Thursday, November 21, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၂၁-၁၁)

သစ်ထူးလွင်



Posted: 21 Nov 2013 05:32 AM PST
မြန်မာနိုင်ငံ အထက်ပိုင်းရှိ စက်သုံးဆီများ အဓိက ရောင်းဝယ်ရာ ဗဟိုဖြစ်သည့် မန္တလေးမြို့တော်ရှိ စက်သုံးဆီ အရောင်းဆိုင် များတွင် ရောင်းချလျက် ရှိသည့် စက်သုံးဆီ အရည်အသွေးကို ဒီဇင်ဘာလကုန်ပိုင်းတွင် စစ်ဆေးမည် ဖြစ်ကြောင်း အဆိုပါ စစ်ဆေးမှုများ ဆောင်ရွက်မည့် မန္တလေးတိုင်း ဒေသကြီး စက်သုံးဆီ တင်သွင်း ရောင်းချ ဖြန့်ဖြူးရေး အသင်းဥက္ကဋ္ဌ ဦးသက်ဝေက ပြောကြားသည်။ ယင်းကဲ့သို့ စစ်ဆေးနိုင်ရန်အတွက် မန္တလေးတိုင်း ဒေသကြီး လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးကျော်မြင့်ထံ ခွင့်ပြုချက် တောင်းခံထားကြောင်း ၎င်းထံမှ သိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 21 Nov 2013 05:28 AM PST
ဥက္ကံမြို့တွင် လွန်ခဲ့သော ခုနစ်လခန့်က ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် ပါဝင်သည်ဟုဆိုကာ တိုက်ကြီးမြို့နယ် သစ်ထုတ်လုပ်ရေး လုပ်ငန်းမှ အသက် ၃၃ နှစ်အရွယ် ဝန်ထမ်း ကိုဆန်းလင်းထွန်းကို နိုဝင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က တိုက်ကြီးမြို့နယ် တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ်ငါးနှစ် ချမှတ်ခဲ့ကြောင်း ၎င်း၏ မိသားစုဝင် တစ်ဦးထံမှ သိရှိရသည်။ ကိုဆန်းလင်းထွန်းသည် တိုက်ကြီးမြို့နယ် သစ်ထုတ်လုပ်ရေး လုပ်ငန်းတွင် အကြီးတန်း စာရေးအဖြစ် တာဝန် ထမ်းဆောင်လျက် ရှိပြီး ဝန်ထမ်း လုပ်သက် လေးနှစ်ခန့် ရှိကြောင်း၊ ဥက္ကံပဋိပက္ခ ဖြစ်ပွားခဲ့သော ဧပြီလ ၃၀ ရက်နေ့တွင် ၎င်းနေထိုင်ရာ ဥက္ကံမြို့ ဗန္ဓုလရပ်ကွက်မှ တိုက်ကြီးမြို့နယ် သစ်ထုတ်လုပ်ရေး လုပ်ငန်းသို့ သွားကာ လစာထုတ်နေသည်ဟု အထက် အရာရှိများက ထွက်ဆိုခဲ့ရုံသာမက ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 21 Nov 2013 05:26 AM PST
လူစုလူဝေးကို စနစ်တကျစီမံထိန်းသိမ်းနိုင်ရန် ဥရောပသမဂ္ဂ ကျွမ်းကျင်ပညာရှင်များက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ၁၂ ရက်ကြာ သင်တန်းပေးနေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ နိုဝင်ဘာ ၁၉ ရက် နံနက်က မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ်(၈) ရဲတပ်ရင်းတွင် အီးယူနည်းပြ အရာရှိခုနစ်ဦးသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၂၀၀ အား လူစုလူဝေး စနစ်တကျစီမံထိန်းသိမ်းမှုလုပ်ငန်း (Crowed Management)သင်တန်းကို နိုဝင်ဘာ ၃၀ ရက်အထိ သင်ကြားပို့ချနေခြင်းဖြစ်သည်။  ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

