သစ်ထူးလွင် |
- မန်စီမြို့နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား
- တောင်ပြိုမြို့နယ်ခွဲရောက် တဘက်နိုင်ငံမှ ရခိုင်မျိုးနွယ်စုများ အနိုင်ကျင့်ခံနေရဟုဆို
- မြောက်ဦးမှ နိုင်ငံတကာ အန်ဂျီအိုများ ထွက်သွားရန် ဒုတိယ အကြိမ်တောင်းဆို
- ထိုင်းတွင် ဆန္ဒပြသူ ထောင်ပေါင်းများစွာ ပါတီမှတ်ပုံတင်ရုံးကို ပိတ်ဆို့
- ထောင်တွင်း အစာငတ်ခံ ဆန္ဒပြနေသူများ ဆေးကုသမှု ခံယူနေရ
- Myanmar Handsome အထည်ချုပ် လုပ်သားခေါင်းဆောင် ၁၆ ဦး အလုပ်ထုတ်ခံရ၍ သပိတ်စခန်းဖွင့်
- မြန်မာအမျိုးသမီး ဘောလုံးအသင်းကို မန္တလေးမြို့ခံများ ဂုဏ်ပြု ဆုကြေးငွေ သိန်း ၁၅၀၀ နီးပါးချီးမြှင့်
- ကေအန်ယူနှင့် ဆက်စပ်သူထံက အိုက်စ်မူးယစ်ဆေး ဖမ်းဆီးရမိ
- အစိုးရနှင့်တအာင်းတပ် တိုက်ပွဲဖြစ်
- တရားမဝင် မြန်မာလုပ်သားများကို ထိုင်းအစိုးရ လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်
- တရုတ်မယားအဖြစ်ပေါင်းသင်းရန် လူကုန်ကူးခံရသူအမျိုးသမီးကို တရုတ်ရဲပြန်ပို့
- ပညာရေးဝန်ထမ်း ရာထူးတိုးနှင့် အပြောင်းအရွှေ့စာရင်း ဖေဖော်ဝါရီ တွင် ကြေညာမည်
- ရန်ကုန်တွင် ကျင်းပမည့် ကရင်နှစ်သစ်ကူးပွဲတော် ကရင်လက်နက်ကိုင် တပ်ဖွဲ့များကို ဖိတ်ကြားမည် မဟုတ်ဟုဆို
- ဒီဇင်ဘာလ (၂၅) ရက်နေ့ထုတ် Mobile Guide Issue 134
- ဟောင်ကောင်က အိမ်အကူခေါ်ယူရန် ကမ်းလှမ်းချက်အပေါ် မြန်မာအေဂျင်စီများ သဘောထားကွဲလွဲနေ
- ကျောင်း အင်္ဂါရပ်ဖြင့် မညီညွှတ်သော ကိုယ်ပိုင်ကျောင်းများကို ပိတ်သိမ်းသည်အထိ အရေးယူတော့မည်
- ဒီဇင်ဘာလ (၂၃) ရက်နေ့ထုတ် လျှပ်တစ်ပြက် သတင်းဂျာနယ် အတွဲ(၄) အမှတ်(၆၂)
- ဒီဇင်ဘာလ (၂၂) ရက်နေ့ထုတ် Reporter News Journal Issue - 51
- မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ တစ်ပတ်အတွင်း ယာဉ်မတော်တဆမှု ၂၀၅ မှုဖြစ်ပွားကာ ၄၂ ဦးသေဆုံးခဲ့
- ဖွဲ့စည်းပုံပြင်ရန် တပ်မတော်သားအမတ်များ ပြောပြီ
- နယ်စပ်ဂိတ် စည်းမျဉ်းလျှော့ပေါ့ဖို့ ထိုင်းကုန်သည်အသင်း တောင်းဆို
- မြန်မာ အပါအဝင် ၄နိုင်ငံ စီးပွားရေး စင်္ကြန် လမ်းမကြီး
- ထိုင်းဝန်ကြီးချုပ်နေအိမ်ရှေ့ ဆန္ဒပြသူ ထောင်ချီစုဝေး
- ဒေါ်အောင်ဆန်းစုကြည် ယခုလ ကျန်ရှိခရီးစဉ်များ ဖျက်သိမ်း
- KIA စုဆောင်းတဲ့ တပ်သားသစ် ကလေးငယ်တွေလည်းပါ
Posted: 23 Dec 2013 05:49 AM PST
ဗန်းမော်ခရိုင်
မန်စီမြို့ နယ်အတွင်း အစိုးရတပ်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲများ
