Saturday, December 21, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၂၁-၂၁)

သစ်ထူးလွင်



Posted: 21 Dec 2013 04:54 AM PST
နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နေတဲ့ မြန်မာနိုင်ငံဟာ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ထည်ထည်ဝါဝါ ဖွင့်လှစ် နိုင်ခဲ့တဲ့အတွက် နိုင်ငံတကာရဲ့ ချီးကျူး ထောမနာပြုခြင်းကို ခံခဲ့ရပါတယ်။ အားကစားပြိုင်ပွဲမှာ ဆုတံဆိပ် ရရှိမှုဟာလည်း ထိပ်ဆုံး လေးနိုင်ငံအတွင်း ရပ်တည် နိုင်ခဲ့တဲ့အတွက် နှစ်ထောင်းအားရ ဖြစ်နေတဲ့ နိုင်ငံသားတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အမျိုးသား ဘောလုံးပြိုင်ပွဲနဲ့ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွေဟာ တစ်မျိုးသားလုံး အားပေးခဲ့ကြပေမယ့် အောင်မြင်မှုတွေနဲ့ ဝေးကွာ ခဲ့ရပါတယ်။ ရှုံးနိမ့်ခဲ့ရတဲ့ အကြောင်းရင်းတွေကို ဘယ်လိုပဲ ထုတ်ပြထုတ်ပြ လက်ရှိ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ဟာ စီမံခန့်ခွဲမှုတွေနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ အချိန်တန်ပြီဆိုတာ အချက်ပေးလိုက်တာ ဖြစ်ပါတယ်။ ----

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 21 Dec 2013 04:49 AM PST
၄၄ နှစ်ကြာ တကျော့ပြန်

၄၄ နှစ်ကြာမှ တကျော့ပြန် ကျင်းပပြုလုပ်ခွင့်ရတဲ့ ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကတော့ ကိုရွှေမြန်မာတွေကို ဖမ်းစားလိုက်နိုင်ခဲ့ပါတယ်။ ဆိုးသည်၊ ကောင်းသည် စကားနှစ်လီတွေကလည်း စိတ်ဝင်စားဖို့ တွေးဖို့ ဖြစ်ရပါတယ်။ ဆီးဂိမ်းဖွင့်ပွဲ အကြောင်းပြောရင် တရားအားထုတ် တရုတ် အားထား ဆွေမျိုးပေါက်ဖော်တွေ တွဲလျက်ပါလာတာလည်း ထူးနေပြန်ပါတယ်။ ဘောလုံးပွဲတွေမှာ ဦးအောင်ဇေယျကို ပွဲထုတ်လာသူတွေ တွေ့မြင်ရတော့ ဘယ်လို ပြောရမယ် မသိအောင် ဖြစ်ရပြန်ပါတယ်။ ကတ်ပြားတပ်ခြင်း၊ မတပ်ခြင်းကို သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယ်တိုင်က သူ့ဖေ့စ်ဘွတ်မှာ ဓာတ်ပုံတွေ ယှဉ်တင်လာတာ တွေ့ရပြန်တော့လည်း “ညီမလေးရယ် စိုးရိမ်မိတယ်” ဆိုတဲ့ ၀တ္ထုခေါင်းစဉ် ပြေးမြင် မိပြန်ပါတယ်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 21 Dec 2013 01:21 AM PST
မြ၀တီမြို့တွင် မူးယစ်ဆေးဝါးရောင်ဝယ်မှု ပြုလုပ်နေသည့် သံဃာတစ်ပါးကို မြို့နယ်သံဃနာယကအဖွဲ့၏ ဦးဆောင်မှုဖြင့် လူဝတ်လဲကာ ဖမ်းဆီးထိန်းသိမ်းခဲ့ရသောဖြစ်စဉ်တစ်ခု ဒီဇင်ဘာ ၁၇ရက်က ဖြစ်ပွားခဲ့သည်။ ““ရဲတပ်ဖွဲ့ကနေ ဖမ်းထားတဲ့ မူးယစ်တရားခံကနေ ထုတ်ဖော်လို့ မူးယစ်ဆေးရောင်းနေတဲ့ ဆရာတော်တစ်ပါးကို ထိန်းသိမ်းခဲ့ရပါတယ်။ သံဃနာယကရဲ့အစီအစဉ်နဲ့ လူဝတ်လဲပြီး အမှုဖွင့်လိုက်ပါပြီ””ဟု မြ၀တီမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 

သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိစဉ် ဓာတ်ပုံ-ရဲဇာနည်ဖေ့စ်ဘွတ်ခ်

Posted: 21 Dec 2013 01:16 AM PST
ကချင်ပြည်နယ် မိုးညှင်းမြို့၌ အဋ္ဌမတန်းကျောင်း သားလေးဦးသည် ယခုလ ၁၃ ရက်က ပျောက်ဆုံး သွားခဲ့ရာ မိုးညှင်းရဲစခန်းသို့ ယနေ့နံနက်ပိုင်းက အမှု ဖွင့်ခဲ့ကြောင်းသိရသည်။ အဆိုပါပျောက်ဆုံးမှုတွင် ဗောဓိကုန်းကျေးရွာနေ ဦးစိုးကွန့်၏သား မောင်ဇေမောင်မောင်(၁၄နှစ်)၊ အောင်ချမ်းသာရပ်ကွက်နေ ဦးသူရထွန်း၏သား မောင်ဟိန်းသူထက်(၁၄နှစ်)၊ စက်ကုန်းရပ်ကွက် နေ ဦးဝင်းမြိုင်၏သား မောင်ရဲရင့်ပိုင်(၁၄နှစ်)နှင့် စိမ်း ရတနာမွန်(တောင်ပိုင်း) ရပ်ကွက်နေ ဦးလဒွဲ၏သား မောင်နော်အောင်(၁၄နှစ်) တို့ ပျောက်ဆုံးနေခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



Posted: 21 Dec 2013 12:28 AM PST
ဒီဇင်ဘာလ(၂၃)ရက်နေ့ ထုတ် The Voice Weekly Vol.9/No.50

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 21 Dec 2013 12:25 AM PST
ဒီဇင်ဘာလ(၂၁)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အတွဲ(၂) အမှတ်(၄၁)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 20 Dec 2013 11:54 PM PST
၂၀-၁၂-၂၀၁၃ ရက်နေ့ နံနက် (၉း၂၀)တွင် အ.မ.က(၄) (ဒဂုံအရှေ့)ကျောင်းရှေ့၌ တိုးချဲ့(၁)ရပ်ကွက်နေ မြင့်ထွန်း မောင်းနှင်သော ဆိုင်ကယ်ဖြင့် ကျောင်းပို့လာသူ ဒေါ်လှလှအေး (၃၇-နှစ်) နှင့် ၄င်းသမီးဖြစ်သူ မကြယ်စင်ပန်းချီ (၆-နှစ်) အား စက်ဘီးဖြင့် ကျောင်းပို့လာစဉ် မြင့်ထွန်းမောင်းနှင်သော ဆိုင်ကယ်မှ အရှိန်ပြင်းစွာဖြင့် ၀င်ရောက်တိုက်ပြီး မောင်းနှင်ထွက်ပြေး သွားကြောင်း Myanmar News Now မှ သတင်းရရှိ ပါသည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 20 Dec 2013 11:33 PM PST

မန္တလာသီရိကွင်းမှာ ဒီဇင်ဘာ ၁၈ရက်နေ့က ကစားသွားတဲ့ ထိုင်း-မြန်မာ အမျိုးသမီး ဘောလုံး အကြိုဗိုလ်လုပွဲမှာ ဂိုးတချို့ဟာ လူကျွံဘောဖြစ် ဖြစ် ပြန်လည်ရှုစားသုံးသပ်။

