ငါတို့ ဟာရှုံးခဲ့တယ်
ငါတို့ ဟာရှုံးခဲ့တယ်။
ရှုံးနိမ့်တဲ့အခါမှာ
ရှုံးတယ်လို့ ဝန်မခံရဲသူဟာ
သူရဲကောင်းမဟုတ်ဖူး။
ငါတို့ ဟာ..ငါတို့ ကိုယ်ငါတို့ ရှုံးခဲ့တယ်။
သူရဲကောင်းပီသစွာ.ထောင်ချခံနေခဲ့ ရတဲ့
ငါတို့ အတိတ်ကိုငါတို့ ရှုံးတယ်။
သေသွားတဲ့ငါတို့ ရဲဘော်တွေကို
သစ္စာစောင့်သိရိုသေဖို့ အတွက်
လက်ကျန်သစ္စာတရားကိုသစ္စာရှိဖို့ 
ငါတို့ ဆုံးရှုံးခဲ့တယ်။
ကဲ..
ငါတို့ ရှုံးတယ်
အနှစ်နှစ်ဆယ်ကျော်ကိုငါတို့ ရှုံးတယ်
ကိုယ်ကျိုးရှာ သူတွေနဲ့ တ၀ိုင်းထဲညစာစားနေတဲ့
ငါတို့ ရဲ့ မိတ်ဆွေဟောင်းတွေကိုငါတို့ ဆုံးရှုံးတယ်။
တနေ့  ...မှာ
တရားမျှတမူကို စီရင်ပေးလိမ့်မယ်လို့ 
ငါတို့ ကိုသူရဲကောင်းအမှတ်နဲ့ မျှော်လင့်ခဲ့တဲ့
ငါတို့ ပြည်သူတွေရဲ့ ယုံကြည်ချက်ကို..ငါတို့ ဆုံးရှုံးတယ်။
ခောတ်တခောတ်မှာရှုံးနိမ့်ခဲ့ရပြီး
ရာဇ၀င်တခုလုံးမှာမရှုံးဖို့ အတွက်
အခု...ငါတို့ ရှုံးတယ်...
ဘာဖြစ်လဲ.ဟောသည်ခောတ်မှာငါတို့ ရှုံးတယ်။
ဖြစ်နိုင်ပါတယ်..
ငါ့သက်တမ်းတခုလုံး မှာ ..ရှုံးနိမ့်သွားခဲ့ရတာ
ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
သားသတ်သမားတွေပါးနပ်လာတဲ့ခောတ်မှာ
မုသာဝါဒကိုရှိခိုးကြတာဘာဆန်းလဲ။
ငါတို့ ဟာ
မြင့်မြတ်စွာကျဆုံးခဲ့တဲ့...
ငါတို့ ရဲ့ သူရဲကောင်းတွေကို..အုတ်ဂူထဲကထု တ်ပြီး
သစ္စာမဲ့မူနဲ့ အခု.အပြီးတိုင်ခုတ်ထစ်လိုက်ကြ တယ်။
ငါတို့ ရဲ့ 
သူရဲကောင်းရာဇ၀င်တွေကို
သားသတ်သမားဟောင်းတွေက
သူတို့ ရဲ့ ဂုဏ်ပြုပွဲမှာ
ပြက်လုံးလုပ်မြည်းကြပါလိမ့်မယ်။
ငါဘယ်တော့မှဒူးမထောက်ဖူးဆိုတဲ့
သစ္စာတဲတဲလေး ရှိနေသေးတာလဲလွဲရင်
ခင်ဗျားရှုံးတယ်။
ခင်ဗျားရဲ့ ရဲဘော်ရဲဘက်တွေကိုလဲ
ခင်ဗျားရှုံးတယ်
ခင်ဗျားရဲ့ရွေပြည်တော်အိပ်မက်တွေကိုလဲ
ခင်ဗျားဆုံးရှုံးတယ်
ခင်ဗျားရဲ့ မျော်လင့်ချက်တွေကိုလဲခင်ဗျားရှုံးတယ်
ခင်ဗျားရဲ့ ကြီးစွာသောပေးဆပ်မူတွေလဲ
အခုအချီးနှီးနဲ့ ....
