၁၂။ စိုးမြတ်ကလျာသည် မဖြိုးထံမှလည်းကောင်း၊ ယခင် မဖြိုးထံမှ နောက်ပိုင်းတွင် အောင်နိုင်ထံမှ လည်းကောင်း၊ ၂ လအတွင်း ဆေးပြား ၂ဝဝ ပြား ၃ ကြိမ်ဝယ်ယူခဲ့ပြီး ၂ဝဝ၇ ခုနှစ်၊ သင်္ကြန်အကြိုနေ့တွင် အောင်နိုင်မှ စိုးမြတ်ကလျာ၏ နေအိမ်အဝသို့ ဆေးပြား ၂ဝဝ ပြားကို ကိုယ်တိုင်လာရောက်ပို့ပေးခဲ့ကြေ
အောင်ဇော်ရဲမြင့်
၁၄။ အောင်ဇော်ရဲမြင့် (၂၉/၀၈ နှစ်) သည် အဘဒုတိယဗိုလ်ချုပ်ကြီး ဦးရဲမြင့်၊ အမိ ဒေါက်တာ ဒေါ်တင်လေးမြင့်တို့မှ မွေးဖွားသော မွေးချင်း ၃ ဦးရှိသည့်အနက် ဒုတိယသားဖြစ်ပါသည်။ ရန်ကုန်ဇာတိဖြစ်ပြီး ၁၉၉၆ခုနှစ်တွင် တက္ကသိုလ် ဝင်တန်း အောင်မြင်ပြီး မန္တလေးတက္ကသိုလ်မှ B.C Tech နှင့် M.C Tech ဘွဲ့ ရရှိခဲ့သည်။
အောင်ဇော်ရဲမြင့်နှင့်မူးယစ်ဆေး
၁၅။ အောင်ဇော်ရဲမြင့်သည် မီကာဆာဟိုတယ် အခန်းအမှတ် ၄၂၅ တွင် ရဲတံခွန်ဆောက်လုပ်ရေး ကုမ္ပဏီ ရုံးခန်းဖွင့်လှစ်ထားပြီး သူငယ်ချင်းများဖြစ်သည့် ကိုဇေ၊ ကျော်လှိုင်၊ ချမ်းကျော်၊ သရုပ်ဆောင် ချောချစ်၊ ကျော်ဘုန်းနိုင်၊ ကျော်စွာမြင့်နှင့် နေလင်းကျော်တို့နှင့်အတူ ရုံးသုံးပစ္စည်းများထားသည့် အိပ်ခန်းထဲ၌ မူးယစ်ဆေးဝါးအတူ သုံးစွဲတတ်ကြကြောင်း၊ တစ်ခါတစ်ရံ အောင်ဇော်ရဲမြင့် တစ်ယောက်တည်းလည်း စိတ်ကြွဆေး သုံးစွဲတတ်ကြောင်း သိရှိရပါသည်။
၁၆။ ၂ဝဝ၆ စက်တင်ဘာလတွင် SAKURA ဟိုတယ်၌ အောင်ဇော်ရဲမြင့်၊ ချမ်းကျော်၊ ကျော်နိုင်ဦး (ခ) သားပေါက် (ဗိုလ်ချုပ်စောထွန်း၏သားမက်) နှင့် အုန်းမွှေးလုံးတို့ရှိနေစဉ် အောင်ဇော်ရဲမြင့်မှ အေးထွန်း (ဗိုလ်ချုပ်ကျော်ဘ၏ သားမက်) အား ဖုန်းဖြင့်လှမ်းခေါ်ခဲ့ပြီး အေးထွန်းရောက်ရှိလာကာ WY နှင့် ရှူသည့်ကိရိယာဗူးများ ယူလာခဲ့ပြီး WY ဆေးပြားများကို အတူသုံးစွဲကြသည်။ ကလပ်မှ အပြန်တွင်လည်း အေးထွန်း၏အိမ်သို့ လိုက်သွား၍ WY ဆေးပြားများကို အတူသုံးစွဲတတ်ကြောင်း ဖော်ထုတ်သိရှိရပါသည်။