လုံခြုံရေးဆောင်ရွက်နေသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)

Posted: 21 Nov 2013 05:17 AM PST
သူရိယနေ၀န်း ဂျာနယ်က မတည်ငွေ ထည့်ဝင်ပြီး ဖြစ်ပေါ်လာသော သူရိယနေ၀န်းဖောင်ဒေးရှင်းသို့ လှူဒါန်းမှုကို သန့်ရှင်းသော စီးပွားရေး လုပ်ငန်းရှင်များနှင့် လုပ်ကိုင်နေသော အလှူရှင်များ လှူဒါန်းမှုသာ ဖိတ်ခေါ် သွားမည်ဖြစ်ပြီး ဖောင်ဒေးရှင်းက ကလေးဆေးရုံရှိ ကလေးသူငယ် ဆေးဝါးကို အဓိကလှူဒါန်း သွားမည်ဖြစ်ကြောင်း သူရိယနေ၀န်းဂျာနယ် အမှုဆောင် အရာရှိချုပ် ဦးမိုးဟိန်းက ပြောဆိုသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 21 Nov 2013 05:10 AM PST
မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ လူနေအိမ် တိုက်ခန်း တစ်ခန်းနှင့် ဂိုဒေါင်တို့ကို နိုဝင်ဘာလ ၂၀ ရက်နေ့တွင် သတင်းအရ သွားရောက် ရှာဖွေရာ ချွန်ထက်သော လက်နက်ပစ္စည်းများ တွေ့ရှိခဲ့ကြောင်း ချမ်းအေးသာစံမြို့နယ် အမှတ် (၈) ရဲစခန်း တာဝန်ကျ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။ အဆိုပါ နေအိမ်တိုက်ခန်း အတွင်းမှ ဂျင်ကလိ လက်နက်များ ထည့်ထားသော ပီနံအိတ်တစ်လုံး၊ ဂိုဒေါင်အတွင်းမှ နှစ်ခွချွန် ခက်ရင်းခွ ၁၂ စုံ၊ လှံတစ်ချောင်း၊ ဓားဦးချွန်မျိုးစုံ၊ ဓာတ်ဆီ စိမ်ထားသည့် ပုလင်းကွဲများ၊ သံတိုသံစ ရောထောင်းရာတွင် အသုံးပြုသည့် ငရုတ်ဆုံ၊ ယမ်းကြိုးခွေများ၊ မိုင်းအဆင့် ပြုလုပ်ထားသော ပိုက်လုံး ခုနစ်လုံးတို့ တွေ့ရှိကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 21 Nov 2013 05:07 AM PST
တောင်ငူမြို့ ကန်လမ်း ချမ်းမြေ့ တည်းခိုခန်းတွင် အောက်တိုဘာ ဒုတိယပတ်က ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုတွင် ပြစ်မှု ကျူးလွန်သူဟု ယူဆရသော စောထွန်းထွန်းကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု၏ တပ်ဖွဲ့ဝင်ဟောင်း တစ်ဦးက ငွေကျပ် နှစ်သောင်းပေးကာ စေခိုင်းမှုကြောင့် လုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်း နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းတွင် ထုတ်ဖော် ဝန်ခံခဲ့သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အကြီးတန်း ရဲအရာရှိကြီး တစ်ဦးက The Voice သို့ ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 21 Nov 2013 05:05 AM PST
