ်ဖြစ်ပြီး နိုဝင်ဘာ ၁၆ ရက်က မလေးရှား နိုင်ငံ ကလန်းမြို့အနီးတွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေသည့် အလောင်းများဖြစ်ကြောင်း မလေးရှားရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 03 Dec 2013 11:31 PM PST
ထိုင်းနိုင်ငံဟာ လမ်းပေါ်ဆန္ဒပြပွဲတွေကြော သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 03 Dec 2013 11:29 PM PST
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော အမှုအခင်းများတွင် အမှန်တကယ် ပြစ်မှုကျူးလွန်ခဲ့သူများ ကိုယ်စားငွေသုံးပြီး လူစားထိုးခြင်းများ၊ ပြစ်ဒဏ်ကျခံခြင်းများလည်း လက်ရှိအချိန်ထိရှိနေဆဲဟု ကိုယ် တိုင်ကြုံတွေ့နေသူများနှင့် တရားရေးနယ်ပယ်မှ ကျွမ်းကျင်သူများက ပြောကြားလိုက်သည်။ ယင်းကဲ့သို့ အကြောင်းအရာများရှိနေခြင်းသည် တရားဥပဒေစိုးမိုးမှု မရှိခြင်း၏ သာဓကတစ်ခုဖြစ်နေပြီး အချိန်မီ ထိန်းချုပ်ခြင်းမရှိပါက ပြည်သူများအတွင်း ပြစ်မှုများပိုမိုများပြားလာနို သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 03 Dec 2013 10:56 PM PST
ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်ရှိ ယင်းနက် တိုင်းရင်းသားကျေးရွာ ၂၀ ရွာမှ လူငယ်များ ပညာသင်ကြားနိုင်ရန် နမ့်စန်မြို့နယ်ရှိ ကုန်းလမ်းကျေးရွာ၌ ခွပ်ဒေါင်းအားမာန်အမည်ဖြင့် မူလတန်းကျောင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပညာရေးကွန်ရက်က ဒီဇင်ဘာ ၃ ရက်တွင် ဖွင့်လှစ်ပေးလိုက်သည်။ ယင်းနက် တိုင်းရင်းသားကျေးရွာမှ ကျောင်းသားလူငယ်များသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ မူလတန်းကျောင်းမရှိခြင်း၊ စာသင်ကျောင်းရှိရာနှင့် နေထိုင်ရာဝေးလွန်းခြင်းတို့ကြော သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 03 Dec 2013 10:57 PM PST
ရန်ကုန်မြို့တော်တွင် နေထိုင်သူ အချို့သည် အဆောက်အအုံဟောင်း အချို့ကို အသစ် ဆောက်လို၍ လူနေထိုင်ရန် မသင့်လျော်သည့် အန္တရာယ်ရှိ အဆောက်အအုံများ အဖြစ် သတ်မှတ်ရန် ရည်ရွယ်ချက်ရှိစွာ တမင်လုပ်ဆောင်မှုများ ရှိကြောင်း မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်လှိုင်မော်ဦးက ပြောကြားသည်။ အန္တရာယ်ရှိ အဆောက်အအုံ အဖြစ် သတ်မှတ်ခံရပါက အသစ်ပြန်လည် မွမ်းမံခြင်း၊ ဖြိုဖျက်၍ အသစ် ပြန်လည် တည်ဆောက်ခြင်းများ ပြုလုပ်ခွင့် ရှိ၍ မူလရှိရင်းစွဲ အဆောက်အအုံ အမြင့်ထက် ပိုမိုဆောက်လုပ်မှုများ ရှိကြောင်း မြို့ပြစီမံကိန်း ရေးဆွဲရေး ပညာရှင်လည်းဖြစ်သူ ၄င်းက ဆိုသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 03 Dec 2013 10:57 PM PST
စနစ်သစ် ပြောင်းလဲတော့မည်ဖြစ် ၍ နည်းပညာတက္ကသိုလ်အသီးသီးမှ AGTI အောင်ထားသူများ B-Tech ဝင် ခွင့်စာမေးပွဲဖြေဆိုခွင့်အား ယခုနှစ်တွင် ပေးရန် သက်ဆိုင်ရာဌာနများသို့ လက် မှတ်ရေးထိုးတောင်းဆိုသွားမည်ဟု သိရ သည်။ ၄င်းတို့အနေဖြင့် စာမေးပွဲဖြေဆို ခွင့်မရပါက များစွာနစ်နာကြောင်းနှင့် အင်ဂျင်နီယာဘွဲ့ကိုသာ ရရှိချင်သည့် အတွက် နည်းပညာတက္ကသိုလ်ရွေးချယ် တက်ရောက်ခဲ့ခြင်းဖြစ်သည်ဟု သန် လျင်နည်းပညာတက္ကသိုလ်ကျောင်းသား ကိုတင်ကိုကိုက ဆိုသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 03 Dec 2013 10:36 PM PST
မိုက်တီး (ဒါရိုက်တာ) ”တိုင်းပြည်အတွက် အရေးကြီးတဲ့ အချိန်မှာ ကြုံတွေ့နေကျ လှည့်ကွက် ဆန်းတစ်ခုပါပဲ။ ပြည်သူ့ဘက်တော် သားတွေနဲ့ ဗိုလ်ချုပ်သားတွေရဲ့ ကြား ဖြစ်လက်စ အမုန်း အတေးတစ်ခုကို အောင်မြင်ကျော်ကြား အနုပညာရှင်များ ရဲ့ ပရိသတ်တွေပါ ရောထွေးပြီး ပဋိပက္ခ ကို ကြီးသထက်ကြီးအောင် ဇာတ်ရှိန် တင်လိုက်တာပါ။ ဝုန်းခနဲ ဒိုင်းခနဲ တစ် မဟုတ်ချင်း ပျံ့နှံ့ပေါက်ကွဲသွားလောက် အောင် ကတော့ ဗေထိဆိုတာနဲ့ ဝိုင်းအုံ တတ်ကြတဲ့ လူသားတို့အကြိုက်အပုပ်နံ့ မိုက်မိုက်လေးပါ အပေါ်ကရိုက်ပေးလိုက် မှတော့ ပြီးပြီပေါ့။ --- ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 03 Dec 2013 07:17 PM PST
မြန်မာနိုင်ငံရှိ အနယ်နယ် အရပ်ရပ်တွင် တန်ဆောင်မုန်းလ မီးထွန်းပွဲများ၊ မီးပုံးပျံ လွှတ်ပွဲများကို စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။ သို့သော် ပျော်ပွဲရွှင်ပွဲများမှ တစ်ဆင့် ဒုက္ခရောက်သူများ၊ ထိခိုက် ဒဏ်ရာ ရသူများနှင့် မီးလောင်မှုများ ဖြစ်ပွားလျက် ရှိကြောင်း တွေ့ရသည်။ နိုဝင်ဘာ ၇ ရက် (တန်ဆောင်မုန်း လဆန်း ၅ ရက်) မွန်းတည့် ၁၂ နာရီခန့်တွင် မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ရေယှားရွာတွင် ကျင်းပသော ကထိန်မှ မီးပုံးပျံ လွှတ်ရာတွင် မီးစာ ပျက်ကျရာမှ တစ်ဆင့် ဒေါ်ကျင်သန်း (၆၀ နှစ်) (ကျပန်း)၏ နေအိမ်ပေါ်သို့ ကျရောက် မီးလောင်ခဲ့သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
No comments:
Post a Comment