၁၇။ ကျော်လှိုင်၊ ဖြူဖြူ၊ အောင်ဇော်ရဲမြင့်၊ မောင်ဝိတ်နှင့် ချမ်းကျော်တို့သည် တစ်ခါတစ်ရံတွင် အင်းယားလမ်းနှင့် ဓမ္မစေတီလမ်းထောင့်ရှိ Ralex KTV တွင် ၃/
၁၈။ ဖမ်းဆီးရမိ တရားခံ မင်းနိုင်သည် ၂ဝဝ၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပိုင်အိုးနီးယားကလပ်သို့ သွားစဉ် နဝရတ်မှ မိတ်ဆက်ပေးသည့်အတွက် အောင်ဇော်ရဲမြင့်မှ စတင်သိရှိခဲ့သည့်နောက် Ecstasy ဆေးပြားများနှင့် စိတ်ကြွဆေးပြားများကို အပြန်အလှန်ပေး၍ သုံးစွဲခဲ့ကြသည်။ ၂ဝဝ၈ခုနှစ် မတ်လ ပထမပတ်တွင် အောင်ဇော်ရဲမြင့်က မင်းနိုင်အား ပိုင်အိုးနီးယားကလပ်တွင် WY ဆေးပြား ၇ဝ ပြားကို မွေးနေ့ လက်ဆောင်အဖြစ် ဘောင်းဘီအိတ်ထဲသို့ ထည့်၍ပေးခဲ့သည်။ ၂ဝဝ၈ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင်လည်း တရားခံမင်းနိုင်၏ မွေးနေ့အတွက် Ecstasy ဆေးပြား ၃ဝ ပြားကို Pioneer ကလပ်တွင်ပေးခဲ့ပြီး ရင်းနှီးမှုအရ WY ဆေးပြားများနှင့် Ecstasy ဆေးပြားများကို ပိုင်အိုးနီးယားကလပ်နှင့် BME ကလပ်တို့တွင် အပြန်အလှန် ပေးခဲ့ကြောင်း သိရှိရပါသည်။ အောင်ဇော်ရဲမြင့်သည် အထက်ပါ ကလပ် ၂ ခုတွင် စိတ်ကြွဆေးပြားများအား ခင်မင်ရင်းနှီးသူ သူငယ်ချင်းများကို လိုက်လံဝေငှပေးလေ့ရှိကြောင်း သိရှိရပါသည်။
၁၉။ အောင်ဇော်ရဲမြင့်သည် BME ကလပ်သို့ သွားရောက်၍ တစ်ခါတစ်ရံတွင် Ecstasy ဆေးပြားများ သုံးချင်သည့်အခါ ကျော်နိုင်ဦး (ခ) သားပေါက်ထံသို့ ဖုန်းဖြင့်ဆက်သွယ်၍ ယူလာခိုင်းတတ်ကြောင်း၊ ထိုဆေးပြားမျာကို သားပေါက် (ခ)ကျော်နိုင်ဦး၊ ဖြူဖြူ (ခ) အုန်းမွှေးလုံး၊ သရုပ်ဆောင်ပြည့်ဖူးခိုင်နှင့် သရုပ်ဆောင်ချောရတနာတို့မှ ခွဲဝေသုံးစွဲကြောင်း၊ တစ်ခါတစ်ရံ ရန်ကင်းမြို့နယ်ရှိ သားပေါက် (ခ)ကျော်နိုင်ဦး၏ နေအိမ်သို့သွားရောက်၍လည်း ဆေးပြားများသုံးစွဲကြောင်း သိရှိရပါသည်။
