Saturday, November 30, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၁၁)

သစ်ထူးလွင်



Posted: 30 Nov 2013 12:31 AM PST
ပြည်မြို့တွင် နေအိမ်မှ  ငါးရက်အကြာ ပျောက်ဆုံး သွားသော ကျောင်းသား တစ်ဦးကို နိုဝင်ဘာ ၂၅ ရက် ည ၁၂ နာရီခန့်တွင် ကြံခင်းမြို့နယ်၊ ဆိပ်သာမြို့ရဲကင်းအနီး ဧရာဝ တီမြစ်အတွင်း ရေလယ်ကျွန်း၌ သေဆုံး လျက်တွေ့ရှိခဲ့ကြောင်း ရဲအရာရှိတစ်ဦးက ပြောသည်။ သေဆုံးသူမှာ  ပြည် အထက (၅)မှ တက္ကသိုလ် ၀င်တန်း ကျောင်းသား တစ်ဦးဖြစ်ပြီး နိုဝင်ဘာ ၂၁ ရက် ညနေက ကျောင်းမှပြန်လာကာ ညနေ ၄ နာရီခန့်တွင် မိခင်ဖြစ်သူအား မုန့်သွား ၀ယ်မည်ဟု ခွင့်တောင်းကာ ဆိုင်ကယ်ဖြင့် အပြင်ထွက်သွား ခဲ့ရာမှ ပျောက်ဆုံး သွားခဲ့ခြင်း ဖြစ်ကြောင်း  မိဘများထံမှ သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 30 Nov 2013 12:25 AM PST

စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ အွန်လိုင်းမှတစ်ဆင့် ငွေလွှဲပို့သည့် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရန် စင်ကာပူ ဘဏ်တစ်ခု ဖြစ်သည့် Development Bank of Singapore (DBS) ဘဏ်နှင့် ဧရာဝတီဘဏ်တို့ နိုဝင်ဘာလ ၂၉ ရက်နေ့က လက်မှတ် ရေးထိုးလိုက်ပြီ ဖြစ်ကြောင်း ဧရာဝတီဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ စင်ကာပူနိုင်ငံမှ ငွေလွှဲမည့်သူများဘဏ်ကို သွားရောက်ရန် မလိုဘဲ မိုဘိုင်းလ်ဖုန်း၊ ကွန်ပျူတာမှတစ်ဆင့် လွှဲပြောင်းနိုင်မည့် အွန်လိုင်း ငွေလွှဲဝန်ဆောင်မှုကို အကျိုးတူ ပူးပေါင်း လုပ်ကိုင်နိုင်ရန် နိုဝင်ဘာလ ၂၉ ရက်နေ့က ဆီဒိုးနား ဟိုတယ်တွင် DBS Bank နှင့် ဧရာဝတီဘဏ်တို့ လက်မှတ် ရေးထိုးလိုက်ခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 30 Nov 2013 12:11 AM PST

နိုဝင်ဘာလ (၃၀)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ်သတင်းစာ၊ အတွဲ(၂)၊ အမှတ်(၃၈)

ဂျာနယ်ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 30 Nov 2013 12:06 AM PST

ဒီဇင်ဘာလ (၂)ရက်နေ့ ထုတ် The Voice Weekly Vol.9/No.47

ဂျာနယ်ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 29 Nov 2013 11:59 PM PST

အလောင်းတော်ကဿပ ရဟန္တာမြတ်ကြီး၏ ရုပ်ပွားတော်အား ဖူးမြော်ကြည်ညိုရန် မုံရွာ-ယာကြီး-ကလေးဝ လမ်းမှ တစ်ဆင့် တရော်ကျင်း-ညောင်ကိုင်း-ကပိုင် လမ်းမှလည်းကောင်း၊ ယင်းမာပင်-ဇီးတော-ကပိုင် လမ်းမှ လည်းကောင်း သွားရောက်နိုင်ပါသည်။ ကပိုင်ကျေးရွာမှ အလောင်းတော်ကဿပသို့ ခရီးမိုင် (၂၁)မိုင် ဆက်လက်သွားရသည်။ အဆိုပါလမ်းများသည် မိုးရာသီတွင် တောင်ကျရေ များ ချောင်းရေများ တိုက်စားခြင်း မိုးသည်းထန်စွာ ရွာသွန်းခြင်းများကြောင့် ပျက်စီးမှုများရှိသဖြင့် နှစ်စဉ်ပွင့်လင်း ရာသီရောက် တိုင်း မြေထိုး၊ မြေညှိခြင်း၊ လမ်းဟောင်းပြန် ဖော်ခြင်းများ ဆောင်ရွက်ပေးရပါသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 29 Nov 2013 11:49 PM PST