ဟုတ်တယ်..
ရှုံးနိမ့်မူဟာ..သိပ်ကြမ်းကျုတ် တယ်။
ခင်ဗျားမှာရဲဘော်ရဲဘက်မရှိတော့ဖူး
ယုံကြည်ရတဲ့မိတ်ဆွေမရှိဖူး
နွေးထွေးတဲ့.နိင်ငံတော်တခုမရှိေ တာ့ဖူး
ခင်ဗျား အမေမရှိတော့ ဖူး
ခင်ဗျား...ပြန်စရာအိမ်မရှိတော့ဖူး။
နောက်ဆုံးခင်ဗျားဆက်တိုက်ပွဲဝင် ရမယ့်
တိုက်ပွဲမရှိ တော့ဖူး ။
အဆိုးဆုံးကတော့.ခင်ဗျားဆက်တိုက် ရမယ့်
ရန်သူကိုတောင်ခင်ဗျားဆုံးရှုံးမ ယ်ဆိုရင်
ခင်ဗျားရှုံးခဲ့တာတွေအားလုံးထက် ..ခင်ဗျား ပိုရှုံးတယ်။
သတ်သေဖို့ လား...
အသုဘမှာတောင်.ခင်ဗျားအလောင်းကို
ခွပ်ဒေါင်းလံလွမ်းပေးမယ့်သူမရှိ ဖူး။
ခင်ဗျားအသုဘကိုပို့ ပေးမယ့်ရဲဘော်စစ်စစ်
တယောက်မှမကျန်ဖူး
ခင်ဗျားဈာပနမှာဆိုရမယ့်
ကမ္ဘာမကြေသီချင်းကို...အားလုံးမေ့ သွားပြီ။
ဘာလုပ်မလဲ...ခင်ဗျားဘာလုပ်မလဲ။
ဟုတ်တယ်။
အဲသည်တုန်းကသူတို့ ရဲ့သေနတ်ပြောင်းဝမှာ
အဲသည်တုန်းကသူတို့ ရဲ့အကျဉ်းထောင်ထဲမှာ
အဲသည်တုံးကသူတို့ ရဲ့ စစ်ကြောရေးစခန်းတွေမှာ
သူရဲကောင်းပီသစွာ၊ခင်ဗျားကျဆုံး ခဲ့ဖို့ ...ကောင်းတယ်။
အခုတော့
အသက်ရှင်သန်ဖို့ ကိုရွေးခဲ့လို့ 
အဲသည်တုန်းက အောင်ပွဲကိုမျော်လင့်ခဲ့လို့ 
အဲသည်တုန်းကတိုက်ပွဲကိုယုံကြည်ခဲ့လို့ 
အခုတော့ခင်ဗျား
နက်နက်နဲနဲဆက် နာကြင်သွားရတော့မယ်
ဘ၀တခုလုံး...ပေါ့...။
ရှုံးသွားတယ်လို့ လက်ခံလိုက်ပါ။
ခင်ဗျားရဲဘော်တွေ...ချစ်လှစွာသောခင်ဗျားရဲဘော်တွေ
ထောင်ထဲမှာ..တောထဲမှာ...လမ်းမတွေပေါ်မှာ
အကျဉ်းစခန်းတွေမှာ...
သူတို့ အသက်စွန့် သွားခဲ့ရတာ...
ဘာအတွက်မှမဟုတ်ဖူး.....လို့ ။
ဘာမှမဟုတ်ဖူး.
