တရက်....
ဘိုညိုတစ်ယောက် နည်းနည်းထွေပြီး အိမ်အပြန်မှာ MRT ရထားစီးလာတယ်။
သူ့ဘေးခုံမှာ အမျိုးသမီးချောချောတစ်ယောက် ကလေးလေးချီရင်း ပါလာတယ်။
ကလေးလေးက လေးငါးလသားလောက်ပဲ ရှိအုံးမှာ
ကလေးက ဘိုညိုကို ဘာထင်တယ်မသိဘူး ခစ်ခစ် ခစ်ခစ်နဲ့ ရီရီပြနေတာ
ဒါနဲ့ ဘိုညိုကလည်း ကလေးချစ်တတ်တဲ့သူဆိုတော့ ကလေးကို မြူတာပေါ့... ..
'ဟား... ကလေးလေး၊ ဝူး ဝူး ဝါးဝါး'
'ခစ် ခစ် ခစ်'
'ဘူး ဘူး သခွား'
'ခစ် ခစ် ခစ်'
ကလေးလေးကို လက်ကလေးကိုင်လိုက် ပါးလေးဖဲ့လိုက်နဲ့ လုပ်နေတော့ ကလေးအမေက ဘိုညိုကို အားနာလာပုံရတယ်၊ ဘိုညိုကို ပြောလာတယ်... ...
'အကို... နမ်းချင် နမ်းလေ၊ ကျမခွင့်ပြုပါတယ်'
အဲဒီမှာ ဘိုညိုကလည်း ရတဲ့အခွင့်အရေးကို လက်လွတ်မခံပဲ ကလေးအမေကို ဆွဲနမ်းပစ်လိုက်တာမှ 'ရှုးကနဲ' ပဲ...
သန်၎ကို-မြင်တာရေးသည်။
https://www.facebook.com/thanlayko
No comments:
Post a Comment