ညီညီမလေးတို့ကို ဒီနေ့လေးလေးသာပိုက ငယ်ငယ်ကကြားဖူးခဲ့တဲ့ ပုံပြင်လေးတစ်ပုဒ် ပြောပြမယ်...
တစ်ခါကပေါ့ကွယ်... မြို့တစ်မြို့မှာ မီးခြစ်ဆံသည်လေး တစ်ယောက်ရှိသတဲ့...
အဲ့ဒိခေတ်က မီးခြစ်ဆံမီးခြစ် ခေတ်ပေါ့ကွယ်... မီးခြစ်ဆံသည်လေးဟာ
ငယ်ငယ်ကတည်းက အဖေတွေအမေတွေ ဆုံးသွားတာကြောင့် ဦးလေးလုပ်သူရဲ့
မွေးစားအုပ်ထိန်းမှုနဲ့ ကြီးလာပြီးတော့ အထက်တန်းမပြီးခင်မှာပဲ
ဦးလေးဆုံးသွားလို့ တစ်ကိုယ်တည်း ဘဝကို မီးခြစ်ဆံရောင်းပြီး
အသက်ဆက်နေခဲ့ရတာပေါ့...
မီးခြစ်ဆံ များများရောင်းရတဲ့
နေ့တွေဆိုရင် ထမင်းဝအောင်စားရပြီး ရောင်းမကောင်းတဲ့နေ့ဆို ငတ်တစ်လှည့်
ပြတ်တစ်လှည့်ပေါ့ကွယ်... မြို့ကလူတွေကလဲ သနားကြလို့ လမ်းကြုံရင်တော့
ကျွေးကြမွေးကြတာပေါ့... သနားတာနဲ့ မီးခြစ်ဆံသည်လေး ဈေးလာရောင်းပြီဆိုရင်
လိုလိုမလိုလို ဝယ်ကြအားပေးကြသတဲ့...
ဒီလိုနဲ့ တစ်ခုသော
ခရစ်စမတ်ကို ရောက်လာတယ်ပေါ့... မီးခြစ်ဆံသည်လေးတို့
မြို့ဟာဆောင်းတွင်းဆိုရင် နှင်းတွေခဲပြီးတော့ အရမ်းအေးတာတဲ့...
သူ့မှာရှိတဲ့ အနွေးထည် အစုတ်လေးကိုဝတ် ဖိနပ်အပေါက်လေးကို စီးပြီးတော့
မီးခြစ်ဆံသည်လေးက ခါတိုင်းလိုပဲ မီးခြစ်ဆံအရောင်း ထွက်ခဲ့တယ်တဲ့...
အေးလွန်းလို့ ချမ်းတုန်းနေပြီး ခြေထောက်တွေ ထုံကျင်နေတာပဲတဲ့...
ဒါပေမယ့် မီးခြစ်ဆံသည်လေးဟာ ခရစ်စမတ်အတွက် မီးအလှတွေ စားသောက်စရာတွေကို
လူတွေပျော်ရွှင် ပြင်ဆင်နေတာကို မြင်ရတော့ ချမ်းအေးတာကို မေ့သွားပြီးတော့
လိုက်ကြည့်ရင်း မီးခြစ်ဆံတွေ လိုက်ရောင်းရင်း ပျော်နေသတဲ့... ဒါပေမယ့်လဲ
လူတွေက သူတို့အလုပ်နဲ့ သူတို့ရှုပ်နေကြတာမို့ မီးခြစ်ဆံသည်လေးကို
သတိမရကြဘူးတဲ့... မီးခြစ်ဆံတွေ မရောင်းရဘူးပေါ့ကွယ်...