သူတို့ အသက်စွန့် ပေးခဲ့တဲ့မျှော်မှန်းချက်တွေ
ဘာမှမဖြစ်လာဖူး။
သူတို့ ကိုသတ်ဖြတ်ခဲ့သူတွေကို
ခင်ဗျားရဲ့ ....တချိန်ကရဲဘော်တချို့ 
လက်ခုပ် တီးနေမယ်
ခင်ဗျားချစ်လှတဲ့ရဲဘော်တချို့ 
သူတို့ နဲ့ ညစာစားနေမယ်
အဲသည်ညစာစားပွဲမှာ..
ခင်ဗျားယုံခဲ့တဲ့တော်လှန်ရေးက
အကောင်းဆုံးပြတ်လုံးပေါ့။
သူတို့ ရဲ့လက်ပါးစေတွေဖိတ်ကြားတဲ့
ညစာစားပွဲဖိတ်စာတွေကို
ခင်ဗျားရဲဘော်ဆိုသူတွေက.အလုအယက် ဂုဏ်ယူနေကြမယ်
ကျဆုံးသွားသူတွေရဲ့ စီရင်ချက်ပေါ်မှာ
ထိုးခဲ့ဖူးတဲ့..လက်မှတ်တွေက
အခုတော့ဈေးကောင်းလို့ 
သွေးစွန်းတဲ့လက်တွေကို လက်ဆွဲနုတ်ဆက်ဖို့ 
ခင်ဗျားရဲဘော်တွေတန်းစီစောင့်နေ ကြတယ်။
ခင်ဗျားကလား
အတိတ်ကိုပြန်သွားနေတဲ့ခောတ်နောက်ပြန်ဆွဲနေသူ
အဆိုးမြင်ဝါဒီ၊ အကြမ်းဖတ်ဝါဒကလွဲရင်
ဘာသဘောတရားမှမရှိတဲ့ကောင်
အပြောင်းလဲကိုလက်မခံနိုင်တဲ့.ပညာမဲ့
ဘာဗဟုသုတမှမရှိတဲ့လူမိုက်သက်သက် ။
ဟုတ်တယ်...
ရှုံးနိမ့်မူဟာရက်စက်တယ်
ရှုံးတယ်လို့ လက်ခံလိုက်တော့မှ
ရှုံးနိမ့်မူဟာပိုကြမ်းကျုတ်လာတ ယ်။
မောင်မင်းနွယ်
ငါတို့ ဟာရှုံးခဲ့တယ်။
ရှုံးနိမ့်တဲ့အခါမှာ
ရှုံးတယ်လို့ ဝန်မခံရဲသူဟာ
သူရဲကောင်းမဟုတ်ဖူး။
ငါတို့ ဟာ..ငါတို့ ကိုယ်ငါတို့ ရှုံးခဲ့တယ်။
သူရဲကောင်းပီသစွာ.ထောင်ချခံနေခဲ
ငါတို့ အတိတ်ကိုငါတို့ ရှုံးတယ်။
သေသွားတဲ့ငါတို့ ရဲဘော်တွေကို
သစ္စာစောင့်သိရိုသေဖို့ အတွက်
လက်ကျန်သစ္စာတရားကိုသစ္စာရှိဖို့ 
ငါတို့ ဆုံးရှုံးခဲ့တယ်။
ကဲ..
ငါတို့ ရှုံးတယ်
အနှစ်နှစ်ဆယ်ကျော်ကိုငါတို့ ရှုံးတယ်
ကိုယ်ကျိုးရှာ သူတွေနဲ့ တ၀ိုင်းထဲညစာစားနေတဲ့
ငါတို့ ရဲ့ မိတ်ဆွေဟောင်းတွေကိုငါတို့ ဆုံးရှုံးတယ်။
တနေ့  ...မှာ
တရားမျှတမူကို စီရင်ပေးလိမ့်မယ်လို့ 
ငါတို့ ကိုသူရဲကောင်းအမှတ်နဲ့ မျှော်လင့်ခဲ့တဲ့
ငါတို့ ပြည်သူတွေရဲ့ ယုံကြည်ချက်ကို..ငါတို့ ဆုံးရှုံးတယ်။
ခောတ်တခောတ်မှာရှုံးနိမ့်ခဲ့ရပြ
ရာဇ၀င်တခုလုံးမှာမရှုံးဖို့ အတွက်
အခု...ငါတို့ ရှုံးတယ်...
