သစ်ထူးလွင် |
|
- ဖွဲ့စည်းပုံပြင်ဆင်ရေး ၄ ပွင့်ဆိုင် ဆွေးနွေးရန် အန်အယ်လ်ဒီ ကမ်းလှမ်း
- မန္တလေး ဘောလုံး လောင်းကစားလုပ်သည့် နေအိမ်တွင် နှစ်လောင်းပြိုင် လူသတ်မှုဖြစ်
- စက်ရုံ၊ အလုပ်ရုံ အလုပ်သမား ခုနစ်သိန်းခန့်ကို ဆေးဝါး အပြည့်အစုံပါ ယာဉ်များဖြင့် လှည့်လည် ကုသမည်
- အင်ဒိုနီးရှားနိုင်ငံ စီနာဘန်မီးတောင် လှုပ်မှုဖြစ်
- ဂင်းနစ် စံချိန်တင်နိုင်ရန် ၁၅ နိုင်ငံဖြတ်သန်းလမ်းလျှောက်မည့် အိုင်ယာလန်နိုင်ငံသား မန္တလေးမြို့သို့ ခြေလျင်ခရီး ရောက်လာ
- ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီမြို့နယ်တွင် မူးယစ်ဆေးဝါး ကာလတန်ဖိုးငွေကျပ် ၆၂၂၇၅ သိန်းဖိုးနှင့် လက်နက်ခဲယမ်းဖမ်းဆီးရမိ
- ၇ နှစ်ရွယ် ကလေးတဦးအပါအ၀င် မြန်မာနိုင်ငံသား ၃ ဦးထံမှ ရာဘဆေးပြား စုစုပေါင်း ၆ သောင်းကျော် ဖမ်းဆီးရမိ
- “ ကမန်လူမျိုး မဟုတ်ဘဲ ကမန်တိုင်းရင်းသား ကတ်ကိုင်ပြီး လွတ်တော်ထဲ ရောက်နေ” (အင်တာဗျူး)
- နန်းမြို့ဟောင်းမှ သမိုင်းအမွေ
- ဟင်္သာတမြို့နယ် သာစည်အုပ်စုရှိ တောင်သူ ၁၀၀ လောက် ဆန္ဒပြ
- စင်ကာပူနိုင်ငံ တနိုင်ငံစာရှိတဲ့ ရေခဲပြင်ကြီး အန္တာတိကတိုက်မှ ကွဲထွက်လာ
- MRTV Digital စနစ်ဖြင့် ဖမ်းယူနိုင်မည့် စက်များ အခမဲ့ ပေးမည်
- မန်းနေအိမ်တစ်အိမ်တွင် ဓားခုတ်မှုဖြင့် လူနှစ်ယောက်သေဆုံး
- မန်းကျုံးရေပြင် အမျိုးသမီးအလောင်းတစ်လောင်းပေါ်
- ကျောင်းသားကို ဖိနပ်ဖြင့်ပေါက်သည့်ဆရာမအား စစ်ဆေးနေ
- လက်ကျန်အမည်ပျက်စာရင်းဝင် ၃၀၀၀ မှာ နိုင်ငံတကာရဲတပ်ဖွဲ့၏ အမည်ပျက်စာရင်းဝင်များ ဖြစ်သောကြောင့် ပယ်ဖျက်ပေး၍ မရတော့
- မင်္ဂလာဒုံ နှစ်လောင်းပြိုင် လူသတ်မှု သံသယရှိသူကို မမိသေးဟုဆို
- တရုတ်သို့ အမျိုးသမီးနှစ်ဦး ပို့ဆောင်မည့်သူကို လက်ရဖမ်းမိ
- လူကုန်ကူးမှု ပညာပေးပွဲတော် မဲဆောက်မှာကျင်းပ
- ၀ါရင့်နိုင်ငံရေး သမားဟောင်းကြီး ဦးထွေးမြင့် ကွယ်လွန်
- ရပ်ကွက်အုပ်ချုပ်ရေးမှူး အသစ် ပြန်လည် ရွေးချယ်ရေး၊ ဖုန်းအလွဲ သုံးစားပြုမှု အရေးယူရေး ဆန္ဒထုတ်ဖော်
- မောင်တောနယ်စပ် မြို့မစည်ပင်သာယာ ဈေးကြီး မီးလောင်မှုဖြစ်ပွား
- တိုင်းရင်းသားဒေသများရှိ တက္ကသိုလ်များတွင် မူးယစ်ဆေးဝါးပျံ့  နှံ့မှု အရှိန်အဟုန်မြင့်မားနေဟုဆို
- မိတ္ထီလာတွင် ဖခင်အရင်းက သမီးနှစ်ဦးကို ဓားဖြင့်ထိုး၍ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချသေဆုံး
- ပြည်ထောင်စုဝန်ကြီးများနှင့် တွေ့ဆုံခဲ့သော်လည်း အဖြေထွက် မလာကြောင်း လက်ပံတောင်းတောင် ဒေသခံများဆို
Posted: 25 Nov 2013 03:38 AM PST