ဒီလိုနဲ့
ညနေစောင်းလို့ မှောင်စပြုလာတဲ့အချိန်အထိ မီးခြစ်ဆံတစ်ခုမှ
မရောင်းရသေးဘူးတဲ့... မြို့ကလူတွေကတော့ ပျော်ရွှင်ပြီးတော့ ညစာစားကြ
သီချင်းတွေဆိုကြနဲ့ ပျော်နေတာပေါ့... ခြေဖျားတွေ လက်ဖျားတွေ ထုံကျင်နေအောင်
အေးစက်နေပြီးတော့ ဆာလောင်နေတဲ့ မီးခြစ်ဆံသည်လေးကတော့ တစ်ယောက်တည်း
မြို့ထဲကလမ်းတွေမှာ လျောက်သွားနေရတုန်းပဲတဲ့...
ဒီလိုနဲ့
တိုက်တစ်တိုက်ရဲ့ လှေကားထောင့်လေးမှာ ဝင်ထိုင်ရင်းနဲ့ ဆာကလဲဆာ
ဝမ်းကလဲနည်းရင်းနဲ့ ငိုမိသတဲ့... တစ်လောကလုံးက သူ့ကိုသတိမရကြဘူးလေ...
ဒီလိုနဲ့ မှောင်ကြီးစိုးလာတော့ မီးခြစ်ဆံသည်လေးလဲ ပင်ပန်းပြီးတော့
မှေးကနဲအိပ်ပျော်သွားသတဲ့... သူအိပ်ရာကနေ ဖြတ်ကနဲ လန့်နိုးလာတော့
မျက်စေ့ထဲမယ် လက်လက်ကလေး တွေ့လိုက်ရတော့ မီးခြစ်ဆံတစ်ဆံ
ထုတ်ခြစ်လိုက်သတဲ့...
မီးခြစ်ဆံအလင်းရောင်နဲ့ သူ့ရှေ့မှာ
ကြယ်ပွင့်ကြီး တပ်ထားတဲ့ ခရစ်စမတ် သစ်ပင်ကြီးတစ်ပင် တွေ့လိုက်ရသတဲ့...
အဲ့အပင်ကြီးမှာ အနွေးထည်လှလှတွေ ခြေအိတ်တွေ အရုပ်ကြီးတွေနဲ့
ပန်းတွေခေါင်းလောင်းလေးတွေ မြင်ရသတဲ့... မီးခြစ်ဆံလေးလဲ ငြိမ်းသွားရော
ခရစ်စမတ် သစ်ပင်ကြီးလဲ ပျောက်သွားတာပေါ့... ဝမ်းနည်းလွန်းလို့
မီးခြစ်ဆံသည်လေးက ထိုင်တောင်ငိုမိတယ်တဲ့...
ဒါနဲ့
ပြန်တွေ့ရမလားဆိုပြီး နောက်ထပ်မီးခြစ်ဆံတစ်ခု ထပ်ခြစ်လိုက်သတဲ့...
အဲ့ဒိအခါမှာ စားသောက်ဝိုင်းကြီးတစ်ခု တွေ့ရတယ်တဲ့... အဲ့ဒိမှာ
သူမစားဖူးခဲ့တဲ့ ကြက်ဆင်ကောင်ကြီးရယ် ပီဇာတွေရယ် မလိုင်တွေရယ် သစ်သီးတွေရယ်
အများကြီးပဲတဲ့... စားမလို့ ဟန်ပြင်နေတုန်း လေတစ်ချက် အဝှေ့မှာ
မီးခြစ်ဆံလေး မီးငြိမ်းသွားလို့ ပျောက်သွားပြန်ရောကွယ်... မျက်ရည်တွေလဲ
သူ့ပါးပြင်မှာ ရွှဲနေတာပေါ့...
ဒါနဲ့ နောက်တစ်ခါ မီးခြစ်ဆံလေး
ထပ်ခြစ်လိုက်တော့ မီးလင်းဖိုကြီးတစ်ဖိုနဲ့ အိစက်နေတဲ့ မွေ့ယာကြီးတစ်ခု
တွေ့ရတယ်တဲ့... ဒါနဲ့ပဲ မီးခြစ်ဆံသည်လေးဟာ အရင်လိုပဲ ပျောက်သွားမှာစိုးလို့
ရှိရှိသမျှ မီးခြစ်တွေအကုန် ထုတ်ပြီးခြစ်ထားသတဲ့... သိပ်ကိုလဲ
ပျော်နေတော့တာပေါ့...