ဘာဖြစ်လဲ.ဟောသည်ခောတ်မှာငါတို့ ရှုံးတယ်။
ဖြစ်နိုင်ပါတယ်..
ငါ့သက်တမ်းတခုလုံး မှာ ..ရှုံးနိမ့်သွားခဲ့ရတာ
ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
သားသတ်သမားတွေပါးနပ်လာတဲ့ခောတ်မ
မုသာဝါဒကိုရှိခိုးကြတာဘာဆန်းလဲ။
ငါတို့ ဟာ
မြင့်မြတ်စွာကျဆုံးခဲ့တဲ့...
ငါတို့ ရဲ့ သူရဲကောင်းတွေကို..အုတ်ဂူထဲကထု
သစ္စာမဲ့မူနဲ့ အခု.အပြီးတိုင်ခုတ်ထစ်လိုက်ကြ
ငါတို့ ရဲ့ 
သူရဲကောင်းရာဇ၀င်တွေကို
သားသတ်သမားဟောင်းတွေက
သူတို့ ရဲ့ ဂုဏ်ပြုပွဲမှာ
ပြက်လုံးလုပ်မြည်းကြပါလိမ့်မယ်။
ငါဘယ်တော့မှဒူးမထောက်ဖူးဆိုတဲ့
သစ္စာတဲတဲလေး ရှိနေသေးတာလဲလွဲရင်
ခင်ဗျားရှုံးတယ်။
ခင်ဗျားရဲ့ ရဲဘော်ရဲဘက်တွေကိုလဲ
ခင်ဗျားရှုံးတယ်
ခင်ဗျားရဲ့ရွေပြည်တော်အိပ်မက်တေ
ခင်ဗျားဆုံးရှုံးတယ်
ခင်ဗျားရဲ့ မျော်လင့်ချက်တွေကိုလဲခင်ဗျားရ
ခင်ဗျားရဲ့ ကြီးစွာသောပေးဆပ်မူတွေလဲ
အခုအချီးနှီးနဲ့ ....
ဟုတ်တယ်..
ရှုံးနိမ့်မူဟာ..သိပ်ကြမ်းကျုတ်
ခင်ဗျားမှာရဲဘော်ရဲဘက်မရှိတော့ဖ
ယုံကြည်ရတဲ့မိတ်ဆွေမရှိဖူး
နွေးထွေးတဲ့.နိင်ငံတော်တခုမရှိေ
ခင်ဗျား အမေမရှိတော့ ဖူး
ခင်ဗျား...ပြန်စရာအိမ်မရှိတော့ဖ
နောက်ဆုံးခင်ဗျားဆက်တိုက်ပွဲဝင်
တိုက်ပွဲမရှိ တော့ဖူး ။
အဆိုးဆုံးကတော့.ခင်ဗျားဆက်တိုက်
ရန်သူကိုတောင်ခင်ဗျားဆုံးရှုံးမ
ခင်ဗျားရှုံးခဲ့တာတွေအားလုံးထက်
သတ်သေဖို့ လား...