အ ခြေခံ ဥပဒေ ပြင်ဆင်ရေး ကိစ္စရပ်တွေကို ဆွေးနွေးဖို့ အတွက် အုပ်ချုပ်ရေး မဏ္ဍိုင် အကြီးအကဲ ဖြစ်တဲ့ နိုင်ငံတော်သမ္မတ၊ လွှတ်တော်နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့နဲ့ တွေ့ဆုံဖို့အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မေတ္တာရပ်ခံ ကမ်းလှမ်းတဲ့စာတွေကို ဒီကနေ့ နိုဝင်ဘာ ၂၅ ရက်နေ့က ပေးပို့ လိုက်ပါတယ်။ နိုဝင်ဘာ ၂၅ ရက်နေ့မှာ မနက်က သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပြည်သူ့ လွှတ်တော်တွေကို လိပ်မှုပေးပို့လိုက်တာ ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ ပြောခွင့်ရ ဦးဥာဏ်ဝင်းက ပြောပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 25 Nov 2013 03:27 AM PST
မန္တလေးမြို့တော် မဟာအောင်မြေ မြို့နယ် ၃၈ လမ်း၊ ၈၃ x ၈၄ လမ်း ကြားရှိ ဘောလုံး လောင်းကစား ပြုလုပ်သည်ဟု ဆိုသော နေအိမ်တွင် နိုဝင်ဘာလ ၂၄ ရက်နေ့ နေ့လယ် ၁၂ နာရီ ၃၀ မိနစ်ခန့်က နှစ်လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါ အခင်းဖြစ်ပွားရာ ပတ်ဝန်းကျင်ထံမှ စုံစမ်း သိရှိရသည်။ အဆိုပါ အခင်းဖြစ်ပွားရာ အိမ်အနီး လမ်းမဘေးရှိ အိမ်ရှေ့တွင် ဇော်ဇော်လတ် ၂၅ နှစ်သည် ဓားဒဏ်ရာများဖြင့် လဲကျ သေဆုံးနေကြောင်း သိရ၍ ဘေးပတ်ဝန်းကျင်က ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင် သေဆုံးသွားခဲ့ပြီး ယင်းအိမ်ကို ဝင်ရောက် စစ်ဆေးရာ ဦးမြင့်သိန်း ၅၀ နှစ်သည် ဓားဒဏ်ရာများဖြင့် သေဆုံးနေကြောင်း အဆိုပါရပ်ကွက် နေထိုင်သူများ ထံမှ စုံစမ်း သိရှိရသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 25 Nov 2013 03:23 AM PST
ပြည်နယ်နှင့် တိုင်းဒေသကြီး အတွင်းရှိ နိုင်ငံပိုင်နှင့် ပုဂ္ဂလိပိုင် စက်ရုံ၊ အလုပ်ရုံ အလုပ်သမား ခုနစ်သိန်းနီးပါးခန့်ကို ဆေးဝါး အပြည့်အစုံပါသည့် ယာဉ်ကြီးများဖြင့် လှည့်လည် ဆေးဝါး ကုသပေးမည့် အစီအစဉ်ကို ယခုနှစ်အတွင်း စတင်ရန် ရှိကြောင်း နိုဝင်ဘာလ ၂၄ ရက်နေ့တွင် အလုပ်သမား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းက ပြောကြားသည်။ အဆိုပါ အစီအစဉ်ကို အလုပ်သမားများ၏ နောင်ရေးအတွက် ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန်နှင့် လုပ်ငန်းခွင် စိတ်ဖိစီးမှုများ လျော့နည်းသွားအောင် ဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 25 Nov 2013 02:31 AM PST
အင် ဒိုနီးရှားနိုင်ငံမှာ ၂၄၆၀ မီတာ အမြင့်ရှိတဲ့ စီနာဘန်မီးတောင်ဟာ ဒီမနက်မှာ ပေါက်ကွဲတာကြောင့် မီးတောင်နဲ့ ငလျင်အန္တရာယ် ကြိုတင်ကာကွယ်ရေးစင်တာက အန္တရာယ်ရှိ အဆင့်အဖြစ် အမြင့်ဆုံးအဆင့် သတ်မှတ်လိုက်ပါတယ်။စီနာ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 25 Nov 2013 02:26 AM PST