ဂျပန်နှင့်မြန်မာ နှစ်နိုင်ငံပူး ပေါင်းဆောင်ရွက်မှုများမြှင့်တင် မည်ဆိုပါက နှစ်နိုင်ငံလုံးအကျိုးရှိ ရုံသာမကကမ္ဘာအတွက်ပါအကျိုး ရှိမည်ဖြစ်ကြောင်း ယနေ့ မွန်းလွဲ ၂ နာရီခွဲက ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့်တွေ့ဆုံစဉ် ပြည် ထောင်စုလွှတ်တော်နာယကပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကပြောကြားသည်။ ၄င်းက ဂျပန်နိုင်ငံဝန်ကြီးချုပ်၊ ဂျပန်နိုင်ငံလွှတ်တော်များနှင့် ဂျပန် ပြည်သူများက မြန်မာနိုင်ငံ၌ ဒီမို ကရေစီနှင့်ဈေးကွက်စီးပွားရေး
စနစ် အကောင်အထည်ဖော်ဆောင်ရွက် နေမှုအပေါ်ထောက်ခံခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 29 Nov 2013 11:43 PM PST

လူတို့သည် အတိတ်က ဖြစ်ရပ်များကို မမေ့ကြပါ။ အထူးသဖြင့် ပျော်စရာကောင်းသော ဖြစ်ရပ်များထက် ထိတ်လန့် နာကြည်း စရာ ကောင်းေ သာ ဖြစ်ရပ်များကို အမှတ်ထင်ထင် သတိရနေတတ်ကြပါသည်။ ကျွန်တော့်မှာလည်း အတိတ်က ထိတ်လန့်စရာ၊ တုန်လှုပ် စရာဖြစ်ရပ်အချို့ရှိ ခဲ့သော် လည်း မေ့မေ့ပျောက်ပျောက် နေခဲ့မိပါသည်။ တစ်နေ့ကမူ နေ့စဉ်သတင်းစာ တစ်စောင်မှ သတင်းတစ်ပုဒ်ကို ဖတ်ရှုမိရာမှ အတိတ်သည် ပြန်လည် ရှင်သန်လာ ခဲ့လေသည်။ သတင်းကတော့ “ဆလုံလူမျိုးတို့ဘ၀ မြှင့်တင်ပေးဖို့ လုပ်မည်”ဆိုသော ခေါင်းစီး နှင့်သတင်းတစ်ပုဒ် ဖြစ်ပါသည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 29 Nov 2013 11:37 PM PST

ရှမ်းပြည်နယ် ဟိုပုံးမြို့နယ်ရှိ တောင် တန်းတွေက အ၀ါရောင် နေကြာပန်းရိုင်း တွေနဲ့ နတ်သမီးတွေ တိမ်ပေါ်မှာ ကသလို မြင်ရသူ အပေါင်းကို ဆွဲယူ ဖမ်းစားေ နပါတယ်။ မြူတွေ တိမ်တွေ စိမ်းနေတဲ့တောင် ၀ါနေ တဲ့တောင်ခါးပန်း …။ ပြီးခဲ့ တဲ့ နိုဝင်ဘာ ၁၉ ရက်မှာ သတင်း အလုပ်မဟုတ်ဘဲ ကိုယ်ရေးကိုယ်တာ ကိစ္စနဲ့ ရှမ်းပြည် ဆီဆိုင်မြို့ကို ခရီးသွားဖြစ်ခဲ့ ရာမှာ တွေ့ခဲ့ရ တဲ့မြင်ကွင်းလည်း ဖြစ်ပါတယ်။ တကယ်တမ်း ဒီခရီးစဉ်မှာ ရှမ်းပြည်ရဲ့ အလှအပ တွေကိုသာ မမြင်တွေ့ ရဘူးဆိုရင် ၂၄ နာရီနီးပါး သွားခဲ့ရတဲ့ ခရီးစဉ်က ကျွန်တော့်အတွက် ပြည့်စုံမယ်လို့ မထင်ပါဘူး။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 29 Nov 2013 11:29 PM PST