DVB TV News
Posted: 20 Dec 2013 11:26 PM PST
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟို အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကို ဒီဇင်ဘာ ၂၄ ရက်တွင် ကျင်းပရန် စီစဉ်ထားပြီး ဒီဇင်ဘာ ၂၈ ရက်တွင် ဗဟိုကော်မတီ အစည်းအဝေးကို တက်ရောက်ရန် အတွက် တစ်ပြည်လုံးရှိ ဗဟိုကော်မတီဝင် ၃၀၀ ကျော်အား ဖိတ်ကြားထားကြောင်း ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင် ဦးစောထား လုံက မြန်မာသံတော် ဆင့်သို့ ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 20 Dec 2013 11:21 PM PST
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက စီအိုင်အက်ဖ် တန်ဖိုးများပြောင်းလဲမည်ဟု
သတင်းများ ထွက်ပေါ်နေသည့်အတွက် ကားတင်သွင်းသူများက ကားများထုတ်ယူရန် စောင့်ဆိုင်း
နေကြသော်လည်း ကားသင်္ဘောများမှာ ပုံမှန်ဝင်ရောက်နေပြီး ဆိပ်ကမ်းများတွင် ကားများစုပုံ
နေကြောင်းသိရသည်။ "နဂိုကတည်းကလည်း ဆိပ်ကမ်းမှာ ကားတွေရှိနေသေးတယ်။ ပြီးတော့ အခု စီအိုင်အက်ဖ် ပြောင်းမယ်ဆိုတော့ ကျွန်တော် ကိုယ်တိုင်တောင် ကားတွေ သွားမထုတ်သေးဘူး။ ဒါကြောင့်ကား တွေပိုပုံနေတယ်" ဟု Farmer Auto မှ ဦးစိုးထွန်း က ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 20 Dec 2013 11:14 PM PST
လူဦးရေ ထူထပ်မှုနှင့် မော်တော်ယာဉ် များပြားမှုကြောင့် လေထုအတွင်း ညစ်ညမ်းမှု ပိုမို များပြားလာသော ရန်ကုန် မြို့တော်တွင် လေထုညစ်ညမ်းမှု တိုင်းတာသည့် ကိရိယာများ တပ်ဆင်မည် ဖြစ်ကြောင်း ရန်ကုန် မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။ လေထု အရည်အသွေး တိုင်းတာရေး ကိရိယာများ တပ်ဆင်ခြင်းကို German International Co-Operation (ဂျာမန် နည်းပညာ ပူးပေါင်းအဖွဲ့) နှင့် ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 20 Dec 2013 11:11 PM PST
ဒေသ ဖွံ့ဖြိုးရေး အတွက် သုံးမည့် ကျပ်သိန်းတစ်ထောင် သုံးစွဲခွင့် ပါရှိသော ပြည်ထောင်စု လွှတ် တော်ဆိုင်ရာ ဥပဒေကို နိုဝင်ဘာ ၁၅ ရက်က ကျင်းပသည့် ပထမ အကြိမ် ပြည်ထောင်စု လွှတ်တော် အဋ္ဌမ ပုံမှန် အစည်းအဝေး နောက်ဆုံးရက်တွင် အ တည်ပြုခဲ့ပြီးနောက် တစ်ကြိမ် တစ်ခါမျှ မကြုံတွေ့ခဲ့ ဖူးသည့် ယင်း အခြေအနေ အတွက် စိတ်ဝင်စားစရာ ဖြစ်လာခဲ့ သည်။ ထိုဥပဒေတွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် များသည် မိမိတို့ အား ရွေးချယ် တင်မြှောက် ခဲ့ကြသည့် မဲဆန္ဒရှင် ပြည်သူများ၏ လိုအပ်ချက် များကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် ပြည်ထောင်စု လွှတ်တော်သည် ဖွံ့ဖြိုးရေး ရန်ပုံငွေ ထိန်း သိမ်းခြင်းနှင့် သုံးစွဲ ခြင်း ဆိုင်ရာ လုပ်ထုံး လုပ်နည်းများကို ထုတ်ပြန်ခဲ့ပါသည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



Posted: 20 Dec 2013 06:19 PM PST
ပညာရေးစံနစ် ပြုပြင်ပြောင်းလဲဖို့ ပြင်ဆင်နေတဲ့ ကာလမှာ အာဏာပိုင်တွေဖက်က မူကြမ်း အဖြစ် ရေးဆွဲထားတဲ့ ပညာရေး မူဝါဒက အချက်တွေကို တက္ကသိုလ် အသီးသီးက ဆရာများ သမဂ္ဂက လက်မခံနိုင်ကြဘူးလို့ သိရပါတယ်။ အဆင့်မြင့်ပညာ ဦးစီးဌာန ထိန်းချုပ်မှုအောက်ကနေ ဗဟိုကောင်စီ ထိန်းချုပ်မှုအောက်ကို ပြောင်းလဲသွားမှာ ဖြစ်တဲ့အတွက် အမည်သာ ပြောင်းလဲသွားပြီး တက္ကသိုလ်တွေ ကိုယ်ပိုင် အုပ်ချုပ်ခွင့် တကယ်တမ်း မရမှာကို စိုးရိမ် နေကြတာ ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 