အသုဘမှာတောင်.ခင်ဗျားအလောင်းကို
ခွပ်ဒေါင်းလံလွမ်းပေးမယ့်သူမရှိ
ခင်ဗျားအသုဘကိုပို့ ပေးမယ့်ရဲဘော်စစ်စစ်
တယောက်မှမကျန်ဖူး
ခင်ဗျားဈာပနမှာဆိုရမယ့်
ကမ္ဘာမကြေသီချင်းကို...အားလုံးမေ
ဘာလုပ်မလဲ...ခင်ဗျားဘာလုပ်မလဲ။
ဟုတ်တယ်။
အဲသည်တုန်းကသူတို့ ရဲ့သေနတ်ပြောင်းဝမှာ
အဲသည်တုန်းကသူတို့ ရဲ့အကျဉ်းထောင်ထဲမှာ
အဲသည်တုံးကသူတို့ ရဲ့ စစ်ကြောရေးစခန်းတွေမှာ
သူရဲကောင်းပီသစွာ၊ခင်ဗျားကျဆုံး
အခုတော့
အသက်ရှင်သန်ဖို့ ကိုရွေးခဲ့လို့ 
အဲသည်တုန်းက အောင်ပွဲကိုမျော်လင့်ခဲ့လို့ 
အဲသည်တုန်းကတိုက်ပွဲကိုယုံကြည်ခ
အခုတော့ခင်ဗျား
နက်နက်နဲနဲဆက် နာကြင်သွားရတော့မယ်
ဘ၀တခုလုံး...ပေါ့...။
ရှုံးသွားတယ်လို့ လက်ခံလိုက်ပါ။
ခင်ဗျားရဲဘော်တွေ...ချစ်လှစွာသေ
ထောင်ထဲမှာ..တောထဲမှာ...လမ်းမတေ
အကျဉ်းစခန်းတွေမှာ...
သူတို့ အသက်စွန့် သွားခဲ့ရတာ...
ဘာအတွက်မှမဟုတ်ဖူး.....လို့ ။
ဘာမှမဟုတ်ဖူး.
သူတို့ အသက်စွန့် ပေးခဲ့တဲ့မျှော်မှန်းချက်တွေ
ဘာမှမဖြစ်လာဖူး။
သူတို့ ကိုသတ်ဖြတ်ခဲ့သူတွေကို
ခင်ဗျားရဲ့ ....တချိန်ကရဲဘော်တချို့ 
လက်ခုပ် တီးနေမယ်
ခင်ဗျားချစ်လှတဲ့ရဲဘော်တချို့ 
သူတို့ နဲ့ ညစာစားနေမယ်
အဲသည်ညစာစားပွဲမှာ..
ခင်ဗျားယုံခဲ့တဲ့တော်လှန်ရေးက
အကောင်းဆုံးပြတ်လုံးပေါ့။
သူတို့ ရဲ့လက်ပါးစေတွေဖိတ်ကြားတဲ့
ညစာစားပွဲဖိတ်စာတွေကို
ခင်ဗျားရဲဘော်ဆိုသူတွေက.အလုအယက်
ကျဆုံးသွားသူတွေရဲ့ စီရင်ချက်ပေါ်မှာ
ထိုးခဲ့ဖူးတဲ့..လက်မှတ်တွေက
အခုတော့ဈေးကောင်းလို့ 
သွေးစွန်းတဲ့လက်တွေကို လက်ဆွဲနုတ်ဆက်ဖို့ 
ခင်ဗျားရဲဘော်တွေတန်းစီစောင့်နေ
ခင်ဗျားကလား
အတိတ်ကိုပြန်သွားနေတဲ့ခောတ်နောက
အဆိုးမြင်ဝါဒီ၊ အကြမ်းဖတ်ဝါဒကလွဲရင်
ဘာသဘောတရားမှမရှိတဲ့ကောင်
အပြောင်းလဲကိုလက်မခံနိုင်တဲ့.ပည
ဘာဗဟုသုတမှမရှိတဲ့လူမိုက်သက်သက်
ဟုတ်တယ်...
ရှုံးနိမ့်မူဟာရက်စက်တယ်
ရှုံးတယ်လို့ လက်ခံလိုက်တော့မှ
ရှုံးနိမ့်မူဟာပိုကြမ်းကျုတ်လာတ
မောင်မင်းနွယ်
No comments:
Post a Comment