မနက်မိုးလင်းတော့ မြို့သူမြို့သားတွေဟာ
ထွန်းပြီးသား မီးခြစ်ဆံလေးတွေ ပျံကြဲနေတဲ့ တိုက်လှေကားအောက်မှာ သေဆုံးနေတဲ့
မီးခြစ်ဆံသည်လေးကို တွေ့ကြရသတဲ့... ချမ်းလွန်းလို့ သက်သာရာရလိုရငြား
မီးခြစ်ဆံလေးတွေ ထွန်းပြီးတော့ အပူငွေ့လေး ရအောင်လုပ်တယ်လို့ ထင်မိကြလို့
ပိုပြီးတော့ စိတ်မကောင်းကြဘူးပေါ့ကွယ်... မီးခြစ်ဆံသည်လေး မျက်နှာကတော့
ပြုံးရွှင်နေလေရဲ့... ဒီအပြုံးကိုတော့ ဘယ်သူမှ နားမလည်ဘူးပေါ့ကွယ်...
------------------------------------------------------------------------------------------
ပုံပြင်လေးကတော့ ဒါလောက်ပါပဲကွယ်...
မီးခြစ်ဆံသည်လေး နေတဲ့မြို့လေးဟာ မြန်မာပြည်ကြီး ဖြစ်မယ်ဆိုရင် ကချင်တို့
ကရင်တို့လို စစ်မက်ဖြစ်ပွားပြီး စစ်ဘေးရှောင်နေရတဲ့ ဒေသတွေက ကလေးလေးတွေ...
မြို့ကြီးပြကြီးတွေရဲ့ လမ်းဘေးနေရာတွေမှာ ဆင်းရဲပင်ပန်းစွာ နေထိုင်ကြရတဲ့
ကလေးလေးတွေ... တောရွာတွေမှာ ဆင်းရဲခက်ခဲစွာ အသက်မွေးနေရတဲ့ ကလေးလေးတွေဟာ
မီးခြစ်ဆံသည်လေးတွေပေါ့...
မြန်မာပြည်မှာ ဒီနှစ်ဟာ
အရင်နှစ်တွေကထက် အအေးပိုလာတယ်လေ... သူတို့လေးတွေလဲ မီးခြစ်ဆံသည်လေးလို
အမိုးမရှိ အကာမရှိတဲ့ လေအေးကြမ်းကြမ်းကြီးတွေရဲ့ အောက်မှာ ဘယ်လောက်တောင်မှာ
ဒုက္ခရောက်ကြလိမ့်မလဲ... မီးခြစ်ဆံသည်လေးရဲ့ အိပ်မက်လိုမျိုး မက်သွားကြရတဲ့
ကလေးလေးတွေများ ရှိနေကြမလား စိုးရိမ်မိတယ်...
ကိုယ့်မျက်စေ့နဲ့
အလှမ်းမီနိုင်တဲ့ နေရာတွေကစပြီး အလှမ်းမမီတဲ့ တောထဲတောင်ထဲမှာ
သူတို့လေးတွေလဲ ချမ်းအေးပြီး ထုံကျင်နေကြမလားရယ်ပေါ့... ညီညီမလေးတွေလဲ
မိသားစုတွေ ပျော်ရွှင်စွာနဲ့ ညစာစားနေ... နွေးထွေးလုံခြုံစွာ
အိပ်စက်အနားယူနေ... ကြတဲ့အချိန်တွေမှာ မီးခြစ်ဆံသည်လေးလို ဒုက္ခသုက္ခ
ရောက်နေကြတဲ့/မယ့် ကလေးလေးတွေကို မေ့မထားကြဖို့ တိုက်တွန်းပါတယ်...