၂ဝ။ အောင်ဇော်ရဲမြင့်သည် ၄င်းနေထိုင်သည့် အောက်ကြည့်မြင်တိုင်လမ်း၊ ရဲတံခွန်တာဝါ ၁၁ လွှာရှိ ၄င်း၏အခန်းသို့ ခင်မင်ရင်းနှီးသူ သူငယ်ချင်း ကျော်နိုင်၊ ကိုဇေ၊ ချမ်းကျော်၊ ချောချစ်၊ ကျော်သူဝင်း၊ ဘိုဘိုနိုင်၊ ဘိုဘိုနိုင်၏ဇနီး ခင်လွင်မာဝင်း၊ နဝရတ်၊ ပြည့်ဖူးခိုင်၊ နိုင်လင်း၊ မင်းနိုင်၊ ဂန္တဝင် တို့နှင့်အတူ စိတ်ကြွဆေးပြားများကို သုံးစွဲလေ့ရှိပါသည်။ ဆေးပြားများကို ဘီဒို (သို့) ဘောင်းဘီအတွင်းမှ ထုတ်ပေးလေ့ရှိပြီး ခွက်တစ်ခု အတွင်းသို့ အပြား ၅ဝ ခန့်ထည့်၍ပေးလေ့ရှိပြီး တစ်ခါတစ်ရံ ဆေးပြား ၂ဝဝ ပြား ခန့်ထိ ချထားပေးကြောင်း၊ လာရောက်သူ မိတ်ဆွေများကို ဧည့်ခန်းတစ်ခု အတွင်း နေရာချထားပေးပြီး နေအိမ်ဧည့်ခန်းစားပွဲပေါ်တွင် ဆေးပြားများကို ကော်ဗူးဖြင့် ထည့်၍တင်ထားပေးကြောင်း၊ သုံးစွဲနိုင်ရန်နှင့် ဆေးပြားသုံးစွဲရာတွင် လိုအပ်သည့် ရေဗူး၊ ပိုက်၊ ခဲပြား အစုံအလင်တို့ကို အသင့်ထားရှိပေးကြောင်း သိရှိရပါသည်။ ထွက်ချက်များအရ အောင်ဇော်ရဲမြင့်သည် WY ဆေးပြားများကို ပို၍ကြိုက်နှစ်သက်ပြီး တစ်လုံးပြီးတစ်လုံး ဒလစပ်သုံးစွဲပြီး တစ်ခါတစ်ရံတစ်နေ့လျှင် ဆေးပြားအလုံး ၅ဝ ခန့်အထိ သုံးစွဲကြောင်း၊ ဖော်ထုတ်သိရှိရပါသည်။ တစ်ခါတစ်ရံ ၃/၄ ရက် ဆက်တိုက် အိပ်နေတတ်သလို အောင်ဇော်ရဲမြင့်သည် ၄င်း၏ရဲတံခွန် ၁၁ လွှာ အဆောက်အဦအတွင်း CCTV ကင်မရာများ တပ်ဆင်ထားပြီး ထိန်းချုပ်သည့် မော်နီတာ တစ်လုံးထားရှိပြီး ၄င်းမှ အမြဲစစ်ဆေး ကြည့်ရှုနေတတ်ကြောင်း သိရှိရပါသည်။
၂၁။ အောင်ဇော်ရဲမြင့်သည်ျွှ့ ဆေးပြားများကို ၂ဝဝ၆/
၂၂။ အောင်ဇော်ရဲမြင့်သည် ၂ဝဝ၅/
၂၃။ လတ်တလောတွင် မလေးရှားနိုင်ငံ၌ရှိနေပြီး ၂ဝဝ၇ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ၁ဝ ကြိမ်၊ ၂ဝဝ၈ ခုနှစ်အတွင်း ၃ ကြိမ် ဝင်/
အောင်ဇော်ရဲမြင့်၏လူမှုရေးကဏ္ဍ
၂၄။ အောင်ဇော်ရဲမြင့်သည် ရိုင်းစိုင်းကြမ်းတမ်းသူတစ်ဦးဟ
(-ဆက်ရန်)
Moe Zay Nyein FB မှ
No comments:
Post a Comment