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို အဆင့်မြှင့်တင်ရန်အတွက် ဥရောပသမဂ္ဂက လုံထိန်း ၄၀၀၀ ကို အဓိကရုဏ်း ကိုင်တွယ် ဖြေရှင်းနည်း သင်တန်း ပို့ချသွားမည် ဖြစ်ကြောင်း ဥရောပသမဂ္ဂ ကိုယ်စားပြု၍ မြန်မာလုံထိန်းများကို သင်တန်း ပို့ချနေသည့် ဥရောပသမဂ္ဂ လူ့အဖွဲ့အစည်းဆိုင်ရာ မူဝါဒ ချမှတ်ရေး ကျွမ်းကျင်သူ David Hamilton က နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 29 Nov 2013 11:27 PM PST

လက်ပံတောင်းတောင် သံဃာတော်များ အကြမ်းဖက် ဖြိုခွင်းခံရမှု တစ်နှစ်ပြည့်သည့် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကို ရုပ်သိမ်းပေးရေး အတွက် ဒေါ်နော်အုန်းလှ အပါအဝင် ဒီမိုကရေစီ အင်အားစု အဖွဲ့ဝင်များက တရုတ်နိုင်ငံအလံ မီးရှို့ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြသည်။ ယင်းဆန္ဒပြသူများမှာ ဆူးလေ ဘုရားအနီးမှ စတင်ကာ တရုတ်သံရုံးအထိ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ပြီးနောက် တရုတ်သံရုံးနား အရောက်တွင် တရုတ်နိုင်ငံ အလံကို မီးရှို့ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 29 Nov 2013 07:39 PM PST

ထိုင်းနိုင်ငံ လူမှုကာကွယ်ရေး စခန်းမှာ တနှစ် ကျော် ထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံ မှ ရှမ်း အမျိုးသမီးလေး ၁၃ ဦး ကို ပြန်လည် လွှတ်ပေးဖို့ ဘန်ကောက် မြန်မာသံရုံးမှ သံအမတ်ကြီး ဦးတင်ဝင်း က ထိုင်း လူမှုဖွံ့ဖြိုးရေး နဲ့ ဘဝ လုံခြုံရေး ဝန်ကြီး ကို သွားရောက် တွေ့ဆုံပြီး တောင်းဆိုခဲ့ပါတယ်။ နှစ်နိုင်ငံ ချစ်ကြည်ရေး ကို အခြေခံပြီး ပြန်လွှတ်ပေးရေး အတွက် တောင်းဆိုရာမှာလည်း ဒီမိန်းကလေး တွေ အနက် ၁၈ နှစ်အောက် ၅ ဦးပါဝင် ပြီး၊ ၃ ဦး ကို တွေ့ခွင့် ရခဲ့ပုံ၊ သံအမတ်ကြီး က ဘီဘီစီ ကို ရှင်းပြပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