Cartoon by Kyaw Thu Yein Cartoonist
တစ်ခါကပေါ့ကွယ်... မြို့တစ်မြို့မှာ မီးခြစ်ဆံသည်လေး တစ်ယောက်ရှိသတဲ့... အဲ့ဒိခေတ်က မီးခြစ်ဆံမီးခြစ် ခေတ်ပေါ့ကွယ်... မီးခြစ်ဆံသည်လေးဟာ ငယ်ငယ်ကတည်းက အဖေတွေအမေတွေ ဆုံးသွားတာကြောင့် ဦးလေးလုပ်သူရဲ့ မွေးစားအုပ်ထိန်းမှုနဲ့ ကြီးလာပြီးတော့ အထက်တန်းမပြီးခင်မှာပဲ ဦးလေးဆုံးသွားလို့ တစ်ကိုယ်တည်း ဘဝကို မီးခြစ်ဆံရောင်းပြီး အသက်ဆက်နေခဲ့ရတာပေါ့...
မီးခြစ်ဆံ များများရောင်းရတဲ့ နေ့တွေဆိုရင် ထမင်းဝအောင်စားရပြီး ရောင်းမကောင်းတဲ့နေ့ဆို ငတ်တစ်လှည့် ပြတ်တစ်လှည့်ပေါ့ကွယ်... မြို့ကလူတွေကလဲ သနားကြလို့ လမ်းကြုံရင်တော့ ကျွေးကြမွေးကြတာပေါ့... သနားတာနဲ့ မီးခြစ်ဆံသည်လေး ဈေးလာရောင်းပြီဆိုရင် လိုလိုမလိုလို ဝယ်ကြအားပေးကြသတဲ့...
ဒီလိုနဲ့ တစ်ခုသော ခရစ်စမတ်ကို ရောက်လာတယ်ပေါ့... မီးခြစ်ဆံသည်လေးတို့ မြို့ဟာဆောင်းတွင်းဆိုရင် နှင်းတွေခဲပြီးတော့ အရမ်းအေးတာတဲ့... သူ့မှာရှိတဲ့ အနွေးထည် အစုတ်လေးကိုဝတ် ဖိနပ်အပေါက်လေးကို စီးပြီးတော့ မီးခြစ်ဆံသည်လေးက ခါတိုင်းလိုပဲ မီးခြစ်ဆံအရောင်း ထွက်ခဲ့တယ်တဲ့... အေးလွန်းလို့ ချမ်းတုန်းနေပြီး ခြေထောက်တွေ ထုံကျင်နေတာပဲတဲ့...
ဒါပေမယ့် မီးခြစ်ဆံသည်လေးဟာ ခရစ်စမတ်အတွက် မီးအလှတွေ စားသောက်စရာတွေကို လူတွေပျော်ရွှင် ပြင်ဆင်နေတာကို မြင်ရတော့ ချမ်းအေးတာကို မေ့သွားပြီးတော့ လိုက်ကြည့်ရင်း မီးခြစ်ဆံတွေ လိုက်ရောင်းရင်း ပျော်နေသတဲ့... ဒါပေမယ့်လဲ လူတွေက သူတို့အလုပ်နဲ့ သူတို့ရှုပ်နေကြတာမို့ မီးခြစ်ဆံသည်လေးကို သတိမရကြဘူးတဲ့... မီးခြစ်ဆံတွေ မရောင်းရဘူးပေါ့ကွယ်...