ရန်ကုန် တက္ကသိုလ်ကို ခန့်ငြား ထည်ဝါစွာ တွေ့ရ

Posted: 20 Dec 2013 06:07 PM PST
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ မြန်မာအမျိုးသမီးအသင်းက မလေးရှားအသင်းကို ဒီနေ့ညမှာ ၆ ဂိုး ဂိုးမရှိနဲ့ အနိုင်ရလိုက်ပါတယ်။ ဒီကနေ့ ညနေ့ပိုင်းက မန္တလေးမြို့ မန္တလာသီရိအားကစားကွင်းမှာ ကစားခဲ့တဲ့ တတိယနေရာလုပွဲမှာ ပြိုင်ဘက်မလေးရှား အမျိုးသမီးအသင်းကို ၆ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး တတိယကြေးတံဆိပ်ဆုကို ဆွတ်ခူးလိုက်တာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 20 Dec 2013 06:02 PM PST
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့စတင်ပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက လျှပ်စစ်မီတာခတွေ တိုးမြှင့်ကောက်ခံမယ်ဆိုတဲ့ ကြေညာချက်ထွက်လာတာကို ကန့်ကွက်ကြောင်း ဖယောင်းတိုင်ထွန်းပြီး ဦးဆောင်ဆန္ဒပြခဲ့ကြတဲ့ ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစုအဖွဲ့ MDCF က ကိုသိန်းအောင်မြင့်အပါအဝင် ၄ ဦးကို ပုဒ်မ ၁၈ နဲ့ ဒီနေ့ ပန်းပဲတန်းမြို့နယ်တရားရုံးက ထောင်ဒဏ်တစ်လကျခံဖို့ ဒါမှမဟုတ် ဒဏ်ငွေ ၁ သောင်းပေးဆောင်ဖို့ အမိန့်ချမှတ်လိုက်ပါတယ်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 20 Dec 2013 05:54 PM PST
KIA ခေါ် ကချင်လွတ်လပ်ရေးတပ်မတော်က ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အကာအကွယ် မပေးတဲ့ အတွက်ဆိုပြီး ကချင်ပြည်နယ်မှာ ရှိတဲ့ ရှမ်းလူထု အစည်းအဝေးပွဲတရပ်က ကချင်ပြည်နယ်အစိုးရကို ရှုံ့ချကြောင်း ဆုံးဖြတ်ချက်တရပ် ချမှတ်ခဲ့ပါတယ်။  KIA က ဖမ်းဆီးသွားတဲ့ ရှမ်းအမျိုးသားတွေ လွတ်မြောက်ရေး နဲ့ပတ်သက်ပြီးတော့ ဒီကနေ့ မြစ်ကြီးနားမြို့ ၀န်းသိုကျောင်းတိုက်မှာ ကျင်းပတဲ့ ရှမ်းလူထုအစည်းအဝေးမှာ အခုလိုဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 20 Dec 2013 05:48 PM PST
မြန်မာနိုင်ငံကနေ လှေစီးပြေး ရိုဟင်ဂျာတွေကို လူမှောင်ခိုကူးတာတွေမှာ ထိုင်းရေတပ် ပါဝင်ပတ်သက်နေတယ်လို့ ရေးသားခဲ့တဲ့ ထိုင်းနိုင်ငံ ဖူးခက် အခြေစိုက် သတင်းထောက် နှစ်ဦးကို ထိုင်းရေတပ်ကနေ အသရေဖျက်မှုနဲ့ တရားစွဲဆိုလိုက်ပါတယ်။ ထိုင်းတော်ဝင် ရေတပ်မတော်က သတင်းထောက်တွေကို အသရေဖျက်မှု တရားစွဲဆိုမှုကို ချက်ချင်း ရုပ်သိမ်းသင့်တယ်ဆိုပြီး သတင်းထောက် ကာကွယ်ရေး ကော်မတီ CPJ က တောင်းဆိုလိုက်တဲ့ အကြောင်း မသီင်္ဂီထိုက်က တင်ပြထားပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 20 Dec 2013 05:25 PM PST
ဒီဇင်ဘာလ(၂၁)ရက်နေ့ ထုတ် မြန်မာ့အလင်းနေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 20 Dec 2013 05:20 PM PST
ဒီဇင်ဘာလ(၂၁)ရက်နေ့ ထုတ် ကြေးမုံနေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 20 Dec 2013 05:14 PM PST
ဒီဇင်ဘာလ(၁၉)ရက်နေ့ ထုတ် ပြည်မြန်မာသတင်းဂျာနယ် အမှတ် - ၉၀၁

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 20 Dec 2013 05:09 PM PST
ဒီဇင်ဘာလ(၁၈)ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် အလှအပဂျာနယ် အမှတ် - ၄၆၇

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



No comments:

Post a Comment