လူကုန်ကူးမှု ပပျောက်ရေး ဆောင်ရွက်

Posted: 29 Nov 2013 07:29 PM PST

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကော့စ်ဘဇား ခရိုင် ရာမူး (ပန်းဝါ)မှ ဗုဒ္ဓဘုန်းတော်ကြီးကျောင်းများ မီးရှို့တိုက်ခိုက် လုယက်မူကို နောက်ကွယ်က အဓိက ကြိုးကိုင်ခဲ့သူဟု စွပ်စွဲခံထားရသူကို ဘင်္ဂလာဒေခ်ျ့ အထူး ရဲထောက်လှမ်းရေး တပ်ဖွဲ့ တစ်ခုမှ ယမန်နေ့က ဖမ်းဆီးလိုက်သည်ဟု ယနေ့ထုတ် ဘင်္ဂလာ သတင်းစာများတွင် ဖေါ်ပြသည်။ ဖမ်းဆီးခံရသူမှာ မြန်မာနယ်စပ် မောင်တောမြို့နယ်နှင့် ကပ်နေသော စစ်တကောင်း တောင်တန်းနယ် ဘင်ဒရိုဘင် (ရွာတော်) ခရိုင် နတ်ကျောက်ဆရီ မြို့နယ် ဥက္ကဌ တော်ဖီလ် အာမတ် ဆိုသူ ဖြစ်သည်။ ၎င်းသည် ဂျာမတ် အစ္စလာမ်မီယား ပါတီတွင် ရာထူး တာဝန် မရှိသော်လည်း  ထိပ်တန်းခေါင်းဆောင်များနှင့် အဆက်အသွယ်ရှိ နီးစပ်သူ  ဖြစ်ကြောင်း သတင်းစာများတွင် ဖေါ်ပြသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

(ဘုန်းကြီးကျောင်းမီးရှို့ဖျက်ဆီးခံရပြီး ကျန်ရစ်ခဲ့သော ရုပ်ထုတော် တစ်ဆူ။)

(ဘင်္ဂလာဒေခ်ျ့ အစိုးရမှ အသစ် ပြန်တည်ဆောက်ပေးသော ကျောင်းတော်များထဲမှ တစ်ခု။)

Posted: 29 Nov 2013 04:42 PM PST

မန္တလေးမြို့ မစိုးရိမ်တိုက်သစ်က ဆရာတော် ဦးဝီရသူရဲ့ အခု ရက်ပိုင်းအတွင်း မျိုးစောင့် ဥပဒေနဲ့ ပတ်သက်လို့ ဟောပြောခဲ့တဲ့ တရားတွေထဲမှာ ဒေါ်အောင်ဆန်း စုကြည်ကို ဥပမာပေး ဟောသွားခဲ့တယ်လို့ သိရပါတယ်။ စောင့်လေ မျိုးနွယ် ဆိုတဲ့ တရားနဲ့ မညီခဲ့လို့ ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ စစ်အစိုးရ လက်ထက်က တိုက်ခိုက် ပြောဆိုခံခဲ့ရတာ ဖြစ်သလို သမ္မတ ရာထူး ယူဖို့ ကိစ္စမှာလည်း အခက်တွေ့နေရတာ ဖြစ်တယ်လို့ ဦးဝီရသူက မိန့်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဦးဝီရသူရဲ့ တရားတွေကြောင့် ဘာသာ မတူသူတွေ အကြား အမုန်းတွေ ပိုပွားစေ တယ်လို့ TIME မဂ္ဂဇင်းမှာ ဖေါ်ပြခဲ့

Posted: 29 Nov 2013 04:33 PM PST
ထိုင်းစစ်ဌာနချုပ်အတွင်း ဝင်ရောက်ဆန္ဒပြနေသူ ထိုင်းပြည်သူများ။ (နိုဝင်ဘာ ၂၉၊ ၂၀၁၃)။
ထိုင်းနိုင်ငံရဲ့ မြို့တော်ဘန်ကောက်မှာ ထိုင်းစစ်ဌာနချုပ် ကို ဆန္ဒပြသူ ၁ ထောင်ကျော် ၀င်ရောက်စီးနှင်းပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဒါဟာ ထိုင်းဝန်ကြီးချုပ် ရင်းလပ်ခ် ရှင်န၀ပ်ကို ဖြုတ်ချဖို့အတွက် ကြိုးပမ်းတဲ့ ဆန္ဒပြမှုအတွင်း နောက်ဆုံးဆန္ဒပြမှုဖြစ်ပါတယ်။

ဆန္ဒပြသူတွေဟာ ထိုင်းစစ်တပ်ရဲ့ ၀င်းအတွင်းကို သောကြာနေ့မှာ အတင်းဝင်ရောက်ခဲ့ပြီး၊ အစိုးရကိုဖြုတ်ချဖို့ ကြိုးပမ်းတဲ့ကိစ္စမှာ စစ်တပ်အနေနဲ့ ၀င်ရောက်ပူးပေါင်းဖို့ တောင်းဆိုခဲ့တာဖြစ်တယ်လို့ ထိုင်းစစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။

