Thursday, November 28, 2013

~သင့်ကို ပိုမိုနုပျိုစေမည့် အပြုအမူ ငါးမျိုး~

စိတ်ဖိစီးမှုတွေကြောင့် သင့်ရုပ်သွင်က ပိုပင်ပန်းနွမ်းနယ်ကာ အိုစာနေတတ်ပါတယ်။ ဒါကြောင့် သင့်ကို အခုထက်ပိုပြီး နုပျိုကျန်းမာလာစေဖို့ ဖိစီးမှုလျော့ပါးကာ ကြည်နူးမှု ဖြစ်စေမယ့် အပြုအမူတွေကို ဖော်ပြလိုက်ရပါတယ်။

(၁) အသက်ပြင်းပြင်း ရှူပေးပါ

တရားထိုင်သလိုမျိုး အသက်ကို ပြင်းပြင်းရှူသွင်း၊ ရှူထုတ်လုပ်ပေးတာက အသားအရေကို ကြည်လင်စေတဲ့အပြင် ခန္ဓာကိုယ်မှာ အနာကျက်စွမ်းအားကို တိုးစေပါတယ်။ ဒါကြောင့် စိတ်နဲ့ ခန္ဓာကို ကျန်းမာစေကာ အရွယ်တင် နုပျိုစေပါတယ်။

(၂) ရယ်မောပါ

ရယ်မောတာကြောင့် ခန္ဓာကိုယ်ထဲမှာ ကောင်းတဲ့ ဟော်မုန်းဓာတ်တွေ အထွက်တိုးလာပြီး ကြည်နူးနှစ်သိမ့်မှုကို ရရှိစေပါတယ်။

(၃) စိတ်ပါလက်ပါ သီချင်းဆိုပါ

တကယ်လို့ သီချင်းမဆိုချင်ရင်တောင် သီချင်းညည်းတာ၊ စည်းချက်လိုက်တာတို့ လုပ်ပြီး စိတ်ပျော်ရွှင်အောင်ထားပါ။ သီချင်းဆိုတာ ကောင်းဖို့၊ မကောင်းဖို့က အဓိက မကျပါဘူး။ စိတ်ပါလက်ပါ သီချင်းဆိုတာကြောင့် စိတ်ဖိစီးမှုလျော့ပါးကာ နုပျိုလှပစေပါတယ်။

(၄) လှုပ်ရှားပါ

မကောင်းတဲ့ ကိုယ်နေဟန်ထားကို ပြင်ဆင်ပြီး လှုပ်ရှားမှုလုပ်ပေးရင် ကိုယ်တွင်းမှာ သွေးလှည့်ပတ်မှု ကောင်းစေပြီး အသားအရေကို နုပျိုစေပါတယ်။ တကယ်လို့ အချိန်မရရင် အကြောဆန့်တာမျိုးကို လုပ်ဆောင်သင့်ပါတယ်။

(၅) ချစ်မြတ်နိုးပါ

ကောင်းတဲ့အရာပဲ ဖြစ်ဖြစ်၊ အကျည်းတန်တဲ့အရာပဲ ဖြစ်ဖြစ် သင့်အနေနဲ့ ချစ်မြတ်နိုးစွာ လက်ခံတတ်အောင် ကြိုးစားပါ။ ဒါဆိုရင် အကောင်းအဆိုး လောကဓံတရားကို ခံနိုင်ရည် ရှိလာပြီး အရာရာကို အပြုံးမပျက် ရင်ဆိုင်နိုင်ပါလိမ့်မယ်။

post by နှင်းဆီဖူးလေးများ-Love BUDS
https://www.facebook.com/loveBUDS.6
note ref:goodhealth via nangeisan
note&photo credit to original uploader
photo from google
စိတ်ဖိစီးမှုတွေကြောင့် သင့်ရုပ်သွင်က ပိုပင်ပန်းနွမ်းနယ်ကာ အိုစာနေတတ်ပါတယ်။ ဒါကြောင့် သင့်ကို အခုထက်ပိုပြီး နုပျိုကျန်းမာလာစေဖို့ ဖိစီးမှုလျော့ပါးကာ ကြည်နူးမှု ဖြစ်စေမယ့် အပြုအမူတွေကို ဖော်ပြ လိုက်ရပါတယ်။

(၁) အသက်ပြင်းပြင်း ရှူပေးပါ

တရားထိုင်သလိုမျိုး အသက်ကို ပြင်းပြင်းရှူသွင်း၊ ရှူထုတ်လုပ်ပေးတာက အသားအရေကို ကြည်လင်စေတဲ့အပြင် ခန္ဓာကိုယ်မှာ အနာကျက်စွမ်းအားကို တိုးစေပါတယ်။ ဒါကြောင့် စိတ်နဲ့ ခန္ဓာကို ကျန်းမာစေကာ အရွယ်တင် နုပျိုစေပါတယ်။

(၂) ရယ်မောပါ

ရယ်မောတာကြောင့် ခန္ဓာကိုယ်ထဲမှာ ကောင်းတဲ့ ဟော်မုန်းဓာတ်တွေ အထွက်တိုးလာပြီး ကြည်နူးနှစ်သိမ့်မှုကို ရရှိစေပါတယ်။

(၃) စိတ်ပါလက်ပါ သီချင်းဆိုပါ

တကယ်လို့ သီချင်းမဆိုချင်ရင်တောင် သီချင်းညည်းတာ၊ စည်းချက်လိုက်တာတို့ လုပ်ပြီး စိတ်ပျော်ရွှင်အောင်ထားပါ။ သီချင်းဆိုတာ ကောင်းဖို့၊ မကောင်းဖို့က အဓိက မကျပါဘူး။ စိတ်ပါလက်ပါ သီချင်းဆိုတာကြောင့် စိတ်ဖိစီးမှုလျော့ပါးကာ နုပျိုလှပစေပါတယ်။

(၄) လှုပ်ရှားပါ

မကောင်းတဲ့ ကိုယ်နေဟန်ထားကို ပြင်ဆင်ပြီး လှုပ်ရှားမှုလုပ်ပေးရင် ကိုယ်တွင်းမှာ သွေးလှည့်ပတ်မှု ကောင်းစေပြီး အသားအရေကို နုပျိုစေပါတယ်။ တကယ်လို့ အချိန်မရရင် အကြောဆန့်တာမျိုးကို လုပ်ဆောင်သင့်ပါတယ်။

(၅) ချစ်မြတ်နိုးပါ

ကောင်းတဲ့အရာပဲ ဖြစ်ဖြစ်၊ အကျည်းတန်တဲ့အရာပဲ ဖြစ်ဖြစ် သင့်အနေနဲ့ ချစ်မြတ်နိုးစွာ လက်ခံတတ်အောင် ကြိုးစားပါ။ ဒါဆိုရင် အကောင်းအဆိုး လောကဓံတရားကို ခံနိုင်ရည် ရှိလာပြီး အရာရာကို အပြုံးမပျက် ရင်ဆိုင်နိုင်ပါလိမ့်မယ်။

post by နှင်းဆီဖူးလေးများ-Love BUDS
https://www.facebook.com/loveBUDS.6
note ref:goodhealth via nangeisan
note&photo credit to original uploader
photo from google

No comments:

Post a Comment