ဆက်လက်ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ မန်စီမြို့နယ်
မုန်းဒိန်ပါကျေးရွာနှင့် နမ့်လင်းပါကျေးရွာအနီးတွင် ဒီဇင်ဘာ ၂၀ ရက်က
တိုက်ပွဲ နှစ်ကြိမ်ခန့် ဖြစ်ပွားခဲ့သည်။ ဒီဇင်ဘာ၂၁ရက်တွင်လည်း
နမ့်လင်းပါကျေးရွာအနီးတွင် အစိုးရနှင့် ကေအိုင်အေတို့အကြား နံနက်၅နာရီ
မိနစ် ၃၀ ခန့်က စတင်၍ တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 23 Dec 2013 05:39 AM PST
ရခိုင်
ပြည်နယ် မောင်တော မြို့နယ် မြောက်ပိုင်း တောင်ပြို မြို့နယ်ခွဲ အတွင်း
အခြေချနေ ထိုင်နေ ကြသော ရခိုင် မျိုးနွယ်စု ၀င်များသည် ဒေသ အတွင်းမှ
ကျေးရွာ အဆင့် အာဏာပိုင် အချို့၏ အနိုင်ကျင့် မူကို ခံနေကြရ သည်ဟု ၎င်းလူမူ
အဖွဲ့အစည်းမှ တာဝန်ရှိ သူများက ပြောသည်။ “ ကျွန်တော်တို့ တစ်ဘက်နိုင်ငံမှာ
ဘာသာခြား တွေကို ကြောက်လို့ ဗုဒ္ဓဘာသာ နိုင်ငံကို ထွက်ပြေး ခိုလုံလာရာမှာ
အခုအခါ တစ်ခါ ကျွန်တော်တို့ အနိုင်ကျင့် မူတွေကို ခံနေကြရပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 23 Dec 2013 05:02 AM PST
ရခိုင်ပြည်နယ်
မြောက်ဦးမြို့တွင်း အခြေစိုက်လှုပ်ရှား နေသည့် နိုင်ငံတကာ အန်ဂျီအို
အဖွဲ့များကို ဒေသအတွင်းမှ ဒီဇင်ဘာလ ၂၄ ရက်နေ့ နောက်ဆုံးထား ထွက်ခွာသွားရန်
ဒုတိယ အကြိမ်မြောက် မြောက်ဦးမြို့ ဒေသခံများက တောင်းဆို လိုက်သည်။ အဆိုပါ
တောင်းဆိုမှုကို ယမန်နေ့က ပြုလုပ်သည့် အရေးအပေါ် အစည်းအဝေးမှ တောင်းဆိုလိုက်
ခြင်းဖြစ်ကြောင်း မြောက်ဦး လူမှုကွန်ယက်အဖွဲ့ ဥက္ကဌဖြစ်သူ နှင်းထွန်းတိုးက
ပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Dec 2013 02:41 AM PST
ထိုင်းနိုင်ငံမှာ
ရွေးကောက်ပွဲအတွက် ပါတီတွေ မှတ်ပုံတင်တာကို ဒီနေ့ စတင်နေတဲ့အချိန်မှာ
ဆန္ဒပြသမားထောင်ပေါင်းများစွာဟာ ပါတီမှတ်ပုံတင်ရုံးရဲ့ အ၀င်ဝကို
ပိတ်ဆို့ထားကြပါတယ်။ မြို့တော်ဘန်ကောက်က ထိုင်း-ဂျပန် အားကစားရုံအ၀မှာ
ပိတ်ဆို့ ဆန္ဒပြနေသူ ဆန္ဒပြသမား ၇ ထောင် ၀န်းကျင် ရှိပါတယ်။
ရွေးကောက်ပွဲအသစ်အတွက် စံချိန်စံညွှန်းသစ်တွေ ချမှတ်ဖို့ ရွေးကောက်ပွဲ
မတိုင်မီ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ ဆန္ဒပြသမားတွေက
တောင်းဆိုနေပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Dec 2013 02:37 AM PST
ပဲခူးတိုင်း