အတိုက်အခံဆန္ဒပြသူတွေဟာ ဘန်ကောက်မြို့မှာ ဆန္ဒပြပွဲတွေကို ထပ်ပြီးတော့ တိုးချဲ့လုပ်ဆောင်လာနေတာဖြစ်ပြီ
း၊ ထိုင်းဝန်ကြီးချုပ် ရင်းလပ် မနုတ်ထွက်မချင်း ထိုင်းအစိုးရ၀န်ကြီးရုံးတွေကို သိမ်းယူသွားမယ်လို့ ကြုံးဝါးပြောဆိုခဲ့ကြပါတယ်။
ကြာသာပတေးနေ့က ထိုင်းလွှတ်တော်မှာပြုလုပ်ခဲ့တဲ့ ထိုင်းအစိုးရအပေါ် အယုံအကြည်မရှိဆိုတဲ့ မဲခွဲမှုအတွင်း ၀န်ကြီးချုပ်ရင်းလပ်ဟာ လုံလောက်တဲ့ ထောက်ခံမဲရရှိခဲ့ပါတယ်။

သူမကို ထောက်ခံသူ ၂၉၇ မဲ၊ ကန့်ကွက်သူ ၁၃၄ မဲရှိခဲ့ပါတယ်။ ၀န်ကြီးချုပ်ရင်းလပ်ကို အဂတိလိုက်စားမှုတွေရှိတယ်ဆိုပြီး
တော့ အဲဒီလို မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ် ရင်းလပ်ကတော့ ရာထူးကနေ ဆင်းပေးဖို့ ငြင်းဆန်ခဲ့ပြီး၊ အခြေအနေကို ပြေလည်အောင် စေ့စပ်ဆွေးနွေးမှုတွေလုပ်ဖို့ တောင်းဆိုလိုက်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
Posted: 29 Nov 2013 04:29 PM PST

သြစတြေးလျနိုင်ငံမှာ ရောက်ရှိနေတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကင်ဘာရာမြို့က ထိပ်တန်းတက္ကသိုလ်ကြီးတစ်ခုဖြစ်တဲ့ ANU သြစတြေးလျ အမျိုးသားတက္ကသိုလ်က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို မနေ့က လက်ခံရယူခဲ့ပါတယ်။

ဘွဲ့လက်ခံရယူတဲ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ အခုလို ထည့်သွင်းပြောဆိုခဲ့ပါတယ်။

လူအတော်များများက လမ်းဆုံးပန်းတိုင်ကို ရောက်ကာနီးနေပြီလို့ ထင်နေကြပေမယ့် တကယ်တော့ ခုမှအစပဲရှိပါသေးကြောင်း၊ မိမိတို့အနာဂါတ်အတွက် မိမိတို့ရွေးချယ်ခဲ့တဲ့လမ်းကို ဆက်လျှောက်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီခရီးကို သြစတြေးလျနိုင်ငံက အားပေးကူညီမယ်လို့ မျှော်လင့်ကြောင်း ပြောသွားခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်းမှာ မဲလ်ဘုန်းမြို့ Melbourne ကို ရောက်ရှိပြီး၊ နာမည်ကျော် Monash တက္ကသိုလ်က ချီးမြှင့်မယ့် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို လက်ခံရယူမှာ ဖြစ်ပါတယ်။

RFA Burmese
Posted: 29 Nov 2013 04:19 PM PST
နိုဝင်ဘာလ(၃၀)ရက်နေ့ ထုတ် မြန်မာ့အလင်းနေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 29 Nov 2013 04:17 PM PST
နိုဝင်ဘာလ(၃၀)ရက်နေ့ ထုတ် ကြေးမုံနေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 29 Nov 2013 04:12 PM PST
ဒီဇင်ဘာလ (၁)ရက်နေ့ ထုတ် The Reporter News Journal Issue 48

ဂျာနယ်ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 29 Nov 2013 04:10 PM PST
နိုဝင်ဘာလ (၂၈)ရက်နေ့ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ - ၄၊ အမှတ် - ၁၇၃

ဂျာနယ်ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



No comments:

Post a Comment