Saturday, November 30, 2013

"ရွံဖို့တောင် ကောင်းသေးတယ်ဗျာ"

Tin Min Latt · 908 followers
ကျွန်တော် မကျေနပ်တာ တစ်ခုရှိတယ်ဗျာ.. ရုပ်ရှင် ဗွီဒီယို လောကကြီးကိုပေါ့..
သူတို့တွေပြောလိုက်ရင် စကားလုံး အကြီးကြီးတွေ သုံးနေကြပြီး စစ်အစိုးရ လက်ထက်က ဆင်ဆာတွေ ပိတ်ထားလို့ အနုပညာ ဖန်တီးခွင့် မရခဲ့ပါဘူး ပြောကြတယ်..



အခု တော်တော်လေး ဖြေလျော့ပေးလိုက်တော့လည်း လောက်လောက်လားလား ဖန်တီးမှု ကောင်းကောင်းတွေ ထွက်လာတာ မတွေ့ပေမယ့် "မျက်ဝန်းလေး ကလည်ကလည်"လို လူပြောများတဲ့ ဇာတ်ကားတွေပဲ ထွက်လာတယ်.. မွဲပြာပုဆိုး ထဲက ရုန်းထတာလည်း မတွေ့ရဘူး...

ရိုက်ကြပါလားဗျာ... ခင်ဗျားတို့မှာ အနုပညာ ဖန်တီးနိုင်မှု စွမ်းအားတွေ ရှိတယ်ဆိုရင် ရိုက်ပြကြပါလားဗျာ.. ဖန်တီးမှုကောင်းကောင်း.. ရဿကောင်းကောင်းတွေ..

အမှိုက်ကို စည်းကမ်းမရှိ ပစ်တဲ့ အလေ့အထတွေကို နည်းသွားအောင်.. ကားတွေကို စည်းကမ်းတကျ မောင်းတတ်အောင်.. ကားစီးရင် ခါးပတ်တဲ့ အကျင့်တွေ.. ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းတဲ့ အကျင့်တွေ လူတွေ မြင်အောင်သိအောင် အားလုံး လေးစားလိုက်နာ လိုစိတ်တွေ ဖြစ်အောင် ခင်ဗျားတို့ အနုပညာတွေနဲ့ လူတွေရဲ့ ရင်ထဲကို နက်နက်ရှိုင်းရှိုင်း ၀င်ရောက်အောင် ရိုက်ပြပါလားဗျာ..

ကျင့်ဝတ်နဲ့ ညီတဲ့ စံပြရဲတွေ.. လေးစားဖို့ကောင်းတဲ့ စံပြစစ်သားတွေ စသဖြင့် မရှိမှန်း သိပေမယ့် ကိုယ်ဖြစ်ချင်တဲ့ ပုံစံတွေ ဖန်တီးပြီး ရိုက်ကြပါလား.. အားကစားပွဲ အနိုင်ယူပုံတွေ အားပေးပုံတွေ ဂန္တ၀င်မြောက်အောင် ရိုက်ကြပါလားဗျ..ဒါဆို သက်ဆိုင်တဲ့ သူတွေလည်း မြင်ပြီး ပြင်သင့်တာတွေ ပြင်နိုင်ကြတာပေါ့..

စစ်အစိုးရ လက်ထက်က အတင်းအကျပ် ဖြစ်ဖြစ် အခွင့်အရေး ပေးပြီးတော့ ဖြစ်ဖြစ် ရိုက်ခိုင်းသမျှ ရိုက်ခဲ့ကြပြီး ပေါ်လစီကားရိုက်တဲ့သူတွေလို့ သီးခြားလိုင်းတွေ ဖြစ်သွားပေမယ့် ခင်ဗျားတို့ရဲ့ ပင်ကိုယ် မူလစိတ်ထဲမှာ ပရိသက်ကို တစ်ခုခု ပေးလိုစိတ်မှ မရှိကြတာဗျာ..

ခိုးကူးခွေတွေ ဖမ်းဖို့ ကြိုးစားနေပြီး နိုင်ငံတကာက ရုပ်ရှင်ကားတွေကို ပုံတူကူး ရိုက်နေကြတဲ့ ခပ်ညံ့ညံ့ မြန်မာကားတွေ ချက်အောက်က မတက်တဲ့ ခပ်ရိုင်းရိုင်း ဟာသကားတွေ အငြိမ့်ခွေတွေကြောင့် ကိုယ့်နိုင်ငံရဲ့ ပြည်တွင်းဖြစ် စစ်စစ် မြန်မာဇာတ်ကားတွေ အားပေးချင်ပေမယ့် မကြည့်ဖြစ်တော့တာ ခင်ဗျား တို့ကြောင့်ဆိုတာ ခင်ဗျားတို့ မသိသေးဘူးလားဗျာ..

အလကား.. ဆန်မရှိ စားအိုးကြီးတဲ့ ... ငွေနောက်သက်သက် လိုက်နေတဲ့ အနုပညာသမား အမည်ခံပြီး အနုပညာလောကကို ဖျက်ဆီးနေကြတဲ့ အတ္တသမားတွေ.. အိန္ဒြာကျော်ဇင်ရဲ့ တစ်ချိန်တုန်းက နာမည်ကျော်ခဲ့တဲ့ စကားလုံးကို ငှားပြောရမယ်ဆိုရင်တော့ "ရွံဖို့တောင် ကောင်းသေးတယ်ဗျာ"

(AERO)

No comments:

Post a Comment