ဒီလိုနဲ့ ညနေစောင်းလို့ မှောင်စပြုလာတဲ့အချိန်အထိ မီးခြစ်ဆံတစ်ခုမှ မရောင်းရသေးဘူးတဲ့... မြို့ကလူတွေကတော့ ပျော်ရွှင်ပြီးတော့ ညစာစားကြ သီချင်းတွေဆိုကြနဲ့ ပျော်နေတာပေါ့... ခြေဖျားတွေ လက်ဖျားတွေ ထုံကျင်နေအောင် အေးစက်နေပြီးတော့ ဆာလောင်နေတဲ့ မီးခြစ်ဆံသည်လေးကတော့ တစ်ယောက်တည်း မြို့ထဲကလမ်းတွေမှာ လျောက်သွားနေရတုန်းပဲတဲ့...
ဒီလိုနဲ့ တိုက်တစ်တိုက်ရဲ့ လှေကားထောင့်လေးမှာ ဝင်ထိုင်ရင်းနဲ့ ဆာကလဲဆာ ဝမ်းကလဲနည်းရင်းနဲ့ ငိုမိသတဲ့... တစ်လောကလုံးက သူ့ကိုသတိမရကြဘူးလေ... ဒီလိုနဲ့ မှောင်ကြီးစိုးလာတော့ မီးခြစ်ဆံသည်လေးလဲ ပင်ပန်းပြီးတော့ မှေးကနဲအိပ်ပျော်သွားသတဲ့... သူအိပ်ရာကနေ ဖြတ်ကနဲ လန့်နိုးလာတော့ မျက်စေ့ထဲမယ် လက်လက်ကလေး တွေ့လိုက်ရတော့ မီးခြစ်ဆံတစ်ဆံ ထုတ်ခြစ်လိုက်သတဲ့...
မီးခြစ်ဆံအလင်းရောင်နဲ့ သူ့ရှေ့မှာ ကြယ်ပွင့်ကြီး တပ်ထားတဲ့ ခရစ်စမတ် သစ်ပင်ကြီးတစ်ပင် တွေ့လိုက်ရသတဲ့... အဲ့အပင်ကြီးမှာ အနွေးထည်လှလှတွေ ခြေအိတ်တွေ အရုပ်ကြီးတွေနဲ့ ပန်းတွေခေါင်းလောင်းလေးတွေ မြင်ရသတဲ့... မီးခြစ်ဆံလေးလဲ ငြိမ်းသွားရော ခရစ်စမတ် သစ်ပင်ကြီးလဲ ပျောက်သွားတာပေါ့... ဝမ်းနည်းလွန်းလို့ မီးခြစ်ဆံသည်လေးက ထိုင်တောင်ငိုမိတယ်တဲ့...
ဒါနဲ့ ပြန်တွေ့ရမလားဆိုပြီး နောက်ထပ်မီးခြစ်ဆံတစ်ခု ထပ်ခြစ်လိုက်သတဲ့... အဲ့ဒိအခါမှာ စားသောက်ဝိုင်းကြီးတစ်ခု တွေ့ရတယ်တဲ့... အဲ့ဒိမှာ သူမစားဖူးခဲ့တဲ့ ကြက်ဆင်ကောင်ကြီးရယ် ပီဇာတွေရယ် မလိုင်တွေရယ် သစ်သီးတွေရယ် အများကြီးပဲတဲ့... စားမလို့ ဟန်ပြင်နေတုန်း လေတစ်ချက် အဝှေ့မှာ မီးခြစ်ဆံလေး မီးငြိမ်းသွားလို့ ပျောက်သွားပြန်ရောကွယ်... မျက်ရည်တွေလဲ သူ့ပါးပြင်မှာ ရွှဲနေတာပေါ့...
ဒါနဲ့ နောက်တစ်ခါ မီးခြစ်ဆံလေး ထပ်ခြစ်လိုက်တော့ မီးလင်းဖိုကြီးတစ်ဖိုနဲ့ အိစက်နေတဲ့ မွေ့ယာကြီးတစ်ခု တွေ့ရတယ်တဲ့... ဒါနဲ့ပဲ မီးခြစ်ဆံသည်လေးဟာ အရင်လိုပဲ ပျောက်သွားမှာစိုးလို့ ရှိရှိသမျှ မီးခြစ်တွေအကုန် ထုတ်ပြီးခြစ်ထားသတဲ့... သိပ်ကိုလဲ ပျော်နေတော့တာပေါ့...