မြန်မာ - အိန္ဒိယ နယ်စပ် တမူးမြို့နယ် အောင်ဇေယျမြို့သစ်တွင် နိုဝင်ဘာလ ၂၁ရက် နံနက် ၁နာရီ ၀၅ မိနစ်ခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားသည်ဟု သနန်မြို့သစ်၊ မြို့နယ်ခွဲ အထွေထွေအုပ်ချုပ်ရေး ရုံးဝန်ထမ်းတစ်ဦးက မဇ္ဈိမကို ပြောသည်။ လက်ရှိတွင် ဖောက်ခွဲသူများနေထိုင်နိုင်သည်ဟု ယူဆရသည့် နေရာများသို့ ခလရ(၈၇)တပ်မှ ဦးစီး၍ အောင်ဇေယျနယ်မြေရဲစခန်းမှူးတို့က စုံစမ်းလျက်ရှိပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် အိမ်ပိုင်ရှင်မှာ ဒေါ်ဝင်းတင်ဖြစ်ပြီး အိမ်ဈေးဆိုင်နှင့် သူမ၏ မိခင်ဖြစ်သူ ဒေါ်ပုတို့ဖြစ်သည် ဟု ရဲဌာန၏ မှတ်တမ်းတွင် ဖော်ပြထားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 21 Nov 2013 04:57 AM PST
 ထိုင်း​နိုင်​ငံ​တောင်​ပိုင်း ​ဖူး​ခက်​ခ​ရိုင် ​ထ​လန်​မြို့​မှာ ​ဘိန်း​စာ​ရွက်​နဲ့ ​ဆေး​ခြောက်​တွေ ​ရောင်း​ချ​နေ​တဲ့ ​မြန်​မာေ​ရွှ့​ပြောင်း​အ​လုပ်​သ​မား ၅ ​ဦး​ကို ​ထိုင်း​မူး​ယစ်​ရဲ​တပ်​ဖွဲ့​၀င် ​တွေ ၀င်​ရောက်​ဖမ်း​ဆီး​ခဲ့​ကြောင်း ​မန်​နေ​ဂျာ​အွန်​လိုင်း ​ထိုင်း​သ​တင်း​မှာ ​ဖော်​ပြ​သွား​ပါ​တယ်။ အ​မှတ် ၅ ​ခ​ရိုင် ​ရဲ​တပ်​ဖွဲ့​က ​ရဲ​မှူး​ကြီး ၀ပ်​ချ​ရ​ဖွန်း​က ​သ​တင်း​ထောက်​တွေ​ကို ​ပြော​ကြား​ချက်​အ​ရ ​တ​လန်​မြို့ ​ချိန်း​ထ​လေး​ရပ်​ကွက်​က   ​မြန်​မာ​အ​လုပ်​သ​မား​တွေ ​နေ​ထိုင်​ရာ ​တန်း​လျား​မှာ ​ဘိန်း​စာ​ရွက်၊ ​ဆေး​ခြောက်​နဲ့ ​ချောင်း​ဆိုး​ပျောက်​ဆေး​တွေ ​ရောင်း​ချ​နေ​ကြောင်း​  ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 21 Nov 2013 02:27 AM PST
မန္တလေးတိုင်း ဒေသကြီး ညောင်ဦးမြို့ ပုဂံမြို့ဟောင်းလမ်း ထီးလိုမင်းလိုဘုရားနှင့် ရွှေလိပ်တူးဘုရား ကြားတွင် နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်ခန့်က စက်ဘီးဖြင့် သွားနေသော ပြင်သစ်နိုင်ငံသူ တစ်ဦး၏ ခါးပတ်အိတ်ကို ဆိုင်ကယ်ဖြင့် နောက်က လိုက်၍ ဆွဲယူ ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးနှင့် ညောင်ဦးမြို့ ဒေသခံများ ထံမှ စုံစမ်း သိရှိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

နိုင်ငံခြား ခရီးသွားများအားတွေ့ ရစဉ်
Posted: 21 Nov 2013 02:18 AM PST
ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီက မြန်မာအစိုးရအား ရိုဟင်ဂျာများကို နိုင်ငသားဖြစ်ခွင့်ပေးရန် တိုက်တွန်းချက် အပေါ် ဥပဒေနှင့် မကိုက်ညီသော လူမျိုးများအား မည်သည့် နိုင်ငံ တကာအဖွဲ့အစည်း များအနေ ဖြင့် တိုက်တွန်းရင်တောင် လက်ခံမည်မဟုတ်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရရှိသူ
ဦးရဲထွဋ်က ပြောကြားသည်။ ရိုဟင်ဂျာများကို နိုင်ငံသားပြုခွင့်ပေးရန် ကုလသမဂ္ဂ လူ့အခွင့် အရေးကော်မတီက မြန်မာအစိုးရအား နိုဝင်ဘာ ၁၉ တွင် ထုတ်ပြန်ထားသော ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 21 Nov 2013 02:04 AM PST
