ငယ်ငယ်က ဟုတ်လှပြီထင်စွာနှင့်
လုပ်ကိုင်ပြုမူခဲ့မှုများသည်
ကြီးပြင်းရင့်ကျက်သော အချိန်တွင်
မိမိကိုယ်တိုင် တွေးပြီး ရယ်စရာ လိုလို
ရှက်စရာ လိုလို ဖြစ်ခဲ့တဲ့ အကြောင်းလေးတွေ
ဖြစ်ကုန်တတ်သည်။
ထို့အတူ ....
လုပ်သင့် လုပ်ထိုက်သော
အကြောင်းတရားတခု ၊ တာဝန်တစ်ခုကို
ပြုမူလုပ်ကိုင်ခဲ့ခြင်း မရှိ ၊ မိမိ တစ်ကိုယ်ရည် စိတ်သာ
ရှေ့တန်းတင်မိခဲ့၍ နောင်တစ်ချိန်တွင်
မိမိ ကိုယ်တိုင် တွေးပြီး တာဝန်မကျေခဲ့တာ
ရှက်စရာနှင့် ခေါင်းငုံနေရသည့် အကြောင်းလေးတွေ
ဖြစ်ကုန်တတ်သည် ။
ထို့ကြောင့် .....
ယုံကြည်ချက် နှင့် လည်း ဆက်လျှောက်ပါ
ဆင်ခြင်တုံ တရားဖြင့်လည်း ပိုင်းခြားပါ
မိတ်ကောင်းဆွေ တို့ကို တန်ဖိုးထားပါ
ဖြူစင်မှုဖြင့် တည်ဆောက်ပါ
စိတ်ကောင်း စေတနာကောင်း တို့ဖြင့်
အပြန်အလှန် ရိုးသားပါ ။
ဤသို့ ဆိုလျှင် ...
ယောကျာင်္း ၊ မိန်းမ ၊ ငါ ၊ သူတပါး ၊ ဘာသာမခြား
ငြိမ်းအေး သာယာ သုခ ချမ်းသာ
ရှာရန် မလို ပြည့်စုံနေမည် ဟူ၍သာ ...။
ချစ်ခင်လေးစားလျှက်-
ကိုဝိုင်ဝိုင်ကေ
၃၁ဒီဇင်ဘာ ၂၀၁၃
—
No comments:
Post a Comment