Thursday, December 26, 2013

လူနှစ်မျိုး


လောကကြီးတွင် လူနှစ်မျိုးရှိ၏။ ပထမတစ်မျိုးမှာသူတစ်ပါးအကြောင်း အမြဲတွေးနေသူဖြစ်၏။ သူတစ်ပါး
ကြောင်းအမြဲပြောနေသူဖြစ်၏။ သူတစ်ပါးတိုးတက်ရာလမ်းကြောင်းကို လိုက်လံပိတ်ဆို့နေသူဖြစ်၏။ ထိုသူ မျိုးသည် သူတစ်ပါးနှာခေါင်းပေါက်နှင့်အသက်ရှူနေ၍ လူဖြစ်ရကျိုးမနပ်ပေ။
သူတစ်ပါး၏စိတ်နှင့် အသက်ရှင်နေ၍ လူဖြစ်ရကျိုးမနပ်ပေ။ တစ်ပါးသူအကြောင်းကို ချစ်၍လည်းတွေးနိုင်၏။ မုန်း၍လည်းတွေးနိုင်၏။ ချစ်ခြင်းသည် လောဘ သသဘောဖြစ်၏။လောဘနှင့်သေလျှင် ပြိတ္တာဖြစ်ရ၏။ မုန်းခြင်းသည်ဒေါသသဘောဖြစ်၏။ဒေါသနှင့်သေလျှင် ငရဲဘုံသို့ကျရ၏။ သို့ဖြစ်ပါ၍ သူတစ်ပါးအကြောင်းတွေးလျှင် ကိုယ့်အတွက်အရှုံးသာကျန်၏။ ထိုသူသည်မည်သို့ပင် ဗုဒ္ဓဘာသာဝင်အဖြစ်
ခံယူစေကာမူ ဗုဒ္ဓဘာသာစစ်စစ်မဟုတ်။ ဗုဒ္ဓဘာသာခေါင်းဆောင်းထားသော
လူတစ်ယောက်မျှသာဖြစ်၏။ အဘယ့်ကြောင့်ဆိုသော်
မြတ်ဗုဒ္ဓ၏ အဆုံးအမတိုင်းသည် သူတစ်ပါး၏ စိတ်ကိုသိပေးရန်ဆုံး
မထားခြင်းမဟုတ်။ မိမိတို့၏စိတ်ကိုသာ သိပေးရန်သာ ဆုံးမထား
ခြင်းဖြစ်ပါ၏။
ဒုတိယလူတစ်မျိုးမှာ မိမိအကြောင်းအမြဲတွေးနေ
သူဖြစ်၏။မိမိအကြောင်းအမြဲသိပေးနေသူဖြစ်၏။မိမိတိုး
တက်ရာတိုးတက်ကြောင်းအလုပ်ကို အမြဲပြုလုပ်နေသူဖြစ်၏။
ထိုသူသည် လက်ရှိပစ္စုပ္ပန်ဘဝတွင် စိတ်ချမ်းသာစွာနေရ၏။သတိနှင်
ကောင်းစွာနေသဖြင့် မဂ်လေးတန်ဖိုလ်လေးတန်ကိုလက်
ငင်းချက်ချင်းရနိုင်၏။ နိဗ္ဗာန်ကိုပင် မျက်မှောက်ပြုနိုင်ပါ၏။
သေလျှင်လည်း သုဂတိဘုံသို့သာ ရောက်ရ၏။သို့ဖြစ်ပါ၍ မိမိအကြောင်းကိုသာ သိပေးနေသူသည် လောကီလောကုတ္တရာတို့
၌ အမြတ်များသာရပါ၏။ထိုသူ့ကို ဗုဒ္ဓဘာသာစစ်တစ်ယောက်ဟု သတ်မှတ်နိုင်ပါ၏။ထိုသူသည် ဗုဒ္ဓဘာသာဝင်ပီပီ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်မစံခင်
နောက်ဆုံးအမှာစကားကိုအလေးအနက် ထားသူလည်းဖြစ်၏။
" ချစ်သားတို့ မမေ့မလျော့ သတိတရားနှင့်နေကြကုန်လော..."
" ချစ်သားတို့ မမေ့မလျော့ သတိတရားနှင့်နေကြကုန်လော..."
" ချစ်သားတို့ မမေ့မလျော့ သတိတရားနှင့်နေကြကုန်လော..."
သုံးလောကထွတ်ထားမြတ်စွာဘုရား၏ မဟာဂရုဏာတော်
အနှိုင်းမဲ့ မေတ္တာတော်တို့ဖြင့်မှာကြားခဲ့သော
စကားလေးတစ်ခွန်းကြောင့် ကျွန်ုပ်၏နှလုံးသား၌
ဝမ်းနည်းကြည်နူးမှုလေးတစ်ခုကို
နွေးထွေးစွာခံစားသိရှိလိုက်ရ၏။

ဦးတိုးအောင်

No comments:

Post a Comment