မနက်မိုးလင်းတော့ မြို့သူမြို့သားတွေဟာ ထွန်းပြီးသား မီးခြစ်ဆံလေးတွေ ပျံကြဲနေတဲ့ တိုက်လှေကားအောက်မှာ သေဆုံးနေတဲ့ မီးခြစ်ဆံသည်လေးကို တွေ့ကြရသတဲ့... ချမ်းလွန်းလို့ သက်သာရာရလိုရငြား မီးခြစ်ဆံလေးတွေ ထွန်းပြီးတော့ အပူငွေ့လေး ရအောင်လုပ်တယ်လို့ ထင်မိကြလို့ ပိုပြီးတော့ စိတ်မကောင်းကြဘူးပေါ့ကွယ်... မီးခြစ်ဆံသည်လေး မျက်နှာကတော့ ပြုံးရွှင်နေလေရဲ့... ဒီအပြုံးကိုတော့ ဘယ်သူမှ နားမလည်ဘူးပေါ့ကွယ်...
------------------------------------------------------------------------------------------
ပုံပြင်လေးကတော့ ဒါလောက်ပါပဲကွယ်...
မီးခြစ်ဆံသည်လေး နေတဲ့မြို့လေးဟာ မြန်မာပြည်ကြီး ဖြစ်မယ်ဆိုရင် ကချင်တို့ ကရင်တို့လို စစ်မက်ဖြစ်ပွားပြီး စစ်ဘေးရှောင်နေရတဲ့ ဒေသတွေက ကလေးလေးတွေ... မြို့ကြီးပြကြီးတွေရဲ့ လမ်းဘေးနေရာတွေမှာ ဆင်းရဲပင်ပန်းစွာ နေထိုင်ကြရတဲ့ ကလေးလေးတွေ... တောရွာတွေမှာ ဆင်းရဲခက်ခဲစွာ အသက်မွေးနေရတဲ့ ကလေးလေးတွေဟာ မီးခြစ်ဆံသည်လေးတွေပေါ့...
မြန်မာပြည်မှာ ဒီနှစ်ဟာ အရင်နှစ်တွေကထက် အအေးပိုလာတယ်လေ... သူတို့လေးတွေလဲ မီးခြစ်ဆံသည်လေးလို အမိုးမရှိ အကာမရှိတဲ့ လေအေးကြမ်းကြမ်းကြီးတွေရဲ့ အောက်မှာ ဘယ်လောက်တောင်မှာ ဒုက္ခရောက်ကြလိမ့်မလဲ... မီးခြစ်ဆံသည်လေးရဲ့ အိပ်မက်လိုမျိုး မက်သွားကြရတဲ့ ကလေးလေးတွေများ ရှိနေကြမလား စိုးရိမ်မိတယ်...
ကိုယ့်မျက်စေ့နဲ့ အလှမ်းမီနိုင်တဲ့ နေရာတွေကစပြီး အလှမ်းမမီတဲ့ တောထဲတောင်ထဲမှာ သူတို့လေးတွေလဲ ချမ်းအေးပြီး ထုံကျင်နေကြမလားရယ်ပေါ့... ညီညီမလေးတွေလဲ မိသားစုတွေ ပျော်ရွှင်စွာနဲ့ ညစာစားနေ... နွေးထွေးလုံခြုံစွာ အိပ်စက်အနားယူနေ... ကြတဲ့အချိန်တွေမှာ မီးခြစ်ဆံသည်လေးလို ဒုက္ခသုက္ခ ရောက်နေကြတဲ့/မယ့် ကလေးလေးတွေကို မေ့မထားကြဖို့ တိုက်တွန်းပါတယ်...
Cartoon by Kyaw Thu Yein Cartoonist
No comments:
Post a Comment