Friday, November 22, 2013

Thet Lwin ၏ ဟာသများ စုစည်းမှု (၁)

မောင်ရိုးက မအိပ်ခင် ဆုတောင်းနေပါတယ်။

“ ဘုရားသခင် ကျေးဇူးပြုပြီး ပေကျင်းကို အီတလီရဲ့ မြို့တော် ဖြစ်အောင် စောင်မတော်မူပါ။ ကျေးဇူးပြုပြီး စောင်မတော် မူပါ။”
“နေပါဦး။ မင်းက ဘာကိစ္စ ပေကျင်းကို အီတလီရဲ့ မြို့တော် ဖြစ်စေချင်ရတာလဲ။ အဲမြို့က တရုတ်မှာ ရှိတာလေ” လို့ မောင်ရိုး ရဲ့ အမေက ပြောပါတယ်။

ဒီတော့ မောင်ရိုးက “ဘာလို့လဲ ဆိုတော့ ဒီတစ်ခါ ပထဝီ စာမေးပွဲမှာ အဲဒီလို ဖြေလိုက်လို့ပေါ့။” တဲ့ ……………
 
မှားတဲ့လိပ်စာ

သူတောင်းစားတစ်ယောက်ဟာ နတ်ကွန်းတစ်ခုနားမှာ ထိုင်ပြီး ပိုက်ဆံတောင်း နေပါတယ်။ “နတ်မင်းကြီးရဲ့ မေတ္တာနဲ့ ဒီလူဆင်းရဲ ဗိုက်ပြည့်အောင် ပိုက်ဆံလေး နည်းနည်းလောက် မစကြပါ။ နတ်မင်းကြီးက ခင်ဗျားတို့ကို စောင့်ရှောက်ပါ လိမ့်မယ်။” လို့ သူက အော်ဟစ် နေပါတယ်။

ဒါပေမယ့်လည်း လာရှိခိုးတဲ့ သူတွေက သူ့ကို ပိုက်ဆံ နည်းနည်းလေးပဲ ပေးကြပါတယ်။ စိတ်ပျက်လာတာနဲ့ သူတောင်းစားဟာ အဲ့ဒီနေရာက ထွက်လာပြီး အရက်ဆိုင်တစ်ဆိုင် ရဲ့ အပြင်ဘက်မှာ ထိုင်နေပါတယ်။ “နတ်မင်းကြီးရဲ့ မေတ္တာနဲ့ တစ်ပြား နှစ်ပြားလောက် စွန့်ကြဲကြပါ။” လို့ သူက အော်ပါတယ်။ ဆိုင်ထဲကနေ မူးပြီး ထွက်လာတဲ့သူတွေက မူးမူးနဲ့ များပြားတဲ့ငွေတွေကို သူ့ခွက်ထဲကို ထည့်သွားကြပါတယ်။

နတ်မင်းကြီးကို ကျေးဇူးတင်လို့ သူတောင်းစားက ဒီလို ပြောပါတယ်။ “ဟေး နတ်မင်းကြီး ကျွန်ုပ်တော့ နားမလည် နိုင်တော့ဘူး။ အသင် ကျွန်ုပ်ကို ပေးတာ လိပ်စာက တစ်မျိုး။ နေတော့ အခြားတစ်နေရာ။ ဘယ်လို ဖြစ်တာလဲ။” ဟူ၏။
 
ငါလဲ ဆုတောင်းမယ်
(ဟစ်တိုင်မှ)

လူတစ်ယောက် နတ်ကွန်းတွင် လာရောက်ဆုတောင်းလေသည်။

“အရှင်နတ်မင်းကြီး ခင်ဗျား။ ကျွန် တော် တစ်ခြား ဆုမျိုး မတောင်းချင်ပါဘုရား။ကျွန်တော့ အလိုဆန္ဒကတော့ ကျွန်တော်တို့တိုင်းပြည်မှာ လွတ်လပ်မျှတတဲ့ ဒီမိုကရေစီ ရဖို့ရယ် ၊ အကယ်၍ ဒီမိုကရေစီ ရဖို့ကြာဦးမယ်ဆိုရင် လှပချောမောတဲ့  မိန်းမချော တစ်ယောက်ရယ်။ ငွေအလုံအလောက် ရှိဖို့အတွက်ကလည်း မြန်မာပြည်အတွက် ချပေးတဲ့  အင်ဂျီအိုမှာဝန်ထမ်း ဖြစ်ချင်ပါတယ် ခင်ဗျာ။”

ထိုညတွင် ဆုတောင်းသူ၏ အိပ်မက်ထဲ၌ နတ်မင်းကြီးတစ်ပါး ပေါ်လာပြီး ဤနှယ်ပြောသွားလေ၏

“ မင်းဆုတောင်းတာက သိပ်ကောင်းတယ်ကွာ၊မင်းဆုတောင်းပြည့်ရင် ငါ့ကိုအသိပေးပါဦး၊ ငါလဲ ဒီလိုဆုမျိုး တောင်းရဦးမယ်” တဲ့
 
ထွက်မပြေးပါနဲ့လား

လူ ၅၂ ယောက်ကို ကားနှင့်တက်ကြိတ်သော ဒရိုင်ဘာ၏အမှုကို တရားရုံးတွင် စစ်ဆေးနေသည်။ တရားလူကြီးက တရားခံကို မေးသလိုနှင့်ပြောသည်။