ပေါင်းတည်ထောင်တွင်း အစာငတ်ခံဆန္ဒပြနေကြတဲ့ ဒေါ်မြင့်မြင့်အေးအပါအ၀င်
လယ်သမားအရေး တက်ကြွလှုပ်ရှားသူတွေ ကျန်းမာရေး ချို့ယွင်းလာတဲ့အတွက် ဆေးကုသမှု
ခံနေရတယ်လို့ ထိန်းသိမ်းခံနေရသူတွေရဲ့ မိသားစုက သိရပါတယ်။
ပေါင်းတည်ထောင်မှာ ထိန်းသိမ်းခံနေရတဲ့ မိတ္ထီလာပြည်သူ့အကျိုးဆော
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 23 Dec 2013 02:34 AM PST
ဆန္ဒပြ
တောင်းဆိုမှုများ မကြာခဏ ဖြစ်ပွားလေ့ ရှိသည့် ရန်ကုန်တိုင်းဒေသကြီး
အရှေ့ဒဂုံစက်မှုဇုန် အတွင်းရှိ Myanmar Handsome အထည်ချုပ် စက်ရုံတွင်
လုပ်သား ခေါင်းဆောင် ၁၆ ဦး အလုပ် ထုတ်ခံရသဖြင့် လုပ်သား ၁၃၀ ကျော်
ဒီဇင်ဘာလ ၁၀ ရက်နေ့မှ စတင်ကာ သပိတ်စခန်းဖွင့်ကာ ၁၂ ရက် ကြာသည်အထိ ဆန္ဒပြ
တောင်းဆို နေသော်လည်း ပြေလည်မှု မရရှိသေးကြောင်း ဆန္ဒပြ လုပ်သားများက
ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Dec 2013 02:30 AM PST
(၂၇)
ကြိမ်မြောက် အရှေ့တောင်အာရှ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ကြေးတံဆိပ်
ဆွတ်ခူး ရရှိသွားသည့် မြန်မာ အမျိုးသမီး ဘောလုံး လက်ရွေးစင် အသင်းကို
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဒေသခံများက ဆုကြေးငွေ ကျပ်သိန်း ၁၅၀၀
နီးပါး ချီးမြှင့် ဂုဏ်ပြုခဲ့ကြောင်း မြန်မာ အမျိုးသမီး ဘောလုံးအသင်း
အုပ်ချုပ်သူ ဒေါ်မြတ်မြတ်ဦးက ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Dec 2013 02:22 AM PST
ကရင်အမျိုးသား
အစည်းအရုံး (ကေအန်ယူ) နဲ့ ဆက်စပ်သူ ၁ ဦးအပါအ၀င် အပေါင်းပါ ၂ ဦးတို့ဆီကနေ
အိုက်စ်မူးယစ်ဆေး ၂ ကီလိုဂရမ် ဖမ်းဆီးရမိတယ်လို့ ထိုင်းရတ်သတင်းစာမှာ
ဖော်ပြသွားပါတယ်။ ကေအန်ယူရဲ့ ကွန်မန်ဒိုတပ်က ဗိုလ်ကြီးအဆင့်
အထောက်အထားရှိသူ ဦးစိုးဇာနည် ၂၉ နှစ်၊ ဦးတိုး ၄၀ နှစ်နဲ့ ဦးထူး ၂၉
နှစ်တို့ ၃ ဦးဆီက အဲဒီမူးယစ်ဆေးဝါးတွေကို ရဲဘက်က ၀ယ်သူ အယောင်ဆောင်ပြီး
ဖမ်းမိတာလို့ အမှတ် ၁ ဒေသ အထူးစုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့က ရဲချုပ်
နိုင်းချင်းထန် ခွတ်ခ်ျဖလိုင်းယုဒ်က ဒီဇင်ဘာ ၂၂ ရက်နေ့ ဘန်ကောက်က သတင်းစာ
ရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Dec 2013 02:19 AM PST
မြန်မာအစိုးရ စစ်တပ် ခမရ ၁၇ နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး
တအာင်းတပ်ရင်း ၇၁၇ က ပန်ကွဲရွာမှာ စစ်ကြောင်းနားနေစဉ် မြန်မာအစိုးရ ခမရ ၁၇ က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ရင်ဆိုင်တိုက်ပွဲ ၁၅ မိနစ်လောက် ဖြစ်ခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေး မြန်မာစစ်တပ် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရွာသားတွေ စိုက်ပျိုးထားတဲ့ စိုက်ခင်းအချို့ ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ဘူးလို့ သိရှိရပါတယ်။ By ဒီဗွီဘီ |
||
Posted: 23 Dec 2013 01:43 AM PST
ထိုင်းနိုင်ငံမှ
ဗီဇာသက်တမ်း ကျော်လွန်နေသော မြန်မာရွှေ့ပြောင်း လုပ်သားများနှင့် တရားမဝင်
မြန်မာ ရွှေ့ပြောင်း လုပ်သားများကို ထိုင်း အာဏာပိုင်များက လွတ်ငြိမ်းချမ်း
သာခွင့် ပေးမည် ဖြစ်ပြီး မြန်မာ သံရုံး၏ တောင်းဆိုမှုအရ တရားဝင်
ပြန်လည်လွှဲပြောင်း ပေးမည်ဖြစ်ကြောင်း ဆင်ဟွာ သတင်း ဌာနက ယနေ့ဖော်ပြထားသည်။
---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Dec 2013 01:25 AM PST
တရုတ်မယား
အဖြစ် ပေါင်းသင်းရန် မူဆယ်နယ်စပ်သို့ လူကုန်ကူး ခံခဲ့ရသည့် အမျိုးသမီးကို
တရုတ်ရဲကဖမ်း၍ ပြန်ပို့ခဲ့ကြောင်း သတင်း ရရှိသည်။ ဧရာဝတီတိုင်း ဒေသကြီး
ကန်ကြီးဒေါင့်မြို့နယ် ဘဲဂရက်ရွာမှ အသက် ၂၂ နှစ်အရွယ် အမျိုးသမီး တစ်ဦးအား
လှိုင်သာယာမြို့မှ အမျိုးသား တစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့က တရုတ်မယား
အဖြစ် တစ်နှစ်ပေါင်းသင်းလျှင် ငွေကျပ်ဆယ်သိန်း ရရှိပြီး တစ်နှစ်ပြည့်လျှင်
ပြန်လည် ခေါ်မည်ဆိုကာ စည်းရုံး၍ မူဆယ်မြို့သို့ ပို့ဆောင်ခဲ့ ကြသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 23 Dec 2013 12:55 AM PST
ပညာရေးဝန်ကြီးဌာန
အခြေခံပညာကျောင်းနှင့် ရုံးများတွင် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်၌ တာဝန်
ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများ၏ ရာထူးတိုးနှင့် ပြောင်းရွှေ့
စာရင်းများကို လာမည့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်ကာ
သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူး ရုံးများတွင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း
အမှတ် (၁) အခြေခံပညာ ဦးစီးဌာနထံမှ သိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Dec 2013 12:51 AM PST
ရန်ကုန်တိုင်းဒေသကြီး
အင်းစိန်မြို့နယ်တွင် ကျင်းပမည့် ကရင်အမျိုးသား နှစ်သစ်ကူး ပွဲတော်သို့