အိုင်ယာ လန်နိုင်ငံမှ Mr. Mangan Nory သည် ခြေကျင်လမ်းလျှောက်ခြင်းဖြင့် ဂင်းနစ်စံချိန်တင်ရန် နိုင်ငံ ၁၅ နိုင်ငံကို တောက်လျှောက်ဖြတ် သန်းလမ်းလျှောက်လျက်ရှိရာ ၎င်း၏ မြန်မာနိုင်ငံအတွင်း လမ်း လျှောက်ခရီးစဉ်အဖြစ် နိုဝင်ဘာ ၂၃ရက်ညက မန္တလေးမြို့သို့ ရောက်ရှိလာကြောင်း သိရသည်။ Mr. Mangan Nory မှာ အသက် ၅၆နှစ်အရွယ်ရှိပြီး ၎င်း၏လမ်းလျှောက်ခရီးစဉ်ကို မိခင်အိုင်ယာလန်နိုင်ငံမှ စတင် ထွက်ခွာခြင်းဖြစ်သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 25 Nov 2013 01:51 AM PST
ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးများ ပပျောက်ရေး အတွက် စီမံချက်ချမှတ် အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိပြီး ပြည်သူများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုကြောင့် နေ့စဉ် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိလျက်ရှိရာ ၂၃.၁၁.၂၀၁၃ ရက်နေ့ ၁၉၃၀ အချိန် ခမရ(၁၂၅)မှ တပ်ရင်းမှူး ဦးစီးတပ်ဖွဲ့ဝင်များ၊ မူးယစ်တပ်ဖွဲ့စု(၁၀၁)နေပြည်တော် သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 25 Nov 2013 01:44 AM PST
ထိုင်း နိုင်ငံထဲမှာ ၇ နှစ်ရွယ် ကလေးတဦးဆီကနေ နိုဝင်ဘာ ၂၂ ရက်နေ့က စိတ်ကြွ ဆေးပြားတွေ ဖမ်းဆီးရရှိခဲ့ပါတယ်။ ဒါအပြင် နိုဝင်ဘာ ၂၄ ရက်နေ့ကလည်း ယုဇန လက်ဖက်ထုပ်တွေထဲကနေ ရာဘဆေးပြား စုစုပေါင်း အလုံးရေ ၆ သောင်းကျော်ကို မဲဆောက်မြို့ ကမ်းနားဈေးအနီးမှာ ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 25 Nov 2013 01:31 AM PST
ရခိုင်မျိုးနွယ်စုဝင် တစ်ခု ဖြစ်တဲ့ ကမန် တိုင်းရင်းသားတွေ အနေနဲ့ သူတို့ လူဦးရေ ဘယ်လောက်ရှိတယ်ဆိုတာ သိရှိနိုင်ဖို့ လူဦးရေ စာရင်း ကောက်ယူုသွားမယ်လို့ ကမန်တိုင်းရင်းသား တိုးတက်ရေးပါတီ (ဗဟို)က နိုဝင်ဘာလ ၂၃ ရက်နေ့ ကျေညာချက်ထုတ်ပြန်ပါတယ်။ အဲဒီ ကျေညာချက်ကို ပါတီရဲ့ ဥက္ကဌနဲ့ အထွေထွေ အတွင်းရေးမှူးတို့က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ကျေညာချက်ကို လက်ခံ ရရှိပြီးနောက် ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဖြစ်သူ ဦးတင်နိုင်ဝင်းကို ဘာကြောင့် အခုလို ကမန် လူဦးစာရင်းကို ကောက်ယူဖို့ စီစဉ် ရပါသလဲလို့ မေးကြည့်တဲ့ အခါ သူက အခုလို စပြောပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 25 Nov 2013 01:30 AM PST
မြန်မာဘုရင်မင်း
၃၁ ဆက်၊ နှစ်ပေါင်း ၄၀၀ ကြာ နန်းစိုက်မြို့တော် ဖြစ်ခဲ့သော မင်းနေပြည်တော်
အင်းဝမြို့ဟောင်းတွင် နိုင်ငံခြားသား ခရီးသွားများ၊ ဒေသခံများဖြင့် စည်ကား
ရှုပ်ထွေးနေပြီး သက်ဝင်လှုပ်ရှားလျက် ရှိသည်။ အချို့သော ဒေသခံများက