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကြာညိုပြင်ကျေးရွာမှ အသက် (၆) နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးအား မဖွယ်မရာ ပြုလုပ် သတ်ဖြတ်မူနှင့် ပတ်သက်ပြီး သံသယ ဖြစ်ခံရသူ (၇) ဦးခန့်ကို ဖမ်းဆီး ထိန်းသိမ်းထားပြီး စစ်ဆေးမူများ ပြုလုပ်နေကြောင်း သတင်း ရရှိသည်။ သံသယဖြင့် ဖမ်းဆီးခံသူများမှာ ရခိုင် လူမျိုး (၄) ဦးနှင့် မွတ်ဆလင် (၃) ဦးတို့ ဖြစ်ကြောင်း ကျောက်တော် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

သတ်ဖြတ်ခံခဲ့ရသူ မိမိငယ် (၆) နှစ်၊ (ဓါတ်ပုံ- Rakhine citizen journalists)
Posted: 21 Nov 2013 02:00 AM PST
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် စောမဲကျီ ခမီးရွာတွင် အသက် (၅) နှစ်အရွယ် မဇလပ်ဝါ အသတ်ခံရမူနှင့် ပတ်သက်ပြီး သံသယ ဖြစ်ခံရသူ (၅) ဦးကို ရဲက ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု သတင်း ရရှိသည်။ ဖမ်းဆီးခံရသူများမှာ စောမဲကျီရွာတွင် နေထိုင်သူ (၁) ကိုအောင်နိုင်စိုး (၂) မောင်ကာလု (၃) ခင်ထွန်းမောင် (၄) ကိုရင်မောင် နှင့် (၅) ကိုဦးကျော်ဝင်တို့ ဖြစ်ကြပြီး ငါးယောက်စလုံးမှာ ခမီးအမျိုးသားများ ဖြစ်ကြသည်ဟု စောမဲကျီရွာမှ လူကြီး တစ်ဦးက ပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 21 Nov 2013 01:48 AM PST
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက ရေးဆွဲထားသော မသန်စွမ်းသူများ၏ အခွင့်အရေးများ ဥပဒေ နောက်ဆုံးအဆင့် မူကြမ်းကို နိုဝင်ဘာ လဆန်းပိုင်းတွင် အပြီးသတ် ရေးဆွဲထားပြီး ဖြစ်ကြောင်း လူမှုဝန်ထမ်း ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ထွန်းခိုင်က The Voice သို့ ပြောကြားသည်။ ရေးဆွဲထားပြီးသော နောက်ဆုံးအဆင့် မူကြမ်းကို ရှေ့နေချုပ်ရုံးသို့ တင်သွင်းသွားမည် ဖြစ်ပြီး လာမည့် ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် အစိုးရအဖွဲ့မှ တစ်ဆင့် လွှတ်တော်သို့ တင်သွင်းသွားမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
Posted: 21 Nov 2013 01:44 AM PST
၂၀၁၃-၂၀၁၄ ပညာသင် နှစ်မှစတင်၍ အခြေခံပညာ စတုတ္ထ တန်းနှင့် အဋ္ဌမတန်းစာမေးပွဲများ အား မြို့နယ်အဆင့်နှင့် ခရိုင်အ ဆင့်တို့ဖြင့် စစ်ဆေးပေးတော့မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါစစ်ဆေးမှုအရ အ ခြေခံပညာစတုတ္ထတန်း (Grade 5)အား မြို့နယ်ဘုတ်အဖွဲ့မှစစ်ဆေး မည်ဖြစ်ပြီးအဋ္ဌမတန်း (Grade -9)အား ခရိုင်(သို့မဟုတ်)တိုင်း ဒေသကြီး/ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဘုတ်အဖွဲ့များ က စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 21 Nov 2013 01:21 AM PST