ကရင်လက်နက်ကိုင် တပ်ဖွဲ့များကို ဖိတ်ကြားမည် မဟုတ်ကြောင်း ရန်ကုန်
ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ကျင်းပရေး ကော်မတီမှ အထွေထွေ
အတွင်းရေးမှူး ဦးစောလှထွန်းက ပြော ကြားသည်။ ရန်ကုန်တိုင်းဒေသကြီး
အင်းစိန်မြို့နယ် အာလိန်ငါးဆင့် ဘုရားဝင်းအတွင်း ဒီဇင်ဘာလ ၂၂ ရက်နေ့တွင်
ပြုလုပ်သော ကရင်နှစ်သစ်ကူး ပွဲတော် ဖြစ်မြောက်ရေး အစည်းအဝေး အပြီးတွင် ၎င်းက
ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Dec 2013 12:48 AM PST
|
||
Posted: 22 Dec 2013 09:36 PM PST
မြန်မာအမျိုးသမီး
အိမ်အကူ လုပ်သားများ ခေါ်ယူရေး အတွက် ဟောင်ကောင်၏ ကမ်းလှမ်း ချက်အပေါ်
ပြည်တွင်း အလုပ်သမား အေဂျင်စီများ အနေဖြင့် သဘောထား ကွဲလွဲ လျက်ရှိကြောင်း
အဆိုပါ လုပ်ငန်း အသိုင်းအ၀ိုင်းက ပြောကြားသည်။ ဖိလစ်ပိုင်နှင့်
အင်ဒိုနီးရှားတို့မှ အိမ်အကူများအား ပြန်လည်စေလွှတ်ရမည် ဖြစ်ခြင်းကြောင်း
မြန်မာနိုင်ငံမှ အိမ်အကူများခေါ်ယူရန် ဟောင်ကောင်က
လာရောက်ညှိနှိုင်းနေခြင်းဖြစ်ပြီ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 22 Dec 2013 09:32 PM PST
လက်ရှိ
ဖွင့်လှစ်လျက်ရှိသည့် ကိုယ်ပိုင် ကျောင်း များ ၌ ကိုယ်ပိုင်ကျောင်း
အင်္ဂါရပ်ဖြင့် ညီညွတ်ခြင်း မရှိ သော ကျောင်း များကို ပြန်ပိတ် သိမ်းသည်အထိ
ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အမှတ် (၃) အခြေခံပညာဦးစီးဌာနမှ သိရသည်။
ကိုယ်ပိုင်ကျောင်း အသစ် ဖွင့်လှစ်လိုသူများလာရောက် လျှောက်ထားပါကလည်း အ
သေးစိတ် စစ်ဆေးပြီးမှသာ လက်ခံတော့မည်ဖြစ်ကြောင်း၊ လက်ရှိ ဖွင့်လှစ်ထားသည့်
ကိုယ် ပိုင်ကျောင်းတချို့မှာ ကိုယ်ပိုင် ကျောင်းလျှောက်ထားစဉ် က ပြုလုပ်ထား
သည့် အချက်များ နှင့် ကျောင်းဖွင့်လှစ်ပြီးသည့် အချိန်နှင့်
လွဲမှားနေသည့်အ ချက်များကို တွေ့ရှိနေရကြောင်း အမှတ် (၃)အခြေခံပညာဦးစီး
ဌာနမှ တာဝန်ရှိသူအရာရှိတစ် ဦးက ပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 22 Dec 2013 09:25 PM PST
ဒီဇင်ဘာလ (၂၃) ရက်နေ့ထုတ် လျှပ်တစ်ပြက် သတင်းဂျာနယ် အတွဲ(၄) အမှတ်(၆၂)
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 22 Dec 2013 09:22 PM PST
|
||
Posted: 22 Dec 2013 09:16 PM PST
ရန်ကုန် ၊ ၂၃-၁၂-၂၀၁၃