မြေသားဖြင့် ပြုလုပ်ထားသော ရှေးဟောင်းဆေးတံ၊ ခေါင်းလောင်းများနှင့် အမှတ်တရ
ပစ္စည်းများစွာ ကိုင်ဆောင်ရင်း နိုင်ငံခြားသား ခရီးသည်များကို သူတို့
တတ်သမျှ၊ မှတ်ထား သမျှ ဘာသာစကား မျိုးစုံဖြင့် ရောင်းချနေကြသည်။ ---
ဆောင်းပါး အပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 25 Nov 2013 12:43 AM PST
ဧ ရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်တွင်းက တောင်သူလယ်သမားတွေဟာ လယ်ယာမြေတွေ ရေနစ်မြုပ်ခဲ့ရမှုအတွက် ဖြေရှင်းဆောင်ရွက်ပေးဖို့ နိုဝင်ဘာလ ၂၅ ရက်နေ့က ဟင်္သာတမြို့တွင်း လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 25 Nov 2013 12:39 AM PST
အ ရှည် ၂၁ မိုင်၊ အကျယ် ၁၂ မိုင်ရှိတဲ့ ရေခဲပြင်ကြီးဟာ အန္တာတိကတိုက် ပိုင်းအိုင်လန် ပင်လယ်ကွေ့ကနေ ကွဲထွက်လာတဲ့ပုံတွေကို အမေရိကန် အမျိုးသားအာကာသအေဂျင် သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 25 Nov 2013 12:28 AM PST
မြန်မာ့ရုပ်မြင်သံကြား (MRTV) က စမ်းသပ် ထုတ်လွှင့်နေသည့် Digital ရုပ်သံ ထုတ်လွှင့်မှု စနစ် Digital Video Broadcasting Terrestrial-2 (DVB-T2) ကို ဖမ်းယူ ကြည့်ရှုနိုင်မည့် စက်များကို SEA Games ပြိုင်ပွဲ မတိုင်မီ ဝင်ငွေနည်း မိသားစုများအား အခမဲ့ ပေးအပ်မည် ဖြစ်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူး ဦးဝင်းကြည်က ပြောကြားသည်။ အဆိုပါစက်များကို ဒီဇင်ဘာလ ဒုတိယပတ်အတွင်း ပေးအပ်နိုင်ရန် စီစဉ်ထားပြီး စက်အလုံးရေ ၃၃၅,၀၀၀ ဝယ်ယူရန် မှာကြားပြီး ဖြစ်ကာ စက်အလုံးရေ ၃၀၄,၉၄၄ လုံးကို သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများ၏ အစီအမံဖြင့် ဖြန့်ဝေမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 25 Nov 2013 12:22 AM PST
မန္တလေး၊ နိုဝင်ဘာ ၂၅ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်နေအိမ်တစ်အိ ဖြစ်ပွားပုံမှာ မဟာအောင်မြေအနောက်ရပ်ကွက်၊ ၈၂-၈၃လမ်းကြား၊ ၃၈-၃၉လမ်းကြားရှိ နေအိမ်တစ်အိမ်တွင်နေ့လယ် တစ်နာရီခန့်က ဓားခုတ်မှုဖြစ်ပွားကြောင်းသတင်း တွေ့ရှိရကြောင်း ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။ သေဆုံးသူ ကို ဇော်လတ်၏ ဖခင် ဦးစိုးမြင့်မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် နမစ(အမှတ်-၇)(ပ)၇၈၁/၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၂အရအမှုဖွင့်ပြီး တရားခံများ ဖမ်းဆီးရမိရေးအတွင် တိုင်းရဲအကူ တပ်ဖွဲ့ခွဲ (မှု/ကူ)၊ ခရရ(မှု/ကူ)၊ နယ်ထိန်းတပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်လျှက်ရှိကြော Popular Myanmar News Journal |
||
Posted: 25 Nov 2013 12:19 AM PST