အစ္စလာမ် ဘာသာရေး အဆောက်အဦတွေကို ပစ်မှတ်ထား ဗုံးဖောက်ခွဲဖို့ ကြံစည်စီစဉ်မှုနဲ့ မသင်္ကာသူ သုံးဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ရခိုင်ပြည်နယ်ကဖြစ်ပြီး၊ ကရင်ပြည်နယ်နယ်စပ်မှာ ဖေါက်ခွဲရေး သင်တန်းတက်ပြီးတဲ့နောက် ဗလီတွေကို ဗုံးထောင်တိုက်ခိုက်ဖို့ စီစဉ်နေကြသူတွေဖြစ်ကြောင်း၊ သူတို့ကို သက်ဆိုင်ရာက စစ်ဆေးနေကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က အမည်မဖေါ်လိုသူ ရဲအရာရှိတစ်ဦးကို ကိုးကားပြီး AFP သတင်းက ဖေါ်ပြပါတယ်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 21 Nov 2013 01:17 AM PST
ရဲချုပ်၊ ထွေအုပ်နှင့် မြို့နယ်ရဲစခန်းများကို တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီက လေ့လာစိစစ်မှုများပြုလုပ်တော့မည်ဟု ကော်မတီအတွင်းရေးမှူး ဦးဝင်းမြင့်က နိုဝင်ဘာ ၂၀ ရက်တွင် ပြောသည်။ ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ရဲချုပ်နှင့်ရဲစခန်းများကိုပါ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိစေရေး လေ့လာမှုပြုရန် သမ္မတ၏ ညွန်ကြားချက်အရ စက်တင်ဘာလ ၂၅ ရက်မှ ၂၇ ရက်အထိ ရှမ်းပြည်နယ်တာချီလိတ်မြို့သို့ သွားရောက်လေ့လာမှုများ ပထမဆုံးအကြိမ်ပြုလုပ်ခဲ့ပြီးကျန် တိုင်းနှင့် ပြည်နယ်များတွင်လည်း လေ့လာစိစစ်မှုများပြုလုပ်သွားမည်ဟု ဦးဝင်းမြင့်ကဆိုသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ

Posted: 21 Nov 2013 01:08 AM PST
ရခိုင်ပြည်နယ်တွင် လူသတ်မှုများမှာယခင်ရှိနေသည့် ပမာဏထက်သုံးလအတွင်း ထပ်မံတိုးလာသည်ဟု ရခိုင်ပြည်နယ် ဥပဒေချုပ်ဦးလှသိန်းက နိုဝင်ဘာ ၂၀ရက်တွင် မဇ္ဈိမကိုပြောသည်။ ဇူလိုင်လအတွင်းက ပြည်နယ်ဥပဒေချုပ်၏ ပြောကြားချက်မှာတစ်လလျှင် လူသတ်မှု ၁၀ မှုခန့်ရှိခဲ့ရာမှ ယခုအခါ တစ်လလျှင် ၁၅ မှုသို့ ငါးမှုထပ်တိုးလာခြင်းဖြစ်သည်။ “လူသတ်မှုသီးသန့် ၁၅မှု ကျန်တဲ့အမှုတွေလည်း ရှိသေးတယ်။ ဆူပူမှုတွေလည်း ရှိသေးပါတယ်” ဟု ဦးလှသိန်းက ဆိုသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 21 Nov 2013 12:13 AM PST
အမည်မသိ ယောက်ျားလေးဦးမှ တိုက်ခန်းအတွင်း ၀င်ရောက်ကာ အထဲရှိလူငယ်နှစ်ဦးအား လက်သီးဖြင့်
ထိုး၊ ဓားနှင့်ခုတ် သည် ဖြစ်ရပ်ကို နိုဝင်ဘာ ၁၈ ရက်၊ ကြည့်မြင်တိုင်ဈေး၊ လေးရပ်ကွက်တွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုးရုံးမှ သိရသည်။ ဖြစ်စဉ်မှာ ကျော်သူဇော် ၂၆ နှစ်၊ ဘုရားကုန်းကျေးရွာ၊ သန်လျှင်မြို့နယ် နေသူနှင့်၎င်း၏သူငယ်ချင်းဖြစ်သူ အောင်အောင် ၂၃ နှစ် ကြည့်မြင် တိုင်ဈေးလေး ရပ်ကွက် ရှိ အောင်အောင်၏တိုက်ခန်းတွင် ရှိနေစဉ် တိုက်ခန်း တံခါးတွန်း ဖွင့်၍ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 21 Nov 2013 12:02 AM PST