နေပြည်တော် ၊ တိုင်းဒေသကြီး နှင့် ပြည်နယ် များတွင် ဒီဇင်ဘာ ၁၃ ရက်မှ ၁၉ ရက်အတွင်း ယာဉ် မတော်တဆ ဖြစ်ပွားမှု ၂၀၅ မှု ရှိခဲ့ပြီး ၄၂ ဦး သေဆုံး ခဲ့ကြောင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံး ၏ ထုတ်ပြန်ချက် အရ သိရသည်။ အဆိုပါ ယာဉ် မတော်မဆမှု ဖြစ်ပွား ခြင်းသည် ရန်ကုန်တိုင်း ဒေသကြီး၌ အများဆုံး ဖြစ်ပြီး ၅၄ ကြိမ် တွင် ၉၃ ဦး ထိခိုက် ဒဏ်ရာ ရရှိ၍ ၉ ဦး သေဆုံး ခဲ့ကြောင်း သိရသည်။ ဒုတိယ အများဆုံးမှာ ပဲခူးတိုင်း ဒေသကြီး ဖြစ်ပြီး ယာဉ် မတော်တဆမှု ၂၈ မှု ဖြစ်ပွားကာ ၆၄ ဦး ဒဏ်ရာ ရရှိ၍ ၄ ဦး သေဆုံးခဲ့သည်။ တတိယ အများဆုံးမှာ မန္တလေးတိုင်း ဒေသကြီး ဖြစ်ပြီး ယာဉ် မတော်တဆမှု ၂၆ မှု ဖြစ်ပွားကာ ၅၇ ဦး ဒဏ်ရာ ရရှိ၍ ၆ ဦး သေဆုံး ခဲ့ကြောင်း သိရသည်။ တိုင်းဒေသကြီး နှင့် ပြည်နယ် များတွင် ယာဉ် မတော်တဆမှု ၂၀၅ မှု ၊ ဒဏ်ရာ ရရှိသူ ၄၀၅ ဦးနှင့် သေဆုံးသူ ၄၂ ဦး ရှိခဲ့ပြီး နေပြည်တော် တွင် ဖြစ်ပွားမှု အနည်းဆုံး ဖြစ်ပြီး ယာဉ် မတော်တဆမှု ၂ မှု ၊ ဒဏ်ရာ ရရှိသူ ၂ ဦး နှင့် သေဆုံးသူ တစ်ဦး ရှိခဲ့ကြောင်း သိရှိရသည်။ The Myawady Daily's |
||
Posted: 22 Dec 2013 08:26 PM PST
လွှတ်တော်
အသီးသီးတွင် ၂၅ ရာခိုင်နှုန်းစီ နေရာယူ ထားကြသည့် တပ်မတော်သား လွှတ်တော်အမတ်
များက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ပြင်ဆင်ရန်လို အပ်သည်ဟု
ပြောဆိုလိုက်ပြီး တပ်မတော် သားအမတ်တို့ ပြင်ဆင်လိုသည့် အချက် ၁၅
ချက်ရှိသည်ဟု ဗိုလ်ချုပ်ရာထူး အဆင့်ရှိ တပ်မတော်သား လွှတ်တော် အမတ်တစ်ဦးက
ဒီဇင်ဘာ ၂၂ ရက်တွင် မဇ္ဈိမကို ထုတ်ဖော်ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 22 Dec 2013 08:04 PM PST
မြန်မာနဲ့
နယ်စပ်ကုန်သွယ်ရေး ဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေ လွယ်ကူ ချောမောအောင်
လျှော့ပေါ့ ပေးရေး အတွက် မြန်မာ အာဏာပိုင် တွေနဲ့ ညှိနှိုင်း
ဆောင်ရွက်ပေးဖို့ ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် ကုန်သည်ကြီးများ အသင်းက
ထိုင်းအစိုးရကို ထပ်မံတိုက်တွန်း လိုက်ပါတယ်။ မြန်မာနိုင်ငံ
ထားဝယ်ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းအနီး နှစ်နိုင်ငံ နယ်စပ်စစ်ဆေးရေး
ဂိတ်တွေကို ထိုင်းကုန်ပစ္စည်းတင် ထရပ်ကားတွေ ဖြတ်သန်းရာမှာ ကြန့်ကြာမှု
တွေရှိနေတဲ့ အတွက် နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးပမာဏ တိုးတက်နှုန်း
ထိခိုက်နေရတယ်လို့ ကန်ချန ဘူရီခရိုင် ကုန်သည်ကြီးများ အသင်း