မန္တလေး၊ နိုဝင်ဘာ ၂၅ မန်းကျုံးရေပြင် လမ်း ၈၀၊ ၁၇-၁၈လမ်းကြားတွင် နိဝင်ဘာ၂၃ရက်နေ့ ညနေပိုင်း က အမျိုးသမီးအလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဖြစ်ပွားပုံမှာ သေဆုံးသူ မရွှေဇင်ဖြိုး၂၁နှစ်မှာ ယခုလ ၂၁ရက်နေ့ ည ၇နာရီအချိန်ခန့်တွင် နေအိမ်မှ ဖုန်းဆက်ရန် ထွက်ခွာသွားခဲ့ပြီး ပြန်ရောက်လာခြင်းမရှိကြောင်း ၄င်းမိခင်၏ ထွက်ဆိုချက်အရသိရှိရသည်။ ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရှိေ Popular Myanmar News Journal |
||
Posted: 25 Nov 2013 12:10 AM PST
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်း အခြေခံပညာ အထက်တန်းကျောင်းမှ အဌမတန်းကျောင်းသားကို ဖိနပ်ဖြင့်ပေါက်သည့် ဆရာမအား ပညာရေးဝန်ကြီးဌာနမှ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။ လွန်ခဲ့သည့် ဇွန်လ ၁ ၁ရက် က အင်္ဂလိပ်စာသင်ချိန်တွင် ကျောင်းသားက စကားပြော၍ဆိုကာ အင်္ဂလိပ်စာပြဆရာမက ဖိနပ်ဖြင့် ပေါက်လိုက်ခြင်းကို ကျောင်းသားမိဘများက မကျေနပ်၍ ကျောင်းအုပ်ကြီးနှင့် မြို့နယ်ပညာရေးမှူး ရုံးများသို့ တိုင်ကြားထားခြင်း ဖြစ်သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 25 Nov 2013 12:07 AM PST
မြန်မာ့အစိုးရ၏ အမည်ပျက်စာရင်း (Black List)တွင် ကျန်ရှိနေသူ သုံးထောင်မှာ နိုင်ငံတကာအဖွဲ့အစည်းများ၏ အမည်ပျက်စာရင်းတွင် ပါရှိနေသည့်အတွက် မြန်မာအစိုးရအနေဖြင့် အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေး၍ မရတော့ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်မင်း သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 25 Nov 2013 12:02 AM PST
မင်္ဂလာဒုံမြို့နယ်၊ ဘောဂရပ်ကွက် ၂ လမ်းတွင် လွန်ခဲ့သော ခြောက်ရက် (နိုဝင်ဘာလ ၁၈ ရက်နေ့) (သူခိုးကြီးည) က ဖြစ်ပွားခဲ့သော သားအမိနှစ်ဦး အသတ်ခံရသည့် လူသတ်မှုနှင့် ပတ်သက်၍ သံသယရှိသူ အသက် ၂၀ အရွယ် လူငယ်တစ်ဦးကို စုံစမ်းရှာဖွေလျက်ရှိရာ နိုဝင်ဘာလ ၂၄ ရက်နေ့အထိ ဖမ်းမိခြင်း မရှိသေးကြောင်း မင်္ဂလာဒုံမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Nov 2013 11:59 PM PST
မိတ္ထီလာမြို့နယ် ရန်ကုန်-မန္တလေး လမ်းမကြီး (ဟောင်း) ပေါ်ရှိ သပြေဝ မြို့ဝင်ကြေး ကောက်ခံစခန်းတွင် နိုဝင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က မိတ္ထီလာမြို့ခံ အမျိုးသမီး နှစ်ဦးကို စည်းရုံး၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပို့ဆောင်မည့် လူကုန်ကူးသူ အမျိုးသမီး တစ်ဦးကို လက်ရ ဖမ်းမိခဲ့ကြောင်း ဖမ်းဆီးရာတွင် ပါဝင်ခဲ့သော မိတ္ထီလာခရိုင် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အဖွဲ့မှ ဒုရဲအုပ် ဇင်ကိုကိုက The Voice သို့ အတည်ပြု ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Nov 2013 11:52 PM PST