ကမ္ဘာတလွှားက သန်းနဲ့ ချီတဲ့ ကလေးတွေရဲ့ ကြံ့ခိုင်မှုနဲ့ ပတ်သက်တဲ့ လေ့လာချက် တစ်ခုမှာ အခုခေတ် ကလေးတွေဟာ သူတို့ မိဘတွေ ငယ်ငယ် တုန်းကလောက် မြန်မြန် မပြေးနိုင်ကြဘူးလို့ တွေ့ရှိခဲ့ရပါတယ်။ သြစတြေးလျ နိုင်ငံက သုတေသီ တွေက နိုင်ငံပေါင်း ၂၈ နိုင်ငံက ကလေးငယ် ၂၅ သန်းကို လေ့လာ ဆန်းစစ် ခဲ့တာ ဖြစ်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ကလေးတွေ ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်း မှန်မှန်လုပ်ဖို့လို
Posted: 20 Nov 2013 11:41 PM PST
ရခိုင်ပြည်နယ် အတွင်းရှိ လူမှု အဖွဲ့အစည်းများအကြား ပဋိပက္ခ အသစ်များ ထပ်မံ မဖြစ်ပွားစေရန် စောင့်ကြည့် ကြပ်မတ်ရေးကို ရခိုင်ပြည်နယ်ရှိ ရပ်မိရပ်ဖများနှင့် သက်ဆိုင်ရာ ဒေသအာဏာပိုင် များကို အလေးထား ဆောင်ရွက်ရန် အမေရိကန် သံရုံးက တိုက်တွန်းကြောင်း နိုဝင်ဘာ ၂၀ ရက် ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်သည်။ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ ဗလီတစ်ခု ဖျက်ဆီးခံရခြင်းနှင့် ပဋိပက္ခကြောင့် ယာယီ ရွှေ့ပြောင်း နေထိုင်ရသူများအပေါ် တိုက်ခိုက်ရန် ခြိမ်းခြောက်မှုများ အပါအဝင် ယင်းဒေသရှိ လူမှု အဖွဲ့အစည်းများအကြား အကြမ်းဖက်မှု ထပ်မံဖြစ်ပွားလာမည့် အရိပ်အယောင် များကို အမေရိကန် ပြည်ထောင်စုက အထူးစိုးရိမ်ကြောင်း နိုဝင်ဘာလ ၂၀ ရက်နေ့က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 20 Nov 2013 11:36 PM PST
ယခုလ ၁၇ ရက် ည ၁၁ နာရီက မန္တလေး တိုင်းဒေသကြီးအောင်မြေသာစံမြို့နယ် (၂၆x၈ဝ) လမ်းထောင့်တွင် အောင်မြေသာစံမြို့မ ရဲစခန်းမှ ရဲတပ်ကြပ်ကြီး တင်စိန်နှင့် ရဲတပ်သားဝေယံစိုး တို့နှစ်ဦး ရပ်ကင်းတာဝန်ထမ်းဆောင်နေစဉ် ရိုက် နှက်ခဲ့ခြင်းနှင့်ပတ်သက်၍ ဖမ်းဆီးရမိသူနှစ်ဦးကို အရေးယူထားကြောင်း အောင်မြေသာစံ မြို့မ ရဲစခန်းမှအတည်ပြုသည်။ ဆိုင်ကယ်စီးလာသော အမျိုးသားနှစ်ဦးက ဆိုင်ကယ်လီဗာကိုအသံကျယ် လောင်စွာပြုလုပ်ပြီးအော်ဟစ်ဆူညံခြင်းတို့ပြုလုပ် သဖြင့် ရဲတပ်ကြပ်ကြီးတင်စိန်က မပြုလုပ်ရန်နှင့် သွားရာလမ်းအတိုင်းသွားရန် ပြောဆိုစေလွှတ်ရာ အဆိုပါအမျိုးသားနှစ်ဦးက (၂၆)လမ်းအတိုင်း အနောက်ဘက်သို့ထွက်ခွာသွားခဲ့ပြီး ည ၁၁ နာရီ မိနစ် ၂ဝတွင် တုတ်များကိုင်ဆောင်ကာ ပြန်လည် ရောက်ရှိလာပြီး ရဲတပ်ကြပ်ကြီးတင်စိန်နှင့် ရဲတပ် သားဝေယံစိုးတို့အား ဝင်ရောက်ရိုက်နှက်ကြောင်း သိရသည်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 20 Nov 2013 11:33 PM PST