အတွင်းရေးမှူးချုပ်က ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 22 Dec 2013 08:00 PM PST
ဘင်္ဂ္လားဒေ့ရှ်၊
အိန္ဒိယ၊ မြန်မာ နဲ့ တရုတ်နိုင်ငံတွေ ကို ဆက်သွယ်မယ့်လမ်းမကြီး အပါအဝင် ၎
နိုင်ငံ ပူးပေါင်းဆောင်ရွက်မယ့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း
BCIM Economic Corridor အတွက် သုတေသန လုပ်ငန်းတွေ စဖို့ သဘောတူ
လိုက်ကြပါပြီ။ တရုတ်နိုင်ငံ ယူနန် ပြည်နယ် မြို့တော် ကူမင်း မြို့မှာ
ကျင်းပတဲ့ အစည်းအဝေးမှာ ၄ နိုင်ငံ က ကိုယ်စားလှယ်တွေ က အခုလို လုပ်ငန်းတွေ
စတင်ဖို့ သဘောတူခဲ့ကြတာဖြစ်ပြီး ဒေသတွင်းနိုင်ငံတွေ အကြား ကုန်သွယ်မှုတွေ၊
ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ဖို့ရည်ရွယ် ဆောင်ရွက်နေကြတာပါ။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 22 Dec 2013 07:35 PM PST
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ရဲ့နေအိမ်အပြင်
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 22 Dec 2013 07:30 PM PST
ခြေထောက်ခွဲစိတ်မှုခံယူထားတဲ့
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ
ခွဲစိတ်မှုအောင်မြင်ပေမယ့် ကြာရှည် မတ်တပ်ရပ်ဖို့နဲ့ လမ်းလျှောက်ဖို့
မသင့်တော် သေးတာကြောင့် အခုလကုန်အထိ ခရီးစဉ်တွေအားလုံး
ဖျက်သိမ်းလိုက်တယ်လို့ NLD ကျန်းမာရေးကွန်ရက် ဥက္ကဌ ဒေါက်တာတင်မျိုးဝင်းက
မိသားစုဆရာဝန်အနေနဲ့ ကြေငြာလိုက်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 22 Dec 2013 07:26 PM PST
ကချင်ပြည်နယ်
ဗန်းမော်ခရိုင် မန်စီမြို့နယ်တွင်းမှာ ကချင်လွတ်မြောက်ရေး တပ်မတော် KIA
ကနေ ဒီလဆန်းပိုင်းက တပ်သားသစ် ခေါ်ဆောင်သွားခဲ့တဲ့ ဒေသခံရွာသားတချို့
မကြာသေးခင်က ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ အခုလို KIA က တပ်သားသစ်အဖြစ်
ခေါ်ဆောင်သွားသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တချို့လည်းပါဝင်ပြီး
တပ်သားသစ် စုဆောင်းရေးမှာ ကျန်နေသေးသူတွေ လွတ်မြောက်ရေး နိုင်ငံတကာကို
အကူအညီတောင်းခံသွားမယ်လို့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က ပြောပါတယ်။
အသေးစိတ်ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက စုံစမ်းတင်ပြထားပါတယ်။
---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
No comments:
Post a Comment