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ပိုင် ရုံးဝင်းအတွင်းမှာ MTV EXITရဲ့ Roadshow အစီအစဉ်နဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး ပွဲတော်တစ်ရပ်ကို ဒေသတွင်း တာဝန်ရှိအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး နိုဝင်ဘာလ ၂၄ရက်နေ့ ညနေပိုင်းမှာ ကျင်းပခဲ့ပါတယ်။ ဒီ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးပွဲတော် ကျင်းပရတာနဲ့ ပတ်သက်လို့ ပွဲတော်အခမ်းအနားကို တက်ရောက်လာတဲ့ တပ်ခ်ခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဇုရီဝမ် စိုင်စီထောင်က “ထိုင်း-မြန်မာနယ်စပ်မြို့ ဖြစ်တဲ့အတွက် မြန်မာအမြောက်အများ ထိုင်းနိုင်ငံတွင်း ဝင်ရောက်အလုပ်လုပ်ကိုင်တဲ့နေရြာ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Nov 2013 11:46 PM PST
ဝါရင့်နိုင်ငံရေး သမားဟောင်းကြီး ဦးထွေးမြင့်သည် ယနေ့နံနက်(၁၀း၀၀)နာရီအချိန်တွင် ကွယ်လွန်သွားကြောင်း သိရပါသည်။ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ၊ (၂၇)ရက်နေ့ (အမျိုးသားအောင်ပွဲနေ့) ညနေ(၄း၀၀)နာရီအချိန်တွင် ရေဝေး အအေးတိုက်မှ ရေဝေးသုသာန်သို့ ပို့ဆောင်မီး သဂြိုလ်မည်ဖြစ်ပါသည်။ လိပ်စာ - အိမ်အမှတ် (၂၂၇၉)၊ ဟေမာဂနိုင်လမ်း၊ မင်းကွန်းတောရ အလယ်ပေါက်၊ အင်းစိန်၊ ဘို့ကုန်း။ ဦးထွေးမြင့်၏သား ဦးစန်းမြင့်အေး ဖုန်း - ၀၉ ၇၃၀၆၆၂၄၇၊ ဦးအောင်ကြည် - ၀၁ ၆၄၀၄၆၁။
|
||
Posted: 24 Nov 2013 11:35 PM PST
လှိုင်သာယာမြို့နယ် (၁၁) ရပ် ကွက်နေ ပြည်သူ ၃၀၀ ခန့်က ရပ်ကွက် အုပ်ချုပ်ရေးမှူးအသစ် ပြန်လည်ရွေး ချယ်ပေးရေးနှင့် တန်ဖိုးနည်း ဖုန်းအလွဲသုံး စားပြုမှုများ အရေးယူပေးရေးအတွက် နိုဝင်ဘာ ၂၄ ရက် နံနက် ၉ နာရီတွင် အဝေရာလမ်းနှင့် အနော်ရထာလမ်း ထောင့်မှစ၍ မြို့နယ်အားကစားကွင်းသို့ ချီတက်လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ ကြသည်။ ဆန္ဒထုတ်ဖော်သူများသည် " ရာဇ ၀တ်ပြစ်ဒဏ်ကျဖူးသော အုပ်ချုပ်ရေးမှူး အလိုမရှိ " ၊ " အပက ၆(၁) ပြစ်ဒဏ်ကျခံဖူး သူများ အုပ်ချုပ်ရေးမှူးမဖြစ်စေရ " ၊ " ၁၅၀၀ တန် တန်ဖိုးနည်းဖုန်း အလွဲသုံးစား ပြုသူများအလိုမရှိ " ၊ " အဂတိလိုက်စား မမျှတသောရပ်မိရပ်ဖ ငါးဦးအလိုမရှိ " ဆိုင်းဘုတ်များကိုင်ဆောင်ကာ " အများ ပြည်သူ ကြည်ညိုလေးစားသော အုပ်ချုပ် ရေးမှူးပြန်ရွေးပေး " စသည့် ကြွေးကြော်သံများ သံပြိုင်ဟစ်ကြွေးကာ ဆန္ဒထုတ်ဖော် ခဲ့ကြသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Nov 2013 11:25 PM PST