လှိုင်သာယာမြို့နယ်၌ဖမ်းမိသော ဗုံး ဖောက်ခွဲရန် ကြံစည်သူနှစ်ဦးနှင့် ပတ်သက် သည်ဟုယူဆရသူတစ်ဦးကို စစ်တွေတွင် ဖမ်းဆီးနိုင်ခဲ့ပြီး ရန်ကုန်သို့ခေါ်ဆောင်လာခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ယနေ့သိရသည်။ လှိုင်သာယာမြို့နယ်တွင် ယခုလ ၁၃ ရက်က ဖမ်းဆီးရမိခဲ့သော ဗုံးဖောက်ခွဲရန် ကြံစည်သူနှစ်ဦးနှင့်ပတ်သက်သူ ဘိုဘိုထွန်း (ခ) ဘိုဘိုကို ယခုလ ၁၅ ရက်က စစ်တွေ မြို့ တရားသိစုရပ်ကွက်တွင် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှဖမ်းဆီးနိုင်ခဲ့သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 20 Nov 2013 11:23 PM PST
သုံးနှစ်အတွင်း စံချိန်တင် ဈေးမြင့် ခဲ့သော ကြက်သွန်နီ ဈေးအတက် တစ် လသာခံပြီး လက်ရှိတွင် အနိမ့်ဆုံးဈေး သို့ ရောက်သွားခဲ့ကြောင်း မြင်းမူ၊ မြစ် သားနှင့် ဆိပ်ဖြူ ကြက်သွန်ကုန်သည် တို့ထံမှ သိရသည်။ ကြက်သွန်ကုန်သည်တို့ကပင် စီး ပွား/ကူးသန်းဝန်ကြီးဌာနသို့ တင်ပြ ကာ ဈေးချပေးရန် တောင်းဆိုခဲ့ဖူးသည်အထိ ဈေးမြင့်ခဲ့ပြီး နှစ်ပတ်အတွင်း ဈေးကျ လာခြင်း လည်း ဖြစ်ကြောင်း ၄င်းတို့က ဆိုသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 20 Nov 2013 11:20 PM PST
အမျိုးသမီးငယ်ကို ဆယ်အိမ်မှူးက မဖွယ်မရာ ပြုလုပ်၍ ဝင်ရောက် တားမြစ်သည့် လူငယ်တစ်ဦးကို ဆယ်အိမ်မှူးနှင့် လူနှစ်ဦးတို့က လက်ပြန်ကြိုး တုပ်ပြီး ဝါယာကြိုးထုံးဖြင့် ရိုက်နှက်ကာ ထိတ်တုံး ခတ်ခဲ့မှုတစ်ခု ဒဂုံ (မြို့သစ်ဆိပ်ကမ်း) မြို့နယ် အမှတ် ( ၆၇) ရပ်ကွက် ချင်းတွင်းလမ်းသွယ် ၄ တွင် နိုဝင်ဘာလ ၁၈ ရက် နံနက် ၁ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း အဆိုပါ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင်များ၏ အဆိုအရ သိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 20 Nov 2013 11:17 PM PST
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေချိန်မှာပဲ တကယ့်ကို ကိုင်တွယ်ဖြေရှင်းရမယ့် လုပ်ငန်းတရပ်ကတော့ ရှိနေတုန်းပဲလို့ အမေရိကန် သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် Susan Rice က ပြောလိုက်ပါတယ်။ ဒါကတော့ မြန်မာနိုင်ငံတွင်း လူမျိုးရေး အကြမ်းဖက်မှုတွေကိုလည်း ဘယ်လို ကျော်လွှားမလဲဆိုတာနဲ့၊ လူနည်းစု လူမျိုးတွေကို ဘယ်လို အကာအကွယ် ပေးသွားမလဲဆိုတာ ဖြစ်တယ်လို့ ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အမေရိကန် သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် Susan Rice.

No comments:

Post a Comment