``လူ ၅၂ ယောက်ကိုတစ်ခါထဲဝင်တိုက်ရတယ်လို့ အံ့ပါရဲ့။´´

``ကျွန်တော့် အပြစ်မဟုတ်ဘူးခင်ဗျ။ဒါမတော်တဆဖြစ်တာပါ။ ကျွန်တော် ပုံမန်အရှိန်နဲ့ မောင်းလာပါတယ်။ ရုတ်တရက် ကားဘရိတ်ပေါက်သွားပါတယ်။ကျွန်တော် ရှေ့ကိုကြည့်လိုက်တော့ ဘယ်ဘက်မှာ လူနှစ်ယောက် ညာဘက်မှာ လူငါးဆယ်ရပ်နေတာကိုတွေ့ပါတယ်။ဘယ်လိုမှရှောင်လို့ မလွတ်တော့ဘူးဆိုတာကို ကျွန်တော် သိလိုက်ပါတယ်။ တိုက်ချင်းတိုက်ရင် လူနှစ်ယောက်ကိုပဲတိုက်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ ဒါနဲ့လက်ကိုင်ကို ဘယ်ဘက်ကို ကွေ့လိုက်ပါတယ်။ပထမတစ်ယောက်ကိုတက်ကြိတ်မိတယ်။ ဒီမှာတင် မမျှော်လင့်ဘဲ ဒုတိယလူ သွေးရူးသွေးတန်းနဲ့ ညာဘက်ကို ပြေးသွားတာပါခင်ဗျာ။ "

ဟဟ
 
ပြန်ပေးဆွဲထားတယ်

ဒီခရစ်စမတ်မှာ တီဗွီတစ်လုံးဝယ်ပေးဖို့ Tom က အမေကို ပူဆာတယ်။ Tom က ဆိုးပေပြီး စာလည်းမကြိုးစားတဲ့အတွက် အမေက ဝယ်မပေးချင်ဘူး။ ဒါနဲ့ အမေက Tom ကို

"Tomဘုရားသခင်ကို စာတစ်စောင်ရေးလိုက်ပါ။ ဒီနှစ်အတွင်းမှာ ကိုယ်လုပ်ခဲ့တဲ့ကောင်းမှုတွေကိုရေးလိုက်.. ဘုရားသခင်က တီဗွီတစ်လုံး လက်ဆောင်ပေးလိမ့်မယ်"လို့ ပြောလိုက်တယ်။

ဒါနဲ့ Tom က ဘုရားသခင်ထံ စာရေးတော့တယ်။
"ချစ်လှစွာသော ဘုရားသခင်၊ ကျွန်တော်က ဘုရားသခင်ရဲ့ အချစ်ဆုံး Tomလေးပါ။ဒီနှစ်အတွင်းမှာ ကျွန်တော် ကောင်းတာတွေ အများကြီးလုပ်ခဲ့ပါတယ်။ အခုဆိုခရစ်စမတ် ရောက်တော့မှာမို့ သင်၏ချစ်လှစွာသော သားတပည့်ကို တီဗွီတစ်လုံးလက်ဆောင်ပေးပါ" လို့ ရေးလိုက်တယ်။

Tom က စာကိုရေးပြီး ပြန်ဖြစ်ကြည့်တယ်။သိပ်သဘာဝမကျတာနဲ့ ဒုတိယတစ်စောင်ကို ကောက်ရေးလိုက်ပြန်တယ်။
"ဘုရားသခင်.. ကျွန်တော် Tom ပါ။ ဒီနှစ်အတွင်း ကျွန်တော်မကောင်းတာတွေလုပ်ဖြစ်တယ်။ ကျွန်တော် မှားသွားပါတယ်။ဘုရားသခင်ကျွန်တော့်ကို တီဗွီတစ်လုံး ပေးမယ်လို့ မျှော်လင့်ပါတယ်" လို့ပြင်ရေးလိုက်တယ်။

Tom က စာကိုတစ်ခေါက် ပြန်ဖြစ်ကြည့်ပြီး မကြိုက်လို့ တတိယတစ်စောင်ကိုရေးလိုက်ပြန်တယ်
"ဘုရားသခင်.. ကျွန်တော်ပါ.. Tomပါ။ ဟုတ်ပါတယ်.. ကျွန်တော် မကောင်းတာတွေတော်တော်များများ လုပ်ခဲ့တယ်။ ဒါပေမယ့် တီဗွီတစ်လုံးတော့ လိုချင်သေးတယ်"လို့ ပြင်ရေးပြီး ဘုရားကျောင်းကို သွားခဲ့တယ်။

ဘုရားကျောင်းမှာ Mary andJesus ရဲ့ ရုပ်တုကိုတွေ့တော့ Tom က စတုတ္ထမြောက် စာကိုရေးပြီး မယ်တော်မာရီရဲ့ ရုပ်တုကို အိမ်ယူပြန်လာခဲ့တယ်။နောက်တစ်နေ့မှာ ဘုရားကျောင်းက ဖာသာက ဘုရားသခင် Jesus ရဲ့ ခြေရင်းမှာစာတစ်စောင်ကျနေတာကို တွေ့လို့ ကောက်ဖတ်ကြည့်လိုက်တော့...

"ဘုရားသခင်.. သင့်အမေ ကျွန်တော်လက်ထဲမှာ သင့်အမေကိုတွေ့ချင်ရင်ကျွန်တော့်ကို တီဗွီတစ်လုံး မြန်မြန်ပေးပါ" ဟူသတည်း။

Credit to original writer
 
 
 

No comments:

Post a Comment