နိုဝင် ဘာ ၂၃ရက် ညနေ ၇ နာရီ၁ဝမိနစ် အချိန်တွင် မောင်တောမြို့မြို့မ စည်ပင်သာယာဈေးကြီးအတွင်း ရှိ ဈေးအဆောင်အမှတ် 2B တွင် မီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့ကြော သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 24 Nov 2013 11:15 PM PST
ဒေသခံ တိုင်းရင်းသားများက ဆေးကျောင်း များဟု အမည်ပြောင်းခေါ်ရ သည် အထိ တိုင်းရင်းသားဒေသ များရှိ တက္ကသိုလ် များတွင် မူးယစ် ဆေးဝါးပျံ့နှံ့မှုအရှိန်အဟုန် မြင့် မားနေကြောင်း ပအိုးဝ်အမျိုး သား အဖွဲ့ချုပ် ၏ပြောကြားမှု အရသိရသည်။ ''အခု မူးယစ်ဆေးဝါးက အရင်က မီဒီယာတွေ မလွတ်လပ် လို့လူတွေသိပ်မသိတာ။ ဒါပေမဲ့ ပြည်နယ်ကလူတွေကတော့ အ ကုန်သိတယ်။ ဒီမူးယစ်ဆေးဝါး အခြေအနေ ဘယ်လောက်အထိ ဆိုးနေ တယ် ဆိုတာကိုပေါ့။ ပြည်နယ်တွေမှာရှိ တဲ့ တက္ကသိုလ်တွေ မှန်သမျှကို ပြည် နယ်ကလူတွေက ဆေးကျောင်း လို့ခေါ်တယ်''ဟု ပအိုးဝ်အမျိုး သားအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးခွန်သိန်းဖေက ပြောသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Nov 2013 10:55 PM PST
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် သပြေဝကျေးရွာတွင် နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းခန့် က လင်မယားချင်း စကားများခဲ့သည်ကို အကြောင်းပြု၍ ဖခင်က မူလတန်း ကျောင်းသူအရွယ် သမီးနှစ်ဦးကို ဓားဖြင့်ထိုး၍ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သေဆုံးခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သပြေဝကျေးရွာ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့် ယင်းကျေးရွာနေ အမဲသား ရောင်းချသူ ဦးမင်းဦး (ခ) ဒါဂျေ (၃၀) နှစ်သည် နေအိမ် ထုပ်တန်းတွင် ငါးမူးလုံး အစိမ်းရောင် နိုင်လွန်ကြိုးဖြင့် ကြိုးဆွဲချ သေဆုံးနေသည်ကို စစ်ဆေး တွေ့ရှိကြောင်း ရဲမှတ်တမ်းများအရ သိရသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Nov 2013 10:45 PM PST
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း နယ်မြေ အမှတ် (၆) ချည်မျှင်နှင့် အထည်စက်ရုံ အစည်းအဝေး ခန်းမ၌ နိုဝင်ဘာလ၂၄ ရက်နေ့ နံနက်ပိုင်းက လက်ပံတောင်းတောင် စုံစမ်း စစ်ဆေးရေး ကော်မရှင် အစီရင်ခံစာအား ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးလှထွန်း အပါအဝင် တာဝန်ရှိသူများနှင့် လက်ပံတောင်း ဒေသခံများ ထပ်မံတွေ့ဆုံခဲ့သော်လည်း တိကျ ရေရာသည့် အဖြေတစ်ခု ထွက်ပေါ်လာခြင်း မရှိသေးကြောင်း အစည်းအဝေး တက်ရောက်ခဲ့သည့် ဒေသခံများက ဆိုသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
No comments:
Post a Comment